မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ လျှော့ချ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ADSL စနစ်၏ ကောက်ခံမှု နှုန်းထား လျှော့ချလိုက်သည်။ ယခင်က ADSL တပ်ဆင်ခမှာ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ဖြစ်သော်လည်း ယခု နှုန်းထားသစ်အရ ကနဦး တပ်ဆင်ခ နှုန်းထားမှာ ကျပ် ၅၀၀၀၀ (ငါးသောင်း) ဖြစ်သည်။ လစဉ်ကြေးအပိုင်းတွင် အမြန်နှုန်း 256 Kbps တွင် ယခင်က လစဉ်ကြေး ကျပ် ၃၀၀၀၀ (သုံးသောင်း) မှ နှုန်းထားအသစ်အရ ကျပ် ၁၇၀၀၀ (တစ်သောင်းခုနစ်ထောင်) သို့ လျှော့ချပေးလိုက်သဖြင့် ၄၃%ကျော် လျှော့ချပေးခြင်း ဖြစ်သည်။ အမြန်နှုန်း 2.5 Mbps တွင် ယခင်က လစဉ်ကြေး ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကောက်ခံရာမှ ယခု ကျပ် ၈၀၀၀၀ (ရှစ်သောင်း) သာ ကောက်ခံတော့မည် ဖြစ်ပြီး ၆၀% အထိ ဈေးနှုန်း လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။  ----

အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ လျှော့ချ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ  နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ လျှော့ချ Reviewed by သစ်ထူးလွင် on 09:09 Rating: 5

9 comments:

Justicelovermyanmar said...

Too late and too little လို့ ပဲပြောပါရစေ။

loikawtharlay said...

ဒီလိုဆိုရင်တော့ ဆိုင်ဖွင့်ထားပြီး နိုင်ငံတော်ကို အခွန်ဆောင် ထားတဲ့ဆိုင်တွေအတွက် ဘယ်လိုဝန်ဆောင်မူတွေလုပ်ထားလဲ သိချင်ပါတယ်။ အခွန်တွေလျှော့ပေးတာတော့ ကျေးဇူးတင်ပါတယ်

loikawtharlay said...

ဒီလိုဆိုရင်တော့ ဆိုင်ဖွင့်ထားပြီး နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ဆိုင်တွေအတွက် ဘယ်လိုလုပ်ထားလဲ သိချင်ပါတယ်

Unknown said...

မြန်မာနိုင်ငံ အတွက် ကတော့ သတင်းကောင်းပါပဲ

Unknown said...

WELCOME .
ကောင်းလိုက်တာ .ဖြစ်သင့်တာကြာပြီ။

Unknown said...

အရင် FEC 125 သွင်းရတာ ဘယ်အမျိုးအစားထည်းမှာ ပါလည်းမသိဘူးနော်. သေချာ မရှင်းဘူးဖြစ်နေတယ်..

Myanmar said...

အီးမေးအေ၇အတွက် ဆိုတာ ဘာအတွက်ပါလိမ့်။

Taw Thar Gyi said...

cdma 800 ဖုံးတွေလည်းတမိနစ်(၄)ကျပ်ကနေလျှော့ပေးသင့်
ပါတယ်

Unknown said...

ဖြစ်သင့်တာကြာပေါ့

Powered by Blogger.