မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး (ဓါတ်ပုံ - ညီညီဇော်)
မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး (ဓါတ်ပုံ - ညီညီဇော်)
ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘောလုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော
၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ
လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့
ရောက်သွားခဲ့သည်။

မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ
ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး
၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။

7Day News Journal
မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး မန္တလေးမှာ လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 14:23 Rating: 5

11 comments:

John said...

*** မန္တလေးမြို့၏ ယဉ်ကြီး ၊ ယဉ်ငယ် ဥပဒေ ***

ဘာကြောင့် တိုက် တိုက် ၊ ဘယ်လို တိုက် တိုက် ၊ ယဉ်ကြီး ၊ ယဉ်ငယ် ယဉ်တိုက်မှုဖြစ်ပါက ယဉ်ကြီး မောင်းသူ၏ အမှားသာဖြစ်ပြီး အလုံးစုံ တာဝန်ယူ ဖြေရှင်းပေး စေရမည်။

လမ်းဘေး၌ စက်မပိတ်ပဲ ရပ်ထားသော ယဉ်ကြီး အား ယဉ်ငယ် မှဝင်တိုက်လျှင်ပင် ခြွင်းချက်မရှိစေရဘဲ ယဉ်ကြီး မောင်းသူ၏ အမှားဖြစ်စေရမည်။ ယဉ်ငယ် မောင်းသူ၌ လုံးဝတာဝန် မရှိစေရ။

အလွဲများ နှင့် ရွှေမန္တလေး ( လွဲ လွဲ လေးပဲ ကောင်းပါတယ်။ )

Unknown said...

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဂရုတစိုက်လုပ်သင့်ပါတယ်။
ရပ်ကွက်ထဲမှာ တိုက်အိမ်အသစ်တလုံးဆောက်လိုက်တာနဲ့ ရပ်ကွက်လမ်းက သွားစရာနေရာမရှိအောင် လမ်းပိတ်သွားရော။ အုတ်တွေပုံ၊ ကျောက်စရစ်တွေပုံ၊ သံချောင်းတွေပုံ၊ ဘိလပ်မြေမဆလာတွေ လမ်းမပေါ်မှာနယ်ရောလေ။
သိပ္ပံလမ်းမကြီးက တစ်ရှုးမျိုးပွားစိုက်ပျိုးရေးကုပ္မဏီနားမှာလဲ အဲ့ဒီလိုစည်းကမ်းမဲ့ လမ်းမပေါ်မှာ အုတ်တွေပုံထားတာပဲ.. သတင်းဓါတ်ပုံလေးရိုက်ပြီး ဖော်ပြလိုက်ပါဦး သစ်ထူးလွင်ရေ..

ကျော်ထိုက် said...

ဘာမဟုတ်တဲ့ ကိစ္စကြောင့် အသက်တစ်ချောင်းဆုံးရှုံးသွားတာ နှ မြော စရာပါ.....သူများနိုင်ငံတွေဆို လမ်းပြင်ရင် အဝေးကတည်းက သိမြင်နိုင်အောင် ဆိုင်းဘုတ် များထောင်ထားပါတယ်...မြန်မာနိုင်ငံမှာ လည်း အဲ့လိုမျိုးတွေလုပ်ရင် ဖြစ်စရာ ကိစ္စမရှိပါဘူး......နောင်မဖြစ်အောင် အဲ့လို လုပ်သင့်ပါတယ်...

ကိုအောင် said...

မောင်းတဲ့သူကိုတော့ ဘာမှမလုပ်ကြပါနဲ့နော်...
သူက ပြိုင်ကားမောင်နေတာမဟုတ်တော့ .....
ပိုက်ဆံရှိမယ်မထင်ဘူး ...စဉ်းစားပေးလိုက်ကြပါ...

နေမျိုးဗလ said...

တော်တော်ကံဆိုးတဲ့လူ ဘဲနော် အင်းပေါ့လေလမ်းကြိတ်စက်က အရှိန်လွန်နေတာနေမှာပေါ့ လမ်းကြိတ်စက်သမားဘဲမှားတာပါ
ဆိုင်ကယ်သမားက မမှားဘူးနော်

Anonymous said...

ဒီလောက်နှေးတဲ့လမ်းကြိတ်စက်နဲ့သေရတာထူဆန်းတယ်
လမ်းကြိတ်စက်မောင်းသူမှာအပြစ်မရှိပါဘူး တရုပ်ပြည်ထုတ်ဆိုင်ကယ်စီး
တဲ့သူတွေရန်ကုန် အရိုးအထူးကုဆေးရုံ(ကြည်မြင့်တိုင်)မှာလည်းအများကြီးပဲ၊သတိထားဆင်
ခြင်ပြီးစီးကြပါ မြင်ရ ကြားရတာမကောင်းပါဘူးဗျာ။

Anonymous said...

သတိပေး နှိုးဆေါ်ထါးတဲ.လမ်းပြင်နေသည် ဟု.ရေးသါးထါးသေါ စါတမ်းကိုမထင်မဲ.မြင်လုပ်တဲ.အတွက် လမ်းပြုပြင်သည်.စည်ပင်မလမ်းကြိတ်စကမောင်းသူက်
သေဆုံးသူဆိုင်ကယ်မောင်းသူအါးအရေးယူမှ နောက်ထပ်လူတွေဆင်ခြင်လါမှာ
ပြောချင်ပါတယ်။

mgmg said...

ဓာတ်ပုံကိုကြည့်ရင်အရှင်းကြီးပါဗျာလမ်းကပြင်နေတာမဝင်ရလို့လဲရေးထားမှာပါမောင်းလို့မရတဲ့ခဲလမ်းထဲမောင်းတော့လဲပြီပေါ့မဆင်ခြင်လို့ဖြစ်တာပါ

jamestun said...

ဆိုင်ကယ်ကိုစည်းကမ်းတကျမစီးသူတွေအများကြီးပါဘဲ

ရာရာ said...

သောက်သုံးမကျတဲ့ ဥပဒေအရတော့ လူတစ်ယောက်သေသွားတဲ့အတွက် လူသေမှုနဲ့တော့ ရိုလာအော်ပရေတာတစ်ယောက် ဒုက္ခရောက်ရဦးတော့မယ်။ သူ့ခမျာ သူ့အလုပ်သူလုပ်နေရင်းနဲ့ပဲ အကုသိုလ် ၀င်ရရှာတယ်။ ကျေးဇူးပြုပြီးတော့ ဆိုင်ကယ်ကို မဆင်မချင်မ စီးနင်းကြပါနဲ့လား။ ကိုယ်တိုင်ဒုက္ခရောက်တဲ့အပြင် သူတစ်ပါးကိုပါ ဒုက္ခပေးနိုင်တဲ့ သင်္ခန်းစာတစ်ခုအဖြစ် ရှုမြင်ကြပါဗျာ။

Unknown said...

လမ်းကြိတ်စက်နဲ့ မှကြိတ်မိရတယ်လို့ဗျာ..ကြံကြံ ဖန်ဖန် .. ဒီလူ .ဆင်နင်းခံရတာထက် ဆိုးမယ်ထင်တယ်..

Powered by Blogger.