ရန်ကုန်မြို့ကို စင်ကာပူလို ဖြစ်အောင်လုပ်မယ်လို့ ကြားသိရပါတယ်။ မနေ့က မိတ်ဆွေ တစ်ယောက်နဲ့ တွေ့တော့ သူက သူငယ်ချင်းရေ စင်ကာပူကို မီမမီတော့ မသိဘူး။အခု တို့ မြို့တော်ရန်ကုန်က ဗန်ကောက်ကို မီတော့မယ်ကွလို့ ပြောပါတယ်။တယ်ဟုတ်ပါလား သူငယ်ချင်းရေ ဆိုစမ်းပါဦင်္းကွလို့ ဆိုတော့ သူက ယဉ်ကြော တွေပိတ်ဆို့ ကြပ်ညပ်လာတာကို ပြောတာလို့ စိတ်တိုတိုနဲ့ ပြောပါတယ်။
ဟုတ်ပါတယ်။အခုဆို အစည်းအဝေးတွေမှာ မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ ခါတိုင်း ၁၀မိနစ်လောက်မောင်းရတဲ့ ခရီးကို အခု နာရီဝက်မကမောင်းနေရကြောင်းညည်းကြတယ်။တစ်ယောက်ကဆိုရင် အခုဆို အရင်ထက်အနည်းဆုံး နာရီဝက်လောက်ကြိုထွက်နေရကြောင်း၊လမ်းမှာယာဉ်ကြောပိတ်ဆို့နေတာတွေနဲ့ အချိန်အလဟသကုန်နေရကြောင်းပြောပါတယ်။တစ်ယောက်ကဆိုရင် ရုံလာပြီးရင် တစ်နေရာရာသွားဖို့ တွန့် ဆုတ်နေကြောင်း၊ယာဉ်ကြောပိတ်တာကိုကြောက်လို့ဖြစ်ကြောင်း ထပ်ညည်းပါတယ်။
သူတို့ပြောသလို အပြောင်းအလဲတွေကြားမှာ တကယ့်ကိုကြီးကြီးကျယ်ကျယ်သိသိသာသောခံစားရတဲ့ အပြောင်းအလဲတစ်ခုက ယာဉ်ကြောပိတ်ဆို့မှု တစ်နေ့တစ်ခြားပိုမိုဆိုးဝါးလာခြင်းပဲဖြစ်ပါတယ်။အိမ်နီးချင်း ဘန်ကောက်က ရန်ကုန်နဲ့ယှဉ်ရင်တကယ့် မဟာမြို့တော်ကြီးတစ်ခုပါ။နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးတွေ၊ အဖွဲ့အစည်းကြီးတွေနဲ့လှုပ်ရှားတက်ကြွနေတဲ့မြို့တော်ကြီးပါ။မြန်မာနိုင်ငံက စီးပွားရေးအရလဲ ဘန်ကောက်လို ဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘဲ ယာဉ်ကြောပိတ်ဆို့မှုကတော့ အမီလိုက်ချင်တာဟာ စဉ်းစားစရာ ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရက အများပြည်သူတွေ တော်တော်များများကားစီးနိုင်အောင် ကားတင်သွင်းမှုဆိုင်ရာမူဝါဒတွေ ကို အံအားသင့်စရာကောင်းလောက်အောင်ဖြေလျော့ပေးအပြီးမှာ ရန်ကုန်ရဲ့လမ်းမတွေအပေါ် ကားသစ်အကြီး အငယ်တွေစုပြုံရောက်ရှိလာပါတယ်။မြို့တော်ကြီးက ကားသစ်တွေနဲ့ပနံရသွားပါတယ်။ဒါပေမယ့် ဘေးထွက် ဆိုးကျိုးအဖြစ် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်လာပါတယ်။
အဲသလိုဆိုလိုက်လို့ ကားတင်သွင်းမှုကိုရပ်ပစ်လိုက်ရမယ်မဆိုလိုပါဘူး။လူတွေကားစီးနိုင်တော့ပျော်စရာပေါ့။ သို့သော် ကားသစ်တွေတင်သွင်းလာမှုနဲ့အတူဖြစ်ပေါ်လာမယ့် ယာဉ်ကြောပိတ်ဆို့မှုတွေအတွက် စီမံမှုတွေကို ဆက်လုပ်ကြရမှာဖြစ်ပါတယ်။အခုကုန်းကျော်တံတားတွေစထိုးနေတာ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။သို့သော် ကုန်းကျော်တံတားထိုးရုံနဲ့ယာဉ်ကြောပိတ်ဆို့မှုလုံးဝပြေလည်မသွားနိုင်ပါဘူး။ ဥပမာ လှည်းတန်းကုန်းကျော် တံတား ဆောက်ပြီးရင် လှည်းတန်းလမ်းဆုံမှာ ယာဉ်ကြောပိတ်ဆို့မှုကျသွားနိုင်ပေမယ့် အရပ်အနားမရှိ ဆက်တိုက် မောင်းလာနိုင်မယ့်ကားတွေဟာ ဟံသာဝတီအ၀ိုင်း ဒါမှမဟုတ်မြေနီကုန်းမှာ ပြန်ပြီးပိတ်ဆို့သွားမှာဖြစ်ပါတယ်။ ရွှေဂုံတိုင်ကုန်းကျော်တံတားပြီးလို့ ရွှေဂုံတိုင်မှာမပိတ်ဆို့တော့ရင် ဗဟန်းရေတာရှည်လမ်းမီးပွိုင့်လိုနေရာမျိုးမှာ ပြန်ပိတ်သွားနိုင်ပါတယ်။
Something is better than nothing ဆိုတာကြားဖူးပါတယ်။ဘာမှမရှိတာထက်စာရင်တော့ တစ်ခုခုရှိလိုက် တာပိုကောင်းတာပေါ့။ကုန်းကျော်တံတားမရှိတာထက်စာရင် ရှိလာတော့ပိုကောင်းတာပေါ့။ဒါပေမယ့် ယာဉ် ကြောပိတ်ဆို့မှုဖြေရှင်းရေးအစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့လမ်းတွေအားလုံးကို ခြုံလွှမ်းလေ့လာအဖြေထုတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ကုန်းကျော်တံတားတွေ၊နှစ်ထပ်လမ်းတွေထိုးရမယ်။လမ်းဆုံလမ်းခွတွေမှာ Traffic density တွေ ၊ Traffic volume တွေကို သေသေချာချာတွက်ချက်ပြီး မီးပွိုင့်တွေရဲ့ဝါနီစိမ်း အချိန်တွေကိုပြန်သတ်မှတ် ရမယ်။(ဒါမှမဟုတ် အချို့နိုင်ငံတွေလို အာရုံခံကိရိယာကတစ်ဆင့် ကားတွေကိုအာရုံခံပြီး အဖွင့်အပိတ်လုပ်ပေး တာမျိုးလည်းစဉ်းစားနိုင်ပါတယ်)။ ခေတ်မီဘတ်စကားသယ်ယူပို့ဆောင်ရေးစနစ်ကြီးတစ်ခုပြုပြင်ပြောင်းလဲရ မယ်။Bus Interchange တွေနဲ့ ခရုပတ်လမ်းကြောင်းစနစ်လိုမျိုးစဉ်းစားနိုင်တယ်။ ဘတ်စ်ကားအပြင် ခရီးသည် အမြောက်အမြားကို အချိန်တိုတိုအတွင်းပို့ဆောင်ပေးနိုင်တဲ့ Mass Transit စနစ်ကြီးရေးဆွဲအကောင် အထည်ဖော်ရမယ်။ မက်ထရိုရထားစနစ်(စင်ကာပူက အမ်အာရ်တီလို)စနစ်မျိုးအပြိုင်လုပ်ရမယ်။အချို့အစီ အစဉ်တွေဟာ ငွေကုန်ကြေးကျသိပ်မများလှပေမယ့် အချို့ကိစ္စတွေက ရင်းနှီးမြှပ်နှံမှုကြီးကြီးမားမားလိုအပ်မှာ ဖြစ်ပါတယ်။
ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ မိုင်နာဘာသာအဖြစ် Traffic Engineering ကို တို့ကနန်းဆိတ် ကနန်း လောက်သင်ခဲ့ဖူးတာလေးတွေရယ်၊နိုင်ငံတကာမှာမြင်တွေ့ကြုံခဲ့ရတဲ့ပုံစံလေးတွေရယ်ပေါင်းစပ်ပြီး စဉ်း စားနေမိတာဖြစ်ပါတယ်။Traffic Engineer ကြီးတွေကပိုသိနားလည်ပါလိမ့်မယ်။ကြုံတုန်းပြောရရင် မြန်မာနိုင်ငံ မှာ ထရက်ဖစ်အင်ဂျင်နီယာဆိုတာ လက်ချိုးရေလို့ရပါတယ်။မြို့ပြအင်ဂျင်နီယာသင်တန်းတွေမှာ ဘာသာခွဲ တစ်ခုအနေနဲ့သင်ကြားပေးခဲ့တာတွေရှိပါတယ်။အဲဒါကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်စီမံနိုင်ဖို့ ထရက်ဖစ်အင်ဂျင်နီယာတွေပြန်လည်မွေးထုတ်ပေးဖို့လဲလိုအပ်နေပြီဖြစ်ပါတယ်။
ရန်ကုန်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာအကောင်းဆုံးစီးပွားရေးမြို့တော်ဖြစ်ပါတယ်။ဘန်ကောက် လို တကယ့်လုပ်ငန်းကြီးတွေအခြေလာစိုက်ရင်၊စက်မှုဇုန်ကြီးတွေစည်ပင်လာရင်၊ပြည်တွင်းစီးပွားလုပ်ငန်းတွေ အရှိန်ကောင်းလာရင် မြို့တော်ရန်ကုန်ဟာ လူတွေယာဉ်တွေနဲ့ပြည့်ကျပ်နေမှာဖြစ်ပါတယ်။
ဖြစ်တော့မှအလန့်တကြားထစီမံကြတာထက် ဖြစ်လာနိုင်မှာကို ကြိုတင်မှန်းဆပြီး (ကြိုစိုးရိမ်ပြီး) ယခုကတည်းက မြို့ပြယာဉ်ကြောပိတ်ဆို့မှုပြသနာကို ၀ိုင်းဝန်းအဖြေရှာကြရတော့မှာပါ။
ကိုကို(စက်မှုတက္ကသိုလ်)
Yangon Media Group

မြို့တော်ရန်ကုန် ဗန်ကောက်ကိုမီတော့မယ်လား
Reviewed by သစ်ထူးလွင်
on
22:04
Rating:
25 comments:
ကုန်းကျော်တံတားဆိုတာထက်မိုးပျံတံတားတွေဆောက်သင့်ပါ
တယ်။ဘန်ကောက်လိုပေါ့။
ကုန်းကျော်တံတားဆိုတာထက်မိုးပျံတံတားတွေဆောက်သင့်ပါ
တယ်။ဘန်ကောက်လိုပေါ့။
ဒီကိစ္စက နိုင်ငံတစ်နိုင်ငံရဲ့ Basic ပဲ ဒါကိုကျွန်တော်တို့ ခဏခဏ ထောက်ပြနေစရာမလိုအောင်ကို တာဝန်ရှိသူတွေက စီမံပြီးဖြစ်နေရမယ် ပြောပေါင်းလည်းများပြီး ဖတ်ရပေါင်းလည်းများပြီး ဒီလိုဆောင်းပါးတွေ အမှန်က ဒီပြဿနာက ရှင်းရှင်းလေး ၁+၁=၂ လိုမျိုးကို ရှင်းတာ ပြည်သူတွေက ထောက်ပြစရာ ကိစ္စမဟုတ်ဘူး တာဝန်ရှိတဲ့သူတွေက လုပ်ပြီးသားဖြစ်နေရမယ် အခုထိလည်းမနိုးကြသေးဘူးထင်ပါတယ်
ဟုတ်ပါ့အစ်ကိုရေ၊ အစိုးရကတော့ ဘာမှ plan လုပ်ထားခြင်းမရှိပါဘူး၊ ဒါလုပ်ယင် ဒါဖြစ်မယ်၊ ဒီအတွက် ဘာလုပ်ထားမလဲ၊ ဘာမျှစဉ်းစားထားပုံမရဘူး၊ ဟိုးအရင်ကအတိုင်းပါပဲ၊
ပြောလည်းနားမထောင်ချင်ကြဘူး၊ အဲဒီတော့ သူတို့နားမှာ သူတို့အကြိုက်လိုက်ပြောနေကြတဲ့ အခွင့်အရေးသမားတွေပဲ ကျန်တော့တယ်။
traffic engineering ဆိုတာ မြို့တော်ကြီးတွေအတွက်
သေသေချာချာ အချိန်ယူပြီး လေ့လာသင်ကြားကြရတဲ့ ဘာသာရပ်ပါ၊ မြို့ပြစီမံခန့်ခွဲရေးလုပ်သူတွေကိုအင်မတန် ခေါင်းကိုက်စေတဲ့subject တစ်ခုဖြစ်ပါတယ်၊ traffic control ဆိုတာ ဝါ၊စိမ်း၊နီ ပဲလေဆိုပြီး လွယ်လွယ်လေး အတွေးစေချင်ပါဘူး၊ ဒီ ဝါ၊စိမ်း၊နီ ဆိုတာလေးကိုပဲ သူ့ logic နှင့်သူ manage လုပ်ထားရပါတယ်။ တစ်ဖက်မီးပွိုင့်က နီသွားပြီး delay time အနေနှင့် ၃စက္ကန့်လောက်ကြာမှ တစ်ဖက်ကို စိမ်းပေးရတာတွေ၊ အကယ်၍ မီးပွိုင့်ကြီးဖြစ်ပါက ၆ စက္ကန့်လောက်အထိ ထားပေးရတာတွေက traffic engineering ရဲ့ basic လေးတွေပါ၊ ဒါပေမယ့် ရန်ကုန်မှာတော့ ဒီ basic လေးတွေကအစ မရှိသေးပါဘူး၊
ကားတွေများလာယင် ယဉ်ထိမ်းရဲတွေ ထပ်ခန့်ရမယ်ဆိုတာလည်း မတွက်ထားကြဘူး၊ ပြောတော့လည်း မကြိုက်ကြဘူးဗျာ၊ ဘယ်လိုလုပ်ကြမလဲ။
This traffic jam is nothing to me.... but I can't handle this . Why? ယဉ်ထိန်းရဲတို့က ကိုယ့်တာဝန်ကို မသိတော့လို့ပါဗျာ သူတို့သိတာက မီးပွိုင့် မှာ မီးနီ မီးဝါ မဖြတ်သရွေ့ စည်းမဖောက်ဘူး မီးပွိုင့် မှာကြိုက်သလို ရပ် ဆန့်ကျင်ဘက်ယဉ်ကျောက မောင်းလည်း ok ပဲ pass ပေးတယ် မီးနီ မီးဝါ ဖြတ်ရင်တော့ sorry ပဲ သူတို့ ကို ဆင်နဲ့ တိုက်မှ လွှတ်မှာ ဒါကြောင့် စည်းဖောက်တဲ့ယဉ်မောင်းတွေက သူတို့ကို စောက်ဂရုမစိုက်ဘူး ဖမ်းရင်လည်း ထွက်ပြေးရုံပဲ သူတို့ လည်း ပိုက်ဆံမရနိုင်တဲ့ကားဆိုရင် ကားနံပါတ်တောင် မမှတ်ဘူး Traffic jam မဖြစ်အောင် ထိန်းမယ်ဆိုရင် ဒီယဉ်မထိန်းရဲတွေကို အရင်ထိန်းပါ ဒါမှပဲ အဖြေထွက်မယ်

ဒါဆိုရင် ယာဉ်ကြောပိုကြပ်ဖို့ ကိစ္စရှိနေတယ်
ဦးသိန်းညွှန့်က ဆိုက်ကားတွေဖမ်းလို့ ဆန္ဒုပြအုန်းမယ်တဲ့
နေ့လေး ဘာလေး သိရင် ကြိုပြောကြပါဦး
လိုချင်တာတွေကလည်း များပြားလိုက်တာဗျာ....သကြားမင်း ဖန်ဆင်းသလို..(ဟက်ချလောင်း...)..တလိုက်ရုံနဲ့ဖြစ်လာမယ့်အရာမှ မဟုတ်တာ..လေ.. နည်းနည်းတော့ စဉ်းစားကြည့်သင့်တယ်... ခရုပါတ်တွေ.. အာရုံခံကိရိယာတွေကို အသာထားပါဦး.. အခု ကုန်းကျော်တံတားကိုတောင် ဘယ်နှစ်နှစ် စီမံကိန်းနဲ့ ဆော်မလည်း ကြည့်..
ကားတွေကျပ်တာလမ်းကိုအရင်မလုပ်ပဲကားတွေဗုံးဘော
လအောသွင်းလို့၊နောက်ဆိုရင်သူတောင်းစားရောဆိုက်ကားသမားကူလီ
သန်းခေါင်စာရင်းမှတ်ပုံတင်ရှိရင်ငွေရှင်ကနစ်သိန်း
ပေးဘဏ်မှာအကောင့်ဖွင့်ကားသွင်းနေလို့ တံတားတခု
ဆောက်တာရှစ်လ တစ်နစ်လောက်ကြာတယ်ကားတွေက
တလငါးထောင်လောက်ဝင်တော့မကျပ်ဘဲနေမလား
အရင်ကအဟောင်းအပ်အသစ်သွင်းဆိုတော့မျှတာပေါ့
အခွန်ကမတရားရနေတော့သူတို့ကျပ်တာ ငါတို့က
ချောင်ချောင်လယ်လယ်ပေါ့ဆိုတဲ့စိတ်ဓါတ်တွေပါဗျာ
်ကားတွေက နည်းသေးတယ် သေချာတာတစ်ခုက ခုပျိုးပင်ဖောင်ဒေးရှင်းက လုပ်ပေးနေတဲ့ မြန်မာ လိင်လုပ်သားများ ဖြစ်မြောက်ခဲ့ရင်တော့ မြန်မာနိုင်ငံမှာလဲ စင်္ကာပူက တို့ ထိုင်းတို့ လို စီစစ်ရေးကဒ်တွေနဲ့ တွေ့ ရတော့မယ်ထင်ပါ့ဗျာ........
ဆရာကိုကိုရဲ့အပြုသဘောဆောင်သောအကြံပြုချက်ကိုလုံးဝ
ထောက်ခံပါတယ်။နမူနာကောင်းတခုပါ။အလားတူအခြားနေရာ
တွေမှာအရှိန်အဟုန်နဲ့ပြောင်းလဲနေချိန်မှာသူနဲ့အတူပါလာတဲ့
နောက်ဆက်တွဲပြဿနာတွေပါထည့်သွင်းစဉ်းစားသင့်ပါတယ်။
ယနေ့ရန်ကုန်မှလက်ညှိုးထိုးမလွဲတိုက်တွေမှိုလိုပေါက်လာပေမဲ့
ရေမီးမိမ်လာကားရပ်စရာဆေးခန်းကလေးကစားကွင်းနဲ့အခြား
အခြေခံလိုအပ်ချက်တွေထည့်တွက်ခဲ့ရဲ့လား?ထည့်တွက်ခဲ့ရင်
ယနေ့ နေ့စဉ်မနက်မိုးလင်းတာနဲ့စိတ်အခန့်မသင့်မှုတွေခံစားစရာ
မရှိပါ။စင်ကာပူမှာဆိုရင်တာတွေအာုးလံးပြည့်စုံမှဆောက်ုလိုရမှာ
ကဲကျွန်တော်တို့သူတို့လိုဖြစ်အောင်လုပ်မယ်ဆိုရင်ဆောက်ပြီး
သားတွေပြန်ဖျက်ရမယ်။တကယ်ဖြစ်ချင်တကယ်လုပ်ရမှာပေါ့။
ကဲအချို့ကိစ်စတွေတော့လက်မလွန်ခင်စဉ်းစဉ်းစားစားလုပ်နိုင်ပါ
သေးတယ်။
Let start horizontal expansion instead of vertical expansion
အသီးစားချင်ရင်အပင်စိုက်ရပါတယ်..အသီးမသီးခင်ခဏတော့သည်းခံရမယ်လို့ထင်ပါတယ်..စစ်အုပ်ချုပ်ရေးအောက်ကခုမှနိုးထလာစအချိန်မှာခဏသည်းခံရမယ်ထင်ပါတယ်..ရန်ကုန်မပြောပါနဲ့ဒိထက်တိုးတက်တာကြာနေပြီဖြစ်တဲ့နိုင်ငံတွေမှာတောင်ရန်ကုန်ထက်မကယာဉ်ကြောပိတ်နေတာကိုယ်တွေ့ပါ..အစိုးရကလည်းဖြေရှင်းမယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ယူဆရပါတယ်..အစိုးရထက်ဒီကိစ္စကိုဖြေရှင်းနိုင်မယ့်လူရှိရင်ငါဒီကိစ္စကိုဖြေရှင်းနိုင်တယ်ဆိုပြီးရှေ့ထွက်လိုက်ပါ..ဒီမိုကရေစီခောတ်မှာတာဝန်ယူရဲရင်သတ္တိရှိရှိတာဝန်ယူလိုက်ပါခင်ဗျာကိုယ်မလုပ်နှိုင်ရင်သူများလုပ်နေတာကိုအပြစ်မတင်ပါနဲ့သည်းခံပြီးစောင့်ကြည့်ဖို့ဆန္ဒပြုပါရစေ..
မိုးပျံဂီယာတပ်မောင်းရမလိုဖြစ်နေတယ်
ဗန်ကောက်ကို မှီတော့ မယ်ဆိုတာ ယဉ်ကြောပိတ်ဆို့ မှု့ တစ်ခုထဲလား
ကေတီဗီ ။ မာဆပ် ၊ ပြည့် တန်ဆာ လုပ်ငန်းတွေ အားလုံးလုပ်နေကြတာ မှီ နေပါပြီ ကျော် တက်တော့ မှာ မြန်မာ က နောက်ဆိုေ၇ှ့ေ၇ာက်သွားတော့ မှာပါ.. HIV နဲ့ေ၇ာဂါမျိုးစုံ ဖြစ်တဲ့ နေ၇ာမှာ ဗန်ကောက်ကို ကျော်တော့ မှာပါ
မကြာမီ မြန်မာ ပြည်က ပထမ ဆု ၇ပါတော့ မယ်...
ဒီလောက်ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတာ ကျမတို့ကား မပါသေးဘူးနော်။ ၀ယ်မစီးနိုင်သေးလို့။ ကျမအမျိုးသားကပြောတယ် ငါတို့က နောက်ဆုံးမှ ကားဝယ်စီးနိုင်မှာ ဆိုတော့ အဲဒီအခါယာဉ်သွားလမ်းတွေပိတ်လို့ ကားဘီးတလိမ့်ချင်း သွားရလိမ့်မယ်တဲ့။
ဟုတ်ပါတယ် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရုပ်ဝတ္ထု တွေ ပေါများပြည့်စုံအောင် လုပ်ချင်တယ်ဆိုရင် သူတို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံကိုပါ ထည့်တွက်စဉ်းစားရပါမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ တပွဲတိုးဖြေရှင်းမှုမျိုးဘဲ ဖြစ်မှာပါ။
ကျွမ်းကျင် ပညာရှင်တွေကို နေရာမပေးခဲ့တဲ့ ဆိုးကျိုးရလဒ်တခုပါ။ စက်ာပူလိုဖြစ်ချင်တယ်ဆိုရင်တော့ အဲဒီမှာအလုပ်သွားလုပ်နေတဲ့ ပညာရှင်တွေကိုမြန်မာပြည်ပြန်ခေါ်ပြီးနေရာပေးလိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
ဆမရထားတဲ့ဆရာဝန်တယောက်ဆေးမှားကုခဲ့ရင်သူကကုခါစမလို့
မပြောရတော့ဘူးဆိုရင်တာဝန်မဲ့ရာမကျဘူးလားခင်ဗျား?????
နေရာတိုင်းမှာပြုပြင်ပြောင်းလဲသင့်တာတွေအများကြီးပါဘဲ
ပြုပြင်ပြောင်းလဲနေတာတွေလဲတွေ့ နေရပါတယ်မြန်မာနိုင်ငံမှာစက်မှု့နဲ့ ကျောင်းပြီး
ထားတာတွေအများကြီးပါအလုပ်အကိုင်မရှိကြဘူး၊နိုင်ငံတော်အတွက်လူငယ်တွေကို
လက်တွဲခေါ်မြေတောင်မြောက်ပေးဖို့ လိုအပ်သလိုပညာရှင်တွေကိုသူ့ နေရာနဲ့ သူနေရာ
ပေးလုပ်ဆောင်ခိုင်းသင့်ပါတယ်၊တည်ဆောက်ပြုပြင်တဲ့အခါမှာအင်ဂျင်နီယာကျောင်း
သားတွေကိုလေ့လာပါဝင်ခိုင်းပြီနှီးနောပါဝင်လာသင့်ပါတယ်ဝန်ထမ်းအင်အားအသစ်
လူသစ်စိတ်သစ်တွေလိုအပ်နေပါတယ်တိုင်းပြည်နိုင်ငံတော်ကြီးတနေ့ တိုးတက်လာရမယ်
ဆိုတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလဲလိုအပ်ပါတယ်
ကိုယ့်နိုင်ငံအတွတ်အဖက်ဖက်ကအကောင်းမြင်စွာထောက်ပြကြတာတွေလဲကောင်းပါတယ်။
စင်္ကာပူကို အသာထား...မလေးရှားကို မှီဖို့တောင်မနည်းလိုက်ရမယ်ဟ... စိတ်ပျက်မိတယ် ရန်ကုန်ရယ်... ဘယ်တော့များမှ... ဘယ်ချိန်များမှ...
အဓိကအကြောင်းကတော့ကားတွေများလာလို့ပါ ၊ယာဉ်မောင်းများ/အနှေး
ယာဉ်များ/လမ်းဘေးဈေးသည်များ/လမ်းလျှောက်သူများအားလုံးလမ်းစည်း
ကမ်း/ယာဉ်စည်းကမ်းအတိုင်းမလိုက်နာဘဲထင်သလိုသွား/လာအသုံးပြုနေ
ကြလို့ပါ၊အားလုံးစည်းကမ်းရှိစွာသွားလာနေကြပါလျှင်ယာဉ်ထိမ်းရဲများအ
လုပ်မရှိလို့ယာဉ်ထိမ်းဌာနကိုပိတ်လိုက်ရပါမည်။ယခုယာဉ်မောင်းများအားလုံး
ကို ယာဉ်စည်းကမ်း/လမ်းစည်ကမ်းဆိုင်ရာမေးခွန်းများကိုပြန်အဖြေခိုင်းလျှင်
အားလုံး ကျ မည်ဟုထင်ပါသည်။Bus/Taxi ယာဉ်မောင်းများကတော့ပို၍ဆိုး
ပြီးမြန်မာနိုင်ငံ၏စည်းကမ်းမရှိဆုံးသောလူသားများဖြစ်မည်ဟုထင်သည်။
အာလုံးပြောကြတာမှန်ပါတယ် ယာဉ်များ/လမ်းဘေးဈေးသည်များ/အနှေး
ယာဉ်များ အားလုံးစည်ကမ်းရှိလာစေအောင်လုပ်ရန်အထူးလိုအပ်ပါသည်။
ဘန်ကောက်ကိုမှီရုံဘယ်ကမလဲ ကျော်တက်နေပြီ။ နိုက်ကလပ် အနှိပ်ခန်း။ ဘိန်းခန်း ။ဖာခန်းတွေလေ ။
ကားမ၀ယ်နိုင်သေးခင် ကားဈေးပြန်တက်တော့မှာလား ဟင်း
ယဉ်ကျောပိတ်ဆို့တာတွေကို
Post a Comment