အရေးယူမှုအားနည်း၍ ဗြောက်သမားများ သောင်းကျန်းနေ

ရုပ်မြင် သံကြား ၊ရေဒီယိုနှင့် သတင်းစာများမှ ဗြောက် မဖောက်ရနှင့် ဗြောက်ဖောက်ပါက မည်သို့ အရေးယူမည်ဟု ကြေငြာထား သော်လည်း အရေးယူမှု အားနည်းပြီး ဗြောက်ဖောက် နေသူများကြောင့် သက်ကြီး ရွယ်အိုများနှင့် (၁)နှစ်အောက် ကလေးငယ်များမှာ ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူ များထံက သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အရေးယူမှုအားနည်း၍ ဗြောက်သမားများ သောင်းကျန်းနေ အရေးယူမှုအားနည်း၍ ဗြောက်သမားများ သောင်းကျန်းနေ Reviewed by သစ်ထူးလွင် on 15:21 Rating: 5

10 comments:

ကျော်ထိုက် said...

ဗျောက်ဖောက်မယ့်နေရာကို သတ်မှတ်ပေးပါက ပိုအဆင်ပြေပါလိမ့်မယ်...

မြန်မာပြည်သားသား said...

ကျိုင်းတုံမှာလည်း ဗြောက်ဖောက်တာပဲ..... အရေးမယူရင်တောင် အထိတ်တလန့်မဖြစ်အောင် မရောင်းခိုင်းရင်ကောင်းမယ်...

sheetody said...

မြန်မာပြည်က လူငယ်တွေကစားဖို့ ကစားကွင်း
စီစဉ်ပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်ပွဲတော်ရက်
သတ်မှတ်ပြီးကစားခွင့်ပေးသင့်သည်ဟုထင်သည်
မီးရှုးမီးပန်းများကိုလည်း မိမိနိုင်ငံမှာထုတ်လုပ်
နိုင်လျှင် အလုပ်အကိုင်အခွင့်အလမ်း တစ်ခုတိုး
မည်ဟုထင်သည်။

Unknown said...

လမ်းမတော်မှာလည်းဗျောက်ဖောက်တာမှရက်ရက်စက်စက်ပဲ အိမ်ပေါ်ကနေတောင်လန့်တယ်။

Unknown said...

ငြိမ်းခြမ်းရေးရသင့်ပါပြီ လူတွေထပ်ပြီးဒဏ်ရာမရစေချင်တော့ဘူး

Unknown said...

လမ်းမတော်မြို့နယ်မှာဗျောက်ဖောက်တာမှ အရမ်းပဲ ကိုယ်ပျော်ဖို့ သူများတွေလန့်အောင်မလုပ်သင့်ပါဘူး

ရာရာ said...

အဲ့ဒီ အားနည်းနေသည် ဆိုတဲ့အသုံးအနှုံးကို ဒီလိုနေရာမျိုးမှာသုံးပြီး ယဉ်ကျေးပြနေစရာမလိုဘူးထင်တယ်...သူတို့နဲ့တန်တဲ့အသုံးအနှုန်းပဲ သုံးတာပိုထိရောက်မယ်...။ အရေးယူမှု မရှိရင် မရှိဘူးပေါ့..။ ဂျာနယ်တစ်ခုမှာဖတ်ဖူးတယ်..။ ဘောလုံးကွင်းအတွင်းသို့ရေသန့်ဗူးဖြင့်ပစ်ပေါက်သော ရေသန့်ဗူးယဉ်ကျေးမှု..တဲ့။ တစ်ကယ့် ဟာသမြောက်တဲ့ အရေးအသားပါပဲ...။ အမှန်က.ရေသန့်ဗူးဖြင့်ပေါက်သောစောက်ကျင့်လို့ ဖြစ်ရမှာလေ။ဟုတ်တယ်မလား..။

waiwai said...

ပွဲတော်ရက်သတ်မှတ်ပြီး ကစားခွင့်ဆိုတာတောင် တော်တော်စဉ်းစားရဦးမှာ... အိမ်နားမှာ ဗျောက်အိုးဖေါက်နေတာ နားမခံနိုင်လို့ ယာအိမ်မှူးတစ်ယောက်ကို သွားပြောမိပါတယ် (တိုင်တာမဟုတ်ဘူးနော်) ကျွန်တော်တို့ကို ဖမ်းခိုင်းထားတာလဲမရှိဘူးတဲ့... တယောက်တည်းက လာပြောလို့မရဘူးတဲ့... ရပ်ကွက်ထဲလှည့်ပြီး လော်နဲ့အော်ဖို့တောင် ဘယ်သူက ပိုက်ဆံပေးလို့လဲတဲ့... ဆိုလိုတာက ဖမ်းခိုင်းစေချင်ရင် ပိုက်ဆံပေးရမဲ့သဘောပါပဲ... အဲဒီတော့ ဆက်လက်ပြီး နားအဆူခံ စိတ်ဆင်းရဲစွာနဲ့ ဗျောက်အိုးဖေါက်သံတဒိုင်းဒိုင်းကို ခံစားနေရဆဲပါ...

Unknown said...

အခုဗျောက်တွေအရမ်းကြောက်ဖို့ကောင်းတယ် မိုင်းကွဲသလားအောက်မေ့ရတယ် တုန်ခါသွားတာပဲ

GUGU said...

အောင်မလေးကိုကျော်ထိုက်ရဲ့...ဗျောက်ဖေါက်မဲ့နေရာတောင်သတ်မှတ်ပေးရမယ်တဲ့..တော်တော်နောက်တဲ့လူ.. :)

Powered by Blogger.