ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ငန်းများအား ကန့် သတ်ရန် တိုင်း ၀န်ကြီးချုပ်၏ ညွန်ကြားချက်

အကြောင်းအရာ ။  ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း

ရည်ညွှန်းချက်   ။   ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ
                              ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။

        အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံ
ပညာ ဦးစီးဌာနမှ ဆရာ  ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးများ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းဖြစ်စဉ် အပေါ် တိုင်း
ဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများသို့ လာရောက်
ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ်စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။

By Myanmar News Now

မူရင်း အစီရင်ခံစာ

ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ငန်းများအား ကန့် သတ်ရန် တိုင်း ၀န်ကြီးချုပ်၏ ညွန်ကြားချက် ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ငန်းများအား ကန့် သတ်ရန် တိုင်း ၀န်ကြီးချုပ်၏ ညွန်ကြားချက် Reviewed by သစ်ထူးလွင် on 12:10 Rating: 5

68 comments:

Unknown said...

ကိုယ်တိုင်လည်း ပညာရေးကို တိုးတက်အောင်မလုပ်။
သူများကြိုးစားတော့လည်း ပိတ်ပင်။
ဒယ်အိုးဆရာတော်မိန့်ကြားတဲ့ ပြိတ္တာကြီးတွေပေါ့။

MOE THET MYINT said...

မြင့်ဆွေရဲ့ဘီလူးခေါင်း တဖြည်းဖြည်းနဲ့ပေါ်လာပြီ

that said...

ဝန်ကြီးဟာနိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်သင်.ပါဘူးဖေးဖေးမမအမှန်ဆိုကူညီရမှာပါ

that said...

ဝန်ကြီးဟာနိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်သင်.ပါဘူးဖေးဖေးမမအမှန်ဆိုကူညီရမှာပါ

Unknown said...

😠😡 တိုင်းဒေသ ဝန်ကြီးခူပ် ခင်ဗျားကို ဘယ်သူဆိုတာတောင် မသိကြဘူးဘယ်သင်္ခိုင်းကုန်းကနေ ထလာပြီး စာထုတ်မနေ နဲ့  ခင်ဗျား မကြာခင် လမ်းဘေးရောက်တော့မယ်ဆိုတာ သိထား၊လမ်းဘေးရောက်ရင် မြောင်းထဲမှာပဲ နေရာရမယ် အာဏာရူး

Unknown said...

အာဏာရူးဝန်ချီးထုတ် မြန်မာပြည် အတွက် ပြည်သူတွေအတွက် လုပ်နေတဲ့ အမိုးသမီး တစ်ဦးတောင် ဘာလို့  ဒီလုပ် လုပ်တာလည်း အမြန် ဆုံးလူ့ ပြည်ကနေထွက်သွားပါစေ

Unknown said...

တိုင်းဒေသကြီးဝန် ကြီးချုပ် အဆင့်က အခုလို ညွှန်ကြား
တာက ခေတ်ဟောင်း စံနစ်ဟောင်း ကိုဖက်တွယ် နေတုံး ဘဲဆိုတာထင် ရှား နေပါတယ်။
နေရာရလိုမှု အတွက်ပါးစပ် က သာပြော ပြီးလက်တွေ့ကအရင် အတိုင်းပါဘဲလား။

ဖိုးဖိုးကြီး said...

"အထက်ဌာန၏ခွင့်ပြုချက်"ဆိုတာ=သမ္မတကြီးကိုလား/ပြည်သူ့လွှတ်တော်
ဥက္ကဌကိုလား/ပညာရေးဝန်ကြီးဌာနကိုလား/တိုင်းဝန်ကြီးချုပ်ကိုလား။
(အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် ကော့မှူးမြို့ နယ်အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း၊စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးများ ဆောင်ရွက်ခဲ့ပါသည်။)ဒါ
ဟာအပြစ်လား။ဒါမှမဟုတ်-ပညာရေးဝန်ထမ်းတွေနှင့်တာဝန်ရှိအထက်လူကြီး
တွေရဲ့အပြစ်တွေပေါ်ကုန်မှာစိုးလို့လား။ပညာရေးနှင့်ပတ်သက်ပြီးဒေါ်အောင်
ဆန်းစုကြည်၏ပြည်ပခရီးစဉ်တွေမှာကမ္ဘာ့ခေါင်းဆောင်ကြီးတွေနှင့်တွေ့ဆုံစဉ်
အချိန်များမှာမြန်မာနိုင်ငံ၏ပညာရေးကိုမြှင့်တင်ရန်အတွက်ကူညီပေးကြရန်အ
တွက်ဆွေးနွေးခဲ့ကြတာကိုမသိဘူးလား။ဒါကြောင့်ကိုယ့်မြန်မာနိုင်ငံရဲ့ပညာ
ရေးအခြေအနေတွေကိုလိုက်ကြည့်တာဟာမှန်ကန်တယ်လို့ယူဆပါသည်။
တိုင်းဝန်ကြီးချုပ်နှင့်ပညာရေးဝန်ကြီးများကဘာတွေများတိုးတက်ကောင်းမွန်လာအောင်လုပ်ပေးနေလို့လဲ။ဒေါ်အောင်ဆန်းစုကြည်၏ကောင်းကျိုးဆောင်
ရွက်နေတာကို-ဝိုင်းဝန်းမကူညီသည့်အပြင်၊ပညာရေးတိုးတက်မှု့အတွက်လုပ်
ဆောင်နေသူကိုနှောင့်နှေးအောင်လိုက်နှောင့်ယှက်ဟန့်တားနေတာ-တိုင်းဝန်
ကြီးချုပ်မှာအပြစ်ကြီးဖြစ်နေတယ်နော်။သူများကိုလက်ညိုးတစ်ချောင်းထိုးရင်-
ကိုယ့်ဖက်ကိုကျန်တဲ့(၄)ချောင်းကပြန်ထိုးနေတာကောသိကြပါသလား။တိုင်း
ပြည်ကိုဒုက္ခပေးတာမဟုတ်ဘဲနဲ့ဘာကြောင့်ပြသနာရှာနေရတာလဲ။သမ္မတ
ကြီးဦးသိန်းစိန်လဲမြင်နေတာဘဲ။ကောင်းတာဝိုင်းလုပ်/ဝိုင်းဆောင်ရွက်ပေးနေ
သည့်ဒေါ်အောင်ဆန်းစုကြည်အပေါ်အမြင်ကောင်းကောင်း/မြင်ပေးသင့်ပါ
တယ်။နောက်ဆိုရင်အဲ့ဒီလိုအဆိုးမြင်ဝါဒနှင့်ရှု့မြင်မယ်ဆိုရင်-ယခုလက်ရှိလုပ်
နေတဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာမှာအခြားလုပ်ရည်/ကိုင်ရည်ရှိသူကိုအ
စားထိုးခန့်အပ်သင့်ပါကြောင်းနှင့်ဆက်လက်တာဝန်ပေးထားမယ်ဆိုလျှင်တိုင်း
ပြည်ကိုခေတ်နောက်ပြန်ဆွဲနေသူဖြစ်နေသည့်အတွက်တိုင်းပြည်အတွက်ထိ
ခိုက်နစ်နာစေပါသဖြင့်-နိုင်ငံတော်သမ္မတကြီးနှင့်တကွ(အကြံပေး)များကစီ
စစ်သုံးလုပ်ဆောင်သင့်ပါကြောင်းအကြံပြုတင်ပြလိုက်ပါသည်။

Unknown said...

အမေစုလိုတိုင်းပြည်ရှိပြည်သူတွေအတွက်ကိုယ်ကျိုးစွန့်
လုပ်ဆောင်ပေးနေသော်ပြည်သူလွှတ်တော်ကိုယ်စားလှယ်
တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးဥက္ကဌတစ်ယောက်လုံး
ကိုတောင်ကန့်သတ်နေရင်ပြည်သူတွေရရှိနေပါပြီဆိုတဲ့ဒီမိုကရေစီဆိုတာ
ဘာပါလဲခင်ဗျာ။နိုင်ငံတော်သမ္မတကြီးနှင့်ပြည်သူလွှတ်တော်ဥက္ကဌကြီး
တို့မလိမ်တန်းပြည်သူတွေကိုပွင့်လင်မြင်သာအောင်ချပြပေးနိုင်ရပမယ်ခင်ဗျာ။

sheetody said...

အကျင့်ဆိုးတွေ မပျောက်နိုင်သေးပါလား
ခွင့်မပြုရင် အစကတည်းကပိတ်ထားပါလား
မြို့ မေတ္တာ နိုင်ငံမေတ္တာ နိုင်ငံတကာမေတ္တာ
ရထားတဲ့သူကို ဘာလို့ မေတ္တာမထားနိုင်တာလဲ

Unknown said...

ဒီလောက်အပြစ်ကြီးကိုကျူးလွန်တာအကျယ်ချုပ်နှစ်နှစ်လောက်ချသင့်တာပေါ့ဗျာ။၂၀၁၅ရွေးကောက်ပွဲပြီးမှလွှတ်သင့်တာပေါ့။

driver said...

မြို့နယ်ကိုယ်စာ့းပြုလွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကိုယ့်မြို့နယ်နဲ့ကင်းကွာလို့မရပါဘူး အုပ်ချုပ်ရေးပိုင်းအဖွဲ့အစည်းကိုဝင်ရောက်မနှောက်ယှက်ရင်ပြီးတာပဲ ပြည်သူလူထုကတင်မြောက်ထားတဲ့လူထုကိုယ်စားလှယ်တွေဟာမဲရပြီးရင်မြို့နယ်ကိုပြန်မလာကြတော့ဘူးလို့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့ဘူးတယ်..မြို့နယ်အဘက်ဘက်မှတိုးတက်ဖွံ့ဖြိုးရေးဟာ လွတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့အရည်အချင်းပေါ်မူတည်တယ်မြို့သူမြို့သားတွေရဲ့အားကိုးရာလည်းဖြစ်ပါတယ် ပြည်သူတွေရဲ့ဘဝထဲကိုထဲထဲဝင်ဝင် ဝင်ရောက်ကြည့်ရှု့အားပေးခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်မှန်ကန်ပါတယ်လုံးဝထောက်ခံပါတယ် လူထုကိုယ်စားလှယ် ပီသပါပေတယ်...မဲရပြီးတာနဲ့မျက်နှာတောင်မမြင်ရတဲ့ ကိုယ်စားလှယ်မျိုးကိုပြည်သူကအလိုမရှိပါဘူး (ထမ်းမနိုင်သား)

HighLander said...

အခုထိအကြောက်တရားထဲကမထွက်နိုင်သေးတဲ့လူတွေရှိနေသ၍အာဏာရှင်တွေသက်ဆိုးရှည်နေဦးမှာဘဲအမေစုရေ.,

၇န်ကုန် - ၇ှပ်နီ said...

အ၇ှိ အ၇ှိတိုင်း မမြင်စေချင်လို့ ဆိုတာ ပေါ်လွင်ပါတယ် နှစ်ပေါင်း ၅ ဆယ်ကျော်လောက် ဦးနေ၀င်းကိုလည်း ဒီလိုနည်းနဲ့  လိမ်ခဲ့ ကြတာပါ လူကြီးလာကြည့်မယ် သတင်း၇တာနဲ့ အမြင်ကောင်းအောင် ကြိုတင်ပြင်ဆင်ပြီး အမှန်တ၇ားမမြင်နိုင်အောင်လို့ ဖုန်းကွယ်ကြတယ် ..လူကြီးလာခါနီးမှကွန်ပျူတာတွေ ပြေးငှား သစ်ပင် ပန်းပင်တွေ ပြေးငှားလုပ်လာတဲ့  စ၇ိုက်
တွေ အကျင့် ပါနေတာ အဲဒိ အကျင့် စ၇ိုက်၇ှိတဲ့  လူတွေ အားလုံး
ပပျောက်ေ၇း စီမံချက် လုပ်၇တော့ မှာပါ..ေ၇ှာင်တခင် ၀င်ေ၇ာက်စစ်
ဆေးတဲ့ အခါ အပုတ်တွေ ပေါ်မှာ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကြောက်
လန့် နေပုံ၇ပါတယ်..

gold said...

တိုင်းဒေသကြီးနဲ့ပြည်နယ်ဒေသဝန်ကြီျးခုပ်များမှာယခင်ဒေသဆိုင်ရာစစ်တိုင်းမှုးတဖြစ်လဲအရပ်ဝတ်ဝန်ကြီးချုပ်များဖြစ်ပြီးယခင်စစ်အစိုးရရဲ့နေရာချထားမှုပုံစံနဲ့အာဏာရှင်ပုံသဏ္ဍာန်ဖွှဲုစည်းနေရာယူထားခြင်းဖြစ်သောကြောင့်ယခုနိုင်ငံတော်သမ္မကြီးဦးသိန်းစိန်မည်သို့ပင်ပြောင်းလဲစေကာမူအောက်ခြေမှဒေသဆိုင်ရာဝန်ကြီးချုပ်များမှယခင်စံနစ်ဟောင်းအာဏာရှင်များပီင်္ပီပြည်သူလေးစားသောသမ္မတကြီးအမိန့်ညွှန်ကြားချက်ထက်ယခင်စစ်အစိုးရအကြီးအကဲဟောင်းရဲ့အကြိုက်ကိုသာကိုယ့်ဒေသကိုယ့်သဘောလုပ်နေခြင်းအပေါ်ဒေသဆိုင်ရာရုံးဌာနများမှာယခင်ဗိုလ်ချုပ်မှုးကြီးဓာတ်ပုံများဖြုတ်သိမ်းခြင်းမပြုဘဲဆက်လက်ချိတ်ဆွဲထားခြင်းကသက်သေဖြစ်နေသည်။မဆလခေတ်ပြီးနောက်ဦးနေဝင်းပုံမဖြုတ်သိမ်းရဲသလိုပေါ့။နောင်မှသာကာယကံရှင်ဦးနေဝင်းကနောက်အစိုးရကိုစာရေးပြီးတောင်းပန်ဖြုတ်ခိုင်းမှသာထိုအချိန်ကအကြီးအကဲပုံကိုပြောင်းလဲရသလိုမျိုးအခုလည်းတာဝန်မှလုံးဝအနားယူသွားသော။မည်သည့်ကိစ္စမှမပတ်သက်တော့ဘဲစာပေသာဖတ်နေေ
သာ။ယခင်ဗိုလ်ချုပ်မှုးကြီးရဲ့အမိန့်ကိုလက်ရှိအကြီးအကဲများမှစောင့်စားရင်းလက်ရှီုသမ္မတကြီးဦးသိန်းစိန်ရဲ့နီုင်ငံတိုးတက်ရေးလမ်းစဉ်မှာတနည်းအားဖြငိ့ဒီမိုကရေစီဇအရေးတွေမှာမလိုက်နာနိုင်သေးတဲ့အတွက်ယခင်ကဗိုလ်ချုပ်မှုးကြီးကိုတောင်းပန်ပါရစေ။စာလေးတစ်ကြောင်းလောက်တော့ရေးပေးလိုက်ပါဦးခင်ဗျား။

မောင်ငွေ said...

ယခင်ကလည်း ပရွက်ဆိပ်လေးလို တံမြက်စည်းလှည်းပစ်လို့ရတယ် လို့ပြောခဲ့ဘူးတဲ့ ဦးထွန်းကြည်..ဘာဖြစ်သွားသလဲ။ ခုလည်း ပြောပြန်ပြီလား တစ်ယောက်က...ကံ၊နဲ့ ညဏ် တို့ဆိုတာ ယှဉ်ပြိုင်လို့မရစကောင်းဘူးနော်..သိထားပေးကြဦး..

powermg said...

အင်း..ခေတ်ဟောင်းကရှေးရိုးစွဲ မူဝါဒတွေကျန်ပါသေးသကိုး

Jhone said...

ဒီလိုလူသာ ၀န်ကြီးလုပ်နေလို့ကတော့ မြန်မာနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေဦးမှာပဲ
သူလိုလူမျိုးတွေရဲ့ ၀န်ကို တိုင်းသူပြည်သားတွေ ငတ်တလှည့်ပြတ်တစ်လှည့်နဲ့ ထမ်းလာခဲ့ရတာနှစ်ပေါင်းမနည်းတော့ဘူး
ဒါတောင် မ၀သေးဘူးလား ပြည်သူအပေါ်ထားတဲ့စေတနာက ပြည်သူအတွက် လုပ်ပေးနေသူကို နှောင့်ယှက်ခြင်းလား။ ဒီမိုကရေစီစနစ်ကိုပြောင်းနေတဲ့အချိန်မှာ ပြည်သူမကြိုက်ပဲ ဒီနေရာဆက်ယူထားတာ တွေးကြည့်ရင် ရှက်စရာကောင်းလိုက်ပါဘိ။ ရှက်တတ်ရင် အရှက်လွန်ပြီး တမလွန်ရောက်နေလောက်ပြီ။

Taw Thar Gyi said...

ဦးမြင့်ဆွေ၊ခင်ဗျားဆရာကတော့ခင်ဗျားကိုဒုသမ္မတအဖြစ်နောက်ဆုံးဝိဥာဉ်လေးသုံးပြီးချီးမြောက်လိုက်သေးတာပဲ။ခင်ဗျားကိုက
သောက်ကျင့်မကောင်းတော့ကိုယ်နဲ့တန်ရာတန်ရာကိုသာရတာ
ပါ။ခင်ဗျားအဆင့်ကခင်ဗျားသားလောက်ပဲရှိတဲ့ရှမ်းပြည်နယ်ဝန်
ကြီးချုပ်လောက်တောင်ပါဝါမရှိတော့ပါဘူး။ကိုယ့်ကိုယ်ကိုခုထိမ
မြင်နိုင်သေးဘူးလား။ဘာလို့ဒါလောက်တောင်မိန်းမလိုမိန်းမရနဲ့
မလိုတမာစိတ်တွေကြီးမားနေရတာလဲ။ခင်ဗျားသာနိုင်ငံတကာ
ကိုထွက်ရင်ဘန်ကောက်လောက်ကလမ်းဘေးခွေးတောင်ခင်
ဗျားကိုအသိအမှတ်ပြုမှာမဟုတ်ဘူးနော

Unknown said...

ဝန်ကြီးနှင့်ပြည်သူအမြင်မတူဘူးနှင့်တူတယ်။ထူးဆန်းတယ်နော်။တခြားနိုင်ငံတွေနှင့်မတူဘူး။တကမ္ဘာလုံးရယ်စားခံရမှာကိုအခုထိမကြောက်သေးဘူးနှင့်တူတယ်။

Unknown said...

မြင့်ဆွေ ခုထိမမှတ်သေးဘူးထင်တယ်။

Unknown said...

ကျွန်နော်တို့အားလုံး မူရင်းအဓိပ္ပါယ်ကို သိနေကြတာဘဲဗျာ
ရီနေလိုက်ကြရအောင်ပါ

Unknown said...

ရန်ကုန်တိုင်း ဝန်ချီးထုထ်ကို တိုင်းမှူးဘဝတုန်းက လှိုင်မြို့ နယ် မီးလောင်နေတုန်းအချိန် အပြင်မှာအနီးကပ် ညွှန်ကြားနေတာ မြင်ဖူးလိုက်ပါတယ် အကြီးမားဆုံး မီးလောင်ဆုံးရှုံးမှုဖြစ်သွားပါတယ် ရုပ်က အေးတိအေးစက်လေသံကမိန်းမလေသံ အထက်ဖား အောက်ဖိ လူစားမိုးကြီးပါ

Maymyochit said...

ပညာရေးဌာနနင့်စစ်ဆေးရေးဌာနများဟာအခုလိုဘဲကျောင်းများကိုလျှပ်တပျက်ဝင်ရောက်
စစ်ဆေးကြည့်ရှု့ ဆွေးနွေးတိုင်ပင်ညွန်ကြားသင့်ပါကြောင်း။

Myanmar said...

အန်တီစု လုပ်ပုံကိုထောက်ခံပါတယ်...ဒီပုံစံဆိုရင် နောက်ကြောင်းပြန်ချင်တဲ့  ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုပြောင်းလဲသင့်ပါတယ်ဗျာ...

pyilone said...

ဒီလောက်အသုံးမကျတဲ့ဝန်ကြီးချုပ်ကိုဘာလို့ထားနေ သေးလဲ။ကျန်တဲ့တိုင်းအစိုးရအဖွဲ့ဝင်တွေသူ့ကြောင့်သိက္ခာကျတယ်။သူ့အ ဖေ တွေ တောင် မှဒေါ်စုကိုလေးလေးစားစားဆက်ဆံတယ်။အလကားဆန်ကုန်မြေ လေး။

Unknown said...

ရေးတာလည်းရေးကြပေါ့ကွာ အရမ်းကြီးတော့ မကစ်ကြပါနဲ့ နိုင်ငံရေးဆိုတာဒေါသအရမ်းကြီးလို့ မရဘူးကွ ပညာတတ် ပီသနိုင်ပါစေ

Unknown said...

အခြေခံ လူတန်စားအများစုရဲ့ ပညာရေး ကျန်းမာရေး စားဝတ်နေရေး အစရှိသည်များကို သက်ဆိုင်ရာ ဝန်ကြီးဌါနများမှ လက်ရှိ အဖြစ်မှန်အတိုင်း သိရိမြင်သာစေရန် နှင့် ပြည်သူ့ အကျိုးစီးပွာ ကိုစေတနာ မှန်ဖြင့် လမ်းညွန် ကူညီပေးနိုင်ရန် ဝန်ကြီ ဌါနတိုင်းတွင် အထူးတာဝန်ရှိပါသည်

johnmoe said...


ကြာသာပတေးနေ့၊ အောက်တိုဘာလ ၁၈၊ ၂၀၁၂
“ကြံ့ခိုင်ရေးပါတီ အမိန့်ပေးမှ လုပ်တတ်တဲ့ အကျင့်ဖျောက်ဖို့လို..ဟုဆို”

ကြံ့ခိုင်ရေးပါတီ အဖွဲ့အစည်းဟာ အမိန့်ပေးမှ လုပ်တတ် ကိုင်တတ်တယ်.. အထက်ကညွှန်ကြားမှုကို စောင့်ဆိုင်းနာခံနေတာရယ်.. ပြည်သူအခြေအနေ နဲ့ ယှဉ်ပြီး အံဝင်ခွင်ကျ သွက်သွက် လက်လက် လုပ်ကိုင်တတ်တဲ့ အကျင့်အားနည်းနေတယ်...။ ပါတီအနေနဲ့ လူထုအတွင်း စိမ့်ဝင်ရာမှာ ကယ်တင်ရှင်ပုံစံ.. ဆရာကြီးပုံစံ.. ပြုလုပ်နေတာရယ်.. အပြန်အလှန် တာဝန်ခံခြင်း မရှိတာရယ်...စတာတွေကိုပြုပြင်ဖို့လိုတယ်.. လို့ သူရဦးအေးမြင့် က ပါတီညီလာခံ ဒုတိယနေ့မှာပြောပါတယ်..။ နောက်ပြီး ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နိုင်ငံရေးသူငယ်နာရောဂါ (၅)မျိုးကိုလည်း ပြောခဲ့ပါတယ်..။

ပထမရောဂါကတော့ အထက်ကအောက်ကို အမိန့်ပေး အမိန့်နာခံစီးဆင်းစေပြီး အမိန့်မရရင် ဘာမှကြံစည်တွေးတောနိုင်စွမ်းမရှိတဲ့ “စစ်အလေ့အထရောဂါ”..။

ဒုတိယကတော့ နေရာတကာ အမိန့်ပဲပေးတတ်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်စွမ်းမရှိတဲ့ “အာဏာရှင်ရောဂါ”...။

တတိယ တစ်မျိုးကတော့ သက်သာသလိုနေပြီး သာတဲ့ဘက်လိုက်တဲ့“အချောင်သမားရောဂါ”..။

စတုတ္ထတစ်မျိုးကတော့ မိမိတာဝန်ကျေပွန်အောင်မလုပ်ပဲ.. အချင်းချင်း စောင့်ကြည့်တိုက်တွန်းတဲ့ “သူလျှိုသဏ္ဍာန်ရောဂါ”..။

ပဉ္စမက ကိုယ့်ကျင့်သိက္ခာ ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ “အကျင့်ပျက်ရောဂါ”..တို့ဖြစ်တယ်တဲ့...။

(ကုမုဒြာ ဂျာနယ်မှ..)

အထက်ပါအချက်တွေကတော့ လွတ်လပ်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ ကြီးမားသော အနှောက်အယှက်၊ အဟန့်အတားတွေပါပဲ။ နိုင်ငံမတိုးတက်နိုင်တဲ့ အကြောင်းအရာတွေပါ။ အာဏာရှိ အသိုင်းအ၀ိုင်းထဲ ကြံ့ခိုင်ရေးပါတီဝင်တွေ လက်ရှိပြုလုပ်နေပါတယ်။ ပါးစပ်ဥပဒေသတွေကို သက်ဆိုင်ရာမှ သတိပေးပြီး ဒီမိုကရေစီဆန်သော ဥပဒေအသစ်တွေ ရေးဆွဲသင့်ပါပြီ။

Unknown said...

ဝန်းကြီးမဟုတ်ဘူး ဝန်ချီး လူသတ်ရဲလို့ ဝန်ကြီးဖြစ်လာတာ မင်းလို မြက်ကန်းတွေကြောင့် ငါဒို့တို

Lian said...

အောင်မယ်လေး သူတို့မှာရှိတဲ့ Power လောက်နဲ့ အန်တီစုကြည်ရဲ့ Power တစ်ဝက်တောင် မမီပဲနဲ့ ပြောရရင် မီဖို့နေနေသာသာ အလကားနေ Power ပြခြင်နေတယ် သေးသေးမွှားမွှားလေးကို ဇီဇာချဲ့ပြနေတယ်။ သဘောထားလေးတွေကြီးကြပါ အမြင်ကြယ်ကြပါတော့

Anonymous said...

တွေ့ကြပြီမဟုတ်လား ဒီလူတွေအာဏာရူးတွေဆိုတာ ဟင်းဟင်းဟင်းဟားဟားဟားဗိုလ်အောင်ဒင်ရီနည်းရီလိုက်မယ် မောင်မြင့်ဆွေရေ ၂၀၁၅မှာမောင်မင်းပြေးဖို့သာပြင်ထား ဒို့ပြည်သူတွေက ငအတွေမဟုတ်ဖူးကွ ၂၀၀၈နဲ့၂၀၁၀မှာမောင်မင်းတို့ ဖွတ်အဖွဲ့က ဒို့ပြည်သူတွေဆီကမဲတွေကိုအာဏာနဲ့ခြိမ်းခြောက်ပြီးဒမြတိုက်သွားတာ ခုလည်းမောင်မင်းတို့အဖွဲ့တွေ ပြည်သူတွေဆီက ခိုထား ဒမြတိုက်ထားတဲ့ပိုက်ဆံတွေစည်းစိမ်တွေမြေလှန်ခံရမှာစိုးလို့မောင်မင်းတို့အာဏာသက်ဆိုးရှည်အောင်လုပ်နေတယ်ဆိုတာဒို့ပြည်သူတွေအားလုံးသိတယ် ၂၀၁၅နော် မောင်မင်းဖွတ်ပါသီကို နိုင်ငံရေးမသာချပြစ်မယ် ငရဲပြည်ရောက်အောင်ကိုပို့မှာ ဘာမှမပူနဲ့

shwe man thar said...

မနာလိုမှန်းသိသာပါတယ်။
သူတို့လုပ်ခဲ့လို့ပညာေ၇းစုတ်ပြတ်သတ်နေတာ။သူ့ကိုတင်ပြ၇အောင်သူကဘာအဆင့်၇ှိလို့လဲ။အဲဒီလူကိုမေးခြင်တယ်။ခင်ဗျားတို့အစိုး၇အုပ်ချုပ်ခဲ့တာဘာတိုးတက်ခဲ့လဲ။မြန်မာ့သမိုင်းမှာအောက်တန်းအကြဆုံးခေတ်အဖြစ်သမိုင်း
ဝင်ပြီးသွားပြီ။ဒါများဒုသမတတက်ကြံသေး။ကျုပ်ပြောတာကို
ညင်းစပ်း။ဒီမှာမှတ်ထား အမေစုဆိုတာမြန်မာ့သမိုင်းမှာတခါ
မှမပေါ်ဘူသေးတဲ့ကမ္ဘာသိခေါင်းဆောင်။မသေမခြင်းမှတ်ထား။ဆော၇ီကိုသစ်ထူးေ၇။မခံခြင်လွန်း
လို့ေ၇းမိတာ

Unknown said...

နေက်ကြောင်းပြန်မလှည့်ဘူးဆို။

Unknown said...

ဒီသတင်း ထုတ်ပြန်တာဟာ ..နဂိုအတိုင်းမပြောင်းလဲသေးဘူးဆိုတာကို ပြောလိုက်တာပေါ့ ..သွားစစ်ဆေးတာကို လာမယ့်ရက်ကြိုပြောထားတာ ဘာလုပ်ရမလဲ ...အပုပ်နံမပေါါ်အောင်ပေါ့ ဟုတ်လား..ခုထိ အထင်ကြီး စရာ တကွက်မှမရှိသေးပါလား................စိတ်ပျက်တယ်...

Unknown said...

ကိုယ်ကိုတိုင်လည်း မလုပ် သူများလုပ်တာကိုလည်းမနာလိုတော်တော်တရားမဲ
တာဘဲနော် အန်တီစုက လွှတ်တော် ကော်မတီဥက္ကဌ တစ်ယောက်ပါ ပညာ
ရေးမြင့်မားဖို့လုပ်တာအပြစ်လား ပညာတပ်တွေတိုးလာမှာစိုးလို့လား စဉ်းစားကြ
ပါဦး နိုင်ငံတကာမှာ ရှက်ဖို့ကောင်းပါတယ် ပညာရေးနဲ့ ကျမ်းမာရေးက တော်
တော်အောက်တန်းကျနေတာ

Unknown said...

ကျောင်းသားနဲ့တွေ့ချင်ပါတယ်ဆိုမှကျောင်းထဲမသွားလို့
ဘယ်သွားရမှာလည်း ဖြုတ်ဦးနှောက် ငဆွေရဲ့

Unknown said...

ပညာရေးမတိုးတက်မှသူတို့အကြိုက်အုပ်ချုပ်လို့ရမယ်မဟုတ်လား မကောင်းသေးပါဘူး ပွင့်လင်းမြင်သာမှုနည်းနေသေးတယ်

Unknown said...

ပညာရေးမကောင်းမှသူတို့အုပ်ချုပ်ချင်သလိုအုပ်ချုပ်လို့ရမယ်ထင်နေတုန်းပဲ ပြင်ကြပါတော့ဗျာ

touttout said...

ဟေ့ - တို့သားသမီးတွေကို နိုင်ငံခြားမှာထားတာဟေ့၊ နင်တို့မြန်မာပြည်ကြီး ဘာဖြစ်နေနေ တို့လည်းနားရင် နိုင်ငံခြားထွက်မှာ။ တို့ခုလုပ်နေတာ စားရ ဝါးရလို့ လုပ်နေတာ၊ တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတာ လူကြားကောင်းအောင် အသံကောင်းဟစ်နေတာ၊ အနှစ်နှစ်ဆယ်ကျော် တို့လုပ်ချင်တာလုပ်ခဲ့တာ တို့အကြောင်းကိုကောင်းကောင်းမသိဘူးလား။ မြန်မာပြည်ပညာရေး
ကောင်းအောင်လုပ်လုပ် မလုပ်လုပ် တို့အရေးမစိုက်ဘူး။ ငါ့တိုင်းငါ့နယ်မှာ လာမကျယ်နဲ့။ လူတွေ စာမတတ်လေ အသိဥာဏ်မရှိလေ တို့စိတ်တိုင်းကြ အုပ်ချုပ်လို့ကောင်းလေလေ ဆိုတာ သဘောပေါက်။

pyilone said...

လွှတ်တော်ကိုယ်စားလှယ်ကပြည်သူတွေနဲ့တွေ့တာထူးဆန်းလို့လား။နိုင် ငံနဲ့လူမျိုးတွေကောင်းပါစေလို့စိတ် ရင်းမှန်မှန်ထားပါ ။လေ ကောင်းကောင်းပြီးအရင် လိုအနိုင် ကျင့်ခဲ့တာတွေဟာအလွန်ကိုရှက်စရာကောင်းပါလားလို့အမြင် မှန် ရကြစမ်းပါ လေ။ကိုယ့်မျိုးဆက်သားသမီးတွေကိုရှက်စရာကောင်းတဲ့အ မွေတွေမ ပေးမိပါစေနဲ့။

Unknown said...

ဟားဟားဟား ..... လို့ပဲ ကိုယ့်ဂျိုင်းကိုယ် ဂလိထိုးပြီးနှစ်ကျပ်ဖိုးလောက် အော်ရီချင်တော့တာပါပဲ...

Mr. Virus said...

မြင့်ဆွေရေ.....သူများတကာကောင်းတာလုပ်တာကို မနှောင့်ယှက်ပါနဲ့။ မင်းကျတော့ ဟိုဌာနဆိုင်ရာ ခေါ်ငွေညှစ် ဒီဌာနဆိုင်ရာခေါ်ပြီး ရန်ပုံငွေတောင်းနဲ့။ အမေစုက သူများလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပါ။

Unknown said...

သူတို့ပြောတဲ့ စစ်ရေးအမြင်ရှိတဲ့သူတွေ နိုင်ငံကို အုပ်ချုပ်ခဲ့တာ မြန်မာပြည် ဟာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံး၊ လူစွမ်းအား အရည်အသွေး အညံ့ဖျင်းဆုံး တိုင်းပြည်ဖြစ်နေပြီး စစ်အစိုးရဗိုလ်ချုပ်ကြီးတွေနဲ့ တေဇ၊ ဇော်ဇော် တို့လို ခရိုနီတွေပဲ ကြီးပွားခဲ့ကြတာပဲ..
အခုလိုစစ်အစိုးရလက်ထက်က ပုံစံတွေတွေ့နေရာတာတော့ မဟုတ်သေးဘူး..
နောက်ကွယ်မှာ အရင်လူတွေရှိနေသေးတယ်ဆိုတာထင်ရှားတယ်..
မြန်မာပြည်ဒီမိုကရေစီ ရဖို့ဆိုတာ မဖြစ်နိုင်သေးဘူး..

Unknown said...

အကျိုးမရှိ သိမ်ဖျင်းတဲ့ အလုပ်ပဲ လုပ်တတ်တဲ့ ဝန်ကြီးပါပဲ

Unknown said...

ငါ့ထက်သာ သွား မ လား ဆို တဲ့ ညင် ဆိုး တွေ

အကောင်း မမြင် ပေး နိုင်ကြ ဘူး

ပူး ပေါင်း ဆောင် ရွက် ကြ ရင် ပြည် သူ အ တွက် အ ကိုး ရှိ မှာ ပြည်သူ အကိုး ဆောင် ရွက်ြ က ပါ ဗျာ

Myanmar Nay La said...

ဒေါ်စု.က.ဆရာ.ဆရာမတွေကို တွေ့ ဆုံတယ်ဆိုတာမလာမနေရ.လာရမယ်ဆိုတာမဟုတ်ဘူးနော်..တွေ့ ဆုံရာမှာလည်း.အပြန်အလှန်လိုအပ်ချက်တွေကိုရင်းရင်းနှီးနှီး ဆွေးနွေးကြတာလို့ ထင်တယ်နော်..အရင်တုန်းကခင်ဗျားတို့ လို.မလာမနေရ ခေါ်..နေလည်၁နာရီလောက်မှလာမှာကိုမနက်၉နာရီလောက်ကတည်းကထမင်းအငတ်ခံစောင့်နေပြီး ပြောချင်တာပြောသွားတာကို ပြန်လည်တင် ပြခွင့်မရတဲ့ ခေါ်ယူတွေဆုံမှုမျိုးမဟုတ်တာတော့သေချာတယ်.ဒေါ်စု ကတရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ.ဥက္ကဌ လေ.စစ်ဆေးတာဘဲဖြစ်ဖြစ်
လေ့လာတာဘဲဖြစ်ဖြစ် သူ့ အနေနဲ့ တာဝန်ကိုရှိတယ်..ဆရာ.ဆရာမတွေ
ကလည်းဗျာ အရင်တုန်းကသာ ခင်ဗျားတို့ ကို ကြောက်နေရလို့  ဒေါ်စု ကို တွေ့ ချင်နေကြတာ..ကြာပြီ.....

Unknown said...

ချစ်သောမျက်စိဖြင့်ကြည့်ကြပါ

htay said...

ရွေးချယ်ခံလွှတ်တော်အမတ်တွေက ကိုယ့်မြို့တိုးတက်ရာတိုးတက်ကြောင်းတစ်ယောက်မှ မလုပ်ကြပါ။ ရွေးချယ်ခံပြီးရင် လွှတ်တော်တက်ဖို့အလုပ်တစ်ခုပဲလုပ်ရမယ်လို့ထင်နေကြတယ်။ ဒေါ်စုတစ်ယောက်ပဲ ဒီလိုလုပ်နေတော့ ဒေါ်စုမှားတယ်လို့ ဦးမြင့်ဆွေထင်ပုံရတယ်။

MgTheingarMDY said...

မြန်မာ့ပညာရေးအတွက်
ပညာရေးဝန်ထမ်းများနှင့်
တွေ့ဆုံဖလှယ်တာ။
ခေါ်ယူတွေ့ဆုံတာမဟုတ်ဘူး။
ကျောင်းဝန်းထဲ ကြည့်ရှု့ စစ်ဆေးတာမဟုတ်ဘူး။
သွားရောက်လေ့လာတာ။
အဲ့ဒီလိုအမြင်ရှင်းဖို့လိုတယ်။
တိုင်းမှူးမဟုတ်တော့ဘူး။
တိုင်းဝန်ကြီးဖြစ်နေပြီ။
အာဏာရှင်စနစ်ဆိုးလို
အမိန့်တွေတွန်းပေးမနေနဲ့။

Anonymous said...

ဒီကောင်ဝန်ကြီးချုပ်လုပ်နေတာတောင် ကံကောင်းလို့ဒု သမတမဖြစ်တာ ဘယ်လိုတိုင်းပြည်ပိုက်ဆံခိုးရမလဲ ဘဲသိတဲ့ကောင် မြန်မြန်ပြုတ်ပါစေ

Unknown said...

လုပ်သင့်တာကိုလုပ်တာ …တားရင်ဘာဖြစ်သွားမလဲ?
သိလာ?

Unknown said...

မှန်တယ်လို့ ထင်ရင်ဆက်သာလုပ်ပါ…အမေ
အားပေးနေမှာပါ။

Unknown said...

ကိုယ်မလုပ်နိုင်တာကိုလုပ်ပေးနေတာကို မုတိတာပွားရမှာ ဘာဖြစ်နေတာတုံး ခုထိဝါးမ၀သေးဘူးလား။

Unknown said...

အထက်ဌာနဆိုတဲ့အသုံးအနှုန်းတွေကိုပြင်သင့်ပြီ
ကိုယ်တိုင်လဲဖတ်တတ်အောင်လုပ် ဖတ်တတ်တဲ့ယောက်ဖက ဖတ်ပြတာကိုလဲနားထောင်ကြည့်ပါ ကိုမြင့်ဆွေ။
ဌာနဆိုင်ရာ ဂါရ၀ကြေးနဲ့ ကျေနပ်မနေပါနဲ့တော့ဗျာ။ တကယ်အလုပ်လုပ်ရမဲ့အချိန်ရောက်နေပါပြီ။ မလုပ်နိုင်ရင်ထွက်ဗျာ။ စစ်သားသိက္ခာကျတယ်။

Unknown said...

အာဏာရှုးတွေကျရှုံးပါစေ။

Unknown said...

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ
ဥက္ကဌ။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ်ဥက္ကဌ...နိုင်ငံတကာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်..တခြားနိုင်
ငံတကာက ချီးမြှင့်တဲ့ ဆုများပိုင်ရှင်ကြီး..နိုင်ငံအတွက်ကိုယ်ကျိုးမဖက်
နိုင်ငံတော်ဘဏ္ဍာငွေမှ အခကြေးငွေမယူဘဲ မိမိစရိတ်မိမိစားပြီး..နိုင်ငံ
တော်အကျိုးကိုသယ်ပိုးဆောင်ရွက်နေသူကို..ရန်ကုန်တိုင်းဒေသ၀န်ကြီးချုပ်
အဆင့်လောက်နဲ့များလာပြီးကန့်သတ်ရသလားဗျာ..။ကိုယ့်အဆင့်ကိုလဲ
ပြန်ဆန်းစစ်ပါအုံး..ရှက်တတ်ရင်ရင်တော့ဒီလုပ်မယ်မထင်ပါဘူး..။
ဒေသ၀န်ကြီးချုပ်ကြီးဒီလိုစာထုတ်လိုက်လို့..မြန်မာနိုင်ငံတွင်းက မျိုးချစ်
ပြည်သူတွေက ကောင်းပါတယ်လို့ပြောသလား..မကောင်းပါဘူးလို့ပြောသလား..။ပြစ်တင်ကဲ့ရဲ့ကြသလား..ဆိုတာလဲ အင်တာနက်ပေါ်မှာဖွင့်ဖတ်
ပါအုံးဗျာ..။နိုင်ငံတော်အတွက်အကောင်းမြင်ဝါဒနဲ့ကြည့်ပါ။ဆက်ပြောရရင်လဲ စာရှည်ပါတယ်...။စကားပုံတခုလိုတော့ မဖြစ်ပါစေနဲ့..အဲဒါဘာလဲဆိုရင်
ကျွဲပါးစောင်းတီး.....။ပိုးသာကုန်မောင်ပုံစောင်မတတ်..။ရှေ့ကလဲသွား
ချင်သေးဒူးလဲမပါဘူး..။အများယောင်လို့ယောင်အမောင်တောင်မှန်းမြောက်
မှန်းမသိ။မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်။

Wunna Ko Ko said...

ဘာလဲကွာ မင်းတို့မလုပ်နိုင်ရင် အေးအေးနေပါ။ အများအကျိုးအတွက်လုပ်နေတာ မကန့်သတ်နဲ့ကွ။ ငါတို့အမေက လုပ်သင့်တာပဲလုပ်တယ်။ သဘောပေါက်။

Thet Naing said...

ခင်ဗျားကြီးတို့က ကန်စွန်းရွက်စိုက်ခင်းဖွင့်ပွဲလောက်ဘဲနားလည်တဲ့လူတွေလေ အနေမတတ်ရင် ဖင်ရွေ့သွားမယ် ဒီမိုကရေစီလို့ ခင်ဗျားအဖေတွေတောင်အော် နေပြီလေ ခင်ဗျားက ဘာအဆင့်မို့လို့လဲ ကိုယ့်အဆင့်ကိုယ်သိပါ ဒါရန်ကုန်နော် ဇနပုတ်မဟုတ်ဘူး

ရာရာ said...

အပေါ်က ကော်မန့်တွေဖတ်ရတာ အရသာရှိလိုက်တာ..ကျုပ်က အဲ့လိုပြောချင်တာဗျ...မပြောတတ်လို့။ ကျုပ် မပြောတတ်ပေမယ့် ပြောတတ်တဲ့ကျုပ်နောင်တော် ညီတော်တွေက ချက်ကျကျပြော ပေးလိုက်တော့ ကျုပ်တော်တော်ကျေးဇူးတင်သွားတယ်..တကယ်ပါဗျား..

No Name said...

ကော့မှူးက ဆရာ/ဆရာမတွေကို ဂရုစိုက်ကြည့်ရှုပေးကြပါ....

eleven aung said...

ကျောင်းချိန်မတွေ့လို့ ဘယ်အချိန်သွားတွေ့ရမလဲ။ သူတို့တုန်းကလည်း ဒီအချိန်သွားတာပဲလေ။ လာမည့်အချိန် ရောက်မလာကြလို့ စာမသင်ဘဲ အချိန်ကုန်ခံပြီး ထိုင်စောင့်နေခဲကြရသေးတယ်လေ။

Linn Thuya said...

အော်....အသိတရား တစ်ပြားမရှိပါလား

Unknown said...

အမေစု အရင်ညွှန်ကြားချက်ထုတ်မယ်ပေါ့၊ (မအောင်မြင်ရင်) ဆရာ/မ နှင့် ကျောင်းသား/သူ တွေကို ပါတီနိုင်ငံရေးကင်းရှင်းရမယ်၊ ပါတီထဲက လူတွေနှင့် စကားမပြောရဘူး၊ မဆွေးနွေးရဘူး၊ မတွေ့ရဘူး၊ သူတို့ဟောပြောတာကိုနားမထောင်၊ မပါဝင်ရဘူး စသည့် အမိန့်ပြန်ထုတ်အုံးမှာ ကြည့်နေ။ (ဟုတ်တယ်မလား ငအ ဆွေရဲ့) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၀န်ထမ်းအားလုံးရဲ့ အဆင့် (၁)မှာ ရှိတဲ့ သမ္မတကြီးတောင် ပါတီဥက္ကဌ လုပ်နေသေးတာကို မမေ့နဲ့အုံး... ငါတို့ ပြည်သူတွေ နားမကြား၊ မျက်မမြင်၊ ပါးစပ်မပါ
ကိုယ်လက်အင်္ဂါ မပါတဲ့ လူတွေမဟုတ်တော့ဘူး...

Unknown said...

ဦးမြင့်ဆွေရေ အချိန်အခါနဲ့ အခြေအနေကိုကြည့်ပြီး နေတတ်စားတတ်ရတယ်၊ ခင်ဗျားကိုယ်တိုင်အစွမ်းအစ တစ်ခုတည်းနဲ့ ဒီနေရာရောက်လာတာမဟုတ်ဘူး ဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်၊ ခင်ဗျားရဲ့နောက်လိုက် နောက်ပါ အကြံပေးတွေမြှောက်ပေးတိုင်း လိုက်လုပ် မနေနဲ့၊ အဲဒီလူတွေက တကယ့်ကလိမ်ကကျစ်တွေ၊ ဖိုးတွမ်တီးတွေဆိုတာလည်း ခင်ဗျားဦးနှောက်နဲ့ မသုံးသပ်နိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ခေါင်းဆောင်ဆိုတာ ပြည်သူအတွက်တွေး ပေးနိုင်မှဗျ၊ ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ငယ်သားတွေအတွက်ပဲ အဓိက ထားတယ်ဆိုရင် ၀န်ကြီးချုပ်မလုပ်ဘဲ အဆင့်မရှိတဲ့ စီးပွါးရေးသမားပဲ လုပ်ပါတော့၊ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးကို အနှောက်အယှက်မပေးဘဲ ကိုယ့်အကြောင်းကိုယ်သိပြီး နောင်ဘ၀ ဒီလိုဘ၀ဆိုးမျိုးမရောက်အောင် ဘုရားသွား၊ ကျောင်းတက် လုပ်သင့်နေပြီ

ရာရာ said...

ဖိုတိုလေးကို ကြည့်မိတယ်...အနောက်က ကျောင်းသင်ပုံးကိုတောင်ဖျက်မထားဘူး..တကယ့် အမှန်အကန်ပုံလေးဗျ...။ ကြည့်ရတာ အစီအစဉ်ထဲမှာမပါပဲ ကောက်ခါငင်ခါ ၀င်လိုက်ပုံရတယ်..။ ကျောင်းကလည်း အမေစုလာလိမ့်မယ်လို့သိထားပုံမရဘူး..။

asaung2012 said...

ကိုမြင့်ဆွေ
ယဉ်ယဉ်ကျေးကျေးဘဲ့ပြောတော့မယ် အလုပ်လုပ်ရင် စေတနာထားပြီးတော့
သူများတွေလုပ်နေတာကို အားကျစမ်းပါ၊ လိုက်လုပ်စမ်းပါ၊ ဒီလိုစိတ်ထားမျိုး
ကျွန်တော်တို့နိုင်ငံမှာ အရမ်းလိုအပ်နေတယ်။ ခင်ဗျား ကျွန်တော်တို့ပြည်သူ
တွေဘက်က ခံစားကြည့်စမ်းပါဗျာ။ အမှန်အတိုင်းပြောရယင် ခင်ဗျားတို့အား လုံးကိုမကျေနပ်ဘူး။ ဘာလို့လဲသိလား။ ကျွန်တော်တို့နိုင်ငံတိုးတက် မှာကို ခင်ဗျားတို့လူကြီးတွေ မလိုလားကြဘူးမဟုတ်လား။ ဥပမာပြောရယင် တခြားနိုင်ငံကလူတွေက ဖုန်းကတ် (Simcard) ကို
(၅၀၀၀ိ/)ကျပ်နဲ့ရောင်းမှာကို ဘာလို့ပိတ်ပင်တာလဲ။ ပြည်သူတွေအကုန်
လုံး အသိအမြင်ကျယ်သွားမှာ စိုးလို့လား။ အသုံမကျတဲ့လူကြီးတွေ။ အရမ်း
စိတ်ပျက်တာဘဲ။

Khaung Gyi said...

စိတ်ထား မမြက်သော လူကြီးများဆိုတာကို ကိုယ်ကိုကိုယ် ဖော်ပြနေတယ်လိုဘဲခံစားရတယ်။ ကိုမလုပ်နိုင်ရင်နေပါ သူများလုပ်နေတာကို တော့ မနှောက်ယှက်သင့်ဘူး။ သမိုင်းဆိုတာ အခြားလူတွေရေးတာမဟုတ်ဘူး ကိုယ်တိုင်ရေးတာကို သူများတွေက ဖော်ပြတာ။ ဘယ်လောက်ရှက်ဖို့ ကောင်းတဲ့ အပြုအမူလည်း။ ရှက်တက်ရင် ကိုယ်ကိုယ်ကို နုတ်ထွက်ဖို့ လုံလောက်နေတဲ့အကြောင်းတွေဆိုတာ ဆိုတာမတွေးတက်တော့ဘူးလား။ လူကြီးလုပ်ပြီး ဒီလောက်အတွေးတိမ် လိမ့်မယ်ဆိုတာ တွေးတောင် မတွေးဝံ့ဘူး။ ဒီလိုလူမျိုးတွေကို စွပ်စွဲပြစ်တင် ရှုံ့ ချကြပါစို့ ။

Powered by Blogger.