ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို

အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီးယား လေကြောင်းလိုင်းနဲ့  ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

လေဆိပ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ ကြသလို  တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့မှာလည်း  လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် နိုင်ငံ အနောက်ခြမ်း Los Angeles မြို့မှာ  သူ့ခရီးစဉ်ရဲ့ နောက်ဆုံး အစီအစဉ် အဖြစ်  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး  သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက်  ကူညီပံ့ပိုးမှုပေးသူတွေကို  ကျေးဇူးတင်ကြောင်း ပြောနိုင်ခဲ့သလို   မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို မျက်နှာချင်းဆိုင် ရှင်းပြခွင့် ရခဲ့တဲ့ အပြင်  မြန်မာနိုင်ငံကနေ  အမေရိကန် နိုင်ငံကို ရောက်နေသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တာမို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန် ဒီစီမှာ  အမေရိကန် သမ္မတ Barack Obama နဲ့ တကွ အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အမေရိကန် လွှတ်တော်ရဲ့ အရပ်သားဆိုင်ရာ အမြင့်ဆုံး ချီးမြှင့်တဲ့ လွှတ်တော် ရွှေတံဆိပ်ဆု အပါအ၀င် ဆုအတော်များများကိုလည်း လက်ခံယူခဲ့ပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂ ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ  ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သလို အမေရိကန်နိုင်ငံက ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေဖြစ်တဲ့  Yale နဲ့  Harvard  အပါအ၀င် တက္ကသိုလ် တော်တော်များများမှာလည်း  မိန့်ခွန်းတွေပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် ပြည်ထောင်စုက ပြန်လာတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ချီတဲ့ ပြည်သူတွေ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို Reviewed by သစ်ထူးလွင် on 09:39 Rating: 5

8 comments:

naingl linn zaw said...

အမေစု ပြန်ရောက်လာရင်ဆက်သွယ်ရေးကဏ္ဍမှာလည်းဝင်ကူပါအုံး ဆက်သွယ်ရေး ၀န်ကြီး သူ့သူငယ်ချင်း ရတနာပုံတယ်လီပို့က ဦးတင်ဝင်း GM ဦးသိန်းဦး Dy.ceဦးလင်းလင်းကို သူတို့တွေကျန်ပါသေးတယ် ဆက်သွယ်ရေးကြီးရှေ့ကောင်းဖို့ ကိုလူညစ် တွေပါ ပြည်သူတွေ သက်သာပြီးအကျိုးရှိဖိုလုပ်မယ့်သူတွေမဟုတ်ပါ သူတို့ elite က golfရိုက်ဖို့ ပန်းလှိုင်မှာက sponsor ပေးထားတာနဲ့ ကိုစိုင်းကိုစိုင်း မလိုက်ကျ ရှောင်ရမ်းရှောင်ရမ်းဆိုပြီး သွားတွေဖြဲပြရနဲ့ ကို့သားအရွယ်တွေကိုဆက်သွယ်ရေးငွေရမယ့်အလုပ်elite ဘဲပေးတယ်

Unknown said...

အမေ နေကောင်းလား မေမေ

သားတို့ရဲ့ မေတ္တာတွေနဲ့

အမေ့ကို လွှမ်းခြုံ ထားမယ် အမေ

Unknown said...

အမေစု ကျန်းမာ ပါစေ...

Unknown said...

ကျန်းမာစွာနဲ့ ရောက်တဲ့ အတွက် ၀မ်းသာတယ်... အမေးစု ...

naingl linn zaw said...

အမေစု ကူပါအုံး ဆက်သွယ်ရေးဝန်ကြီး လုပ်ငန်းအတွက် ငွေတွေတစ်ပြားမှမပေးဘူး အနိုင်ကျင့်ထားတယ်

gayintrest said...

ဂုဏ်ယူစရာ တို့မြန်မာ

Anonymous said...

အမေစု
သက်တော်ရာကျာ်ရှည်ပါစေ။
အမေရဲ့ကျေးဇူးကြောင့် မြန်မာ့ဂုဏ်ရောင်တောက်ပလာပါပြီ။
ကိုမြတ်(အ်းစိန်)

Unknown said...

ဆက်သွယ်ရေးကိုလည်း ခရိုနီတွေအုပ်စိုးနေတာပါပဲ၊ elite လည်း တေဇ လုပ်နေတာ မဟုတ်လား...

Powered by Blogger.