ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတို့အား တိုင်းဒေသကြီး လွှတ်တော်ထက် ပြည်ထောင်စု အစိုးရကသာ စီရင်ပိုင်ခွင့် ရှိကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းဒေသကြီး လွှတ်တော်သို့ ယမန်နေ့က ပေးပို့သည့် သ၀ဏ်လွှာ တွင်ဖေါ်ပြ ထားသည်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် စတင်သည့် အောက်တိုဘာ (၈) ရက်နေ့က လွှတ်တော် တက်ရောက် လာသူများကို တွေ့မြင်ရစဉ်။ |
တိုင်းဝန်ကြီးချုပ်ကို ဗဟိုအစိုးရကသာ စီရင်ပိုင်ခွင့်ရှိဟု သမ္မတသ၀ဏ်လွှာပို့
Reviewed by သစ်ထူးလွင်
on
07:02
Rating:
9 comments:
ကိုဆန်းဆင့်ရေ
ကိုယ်တိုင်လဲ ဆန်းစစ်လေ့လာပါအုန်း
တော်တော်လေး လွဲချော်နေပြီ
ဝန်ကြီးချုပ်ကို အရေးယူဖို့ သမ္မတကပဲ
လုပ်ခွင့်ရှိမယ် ဖြစ်သင့်တာက အကြောင်းကြားတင်ပြတာပဲ
ဖြစ်သင့်ပါတယ်
ဒါဆို တိုင်းဒေသကြီးလွှတ်တော်တွေဖျက်သိမ်းလိုက်တော့
ပေါ့ဗျာ။ ဘာလုပ်စရာမှ မရှိတော့တာ။
သမတ ကို အံ့သြမိပါတယ်။
လုပ်လိုက်ပုံက နယ်တွေမှာ အာဏာရှင်စနစ် ဆက်ရှိအောင် လုပ်ပုံဆိုတာထင်ရှားသလို သမတကိုယ်တိုင်လည်း သူ့အာဏာကို အာဏာရှင်ဖက် ပိုပါအောင် ဆွဲထားသလိုပါပဲ
ကန့်ကွက်ချင်ပါတယ်။
ထူးမခြားနား စစ်ကောင်စီခေတ် ယခင်ပုံစံရှိနေဆဲ ၀န်ကြီးဌာနမှ ဖိနှိပ်ခံရဆဲ ၀န်ထမ်းတစ်ဦး
သ၀ဏ်လွှာပါအကြောင်းအရာ အပြည့်အစုံ မသိရသဖြင့် မည်သည့်အတွက်ကြောင့် ဗဟိုအစိုးရအနေဖြင့် တိုင်းဝန်ကြီးချုပ်
နှင့် ပတ်သက်သည့်စီရင်ပိုင်ခွင့်ပိုရှိကြောင်းသ၀ဏ်လွှာပေးပို့သည်
ကိုနားမလည်ပါ.. တိုင်းဒေသကြီးလွှတ်တော်နှင့် ဗဟိုအစိုးရ အကြား အခွင့်အာဏာခွဲဝေမှု ၊ လုပ်ထုံးလုပ်နည်းတို့နှင့် သက်ဆိုင်သည့် ဥပဒေများရှိပြီးဖြစ်ပါမည်.... အခြေခံဥပဒေ ပုဒ်မ ၂၆၃ အရ တိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဝန်ကြီးချုပ် အပေါ် စွပ်စွဲပြစ်တင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ကာယကံရှင်အား ခုခံချေပခွင့်ပြုခြင်း၊ အပြစ်ရှကြောင်း လွှတ်တော်မှဆုံးဖြတ်ပါက နိုင်ငံတော်သမတထံတင်ပြခြင်းစသဖြင့်ဖော်ပြထားပြီးဖြစ် ပါသည်..... လွှတ်တော်သည် မိမိဆောင်ရွက်ရမည့် အပိုင်းကို ဆောင်ရွက်ရန်ဖြစ်ပြီး ဗဟိုအစိုးရအနေအဖြင့် ဆက်လက်ဆောင်ရွက်မှု ရှိ၊မရှိ ဆိုသည်မှာ ဗဟိုအစိုးရ၏ တာဝန်သာဖြစ်မည်ဟုနားလည်ပါသည်.....သ၀ဏ်လွှာ အပြည့်အစုံရှိပါက တင်ပေးစေလိုပါသည်...
တိုင်းဒေသလွှတ်တော်ကိုဖျက်လိုက်တော့လေ. ပြည်သူငွေသက်သက်ကုန်တယ်. ဘာမှလုပ်မရကိုင်မရမှတော့ အလကါးဟန်ပြ ညာစားလွှတ်တော်ဖြစ်နေပြီ ဗဟိုအစိုးရကဘဲလုပ်ပိုင်ခွင့်ရှိနေမှတော့. ဒါလာဟေ့ ဒီမိုကရေစီ. အာဏာရှင်ဒီမိုကရေစီအစိုးရကြီးဘဲဟာ. ပြောတော့ပြည်သူ့ဆန္ဒ လုပ်တော့ ငါသမ္မတသဘော အာဏာရှင်အစိုးရ. ဒီမိုကရေစီအတုကြီးဟေ့
ကျွန်တော်က ဒီသတင်းကိုေ၇းခဲ့တဲသတင်းထောက်မျိုးမင်းထွန်းပါ။အဲ့ဒီအချိန်မှာ လွှတ်တော်ထဲမှာရှိပြီး သတင်းယူနေခဲ့ပေမယ့် နားလည်မှု့လွဲပြီး
သတင်းသုံးသပ်ချက်နည်းနည်းလွဲသွားလို့ အခု မကြာခင် YPI မှာလည်း ဖြေရှင်းချက်ပြန်ထုတ်မှာမို့လို့ အဲ့ဒီဟာကိုပါတင်ပေးစေချင်ပါတယ်။
ကျေးဇူးတင်တယ် မျိုးမင်းထွန်း (YPI)(myomintun.news@gmail.com)
အရူးသည်မိတ်ဆွေသင်္ဂဟတို့ကိုမေ့ပျောက်ရန်လုပ်တတ်သည်
အာဏာသည်လူကိုရူးစေသည်။
ဒါတွေက နောက်မှလုပ်ကြပါလား၊ တိုင်းပြည် နဲ့ လူမျိုး အတွက် အခုချိန်မှာ အရေးကြီးတာ ဘာလဲ?
ဘာပဲဖြစ်ဖြစ် တိုင်းဒေသကြီးအစိုးရကို တိုင်းဒေသကြီးလွှတ်တော်ကထိန်းကြောင်းခွင့်မရှိရင် တိုင်းဒေသကြီလွှတ်တော်ကိုဖျက်သိမ်းရုံပဲရှိတာပေါ့
Post a Comment