တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲ ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးမည်

လက်ရှိ သင်ရိုးညွှန်း တမ်းဖြစ်သည့် တက္ကသိုလ် ဝင်တန်း ဝိဇ္ဇာဘာသာတွဲကို ရယူထားသူ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက ပညာသင်ဆုအဖြစ် စားစရိတ်ငြိမ်းသင် ကြားပေး သွားမည့် အစီအစဉ် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။

ထိုအစီအစဉ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် လာမည့် ပညာသင်နှစ်၌ စတင်ဆောင်ရွက် ဖွယ်ရှိပြီးပြီးမှ ခရိုင်၊ ထိုမှတစ် ဆင့် မြို့နယ်အဆင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်အကောင် အထည် ဖော်သွားမည်ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။

ဒုတိယဝန်ကြီးက ''ကျွန်တော့် အမြင်ပြောရရင် ဒီဝိဇ္ဇာဘာသာတွဲ ကို ယူထားတဲ့သူ၊ တော်လည်း တော်မယ်။ ထူးချွန်မှုလည်းရှိမယ် ဆိုရင် ပညာသင်ဆုတွေ ပေးမယ်။ ဘော်ဒါဆောင်မှာထားပြီး စား စရိတ်ငြိမ်း သင်ပေးသင့်တယ်။ ဒါကြောင့် အခုလုပ်မယ့် အစီအစဉ် က လုပ်ကို လုပ်သင့်တဲ့ ကိစ္စပဲလို့ ကျွန်တော်မြင်တယ်'' ဟု ထပ် လောင်းဆို သည်။ နိုင်ငံတော်က ၂ဝဝ၂ ခုနှစ်ပညာသင်နှစ်မှ စကာ ဝိဇ္ဇာ၊ သိပ္ပံ၊ ဝိပ္ပံ အစရှိသည်ဖြင့် စိတ်ကြိုက်ဘာသာတွဲ များရွေးချယ် ကာ ကျောင်း သား၊ ကျောင်းသူတို့ အား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ပြုလုပ်ပေးခဲ့ သည်။

အခြေခံပညာရေးလေ့လာ သုံးသပ်နေသူ အငြိမ်းစားတက္ကသိုလ် ဆရာတစ်ဦးက ဝိဇ္ဇာဘာသာတွဲ အပေါ်တန်ဖိုးထား ရွေးချယ်စေ လို သောစိတ်ဆန္ဒဖြင့်ဆောင်ရွက်သော လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း သုံးသပ်ပြီး ထိုမျှဖြင့်မရဘဲ ကာလ ရှည်ကြာစွာ ဆရာ၊
ဆရာမအချို့ မိဘများနှင့် ကျောင်းသား အပါ အဝင် လွဲမှားလက်ခံနေသော တန်ဖိုးမရှိဆိုသည့် အမြင်အပေါ် ဦးစွာပြုပြင်သင့်ကြောင်း ထောက်ပြ ခဲ့သည်။

ပညာရေးဝန်ကြီးဌာန စာရင်း တို့အရ တက္ကသိုလ်ဝင်တန်း၌ ဝိဇ္ဇာ ဘာသာတွဲယူသူသည် ဘာသာတွဲ အလိုက်တွင် အနိမ့်ဆုံးနေရာတွင် ရှိနေခဲ့ကြောင်း သိရှိရသည်။

Popular Myanmar News Journal


တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲ ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးမည် တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲ ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးမည် Reviewed by သစ်ထူးလွင် on 09:34 Rating: 5

2 comments:

kspesoe said...

ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆောင်ရွက်ချက်တစ်ခုပါ။ ကျောင်းသားတွေအနေနဲ့ သူတို့ဝါသနာပါရာကို ရွေးချယ်ခွင့် ပေးသင့်တယ်လို့ ထင်မြင်မိတယ်။ မိဘတွေ အနေနဲ့ ကောင်းစေချင်တာ မှန်ပေမဲ့ သားသမီးတွေရဲ့ စိတ်ကို နားလည်စေချင်တယ်။ တချို့ မိဘတွေရဲ့ မလိုလားအပ်တဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေကြောင့် သားသမီးတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ရိုက်ချိုးပစ်သလို ဖြစ် ကြရတယ်။ ကလေးတွေက ဆေးပညာကို ဝါသနာမပါပေမဲ့လည်း မိဘဆန္ဒကို ဖြည့်ပေးနေရတဲ့ ဆေးကျောင်းသားတွေလည်း အများကြီးပါပဲ။

Unknown said...

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Powered by Blogger.