ပန်းရဲ့ လမ်း မကွေး ရှင်းတမ်း

၁၀-၉-၂၀၁၂ နေ့တွင် ပန်း ရဲ့ လမ်း ဖျော်ဖြေရေး အလှူခံအဖွဲ့အား ကူညီပေးသူ ဦးမောင်မောင်စိုး ကို မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး မှ တရားလိုပြုလုပ်ပြီး မကွေးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုကြောင်း သတင်းရရှိပါသည်။

ယင်း အမှုအား မကွေးမြို့နယ် တရားသူကြီးရုံးသို့ သွားရောက်စုံစမ်းခဲ့ပါသည်။ မြို့နယ်တရားရုံး၏ တာဝန်ရှိသူ တစ်ဦးမှ တရားစွဲဆိုခြင်းဟုတ်မှန်ပါကြောင်း၊ ၎င်း အမှုအား ၂၀၁၂၊ စက်တင်ဘာ(၁၇)ရက်နေ့တွင် ပြန်လည်ရုံးချိန်းလိုက်ကြောင်း ပြောဆိုပါသည်။

ထို့ကြောင့် ဤ (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း)  ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ တွေ့ဆုံမှုမှာ ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦးထံသို့ သွားရောက်မေးမြန်း၍ သတင်းရယူခဲ့ပါသည်။ ထို တာဝန်ရှိသူမှ ပြောဆိုသောစကားများအား ကောက်နုတ်ဖော်ပြလိုက်ပါသည်။ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပန်းရဲ့ လမ်း နဲ့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့ တွေ့ ဆုံ ညှိနှိုင်းစဉ်


ပန်းရဲ့ လမ်း မကွေးမြို့ မှာ ဖျော်ဖြေစဉ်

ပန်းရဲ့ လမ်း မကွေး ရှင်းတမ်း ပန်းရဲ့ လမ်း မကွေး ရှင်းတမ်း Reviewed by သစ်ထူးလွင် on 13:56 Rating: 5

11 comments:

Unknown said...

ညစ်ပတ်တဲ့အကွက်ကမ်းကုန်အောင်တတ်ပါတဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ရယ်

zzmyoe said...

ကိုယ်လူမျိုးအချင်းချင်း ကူညီစောင့်ရှောက်တာတောင် လိုက်ပြီးပတ်ဆို့နေတာ မရှက်တတ်တဲ့ လူတွေဘာလားဟင်၊ကိုယ်ကိုတိုင်တောင် ဘာမှမကူညီဘဲနဲ့ မကွေးတိုင်းအတွင်းမှာ တော်တော်အခြေအနေ ဆိုးနေတယ်၊သမတ က ရှေ့ကနေ ဘယ်လောက်လုပ်လုပ် အုပ်ချုပ်ရေးမှုးကို တော့ထားခဲ့ မှရတော့မယ်။










Anonymous said...

မြန်မာပြည်မှာ အစိုးရနဲ့ 
ပိုင်အောင်ပေါင်း၊ကိုယ်ကျိုးရှာ
ဘာပြဿနာမှမရှိ။
အများအကျိုးအတွက်
သွားမလုပ်နဲ့  ပြဿနာရှာ၊
တရားစွဲခံရလိမ့်မယ်။

Unknown said...

အဲဒိအုပ်ချုပ်ရေးမှုးတွေက သူတို့ကောက်တဲ့ပိုက်ဆံကိုရော စာရင်းရှင်းပြခဲ့ဘူးလားလို့မေးကြည့်ချင်တယ်

tertee said...

ဘယ်အလှူခံအဖွဲ့  လာ လာ အဲဒီလိုတပြေးညီလုပ်မှာပါလားခင်ဗျာ
အဲဒီလိုလုပ်ဖို.ကိုရော မည်သူကညွှန်ကြားပြီး..အစည်းအဝေးဆုံးဖြတ်ချက် အမှတ်ဘယ်လောက်နဲ.
ဘယ်တုန်းက သတ်မှတ်လိုက်တာပါလဲ..
အဲဒီလိုလုပ်ခွင်. စည်းမျဉ်းစည်းကမ်း..နည်းဥပဒေ များရော ရှိပါသလားခင်ဗျား…
ကျနော်တို့ လှူချင်တာ က ကိုရဲလွင်တို့  အဖွဲ့ ကို ယုံကြည်မှုနှင့် စေတနာပြတ်စွာလှူဒါန်းခြင်းသာဖြစ်ပါတယ်
ကြံ့ ဖွတ်ကလာအလှူခံ ရင် ထည့်မည်မဟုတ်ပါ…မြို့ နယ်အာဏာပိုင် အဖွဲ.အနေနှင်. အလှူခံလဲ မထည့် လိုပါ
ယုံကြည်မှုမရှိသည့်အတွက်ဖြစ်ပါသည်…..

မမမေ said...

ပရဟိတ လုပ်တာလည်း ကြည့်လုပ်ကြပါ၊
မလိုရင် အမှူဖြစ်တတ်ပါတယ်၊
ဒါပေမဲ့ ရှေ.ဆက်လုပ်ကြပါ၊
သူတို့က ရတဲ့ငွေတွေ ပေးလိုက်ရမှာ
နှမျှော်နေပုံရပါတယ်၊

Unknown said...

မကွေးဝန်ကြီးချုပ်သေရင်ဒယ်အိုးထဲဘဲ။

Anonymous said...

ူသူတို့အကျင့်ကအရိုးစွဲနေလို့ပါ။

Unknown said...

ဘာကြောင့် အုပ်ချုပ်ရေးမူးက အလျှူခံရတဲ့ ငွေကိုဘဏ်မှာ အပ်ခိုင်းရတာလဲ၊

ပန်းရဲ့လမ်းက အလျှူခံရတဲ့ငွေတွေကို လူအများအလည်မှာ ရေတွက်ပြီး လူပုံအလည်မှာ ကြေငြာခဲ့တာပါ။ ဗီဒီယိုမှတ်တမ်းတွေလည်းရိုက်ပြီးအင်တာနက်ပေါ်တိုက်ရိုက်တင်ပြီး ပွင့်ပွင့် လင်းလင်း တကမ္ဘာလုံးကို အသိပေးခဲ့တာပါ။ သူတို့ လုပ်ရပ်ကို ပွင့်လင်းရိုးသားကြောင်းသက်သေထူထားပြီးဖြစ်ပါတယ်။

အဲဒါကိုဘာကြောင့် အုပ်ချုပ်ရေးမူးတွေက ကိုရဲလွင်တို့ အလျှူခံလာတဲ့ငွေကို ဘဏ်မှာအပ်ဖို့ ခေါ်ပြောရတလဲ။ ဘာအကွက်တွေဆင်ထားလို့လည်း။
နောက်တချက်က ဘဏ်ကိုတောင် သူတို့ ပိတိချင်တဲ့ အချိန်မှ ပိတ်ရမယ်လို့ ဘာကြောင့် သူတို့ အမိန့်ပေးထားနိုင်ရတာလဲ။ အာဏာကို အဲဒီလောက် လက်လွတ်စပယ် သုံးနေတဲ့သူတွေက ပြည်သူတွေကို ဘယ်လောက် အနိုင်ကျင့် နေတယ်ဆိုတာ တွေးကြည့်နိုင်တယ်။
အုပ်ချုပ်ရေးမူးဆိုတဲ့ လူတွေကို မယုံ၊ အနုပညာသည်တွေကိုသာ ပြည်သူက ယုံတယ်ဆိုတာ သက်သေပြတဲ့ အနေနဲ့ ပြည်သူတွေက ငွေလျှူကြတာပါ။
အလျှူခံငွေကို ဓါးပြတိုက်သလိုမျိုး ၊ အနကြမ်းစီးသလိုမျိုး လုပ်တဲ့ လုပ်ရပ်ကို ဘယ်သူက ခေါင်းငုံ့ခံမှာလည်း ။
မတရားတဲ့ အမိန့်မို့ မနာခံတာပါ။
ဂုဏ်သိက္ခာမရှိတဲ့ သူတွေရဲ့ စကားမို့ နားမထောင်တာထင်ရှားပါတယ်။
အုပ်ချုပ်ရေးမူးတွေ ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်။ မရှက်တတ်တော့ ကိုယ့်အရှက်ကိုခွဲတဲ့ အနေနဲ့ လူမူရေးလုပ်နေတဲ့သူတွေကိုတရာစွဲလိုက်သေးတယ်။
မိုက်ပါဘိ မကွေး အာဏာပိုင်တို့ရယ်။

သဇင် said...

သြ လောက လောက တရားကျစရာတွေပါလား။

ရွှေကြီး said...

ရှက်စရာကြီး

Powered by Blogger.