ရဲတပ်ရင်းများတွင် လက်ဝှေ့ပွဲ လက်မှတ်များ အတင်းအဓမ္မ ရောင်းချခိုင်းလျက်ရှိ


ရန်ကုန်တိုင်း၊ ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့ လက်အောက်ရှိ ရဲတပ်ရင်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား အထက်ဖော်ပြပါ လက်ဝှေ့ပွဲ လက်မှတ်များအား တပ်ရင်းတစ်ခုလျှင် စောင်ရေ (၂၀၀)ကျော်ခန့် အတင်းအဓမ္မ ရောင်းချခိုင်းလျက် ရှိပါသည်။

ရဲတပ်ရင်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ မိမိတို့လစာဖြင့် မနည်းစားလောက်အောင် ကြိုးစားရုန်းကန်နေရသဖြင့် အထက်လူကြီးများမှ အမိန့်ဖြင့် ရောင်းချခိုင်းသော လက်ဝှေ့ပွဲလက်မှတ်များကြောင့် စိတ်ဆင်းရဲလျက်ရှိပါသည်။

လက်ဝှေ့လက်မှတ်ဖိုး များအား လစာများမှ ဖြတ်တောက်ကာ ပေးနေရခြင်း ဖြစ်ပါသည်။ အထက်လူကြီးများသည် အောက်ခြေရဲတပ်ဖွဲ့ဝင်များအား အမိန့်အမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ ဝင်တစ်ဦးမှ Myanmar News Now ကို ပြောပါသည်။

By Myanmar News Now
ရဲတပ်ရင်းများတွင် လက်ဝှေ့ပွဲ လက်မှတ်များ အတင်းအဓမ္မ ရောင်းချခိုင်းလျက်ရှိ ရဲတပ်ရင်းများတွင် လက်ဝှေ့ပွဲ လက်မှတ်များ အတင်းအဓမ္မ ရောင်းချခိုင်းလျက်ရှိ Reviewed by သစ်ထူးလွင် on 20:01 Rating: 5

7 comments:

Unknown said...

အရင်ကဆို..ပြည်သူတွေကိုဘဲနှိပ်စက်တာ..ခုတော့.. ရဲအချင်းချင်းလည်းဘဲ နှိပ်စက်ကုန်ပြီဆိုတော့..အင်း.. မကြာတော့ပါဘူး.. ဒီကောင်တွေ.. ဟင်းသာကိုးသောင်း ပျက်ကိန်းကြုံတော့မှာပါ..

Unknown said...

ရဲတွေက ဒုစရိုက်သမားတွေကို ပြန်ရောင်းတာ။

Unknown said...

ရဲတွေက ဒုစရိုက်သမားတွေကို ပြန်ရောင်းတာ။

Unknown said...

အရင်အကျင့် မပျောက်သေးဘူး

worldman said...

ရဲတပ်သားသစ်ကိုလည်းတစ်လ၃ရောက်စုရတာ စုပေးရသူကယင်း တပ်သားသစ်အတွက်လိုအပ်တာ တွေလပ်ပေးနေရပါသေးတယ် ခံစားချက်တွေ တပ်ဖွဲ့ဝင်တွေ မှာအပြည့်ရှိနေတယ်ကူညီဖေါ်ပြပေးလို့ကျေးဇူကမ္ဘာပါ။

Si Thu Hein said...

ရဲ ဆိုတာ ရတာကောက် နောက်သို့ပြစ် ရဲ တဲ့။ ရဲ တပ်ဖွဲ့မှာ မသုံးစရိပ်မရှိပါဘူး လစာက အပြည့်ရနေရင်တော့ ပြည်သူလေးစားအားကိုးတဲ့
အဖွဲ့ဖြစ်လာပါမှာ

Unknown said...

နောက်ဘ၀ကျရင်ဒိထက်အဆပေါင်းများစွာဒုတ်ခ ကြုံရဦးမယ်။အလှည့်ကျရင်မနွဲ့ ကြနဲ့ ။

Powered by Blogger.