မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ(၂)ရှိ GrandRoyal အရက်စက်ရုံ (MWDC အရက်စက်ရုံ)တွင် အလုပ်သမား အဖွဲ့အစည်း မှခေါင်းဆောင်သူအချို့ကို အလုပ်မှ ရပ်နား စေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစက်ရုံရှေ့တွင်ယနေ့မွန်းလွဲ(၁)နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးစက်ရုံဝန်ထမ်း(၁၃)ဦးက ဆန္ဒထုတ်ဖော်ခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် (၃)ဦးနှင့် အဖွဲ့ဝင်တစ်ဦးကိုလည်းကောင်း၊ ယနေ့ စက်တင်ဘာ(၁၈)ရက်နေ့တွင် အလုပ်သမားအဖွဲ့ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့ကို လည်းကောင်း၊ ၀န်ထမ်း(၆)ဦးကို ထုတ်လိုက် သောကြောင့် ဆန္ဒထုတ်ဖေါ် ရခြင်းဖြစ်ကြောင်း ၄င်းတို့ကပြောသည်။
အလုပ်သမားများ ထပ်မံလျှော့ချ ထုတ်ပယ်ခြင်းမပြုရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ရရှိရေး၊ အခြေခံအလုပ်သမား အဖွဲ့အစည်းမှ အလုပ်သမားများအား အလုပ်ပြန်လည်ခန့်ထားရေး အစရှိသည့် အချက်များကို တောင်းဆို၍ ဆန္ဒပြခဲ့ကြသည်။

7Day News Journal
MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်
Reviewed by သစ်ထူးလွင်
on
17:10
Rating:
2 comments:
သူတို့ကလည်းအလုပ်ရှင်တွေအပေါ်မှာဘယ်လောက်နစ်နာ
ထိခိုက်လုပ်ခဲ့လဲမှမသိတာ။အလုပ်သမားဘက်ကပဲမတွေး
စေချင်ဘူး အလုပ်ရှင်တွေဘက်ကလည်းတွေးပေးစေ
ချင်ပါတယ်။
Mwdc&Ibtc company ဟာအစိုးရ နဲ့ စားသုံးသူ နဲ့ ဝန်ထမ်းတွေကိုလိမ်ဖို့ စနစ်တကျနဲ့ဖွဲ့ထားတဲ့ လူလိမ်အကြီးစားတွေဆိုတာမင်းထက်ငါပိုသိတယ်။
Post a Comment