ဒီဗွီဘီ ၀၅ စက်တင်ဘာ ၂၀၁၂
အရင် စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌာန်းထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့ အချိန်ထိ တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်က ပြောပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌာန်းထားပေမယ့် ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။
လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ယောက်ထားတာကို များတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး သူက အီတလီမှာ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ၆ ပါး၊ ထိုင်း ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ စင်ကာပူ ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ၀န်ကြီး ၆ ပါး၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၆ ပါး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၁၂ ပါးအထိ ခန့်အပ် အလုပ်လုပ်နေတယ် ဆိုပြီး ရှင်းပါတယ်။
DVB TV News

ပြည်ထောင်စုဝန်ကြီးများ လခ တလ ကျပ် ၆ သိန်းသာ ရရှိ
Reviewed by သစ်ထူးလွင်
on
13:51
Rating:
4 comments:
ခွင့်ပြု လစာ အတိုင်း မခံစားဘူး ဆိုတော့ အခြား ၀င်ငွေများ ရရှိနေလား ဆိုတာ သံသယံ ရှိစရာပါ။ ပိုင်ဆိုင်မှု တင်ပြ ပါ ဆိုတော့ လဲ နေ့ ရွှေ့ ညရွှေ့ နဲ့ တကယ် ရိုးသားပြီး တိုင်းပြည်အတွက် အလုပ်လုပ်ချင်တယ် ဆိုရင် ခွင့်ပြု လစာ ၀န်ကြီး သိန်း ၃၀ ၊ ဒုတိယ ၀န်ကြီး သိန်း ၂၀ ခံစားပြီး ဘက်မလိုက်ဘဲ အလုပ်လုပ်ပြပါလား ၊ တိုင်းပြည် အမှန်တကယ် တိုးတက်လာပါလိမ့်မယ် ။
လစာကတော့(၆)သိန်းပါပဲ။ခံစားခွင့်ကတော့သိန်း(၆ဝဝဝ)ဆိုရင်
လည်းဘယ်တရားမလဲ။နအဖတုန်းကလိုဝန်ကြီးဖြစ်တာနဲ့နန်း
တော်တိုက်ကြီးတလုံး။သိန်းထောင်ကျော်တဲ့လင်ခယူစာကားကြီး
ကနှစ်စင်းပြည်သူလူထုကိုတဂါလံ(၄ဝဝဝ)ကျပ်နဲ့ရောင်းပေးတဲ့
အောက်တိန်းဓာတ်ဆီကနိုင်ငံတော်ဘဏ္ဏာငွေကနေတလကို
ဝန်ကြီးတပါးလျင်ဂါလံ(၅ဝဝ)ဒီဇယ်ကဂါလံနှစ်ရာကျခံပေးစေ
ဆိုတော့စီးပွားရေးအကျန်ဘေးကြီးများတွက်ချက်ကြည့်ပါအုံး
သိန်း(၃ဝ)ဘယ်ယူတော့မလဲနော။
မြန်မာပြည်မှာ ချမ်းသာလို့ဝန်ကြီးလာလုပ်တာဘယ်နှစ်
ယောက်ရှိလို့လည်း
ဝန်ကြီးဖြစ်မှချမ်းသာလာတာချည်းငြင်းချင်တဲ့သူရှိရင်လာခဲ့
ဝန်ကြီး တွေ ချမ်းသာပြီး နိုင်ငံကတော့ ကြွေးတင် ဆင်းရဲနေတယ်....
Post a Comment