နေပြည်တော်မှာ ၀င်ငွေကောင်းတဲ့ အလုပ်ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ နေပြည်တော်ရဲဆီမှာ အကူအညီတောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက ရပ်တည်တယ်လို့ ပြောပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့ မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွေးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်
Reviewed by သစ်ထူးလွင်
on
21:10
Rating:
24 comments:
နေပြည်တော်မှာတွင်မဟုတ်ရပါဘူးခဗျာ ကျတော်တို့ပခုက္ကူ
မှာဆို ပြည့်တန်ဆာလုပ်စားသောအိမ်တွေနဲ့ရဲတွေနဲ့ဆိုတာ
မိသားစုလိုနေကြတာ ကျတော်တို့ဆီကမြိုင်သာယာရပ်ကွက်မှာဆို ပြည့်တန်ဆာအိမ်စုစုပေါင်း ၇အိမ်ရှိတယ် တစ်အိမ်ကိုတစ်ရက်လျှင် ၄၀၀၀၀ကျော်လိုင်းကြေးပေးရတယ် ရဲတွေကိုပေါ့ ခရိုင်ဒနကြေး နယ်ထိန်းကြေး စခန်းမှုးကြေးတဲ့
လူသားမဆန်တဲ့ ခွေးစိတ်ပေါက်နေတဲ့ နှစ်မချင်း၊သားသမီးချင်းမစာနာတဲ့၊ ပြစ်မှုကျူးလွန်သူ၊အိမ်ရှင်လင်မယား၊ပခုံးပေါ်မှာ နိုင်ငံတော်နဲံ့ပြည်သူကအပ်နှင်းထားတဲ့ နှစ်ပွင့်နဲ့ (IP)ရဲ တို့ကို ထိရောက်ပြင်းထန် မှတ်သား နောင်တ ရစေမဲ့ ပြစ်ဒါဏ်မျိုးခံစားစေသင့်ပါတယ်၊
ကောင်းပါတယ် နေပြည်တော်ကို
ကြိုက်သလို နေခွင်ရှိသပ။
မာဆတ်၊ကေတီဗွီရှိနေလို့နေပြည်တော်မြို့ကြီးနာမည်ကြီးနေတာပေါ့။
လူတွေဟာတော်တော်အယုံလွယ်တာဘဲ။အေးလေ,လိမ်တဲ့သူတွေကလည်းလူကြည့်ပြီးလိမ်ကြတာဘဲ။ဒီခေတ်မှာကငွေမရှိရင်ဒုက္ခရောက်ကြရတာဘဲ။နေမကောင်းရင်တောင်ဆေးခန်းသွားပြရင်အနည်းဆုံး(၃၀၀၀၀မှ၅၀၀၀၀)ကြား
လောက်ကုန်ကြတယ်။ဒါကြောင့်လူကုန်ကူးသူတွေ/မိန်းခလေးတွေကိုဖျက်ဆီးချင်ကြတဲ့လူ့နှာဘူးတွေကကျားချောင်းသလိုအချဉ်မိန်းခလေးတွေကိုရှာ
ပြီး၊ဘဝဖျက်ဆီးကြတယ်။အနှိပ်ခန်းဖွင့်သူတွေ*KTVဖွင့်သူတွေစင်တင်တေးဂီတ-ဟုခေါ်နေကြတဲ့စားသောက်ဆိုင်တွေကြီးတွေ ဟာတကယ်တော့ကောင်း
ရောင်းကောင်းဝယ်လုပ်စားကြတာမဟုတ်ပါဘူး။ဥပဒေကိုလက်တစ်လုံးကြား
လုပ်ပြီး၊စီးပွားရှာနေကြတဲ့ဒုစရိုက်စီးပွားရေးလောကပါ။ နဂိုကထိန်းမရ/သိမ်းမရသူတွေဘဝပျက်ဆီးတာအရေးမကြီးသလို/မိကောင်း
ဖခင်အမျိုးသမီးကောင်းတွေကိုတော့မဖျက်ဆီးသင့်ပါ။ရဲတွေကလဲမိမိအတွက်
ငွေရဖို့အတွက်-ဒုစရိုက်သမားများနဲ့ပူးပေါင်းဆောင်ရွက်နေတာတော့မဖြစ်
စေချင်ပါဘူး။ဒုစရိုက်သမားများကိုမကာကွယ်စေချင်ပါ။မဖုံးကွယ်စေလိုပါ။
တိုင်ချက်ဖွင့်သူရှိလာလျှင်လည်းအရေးယူပေးပါ။သားသမီးချင်းကိုယ်ချင်းစာပါ။တာဝန်ရှိအထက်လူကြီးများအနေနဲ့လဲ-အောက်ခြေရဲဝန်ထမ်းများ၏အကျင့်
ပျက်နေမှု့များကိုအထူးစစ်ဆေးရေးအဖွဲ့များဖြင့်ဖေါ်ထုတ်အရေးယူအပြစ်
ပေးခြင်းများပြုလုပ်သင့်ပါတယ်။
ပျဉ်းမနားမြို့ပေါင်းလောင်းရပ်ကွက်မှာအနှိပ်ခန်းတွေအများကြီးပဲဗျာ ဘယ်သူ့အမိန့်နဲ့ဖွင့်လဲတော့မသိဘူး ညနေဆိုမိကောင်းဖခင်သားသမီးတွေလမ်းတောင်ထွက်မလျှောက်ရဲဘူး ရာဇဌာနီလမ်းက ကယ်ရီသမားတွေကလည်းဖြတ်သွားတဲ့လူနောက်လိုက်ပီး မာဆတ်သွားမလားဇွတ်လိုက်မေးတာ ဖွင့်ထားတဲ့သူတွေကလည်းမကင်းရာမကင်းကြောင်းကောင်တွေပဲလို့ပြောတယ် တိုင်တဲ့အခါအဖမ်းပြလိုက် ခဏနေပြနဖွင့်လိုက်နဲ့ ရှုပ်နေတာပဲ ဘာမဟုတ်တဲ့လမ်းဘေးမှာအခွေရောင်းတဲ့ဆိုင်လေးတွေကြတော့ဖမ်းပီးထောင်ချတယ်တဲ့ အံ့ရော
ရဲနင့်အနိုပ်ခန်းပူးပေါင်းမဖြစ်နိုင်ပါ မြန်မာပုလိပ်ရာဇဝင်မှာတိုင်းမှူးကိုယ်တိုင်အနှိပ်ခန်းထောင်ကြတာ နအဖ ခာတ်မှာရှိခဲ့တာပါ ခုလည်းအုပ်ချုပ်သူတွေမှမဎြောင်းသေးတာ
ဝန်ကြီးတို့/ရဲချုပ်တို့ဆက်ကြေးရလို့နေမှာပါ
မန်လေးမှာပိုဆိုးပါတယ်။ပြည်တွင်းလူကုန်ကူးမှုက အကြီးအကျယ်ဖြစ်နေတာပါ။ရဲတွေကဥပဒေကို ချိုးဖောက်နေတာပါ။
တခြားနိုင်ငံတောင် မဟုတ်တော့ဘဲ မိမိနိုင်ငံထဲမှာတောင် ခုလိုတွေလုပ်နေတယ် ဆိုတာ အံ့သြ စရာကြီးပါဘဲ ခုလို လိမ်လည်တဲ့ သူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဖို့ တောင်းဆိုပါတယ် (ရဲ)များကိုလည်း သား၊ သမီးချင်းကိုယ်ချင်း စာစေလိုပါတယ်........ ကျေးဇူးတင်ပါတယ်
မြန်မာနိုင်ငံ ကရဲတွေအားလုံးကို အမြစ်ကနေ လှန်ပြစ်ရမယ်။
လူဟောင်းတွေအကုန်လုံး အရင်ဆုံးရှင်းထုပ်ပြစ်ရမယ် ။
နောက်လူတွေကို စည်းကမ်းကျကျ လခ ကောင်းကောင်း နဲ့
ဆုပေး ဒါဏ်ပေး စနစ်နဲ့ ပြန်ကျင့်သုံးရမယ်။ဒါမှ ဒို့မြန်မာပြည်
ကြီး ကောင်းမှာ ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့အမေစုပုံကိုကိုင်ဆောင်မိရင်တောင်မှ ထောင်ချခဲ့တဲ့ရဲတွေ
KTV message တွေကျတော့ မနှိမ်နင်းနိုင်ဘူးဆိုတော့။ အင်း ဟုတ်နေပါပြီ။
အလကားပါ ပြောတော့ ကူညီပါရစေတဲ့
လုပ်တော့ ' အကုန်ယူပါရစေ ' ဖြစ်နေတယ်
ပြည်သူတွေကို ကာကွယ်ပေးဖို့  တာဝန်ယူထားတဲ့လူတွေက ဒီလိုလုပ်နေမှတော့
ပြည်သူတွေရဲ့  လုံခြုံမှုဆိတာ ဘယ်သူ့ အဖေခေါ်ရမလဲ
ကျေးဇူးပြုပြီး ယဉ်ကျေးစွာနဲ့  ပြန်ဖြေပေးကြဖို့ မျှော်လင့်ပါတယ်
ရဲ ဆိုတာနဲ့ ကြားတဲ့သူအပေါင်း နှလုံးစိတ်ဝမ်း ပူလောင်ရပါတယ် ။ ပြည်သူတွေကို နှိပ်စက်ဖို့များ ဖွဲ့စည်းထားတာလား လို့တောင် တွေးမိပါတယ်။
မြင်းကိုဂျို တပ်ပေးထားသလိုမျိုး ခွေ့ လည်းခွေ့မယ်၊ ကန်လည်း ကန်မယ် ၊ စားလည်း စားမယ် ၊ ပြီးယင် အသံကောင်း ဟစ်သေးတယ် " ကူညီပရစေ " တဲ့ အဲ့ဒါ ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းပဲ ဒါကြောင့်ထင်ပါရဲ့
ရဲဆိုတာနဲ့မျက်နှာဖြတ်ရိုက်ချင်စိတ်ပေါက်လောက်အောင်ပြည်သူတွေကချစ်ကြတာ ။
ဟုတ်ပါတယ် ပဲခူးတိုင်းပြည်မြို့မှာလည်း ရဲ တွေကေ၇ှ့နေ တရားရေး ဝန်ထမ်းများနှင့်ပူးပေါင်ြးီး လာဒ်စား လာဘ်ပေးလာဘ်ယူ မှု့များ ပေါ်ပေါ်ထင်ထင်လုပ်နေကြပါတယ်
အောက်ခြေရဲတွေမှအကျင့်ပျက်တာ မဟုတ်ပါ။ အပေါ်မှအောက်အထိ အဆင့်ဆင့်ပါ။ အပေါ်က အဆီအနှစ်စား၊ အောက်ခြေက အကျန်စားပြီးနံမည် ပျက်ပေါ့။ ကျွန်တော့်အမြင်တော့ ပြည့်တံဆာ လုပ်ငန်းဟာ နှိမ်နင်းလို့လဲမရ၊ အမျိုးကောင်းသမီးတွေ အလိုမတူဘဲ ဖျက်ဆီးခံရတာတွေ မဖြစ်အောင် စည်းကမ်းထိန်းသိမ်း၊ လိုင်စင်နဲ့ ကျန်းမာရေးပုံမှန်စစ်၊ ပညာပေး၊ တင်းတင်းကြပ်ကြပ် လုပ်လိုက်ရင် အခုအခြေအနေထက်တော့ ပိုမဆိုးသွားနိုင်လောက်ဖူးထင်တယ်။
အနှိပ်ခန်း၊KTV၊စင်တင်စားသောက်ဆိုင်ဖွင့်ထားသူတွေကမိန်းခလေးများကိုစု
စည်းပြီး၊မိမိ၏ဒုစရိုက်စီးပွားရေးအတွက်အသုံးချနေကြတာတွေ/မိန်းခလေးတွေအပေါ်ခေါင်းပုံဖြတ်ကြတယ်။ဘဝကိုရင်းနှီးစားသောက်နေရတဲ့မိန်းခလေးတွေဟာတန်ရာတန်ကြေးမရကြဘဲ၊ပိုင်ရှင်တွေရဲ့ခေါင်းပုံဖြတ်ခြင်းကိုခံနေရပါတယ်။ဒီလိုကိစ္စတွေကိုနောက်ကွယ်ကနေလုပ်စားနေကြတဲ့အထက်လူကြီးအချို့ဟာ၎င်းတို့၏အရှိန်အဝါနဲ့ဆိုတော့မည်သူမှဖမ်းဆီးနှိမ်နင်းနိုင်ခြင်းမရှိကြပါဘူး။အမှန်မှာအထက်လူကြီးများသည်အခြားစီးပွားရေးများ/ငွေများများရ
လွယ်တဲ့လုပ်ငန်းတွေအများကြီးရှိပါလျှက်နှင့်ဒီလိုမကောင်းမှု့လုပ်ငန်းကိုလုပ်
ကိုင်နေခြင်းမှာမသင့်တော်ပါ။
နောက်ပြီးမယုံလျှင်ကြည့်ပါ။၎င်းနေရာများတွင်လာရောက်ကြသောဧည့်သည်
များထဲတွင်လူကြီးတော်တော်များများကိုတွေ့ရပါသည်။အင်း---ဒါတွေပြော
နေရတာစိတ်ပျက်စရာကောင်းပါတယ်။
နေပြည်တော်မှာ ညောင်းတဲ.သူများလို.ပါ
အမှန်ဆို ရဲစခန်းနဲ. အနှိပ်ခန်းတွဲ ဖွင့်ရမှာ
နေပြည်တော်မှ ဝန်ထမ်းတွေ အပန်ဖြေရအောင် ဖြစ်ပါလိမ့်မယ်။ကိုရွှေရဲတို့ကလည်း စီးပွားရေးအမြင်ရှိတယ်လို့ ပြောရမယ်။လုပ်ပါ ကောင်းပါတယ် မြန်နိုင်ငံကို သူတို့မှမဖြတ်စီးလျှင် မပျတ်စီးတော့ပါဘူး။
လမ်းဘေးရောင်းတဲ့ နိုင်ငံခြားခွေတွေကြတော့ဖမ်းပြီး စိန်ဂေဟာတွေမှာရောင်းနေတဲ့ နိုင်ငံခြားခွေတွေကြတော့ မဖမ်းဘူးဗျ
မြန်မာနိုင်ငံကရဲတွေကတရားဝင်လက်ကိုင်ဓါးပြတွေပါ။မတရားမှုမှန်တမျှရဲကကြံရာပါ။အဲဒါလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှန်ပဲ။
မန်းမြို့ မှာလည်း အများကြီးပါ ပိုက်ပိုက်နဲ့ ကာထားတာ
ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးမယ့်သူ
မရှိဘူးလို့ခံစားရပါတယ်။
"ပြည့်တန်ဆာ"ဆိုတာဘယ်လိုမှပျေက်သွားမှာမဟုတ်ဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဘုရားရှင်လက်ထက်တဲရတောင်ရှိတာ။ သူတို့အဖွဲ့အစည်က ကြာလှပါပြီ။ဒါပင်မဲ့ ရဲဆိုတာ မနေ့တနေ့ကမှပေါ်လာတာ။ အချိန်ကာလအာဖြင့်ရှင်ရင်အများကြီးကွာဟမှုရှိပါတယ်။တိုက်ထုတ်လိုတော့မရဘာဘူး မှီခိုစားတာအကောင်းဆုံးပါပဲ
Post a Comment