ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ် ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့ မိသားစုဖြစ်ပြီး နိုင်ငံတော် ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေး အထူး တင်းကြပ်သော အနေ အထားတွင် ဖြစ်ပွားခဲ့ခြင်း ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း  ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း Reviewed by သစ်ထူးလွင် on 10:03 Rating: 5

32 comments:

Myat Thu said...

ပေါ်အောင်လုပ်ရင်ပေါ်ပါတယ်
အဲဒိအချိန်ကပေါ်အောင်စစ်ခွင့်မရခဲ့လို့
ပါ

Soe said...

သန်းေ၇ွှသမီးမင်္ဂလာဆောင် မှာ ဝတ်ဖို့အတွက် ပွဲစားကနေတဆင့်
အသတ်ခံ၇သူမိသားစုဆီကနေ ငှါးတာကနေစတာပါ မင်္ဂလာဆောင်ပွဲပြီးတော့
ဒီစိန်တွေကို ပြန်လာမပေးလို့ပြန်တောင်းတော့ ဒေါ်ကြိုင်ကြိုင် က ပြန်ပေးစ၇ာလားဆိုပြီးတော့ ပွဲစားကို ဟောက်တော့ ပွဲစားလည်းကြောက်သွားတယ် နောက်တော့ တစ်ဘက်လှည့်နဲ့ေ၇ာင်းပါဆိုပြီး ပြောလာပြန်တယ်
ကာ၇ကံ၇ှင်တွေကေ၇ှးစိန်တွေဖြစ်တာကြောင့် မေ၇ာင်းနိုင်ကြောင်း ငွေလည်းမလိုကြောင်းပွဲစားကနေတစ်ဆင့်ပြန်ပြောခိုင်းတယ်ဒေါ်ကြိုင်ကြိုင်ဟာ ဒီစိန်တွေကို အ၇မ်းကြိုက်နေတော့ ကြိုက်တဲ့ ဈေးပြော တောင်းသလောက်ပေးမယ်လို့ ထပ်ပြောခိုင်းပြန်တယ် အသတ်ခံ၇တဲ့ ကာ၇ကံ၇ှင်က ဘယ်လောက်ပေးပေး
မေ၇ာင်း ပါဘူးပြန်ပြောခိုင်းပါတယ် အဲဒီလိုပြောပြီး မကြာလိုက်ပါဘူး လုံခြုံေ၇းအင်မတန်တင်းကြပ်တဲ့ နေ၇ာမှာ မိသားစု လေးဦး အသတ်ခံလိုက်၇တာ သားမက်ကတော့ အပြင်ေ၇ာက်နေလို့ လွတ်သွားတယ်
အမှူ့က ၇ှင်းပါတယ် ငှားထားတဲ့ ပစ္စည်း ပြန်မပေးလျင်လို့ အပျောက်၇ှင်းပစ်တာပါ
ဒီအမှူ့မှာ စစ်တပ်က လူတွေပါဝင်ပါတ်သက်နေတော့ ၇ဲလည်းဘာမှမတတ်နိုင်ခဲ့ ပါဘူး အပြင်လူကျူးလွန်တာဆိုယင်တော့ ချက်ချင်း လိုက် အမှူ့တော်တော်များများ ချက်ချင်း ပေါ်တတ်ပါတယ်

Anonymous said...

လူသတ်သမားက တော်ပြီးဘယ်သူ တွေလျှော်နေလဲ။ ပလိပ်တွေ ဘာလုပ်နေကြသလဲ လူဆိုးတွေမှာကိုယ်ပျောက်ဆေးရှိသလား ဆိုတဲ့ ငယ်ငယ်တုန်းကနားထောင် ခဲ့ဘူးတဲ့ ဗိုလ်အောင် ဒင် ဇာတ် လမ်းထဲကစကားလေကိုပြန်ကြားမိတယ်ဗျာ။

Unknown said...

အဖြေ ၂ ခုထွက်မယ်

တရားခံမပေါ်တာက တစ်ခု

နောက်တစ်ခုက အန္တရာယ်ရှိတယ် ဒီမို အတွက်

နောက်ပြန်လိမ့်နိုင်တယ်

Unknown said...

အမှုဆိုတာ မပေါ်တာမရှိဘူး။ ဖော်လို့ မရတာပဲ ရှိတယ်လို့ ရဲ့အရာရှိကို ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ပြောပြတယ်။ ဆိုလိုတာကတော့ လူသတ်သမားဟာ ဘယ်သူလဲဆိုတာ ပေါ်ပေမယ့်စစ်အစိုးရခေါင်းဆောင်က လူသတ်မှုကို စေခိုင်းခြင်းဖြစ်တာမို့ ဖော်ထုတ်ခွင့်မရှိတာပါလို့ ရဲမှူးတစ်ဦးက ပြောပါတယ်။

Unknown said...

အစိုးရ အဖွဲ့ဝင်ထဲက ပဲဖြစ်ဖို့များပါတယ်။ ဘာဖြစ်လို့လိုဆိုတော့ အဲဒီတုံး ကစစ်အစိုးရအုပ်ချုပ်တာ
သေနတ် ဆိုလို့ ရန်ကုန်မြို့မှာ ဘယ်သူမှ (စစ်ဘက်ဆိုင်ရာ မပာုတ်သောသူ) ကိုင်ခွင့်မှမရှိတာ။ အဲ
ဒီလောက်ထိအောင် တရားဥပဒေကို အာဏာကအနိုင်ယူနေတာ တွေ့ရပါလေ့မယ်။

Anonymous said...

ရှာသူကညံ့တာလား ပုန်းသူက တော်နေတာလား။ ပုလိပ်တွေဘာလုပ်နေကြလဲ လူဆိုးတွေမှာကိုယ်ပျောက်ဆေး ရှိလား

pyilone said...

ဒီအမှုကကြာ ပါ ပြီ။မစုံစမ်းနိုင် တာလား။မစုံစမ်းရဲတာလား။ကူညီပါရ စေတို့ရယ်။

pyilone said...

ဒီအမှုကကြာ ပါ ပြီ။မစုံစမ်းနိုင် တာလား။မစုံစမ်းရဲတာလား။ကူညီပါရ စေတို့ရယ်။

aungkokoko8@gmail.com said...

ဒီလိုယုတ်မာရက်စက်တဲ့လူသတ်တရားခံတွေဖော်ထုတ်နိုင်ပါစေအသတ်ခံရသူတွေဟာမိုးကုတ်မြို့အပါအဝင်ဘာသာရေးလူမှုရေးတွေမှာအဓိကအလှူရှင်အဖြစ်စေတနာသဒ္ဒါတရားပြည်စုံသူတွေပါမိုးကုတ်မြို့ရဲ့တပို့တွဲလထမနဲပွဲရဲ့ရာသက်ပန်အလှူရှင်အဖြစ်လဲတာဝန်ယူထားပါတယ်အပြစ်မဲ့မတရားသတ်ခံခဲ့ရတာပါဒီတရားခံအစစ်တွေအမှန်အတိုင်းပေါ်ယင်တော့တနွယ်ငင်တစင်ပါသလို တိုင်းပြည်လည်းသန့်သွားမယ်အခြားကျူးလွန်ထိမ်ချန်ထားတာတွေလဲပေါ်ပေါက်လာမယ်ထင်ပါတယ်တရားခံအစစ်တွေမိပြီးအမှုမှန်ပေါ်ပါစေဆုတောင်းပါတယ်

မျီုး ချစ် said...

ရဲလဲသိက္ခာ မကျအောင် ပြည်သူလဲကျေနပ်အောင် တကယ့်တရားခံ မဟုတ်တဲ့လူတွေ ကို တရားခံ အမည်တပ်ပြီး ယုတ်တိရှိအောင် လူစားထိုး ဇာတ်လမ်းဆင်လို့ ရတယ်နော့ သဘောပေါက် ။

Unknown said...

" ရာဇဝတ်ဘေး ပြေးလျှင်လွတ်သည် တဲ့ " ကိုမာဂျေ ရေးထားတဲ့ ဆောင်းပါးလေးကို သတိယမိပါတယ် ။ ( အဲ့ဒါ တစ်ကယ်လားဟင်?)

Unknown said...

လူသတ် တရားခံ အမြန်ပေါ်ပါစေ

ဖိုးဖိုးကြီး said...

အမှန်တရားဆိုတာပေါ်လာမှာပါ။ဘယ်လိုဘဲဖုံးကွယ်ကွယ်/တစ်နေ့တော့ပေါ်
လာမှာမုချမလွှဲဧကန်ဘဲ။။ မြန်မာနိုင်ငံကတပ်မတော်ထောက်လှမ်းရေး
(ယခင်)နှင့်အင်းစိန် C I D တို့သည်အမှု့ဖေါ်ထုတ်ရာမှာ ကမ္ဘာမှာနံပါတ်(၃)နေရာတောင်ရထားတယ်လို့ဆိုထားပါတယ်။ ဒါကြောင့် C I D ကကိုင်နေပြီဆိုရင်အဖြစ်မှန်ပေါ်လာတော့မှာပါ။ အဖြေမှန်မထွက်ခင်-ဝေဖန်တာဟာမည်သူ့ကိုဘဲဖြစ်နေပစေ၊၄င်းတို့၏ကိုယ်ကျင့်သိက္ခာနဲ့ဂုဏ်သိက္ခာကိုညိုးနွမ်းစေတဲ့အတွက်-မပြုလုပ်သင့်ဟုယူဆပါ
တယ်။ အဖြစ်မှန်ပေါ်တဲ့အခါ မည်သူမည်ဝါဖြစ်သည်ဆိုပါက-ကြိုက်သလို
ပြောဆိုပြုလုပ်နိုင်ပါတယ်။ အချိန်ကိုစောင့်ပေးလိုက်ကြပါ။ လူတိုင်းစိတ်ဝင်းစားပြီး မကျေမနပ်ဖြစ်ခဲ့ကြရသော၎င်း(၅)လောင်းပြိုင်လူ
သတ်မှု့ကြီး အဖြစ်မှန်ပေါ်ပါစေသား။

Unknown said...

ရဲတွေသေအောင်ကြိုးစားလဲ... အဲဒီအမှုက နောက် ၁၀နှစ်လောက်နေတောင် ပေါ်ပါ့မလား....

စိုင်းစိုင်း said...

သတင်းမှာဖော်ပြထားတဲ့ ဂျာနယ်စာရွက်ကို ဖြစ်နိုင်ရင် ပီပီပြင်ပြင်ဖြစ်အောင် ပြန်တင်းပေးစေချင်ပါတယ် အဲဒီလူသတ်မှုအကြောင်းက စိတ်ဝင်စားစရာကောင်းလို့ပါ။ အရင်တုန်းက မဖတ်လိုက်ရလို့ပါ။ ကျေးဇူးပြုပြီးတင်ပေးစေချင်ပါတယ်။ အဲဒီတုန်းက ဂျာနယ်တစောင်မှာ
ရဲမှူးကြီးတစ်ယောက်က တရားခံကို သိထားပြီးပါပြီ မကြာခင် တရားဝင်ထုတ်ပြန်ပါမယ့်လို့ ပြောဆိုထားတာလဲ ဖတ်ဖူးပါတယ်
အချိန်အနည်းငယ်အတွင်းမှာ ထုတ်ပြန်မယ်ပြောပြီး သတင်းအစအန ပျောက်သွားတာ ခုချိန်ထိပါပဲ။ အဲဒါတွေကိုထောက်ရင်တော့ soe ပြောတာ ဖြစ်နိုင်ချေ တော်တော်များပါတယ်။ ထောက်လဲထောက်ခံပါတယ်။

zawgyimin said...

ဒီအကြောင်းကို ကြားလိုက်မိတယ်။
ဒါပေမ`့ သေသေချာချာ မသိလိုက်ရဘူး။
အခုလည်းတွေ့လို့ ဖွင့်ထားတာ 2 ရက်ရှိပြီ။
လုံးဝတက်မလာဘူး။ဖြစ်နေတယ်။
သေသေချာချာသိရင် တင်ပေးကြပါဦးနော်။

Unknown said...

အပေါ်က သတင်းက ဘယ်ဂျာနယ်မှာပါတာလဲမသိဘူး။ သိတဲ့သူများ တင်ပေးကြပါ။

Unknown said...

ပြည်သူ့ရဲဆိုတာ ကိုယ်နှင့်ရင်းနှီးစားသူတွေထံမှာ ဆက်ကြေးကောက်ဖို့နဲ့ လိုင်စင်မဲ့ အရက်ဆိုင်တွေမှာ အလကားသောက်ဖို့၊သူခိုးတို့ ခါးပိုက်နှိုက်တွေဆီက ဝေစုခွဲဖို့အလုပ်ရှုပ်နေကြတယ်လေ။ ပြည်သူ့ဆီကရတဲ့လခနဲ့ပြည်သူကို အရိုးကွဲအောင်လုပ်ဖို့ကို သင်တန်းဆရာတွေ သင်ပေးတာ ယနေ့ချိန်ထိ မပျောက်သေးဘူး။ ဒီကောင်တွေထဲမှာ ဒုရဲအုပ်လောက်ဆိုရင် ငွေသိန်း ၄၀၀နှင့်၅၀၀ ကြားပိုင်ဆိုင်ထားတဲ့လူတွေမနည်းဘူး။ နိုင်ငံတော်မှ တာဝန်ရှိလူကြီးမင်းများ စီစစ်ပေးပါအုန်း။

Ko Ye said...

မြန်မာ နဲ့ ကမ္ဘာမှာ စစ်အာဏာ၇ှင်တွေကျဆုံးပါစေ

ကောင်းစေချင်သူ said...

ရှင်းပါတယ်။
မလိုက်လို့ မပေါ်တာပါ။ လိုက်ရင် ပေါ်ပါတယ်။
မဖေါ်လို့ မပေါ်တာပါ။ ဖေါ်ရင် ပေါ်ပါတယ်။
မလိုက်ရဘူးဆိုလို့ မလိုက်တာပါ။
မဖေါ်ရဘူးဆိုလို့ မဖေါ်တာပါ။
ဒါပါဘဲ။။။။

Unknown said...

အော်....မတော်လောဘတော်တော်ကြီးတဲ့သူတွေဘဲ...လူသတ်တရားခံတွေကိုသိနေတာဘဲမြန်မြန်ဖမ်းပေးကြပါနော်...

lovelyboy said...

အဲဒီအမှုကအစကတည်းကပေါ်ပြီးသားပါ htun tauk ရေးထားသလို ပလိပ်တွေ အိပ်နေတာမဟုတ်ပါဘူး ကျွန်တော်ရဲအရာရှိတစ်ယောက်ပါ ဥပဒေအထက်မည်သူမှမှရှိ ဆိုပေမဲ့ အဲဒိကလူသတ်သမားက ဥပဒေအထက်ကလူဖြစ်နေလို့မဖေါ်တာပါ အခုကျွန်တော်တို့နိုင်ငံက ရဲတပ်ဖွဲ့ကို ချောင်ထိုးခံထားရတာပါ 8888 မှာတုန်းကလည်းဆန္ဒပြတဲ့အထဲမှာ၇ဲထပ်ဖွဲ့က ရှေ့ကပါဝင်ပြီး ချီတက်ခဲ့တယ် အဲဒီနောက်ပိုင်းမှာအခုလို ချောင်ထိုးခံ၊ အနှိမ်ခံ ဖြစ်နေတာပါ ပြောချင်တာကတော့ ဘယ်လောက်ပဲပွင့်လင်းမြင်သာပါတယ်ပြောနေနေ အစိမ်းရောင်ရဲ့လွှမ်းမိုးမှု ကရှိနေတော့ အဲဒီအမှုဟာလဲ ဒီအတိုင်း ပဲမသိချင်ယောင်ဆောင်နေရတာပါ ရဲတပ်ဖွဲ့ကိုတော့အမြင်မစောင်းပါနဲ့

Unknown said...

မှန်ကန်တဲ့ ဘက်တော်သားသာလျှင် တရားဥပဒေ စိုးမိုးရေးဘက်တွင်ရှိရမယ် .... အသားထဲက လောက်ထွက်တဲ့ ကိစ္စတွေ ပြင်သင့်ဘီး....
မီးကလောင်ပြီးမှ ငြိမ်းတာနဲ့ မလောင်ခင်တားတာ ဘယ်အရာပိုကောင်းမလဲ?

Unknown said...

ဒီခေတ်ကြီးမှာလဲဒါတွေရှိတုန်းဘဲလား။ ပြောတော့ဥပဒေအထက်မှာဘယ်သူမှမရှိဘူးဆို။အဲ့ဒါကြောင့်ဒို့နိုင်ငံမတိုးတက်တာ ။

Unknown said...

တစ်နေ့တော့သူတို့အလှည့်ရောက်လာမှာပါ။ဝဋ်ဆိုတာနောင်ဘဝမဟုတ်ဘူးဒီဘဝနဲ့တင်လှည်မှာ။သူတို့ဆရာဦးနေဝင်းကိုဘဲကြည့်ပါလား။ဒီဘဝနဲ့တင်ခံသွားရတယ်။

Unknown said...

တကယ်တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကိုရဖို့ ဘာလုပ်သင့်သလဲဆိုတာ သိသင့်နေပြီ
ရဲတပ်ဖွဲ့ကြီးလည်း အကြောက်တရားကင်းကင်းနဲ့ အမှန်တရားဘက်က မားမားမတ်မတ်ရပ်တည်နိုင်ပြီး အကျင့်ပျက်ချစားမှုကင်းရှင်းတဲ့ ပြည်သူချစ်သော ရဲတပ်ဖွဲ့
အဖြစ် အချိန်တိုတိုအတွင်း ရပ်တည်နိုင်ပါစေ။

(ရဲဝန်ထမ်းဟောင်းတစ်ဦး)

ေ၇ာသမမွှေ said...

I hate all of than shwe family

ေ၇ာသမမွှေ said...

I hate all of than shwe family

Zaw Htet said...

အမှူပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ ၀ဋ်ဆိုတာလည် တတ်တဲ့သဘောရှိပါတယ်။ ယုတ်နိုင်လှဒီတစ်သက်ပေါ့ လုပ်နိုင်လှဒီတစ်သက်ပေါ့ ။ သတ်ခဲ့တဲ့လူလည်း စိတ်အေးအေးနဲ့ အိပ်နိုင်မယ်ထင်သလား ၊ 95 တုန်းကသံဃာတော်တွေကို ရိုက်ခဲ့တဲ့
သူတွေလဲ သွေးအံပြီးသေကုန်ပြီ ၊ ယုတ်တဲ့သူရော လုပ်တဲ့သူရော တစ်ချိန်ချိန်မှာ ခံရဦးမှာပါ။ ကံ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရားဟောထားတာပဲ ။

Unknown said...

သူပြုတဲ့ကံသူခံရမှာပါ။

Unknown said...

အေးဟုတ်တယ် မင်းပြောတာမှန်တယ်

Powered by Blogger.