ကိုလံဘိုမြို့ မှာ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော်

ဘင်္ဂလာဒေ့ရှ်နိုင်၊ ကော့ဇားဒေသ၊ ရာမူး(ပန်းဝါမြို့ ) စသော နေရာအချို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားဆင်း တုတော်များ၊ လူနေအိမ်များနှင့် စာသင်ကျောင်းကို အစ္စလာမ် ဘာသာဝင် မွတ်စလင် လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက် နေ့မှစတင်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။

ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တစ်ဖက်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့် ပေါင်း စည်းခဲ့ကြသည်။

 ထို့နောက် ၁း၃၀ နာရီတွင် ပန်းခြံမှဆက်လက်ထွက်ခွါပြီး မြို့တော်ခန်းမရှေ့ ၌ မေတ္တာပို့ဆုတောင်းကာ ငြိမ်းချမ်းမှုကို ရည်ရွယ်၍ ၁၀-မိနစ်ခန့် တရားထိုင်ခဲ့သည်။ ဆက်လက်၍ မြို့တော်ခန်းမမှ ဘင်္ဂလားဒေ့ရှ်သံရုံး သို့ စီတန်းလမ်းလျှောက်ခဲ့ကြပါသည်။

ဘင်္ဂလားဒေ့ရှ်သံရှေ့တွင် ဦးဆောင်ဆရာတော် ဘဒ္ဒန္တ၀ိမလဇောတိ နှင့် ဦးဆောင်သံဃာတော်များက အောက်ဖေါ်ပြပါ တောင်း ဆိုချက် စာလွှာကို သံမှူးထံသို့ ပေးအပ်ခဲ့ပါသည်။

 ဆရာတော်ဝိမလဇောတိမထေရ် စသော ဦးဆောင်ဆရာတော်များနှင့် ဘင်္ဂလားသံအရာရှိများ ဆွေးနွေးနေစဉ် ဘင်္ဂလားရဟန်းအချို့နှင့် လိုက်ပါလာသူ လူများက သံရုံးအတွင်းသို့ ရေဗူးများနှင့် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပြတင်းမှန်တစ်ချပ် ကွဲခဲ့သည်။

သို့သော် ဦးဆောင်ဆရာတော်များ မှန်ကွဲများကြားမှ မေတ္တာရပ်ခံမှုကြောင့် ပြဿနာမကြီးထွားဘဲ ပြီးဆုံးခဲ့ပါသည်။
ညနေ ၄း၀၀ နာရီခန့်တွင် ငြိမ်းချမ်းစွာစုပေါင်း ဆန္ဒထုတ်ဖေါ် ပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။

အရှင် ဥက္ကဋ္ဌ






ကိုလံဘိုမြို့ မှာ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော် ကိုလံဘိုမြို့ မှာ  ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒထုတ်ဖော် Reviewed by သစ်ထူးလွင် on 06:01 Rating: 5

7 comments:

Unknown said...

ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မူအား ကျေးဇူးအထူးတင်ရှိပါသည် ဗုဒ္ဒဘာသာဝင်သူတော်စင်များ စည်းလုံးညီညွှတ်ကြပါ

Anonymous said...

ဒီကဆန္ဒပြတာကိုတားမြစ်တာ (ဘာအကြောင်းနဲ့မှ)မရှိသင့်တော့ဘူး။

ဒီမိုကရေစီနိုင်ငံဆို။ ပြည်ူတွေရဲ့နိုင်ငံရေးး ရေချိန်က အစိုးရကို စာပြန်သင်

ပေးလို့တောင်ရနေပါပြီ။

င်္ဟသာ said...

သင့်ဘာသာက ငြိမ်းချမ်းရေးဆိုပါလျင် သင်တို့လည်းငြိမ်းချမ်းမူ့ကိုလိုလားပါ . . . အကြမ်းမဖတ်ပါနှင့်

သင့်ဘာသာက မေတ္တာဖြင့်ဖွဲ့စည်းထားလျင် သင်တို့လည်း မေတ္တာနှင့် နေထိုင်ပါ အကြမ်းမဖက်ပါနှင့် . . . .

သင့်ဘာသာက မြင့်မြတ်ခြင်းဂုဏ်သရေရှိခြင်းတို့နှင့်ပြည့်စုံပါလျင် သင်တို့လည်းဂုဏ်သရေရှိစွာ မြင့်မြတ်ခြင်းတို့ဖြင့် ကျင့်ကြံကြပါ။ . .
. .

(နံ့သာခဲတို့သည် ငှင်းကောင်းတို့ ၏ ရနံ့သင်းသောဂုဏ်သတ္တိကြောင့် မြင့်မြတ်သည်ဟုဆိုကာ လူပညာရှိတို့က စံထားကြပါသည်။) ထို့ကြောင့်သင့်ကြောင့် သင်တို့၏ ဘာသာသည် မညိုးနွမ်းပါစေနှင့်လိုအကြံပြုအပ်ပါသည်။


PaukSaw said...

အနိုင်ကျင့် စော်ကားခံရတဲ့အတွက် စိတ်မကောင်းဒေါ်သထွက်မိပါသည်။
မည်သည့်အစွန်းရောက်ဝါဒမဆို လောကကြီးတွင်မရှိသင့်တော့ပါ

owner said...

ဆရာတော်များ မှန်ပါတယ် ထောက်ခံပါတယ်
ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုက တည်ငြိမ်အေးချမ်းပါ
အကြမ်းဖက်ဝါဒမပါတဲ့မြင့်မြတ်တဲ့ဘာသာတစ်ခုပါ...

owner said...

ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ထွန်းကားပြန့်ပွားစေဖို့
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိပါတယ်ငြိမ်းချမ်းစွာအကြမ်းမ
ဖက်ဆန္ဒဖေါ်ထုတ်တာဟာလည်းတရားတော်နှင့်အညီသာသနာတာဝန်ကို
ထမ်းဆောင်နေခြင်းဖြစ်ပါတယ်။

Unknown said...

ဘာသာတရားအဆုံးအမကောင်းရှိသူများသည် ရန်ကိုရန်ခြင်း မတုန့်ပြန်ပါ။ ဘယ်ဘာသာတရားကကောင်းတယ်၊ ဘယ်ဘာသာတရားကမကောင်းဘူးဆိုတာငြင်းခုံနေစရာမလိုပါ။ လုပ်ဆောင်တဲ့အပြုအမူပေါ်မှာကြည့်လိုက်ပါ။ အဖျက်လုပ်ငန်းလုပ်သူ ၊ အသေခံဗုံခွဲသူအားလုံး အစွန်းရောက်မွတ်စလင်များဖြစ်နေကြသည်ကို အားလုံးသိကြပါသည်။

Powered by Blogger.