ပြည်သူရင်ပြင်၌ အဆောက် အဦးဆောက်လုပ် ရန်အတွက် တွင်းတူးစဥ်မြေဆယ်ပေအနက် အရောက်တွင် ရှေးဟောင်း အမြောက်ကြီး တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်းအချင်း ၁၈ လက်မ ၊ ကျဉ်ထွက်ပေါက် ၉ လက်မ ရှိကြောင်းသိရသည်။
ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က အမြောက်ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်း စစ်ဆေးသွားမည်ဟု သိရသည်။ ယင်းအမြောက်ကြီးကို ယန္တရား စက်မောင်းဦးကျော်ကျော်လေး က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ညွှန့်ဝင်း - Popular Myanmar News Journal

ပြည်သူရင်ပြင်၌ တူးဖော်တွေ့ရှိ သည့် ရှေးဟောင်း အမြောက်ကြီး တူးဖော်တွေ့ရှိ |
ပြည်သူရင်ပြင်၌ ရှေးဟောင်းအမြောက်ကြီး တူးဖော်တွေ့ရှိ
Reviewed by သစ်ထူးလွင်
on
08:42
Rating:
3 comments:
ရွှေတိဂုံဘုရားတ၀ိုက် မြန်မာနဲ့အဂ်လိပ်စစ်ပွဲတုံးကသုံးခဲ့တဲ့အမြောက်နဲ့တူတယ်
ရွှေတိဂုံဘုရားတ၀ိုက် အင်္ဂံလိပ်-မြန်မာစစ်ပွဲတုံးကသုံးခဲ့တဲ့အမြောက်နဲ့တူတယ်
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များ
Post a Comment