ဦးသိန်းညွန့် သင်္ဃန်းကျွန်းအနှေးယဉ်လုပ်သားများကို ဦးဆောင်ပြီးဆန္ဒပြမည်

၆.၁၀.၂၀၁၂ နေ့မွန်းလွဲ၂ နာရီတွင် NNDP ဌာနချုပ်တွင် ပြုလုပ်သည့် သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အနှေးယဉ် လုပ်သားများ၏ ရင်ဖွင့်သံ အစီအစဉ်တွင် အနှေးယဉ်လုပ်သား ၂၀၀ခန့် နှင့် မီဒီယာ ၂၀ ခန့်တက်ရောက်ခဲ့ကြသည်။

လိုင်စင်မဲ့ အနှေးယာဉ်များအား မတရားတဲ့ နည်းနဲ့ဖမ်းဆီးတာကို ခံနေရကြောင်း ၊တခါအဖမ်းခံရလျှင်
တစ်သောင်းမှ နှစ်သောင်းအထိ ဒဏ်ငွေဆောင်ရကြောင်း၊၄င်းဒဏ်ငွေဆောင်ဖို့ အတွက် ၁၅ ကျပ်တိုးဖြင့်
ချေးငှားပြီး ပေးရကြောင်း တစ်လ နှစ်ကြာသွားရင် အတိုးနဲ့ အရင်းပါ လုံးထွေးကုန်ပြီး မိသားစု စားဝတ်နေရေး ကျမ်းမားရေး၊ပညာရေး ကိစ္စအဝဝများအတွက် အခက်အခဲတွေဖြစ်ပေါ်လာကြောင်း၊မိမိတို့သည် ဥပဒေဘောင်အတွင်း ဝမ်းရေးအတွက် သမာအာဇီဝကျကျ နေပူမိုးရွာမရှောင် ရှာဖွေထားတဲ့ ငွေကြေးတွေကို ဓါးမြ များသဖွယ် မတရားတဲ့နည်းနဲ့ မိုက်ကြေးခွဲနေကြောင်း၊မိမိတို့ထံမှ ရယူသွားသည့် ဒဏ်ကြေးများကိုလည်း နိုင်ငံတော်အတွက်သုံးစွဲ ပါလျှင် ခံနိုင်ပါသေးကြောင်း၊ယခုမှာ အနှေးယာဉ်စီးကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကိုယ်ကျိုးအတွက် သုံးနေကြောင်း ဒီအတွက်ကြောင့် မီဒီယာများနှင့် ဘဘဦးသိန်းညွန့်မှ အနှေးယာဉ်လုပ်သားများအတွက် ကူညီဖြေရှင်းစေလိုကြောင်းပြောခဲ့ကြသည်။
  
လိုင်စင်မဲ့အနှေးယဉ်လုပ်သားများမှ တင်ပြချက်အသီးသီး အား မီဒီယာများတွင်ဖေါ်ပြပေးသွားမည်ဖြစ်ပြီး။

ဦးသိန်းညွန့် မှ ပြောကြားရာတွင် လိုင်စင်မထုတ်ပေးသေးသည့်အနှေးယဉ်များ အား ယာယီလိုင်စင်ထုတ်ပေးဖို့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အနှေးယာဉ်လုပ်သားများ၏ တင်ပြစာကို သမ္မတထံတင်ပေးမည်ဖြစ်ပြီးဆက်လက်ဖမ်းဆီး အရေးယူနေအုံးမည်ဆိုပါက မိမိကိုယ်တိုင် စီတန်းလှည့်လည်ခွင့် လိုင်စင်လျှောက်ထားပြီးအနှေးယာဉ်လုပ်သားများဘက်မှရပ်တည်ကာ ဦးဆောင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း။
အနှေးယာဉ်လုပ်သားများအား ဂျပိုးသခိုး တွေလိုဆက်ဆံနေခြင်းနှင့် အနှေးယာဉ်လုပ်သားများမှ နေပူ
မရှောင်မိုးရွာမရှောင် ရှာဖွေထားသည့် ငွေကြေးကို ယုတ်မာသည့်နည်းလမ်းဖြင့် မတရားနည်းနဲ့ရယူစားသောက်ကြသည့် စည်ပင်ဝန်ထမ်းများအား ရန်သူမျိုး ၆ ပါးစာရင်းတွင်ထည့်သွင်းသွားမည်ဖြစ်ပြီး ကန့်ကွက်ရှုံ့ချကြောင်းပြောကြားခဲ့သည်။

ကိုသန်းထွန်း

ရင်ဖွင့်သံ အစီအစဉ် တက်ရောက်လာသည့် အနှေးယဉ် လုပ်သားများ


ဦးသိန်းညွန့် သင်္ဃန်းကျွန်းအနှေးယဉ်လုပ်သားများကို ဦးဆောင်ပြီးဆန္ဒပြမည် ဦးသိန်းညွန့် သင်္ဃန်းကျွန်းအနှေးယဉ်လုပ်သားများကို ဦးဆောင်ပြီးဆန္ဒပြမည် Reviewed by သစ်ထူးလွင် on 17:53 Rating: 5

16 comments:

Cho Cho Aung said...

ပြည်ပ တိုင်းပြည်တွေက၇တဲ့ မြန်မာနိုင် ငံ ဖွင့်ဖြိုးေ၇းအတွက်ထောက်ပံ့ 
ဒေါ်လာ သန်းပေါင်းများစွားထဲက ဒေါ်လာ တစ်သန်းလောက်ပဲ ဆိုက်ကား
သမားတွေ အတွက် အသုံးပြုပေးလိုက်၇င် ဆိုက်ကားသမားဆိုတာ လမ်းပေါ်မှာ ၇ှာမ၇တော့ လို့  ပြတိုက်မှာ သွားကြည့် နေ၇မယ် ထင်တယ် ဆိုက်ကား သမား တနိုင် ငံလုံး တသန်း မ၇ှိပါဘူး

ဝရဇိန်သတင်းအေဂျင်စီ said...

အနှေးယာဉ်သမ္မဂ္ဂ မပေါ်သေးဘူးနော်။

Unknown said...

စားစရာရှားလို့ စည်ပင်ဝန်ထမ်းတွေရယ်

kks said...

khinmg htweသမ္မတဖြစ်ရင်ဆိုက်ကားစရာတွေဝမ်းသာလိမ့်မယ်
ငါတို့ဖောက်သယ်ဆိုပြီ

owner said...

ရန်ကုန်မှာလိုင်စင်မဲ့အနှေးယဉ်တွေမြို့နယ်တိုင်းလိုလိုရှိပါတယ်၊ယာဉ်ကြော
ပိတ်ဆို့မှုအနေအထားအရ လိုင်စင်ထုတ်ပေးခြင်းကိုထိန်းထားတာလဲဖြစ်
နိုင်ပါတယ်..လွတ်တော်မှာတင်ပြတောင်းဆိုသွားရင်ပိုပြီးအဆင်ပြေမယ်ထင်
ပါတယ်၊မြို့နယ်အားလုံးလည်းအကျုံးဝင်တာပေါ့သမတ္တကြီးကိုလည်းကူညီရာရောက်ပါတယ်.နိုင်ငံေ၇းအမြတ်ထုတ်တယ်လို့လည်းအထင်မခံရဘူးပေါ့


Unknown said...

စာကိုသေသေချာချာဖတ်ပါ၊စည်ပင်က စားတာမဟုတ်အနှေးယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုတဲ့အဖွဲ့က ဇတ်တူသားစားတာ၊

Unknown said...

ဦးသိန်းညွှန့်ရေ
လွတ်လပ်စွာဆိုပြီး လမ်းမပေါ် ဆေးရိုးတက်လှန်းလို့ မရဘူးဗျ
လိုင်စင်ကိစ္စထားပါဦး
ဆက်ဖမ်းရင်ဆိုတော့ ဒီတိုင်းလွှတ်ပေးထားရမှာလား
ဒီကောင်တွေ ဘယ်လောက် စည်းကမ်းမဲ့လဲ လေ့လာပြီးမှ ပြောဆိုသင့်တယ်
ခင်ဗျားတို့ ဥပဒေကို ခင်ဗျားတို့မလိုက်နာရင် တရားဥပဒေစိုးမိုးရေးဘယ်လိုလုပ်မလဲ
ဘာကြောင့် ဖမ်းလဲ စုံစမ်းပါဦး
ဥပဒေအရ ဆောင်ရွတ်နေသူများကို ရန်သူလို့သတ်မှတ်ရင်
ဥပဒေမဲ့ဖြစ်နေမှာပေါ့
..တာဝန်သိနိုင်ငံသားများ ဖြစ်ကြပါစေ...

moeaungzin said...

ဟုတ်ပါ့ဗျာ သနားပါတယ် စာဖတ်ရင်းမျက်လုံးထဲမှာ
သူတို့ပြောတာတွေမြင်ယောင်မိတယ်
စည်ပင်ဆိုတဲ့ ခေါင်းစည်းနဲ့မလိုက်ဘူး
ကိုယ်ကိုတိုင် အနှေးယာဉ်နေရာဝင်ကြည့်စမ်းပါ
စည်ပင်ရေ...........................................

Unknown said...

စည်ပင်ဆိုတာ ရဲထက်ဆိုးတယ်

ငိုလဲစားတယ် ဖမ်းစားတော့ အစားခံရသူ ငိုတာပေါ့

ရီစားးတာက မင်္ဂလာဆောင်တို့ တရားပွဲတို့ဆို ခန်းမ ငှား

တော့ ရီစားပေါ့

သေလဲစားတာပဲ သေရင် မီးသင်္ဂြိုတော့လဲ သူတို့ပဲ စားတာပေါ့

ရဲ ကမှငိုစား ရီစား

စည်ပင်က ငိုစား ရီစား သေစား

aristhteinwin said...

ပါလီမာန်ထဲမှာတော့ ဦးသိန်းညွန့် ဟာ အပြောနဲ့ မဟုတ်ဘဲ လူထုအတွက် အလုပ်နဲ့ သက်သေပြတဲ့ လွှတ်တော် အမတ်တဦး အဖြစ် အသိအမှတ်ပြုလေးစားပါတယ်။

Unknown said...

အနှေးယဉ်မောင်းသူတွေကလဲပမာမခန့် စည်းကမ်းမဲ့တာမျိုံး တိုက်ရဲရင်တိုက်လိုက်ဆိုတာမျိုးတွေထိမ်းသိမ်းကြဘို့လဲထဲ့စဉ်းစားကြပါး
ဉီးသိန်းညွှန့်ရေ ဆင်းရဲသားရှေထွက်ရပ်ရင်မည်တော့ကြီးလာမယ် ရေရှည်တိုင်းပြည်ကောင်းဘို့က ပေါ်င်္ီပင်နိုင်ငံရေးလောက်နဲ့မရဘူးနော်

Unknown said...

စည်ပင်တွေသတိထား

Myat Thu said...

ကောင်းတယ်ဆန္ဒပြကျွန်တော်လဲပြမယ်မိန်းမကဟင်း
ကောင်းကောင်းမချက်လို့

Anonymous said...

ဒီကောင်တွေမရှိမှအေးမှာ

သူမရှိရင်အထက်ကကောင်းတွေ

စဉ်းစားစရာနော်

စိုးမိုးသူ said...

အနှေးယဉ်သမဂ္ဂပေါ်ပေါက်ရေး၊ အလုပ်သမားဥပဒေပေါ်ပေါက်ရေး၊ အကျင့်ပျက်ဝန်ထမ်းများ ထိရောက်စွာ အရေးယူရေး
အမြန်ဆုံး လိုအပ်နေပါပြီ။

ရာရာ said...

လိုင်စင်မဲ့ အနှေးယာဉ်များအား မတရားတဲ့ နည်းနဲ့ဖမ်းဆီးတာကို ခံနေရကြောင်း ...ဆိုကတည်းက ဆက်ဖတ်ဖို့ စိတ်ကုန်သွားတယ်..။ စဉ်းစားကြည့်ဗျာ..ကိုယ်ကိုတိုင်က ဥပဒေအတွင်းထဲက မဟုတ်ဘူး။ လိုင်စင်မဲ့ ဆိုကတည်းက လိုင်စင်ရှိတဲ့သူတွေကို လက်တလုံးခြားလုပ်ထားမှန်းအသိသာကြီး။ အဲ့ဒါတွေမဖမ်းရင် လိုင်စင်လုပ်ထားတဲ့အနှေးယာဉ်ဆရာတွေက ရူးနေလို့သာလုပ်ထားသလိုဖြစ်နေမှာပေါ့ဗျာ။ လှိုင်သာယာက စက်မှုဇုံမှတ်တိုင်ကို သာလာကြည့်ကြဗျို့..။ လိုင်စင်ရှိတဲ့သူက ဂိတ်ထိုးပြီး ငိုက်နေရတယ်..။ လိုင်စင်မဲ့တွေက လမ်းတစ်ခြမ်းကို နေရာယူပြီး အလုအယက် လူခေါ်နေကြတယ်။ အမယ်..လမ်းပိတ်လို့ဖယ်ခိုင်းတဲ့ကားတွေကိုတောင် မမာမခန့်နဲ့ ပြန်ဟောက်သေးတယ်ဗျို့...။ ဒီထဲကမှ မကျေနပ်လို့ဆန္ဒပြချင်သေးတယ်ဆိုရင် ကျုပ်ကတော့ ပြောလိုက်ချင်တယ်..သူခိုးကလူ လိုဟစ်နေပါတယ်...လို့။

Powered by Blogger.