မင်းကင်းမြို့  NLD (၂၄)နှစ်မြောက် အခမ်းအနား

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၂၄)နှစ်မြောက် အခမ်းအနားကို ၂၇-၉-၂၀၁၂ မနက်(၉း၀၀)နာရီတွင် အခမ်းအနား အစီအစဉ် (၇)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

မင်းကင်းမြို့ နယ်တနယ်လုံးရှိ ပါတီဝင်များနှင့် NLD ပါတီကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

မင်းကင်းမြို့နယ် ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်မှ လွှတ်တော်အတွေ့ အကြုံများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

အခမ်းအနား တက်ရောက်လာသူများကို ကြာဇံဟင်းခါးနှင့် ကျွေးမွေးခဲ့ကြပြီး ပါတီဝင် လူငယ်များမှလည်း တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပါသည်။



မင်းကင်းမြို့  NLD (၂၄)နှစ်မြောက် အခမ်းအနား မင်းကင်းမြို့  NLD (၂၄)နှစ်မြောက် အခမ်းအနား Reviewed by သစ်ထူးလွင် on 15:20 Rating: 5

No comments:

Powered by Blogger.