တရားရုံးတွေနဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီစတွေ့ပြီ

စစ်ဆေးမှုတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ
တာမွေတရားရုံးရှိ အချုပ်ခန်းအား ဝင်ရောက် စစ်ဆေးရာ အချုပ်ခန်းထဲတွင် မိသားစုတစ်စုလုံး အဖမ်းခံနေရသည့် အပြင် အရွယ်မရောက်သေးသည့် အပြစ်မဲ့ ကလေးပါမကျန် အချုပ်ခန်းတွင်း မလိုလားအပ်ဘဲ တွေရှိခြင်းနှင့်ပါတ်သက်ပြီး ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိသားစုတစ်စုလုံး အဖမ်းခံနေရပုံ


တရားရုံးတွေနဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီစတွေ့ပြီ တရားရုံးတွေနဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီစတွေ့ပြီ Reviewed by သစ်ထူးလွင် on 03:08 Rating: 5

10 comments:

Numega said...

စနစ်ဆိုးကို ကျင့်သားရနေသော မပြောင်းလဲနိုင်သေးသော ၀န်ထမ်းများဟုပင် ကင်ပွန်းတပ်လိုပါသည်။

သူတို့၏ အသိမှာ ၁ + ၁ =၂ သာဖြစ်သည်။

၁ + ၁ = သည် ၂ ထက် အများကြီးပိုနိုင်ပါသည်။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

shein said...

ကြိုပြောပြီးသွားစစ်လို့ကတော့ အဘ ဘားမှ တွေ့မှာမဟုတ်ဘူး။

chitthu said...

ဥပဒေသမားလည်း နားမလည်လို့ဖြစ်မှာပါ။ တစ်ကယ်နားမလည်လို့ပါ။ ခွင့်လွှတ်ပေးပါ။ ဒီလိုနားမလည်တဲ့ ဥပဒေသမားတွေ အများကြီးရှိနေသေးလို့ ဥပဒေအရ မတရားမှုတွေ အများကြီးဖြစ်နေရတာပါ။ ဒီခေတ်ဥပဒေသမားအများစုက ရှေ့နေလုပ်မယ်။ တရားမမှုကို များများရနိုင်သလောက်လိုက်မယ်။ ပိုက်ဆံရှာမယ်။ ဆိုတဲ့ အတွေးတွေ ရည်ရွယ်ချက်တွေနဲ့ ဥပဒေကျောင်းတတ်ခဲ့ကြပါတယ်။ ခွင့်လွှတ်ပါတယ် ဥပဒေသမားများရယ်။

kan said...

သူတို့ ဥပဒေပညာမဆိုထားနဲ့ အထက်တန်းကိုတောင်တက်နှိုင်ခဲ့ကြရဲ့လား။ပြည်သူတွေက ဥပဒေကို အဲလောက်နားလည်နေရင် ဒင်းတို့တွေ ဘယ်ကလာ ဒီအလုပ်နဲ့ ထမင်းစားရမှာလဲ ၊ ကြီးပွားကြမှာလဲ အယူခံဝင်ရမယ်ဆိုတာမသိတော့လို့ ဒီစစ်ဆေးရေးအဖွဲ့သာမလာခဲ့ရင် ဒီထဲမှာပဲ အကြာကြီးနေကြရတော့မှာလား။ ဥပဒေဟာ မသိနားမလည်တဲ့ပြည်သူတွေအတွက် ဘဝသေစေတဲ့လား။ ကြည့်လုပ်ကြပါ ကိုရွှေမြန်မာတို့ရယ် ကိုယ့်သား သမီးတွေကို ကိုယ်တိုင် ကျွန်ပြုနေကြတာလား။

Unknown said...

ပဲခူး တရားရုံးလဲလာစစ်ဆေးပေးပါ

လူ့အခွင့်အရေးတွေချိုးဖေါက်ခံနေရပါတယ်

အချိန်မှီလုပ်ပေးပါ

တနိုင်ငံလုံး အရေးကြီးပါတယ်

Unknown said...

အဲဒီမိသားစုကို အာမခံမပေးသေးတာဟာ တကယ်တော့ (ရှင်းရျင်းပြောရရင်)
ငွေမပေးလို့ပါ ။ သူတို့ရုံးတွေမှာရေးထားတာဘဲ " ငွေပေး ရန်မလို "တဲ့
ဒီတော့ ရှင်းရှင်းလေးဘဲ ငွေမပေးလို့ ရန်လိုနေတာ ဖြစ်မှာပေါ့ ။

Unknown said...

အဲဒီမိသားစုကို အာမခံမပေးသေးတာဟာ တကယ်တော့ (ရှင်းရျင်းပြောရရင်)
ငွေမပေးလို့ပါ ။ သူတို့ရုံးတွေမှာရေးထားတာဘဲ " ငွေပေး ရန်မလို "တဲ့
ဒီတော့ ရှင်းရှင်းလေးဘဲ ငွေမပေးလို့ ရန်လိုနေတာ ဖြစ်မှာပေါ့ ။

Unknown said...

ဒီလိုလုပ်သင့်တာကြာနေပါပြီ

3H said...

အာမခံလျှောက်မယ်ဆိုရင် ဥပဒေအရာရှိ(အရပ်အခေါ် ဆွဲချကို အာမခံရနိုင်တဲ့ ပုဒ်မနဲ့ ဆွဲချက်တင်ပေးဖို့ လဘ်ပေးရမယ်) .. ပြီးရင် .. တရားသူကြီးကိုပေးရမယ် .. ရဲ ကိုပေးရမယ် ..
ကဲ .. မလျှောက်လို့ မပေးတာဆိုတဲ့ .. ဥပဒေအရာရှိရေ .. လျှောက်ရင်လဲ အဲဒါတွေ ပေးရတယ် မဟုတ်ဘူးလား ပြောပါဦး

ဖိုးဖိုးကြီး said...

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အား
လွှတ်တော်တွင်တင်ပြနိုင်ရန်ကိစ္စတရပ်ကိုတင်ပြလိုပါတယ်။ရှေ့နေချုပ်ရုံးမှအသက်ပြည့်ပင်စင်ယူထားကြသောဥပဒေအရာရှိတော်တော်များများသည်ပြင်ပတွင်ရှေ့နေလိုက်ခြင်းအလုပ်ကိုလုပ်ကိုင်နေပါတယ်။၎င်းတို့အားရှေ့နေလိုက် ခြင်းမှရပ်စဲခြင်း/၄င်းဝန်ထမ်းမျိုးများကိုရှေ့နေလိုက်ခြင်းကိုခွင့်မပြုသင့်
ကြောင်း။အကြောင်းမှာ ၄င်းတို့၏ယခင်အရှိန်အဝါနှင့်တရားသူကြီးများကို
၎င်းတို့လိုက်သောအမှု့အောင်နိုင်ရေးအတွက် ဖိအားများပေးသည်ဟုသိရှိရ
ပါသည်။တရားသူကြီးဖြစ်လာသူအများစုမှာ ၄င်းတို့၏သင်ဆရာများဖြစ်နေ
သောကြောင့် မှားသည်ဖြစ်/မှန်သည်ဖြစ်စေ-အကုန်အနိုင်ရစေ ဆိုသလိုဖြစ်
နေပါသည်။ဒါကြောင့် တရားဥပဒေ ဆိုသည် အဘယ်သို့ရောက်ကုန်ပြီးလဲ-
အမှန်တရားဆိုသည်မှာ မည်သို့ဖြစ်သွားမည်နည်း။ ဒါကြောင့် ရိုးရိုးသာမန်
ရှေ့နေစာမေးပွဲဖြေဆိုအောင်မြင်လာပြီး၊ရှေ့နေဖြစ်လာသူများကိုသာ ရှေ့နေ
လုပ်ခွင့် ပေးမှသာ တရားဥပဒေ အမှန်ဖြစ်လာပါမည်။ရှေ့နေချုပ်ရုံး/တရား
ရုံးချုပ်များ/တရားရေးဌာန/တရားသူကြီး(ပင်စင်) များအားလုံးကိုရှေ့နေပြု
လုပ်ခွင့်မသင့်ကြောင်း။ တရားခွင်တွင်တရားသူကြီးသည်ရှေ့နေ(၂)ဖက်တို့
၏ သူနိုင်/ကိုယ်နိုင် အပြိုင်ပြောဆိုကြခြင်းကို အတားအဆီး/အနှောက်အ
ယှက်ကင်းကင်း/ဖိအားပေးခြင်း စသည့်ကိစ္စရပ်များမရှိမှသာလျှင်အမှု့စီရင်
ရာတွင်မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပါမည်။ပြည်သူ့လွှတ်တော်ဥက္ကဌကြီးသူရဦး
ရွှေမန်း ပြောကြားခဲ့သည်မှာ-ဥပဒေအထက်တွင်မည်သူမျှမရှိပါ-မှန်မှန်ကန်
ကန်စီရင်ဆုံးဖြတ်ပါ။တရားသူကြီးလည်းမမှန်မကန်ဆုံးဖြတ်ပါကအရေးယူခြင်း
ခံရပါမည်။ ဆိုသည်မှာ-တရားသူကြီးသည်ဥာဏ်ပညာအမြှော်အမြင်ပြည့်ဝ
သူဖြစ်မှသာ မှန်ကန်စွာဆုံးဖြတ်နိုင်မည်။ မှားယွင်းစွာဆုံးဖြတ်မိပါက-တဖက်
သားအဖို့နစ်နာဆုံးရှုံးမှု့များဖြစ်လာနိုင်သည့်အပြင်၊ဘဝမှာဆုံးရှုံးမှု့ပေါင်း
များစွာကိုခံစားကြုံတွေ့ရနိုင်ပါသည်။
အသက်(၅၅)နှစ်အရွယ်-လူလတ်ပိုင်းတစ်ဦးသည် စဉ်းစားတွေးခေါ်မှု့များ
နှင့်ဆုံဖြတ်မှု့များသည် တရားသူကြီးများထက် သာလွန်သည့်အပြင်၊မျှတ
စီရင်ဆုံးဖြတ်ရာတွင်နှစ်ဖက်မျှတစွာ ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ပါ
သည်။သို့သော် ထိုပုဂ္ဂိုလ်သည်မိမိအထက်တွင် အမှု့ကိုပြောင်းပြန်လှန်နိုင်
သောသူရှိနေလျှင် ၄င်းတရားဥပဒေကိုမလုပ်ချင်ပါ။ ဥပဒေသည်မမျှမတဖြစ်
သွားနိုင်သည်။ တရားဥပဒေအမှန်အကန်ဖြစ်ပေါ်လာရန် တရားမျှတသော
လူချွန်လူကောင်း(လာဘ်မစားသူ/ကိုယ်ကျင့်တရားကောင်းမွန်သူ/ကိုယ်ချင်း
စားတရားရှိသူ/ကြီးသောအမှု့ သေးစေခြင်း/သေးသောအမှု့ကို ပပျောက်
စေခြင်း/တရားခံနှင့်တရားလို တို့အပေါ်ဘက်လိုက်မှု့မရှိခြင်း)ပေါ်ထွန်းလာ
ရန်အထူးလိုအပ်ပါသည်။

Powered by Blogger.