ဘုရားဖူးတောင်သူများကို မြစ်မကူးနိုင်အောင် အာဏာပိုင်များ တားမြစ်ထား

လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်းဒေသမှ ဘုရားလာသည့် ဒေသခံများကို မုံရွာမြို့ ဘက်မလာနိုင်အောင် အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သိရပါ တယ်။

စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီ အချိန့် ခန့် ကတည်းက ရောက်ရှိနေတဲ့ ၀က်မှေး၊ ဆည်တည်း စတဲ့ ကျေးရွာများက တောင်သူ လယ်သမားတွေဟာ မုံရွာမြို့  ဆုတောင်းပြည့် ဘုရားဖူးရန် အတွက် လာရောက်စဉ်မှာ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ တားမြစ်ခံထားရတာဖြစ်ပါတယ်။

အဆိုပါ လယ်သမားတွေ ချင်းတွင်းမြစ်ကို ဖြတ်မကူးနိုင်အောင် အာဏာပိုင်တွေက ကူးတို့ ဆိပ်ရှိ စက်လှေများကို ကူးသန်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဘုရားဖူးလာတဲ့ တောင်သူလယ် သမားတွေကတော့ ချင်းတွင်းမြစ်ကို ဖြတ်ကူးခွင့် ရဖို့  အတွက် အခုချိန်ထိ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းသိရပါတယ်။


ဘုရားဖူးလာတဲ့ တောင်သူများ
မုံရွာမြို့ ဆုတောင်းပြည့်ဘုရားဖူးရန်  ၀က်မှေး ဆည်တည်းစသည်ကျေးရွာများ တောင်သူလယ်သမားများ ချင်းတွင်းမြစ်ကူးရန်အတွက် စောင့်ဆိုင်းနေစဉ် - ဓါတ်ပုံ Aung Nay Myo

ဘုရားဖူးတောင်သူများကို မြစ်မကူးနိုင်အောင် အာဏာပိုင်များ တားမြစ်ထား ဘုရားဖူးတောင်သူများကို မြစ်မကူးနိုင်အောင်  အာဏာပိုင်များ တားမြစ်ထား Reviewed by သစ်ထူးလွင် on 12:48 Rating: 5

12 comments:

gold said...

ဥပဒေမဲ့လုပ်ရပ်များ အာဏာရှင်လုပ်ရပ်များ ကိုအများဆုံး လုပ်နေသောစစ်ကိုင်းတိုင်းဒေသကြီးမှတာဝန်ရှ်သူများကို မည်သူကများအရေးယူပေးနိုင်မလဲဆိုတာပြည်သူတွေက စောင့်ကြည့်နေပါတယ်။

Unknown said...

အရမ်းဆိုးရွားတဲ့ လူ့အခွင့်ရေး ပိတ်ဆို့မူပါပဲ.....!

mgmyanmar said...

ဘုရားဖူးမယ့် ပုံစံတွေ ဟုတ်လို့လား။ ဗုဒ္ဓက သံသရာပြတ်အောင် ဟောတယ်။ မြန်မာတွေက သံသရာကို ဆုတောင်းတယ်။ ဗုဒ္ဓက လောဘ၊ ဒေါသ၊ မောဟတွေကင်းအောင် ဟောတယ်။ မြန်မာတွေက လောဘ၊ ဒေါသ၊ မောဟတွေ များအောင် လုပ်တယ်။ တစ်နိုင်ငံ တရားလက်လွှတ် ဖြစ်နေကြတယ်။ အမည်ခံ ဗုဒ္ဓဘာသာတွေ၊ နောက်နှစ် ၅၀ လောက်ဆိုရင် ဗုဒ္ဓတရား အစစ်အမှန်ကိုတောင် ဘယ်သူတွေက မှန်မှန်ကန်ကန် ဟောလို့ ဘယ်သူတွေက နာနိုင်ကြဦးမှာလဲ။ သတိနဲ့ ဆင်ခြင်ကြည့်ကြပါ။

mgmyanmar said...

သွားရမှာက ဘုရားမဟုတ်ဘူး၊ ဘုရား သွားရင် အမှန်တကယ် ဘာဝနာ ပွားများနေသူတွေကို အနှောင့်အယှက်ဖြစ်ပြီး အကုသိုလ်များနေမယ်။ သွားရမှာက တိုင်းဒေသကြီး လွှတ်တော်ရှေ့ကို သွားပြီး တောင်းဆိုသမျှ မပေးမချင်း မပြန်ဘူးဆိုပြီး ထိုင်နေ၊ အိပ်နေကြ။ အဲဒါမှ မရရင် ...........

Unknown said...

ဆိုးရွားတဲ့လူ့အခွင့်အ ရေးချိုးဖောက်မူပါ! ဘုရားဖူးတာတောင် ခွင့်မပြုဘူးဆိုတော့ ဘာ့ကြောင့်ဒီလောက် ကြောက်နေတာလဲ?

Unknown said...

ဘာကြောင့်တားတာပါလိမ့်

ကိုမှန်ကြီး said...

ဆုတောင်းပြည့်ဘုရားကို သွားဖူးကြမှာဆိုတော့
ဦးပိုင်နဲ့ဖိုးတရုတ်ကြီးတို့ကို မြန်မြန်သေပါစေလို့
ဆုတောင်းကြမှာကို ကြောက်လို့မသွားနိုင်အောင်
ပိတ်ပင်တာဖြစ်မှာပါ...
ဒါလေးများ ခက်သလားလို့ ရေလမ်းကသွားမရလည်း
ချင်းတွင်းမြစ်ကူးတံတားကနေ ကားအပြတ်ငှားပီး
သွားလိုက်ပေါ့..အဲဒီ မုံရွာဆုတောင်းပြည့်ဘုရားရောက်တော့မှ
တောင်းချင်တဲ့ဆုတွေ တစ်နေကုန်အောင် တောင်းကြပေါ့..

Unknown said...


ဝက်မှေး၊ဆည် တည်းရွာကလူတွေပြောင်းမှာကိုတားထားတာ၊ အနိင်ကျင့်တာ
တွေရွာသာူးတွေကြားမှာရှိတယ်လို့ကြားတယ်။။။။။။။။။

Anonymous said...

တရုတ် Company , ဦးပိုင်တို့ရဲ့အကျိုးစီးပွားနဲ့ အမျိုးဘာသာသာသနာ
ဘာကိုဦးစားပေးသင့်သလဲ စဉ်းစဉ်းစားစားလည်းလုပ်ကြပါ အာဏာပိုင်ဆိုတဲ့အကောင်တွေရယ်..အဲလေယောင်လို့...လူကြီးမင်းတို့ရယ်.

tint said...

မကောင်း

cocar said...

ပေးသွားလိုက်ပါ။ ဘုရားရှိခိုးပြီးပြန်မှာပါ။

ဗိုင်းရပ်မေ said...

ဲမြန်မာပြည်မှာ အရမ်းမုန်းတီးစက်ဆုပ်ဖို့ကောင်းတဲ့ အနိုင်ကျင့်မှုပါပဲဗျာ အလွန်ကျက်သရေတုန်းသော အနိုင်ကျင့်မှုပါပဲ ဒီဦးပိုင်နဲ့ သူတောင်းစားတရုတ်တွေက မြန်မာလူထုကို ဘယ်ချိန်ထိဒုက္ခပေးကြဦးမှာလဲ လယ်မရှိမှတော့ သူတို့ဘယ်လိုများ ထမင်းစားကြမှာလဲဟ
(သစ်ထူးလွင် ဆိုဒ်ကို ကြိုက်တယ်ဗျာ)

Powered by Blogger.