လိုင်စင်မဲ့ဆိုင်ကယ်များ တရားဝင်မှတ်ပုံတင်ခြင်း အချိန် တစ်လ ထပ်တိုးမြှင့်ပြုလုပ်ပေးမည်

မန္တလေး-အောက်တိုဘာ၅

လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ခြင်းကို ၄လ သတ်မှတ် ပေးခဲ့ သော်လည်း ယခု အချိန်တစ်လ ထပ်မံတိုးမြှင့် ပေးမည်ဟု ကြေညာချက် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

တရားဝင် လိုင်စင်ကို၂၀၁၂ခုနှစ် ဇွန် ၄ ရက်နေ့မှ စတင် ပြုလုပ်ပေးခဲ့ရာ အောက်တိုဘာ ၄ ရက်နေ့တွင် ၄ လပြည့် သွားပြီ ဖြစ်၍နောက်ဆုံး အနေဖြင့် စီမံချက် ကာလ ၁လ ထပ်တိုးပေးခြင်းဖြစ် ကြောင်းသိရသည်။

၎ လ အတွင်း မော်တော်ဆိုင်ကယ် အစီးရေ ၈၉၀၀၀၀ ကျော် တရားဝင် မှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ခြင်းကို ၁၉၉၇မှ၂၀၁၂ အထိ ခုနှစ် ကြိမ်ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ ကြေညာချက်မှ သိရသည်။

NW - Popular Myanmar News Journal


လိုင်စင်မဲ့ဆိုင်ကယ်များ တရားဝင်မှတ်ပုံတင်ခြင်း အချိန် တစ်လ ထပ်တိုးမြှင့်ပြုလုပ်ပေးမည် လိုင်စင်မဲ့ဆိုင်ကယ်များ တရားဝင်မှတ်ပုံတင်ခြင်း အချိန် တစ်လ ထပ်တိုးမြှင့်ပြုလုပ်ပေးမည် Reviewed by သစ်ထူးလွင် on 12:53 Rating: 5

2 comments:

Patriot said...

မန်းတလေး အစိုးရ ရမှာ နည်းတဲ့ငွေတွေ မဟုတ်ဘူး
၉၀၀၀၀၀ x ၁၅၀၀၀၀ ကျပ် = ကျပ်သန်းပေါင်း ၁၃၅၀၀၀

Unknown said...

ဒီကောင်ပြောလို့ဆိုလို့မနိုင်တော့ဘူးမိန်းမေ၇ဆိုင်ကယ်ဝယ်ပေးလိုက်တော့

Powered by Blogger.