ဆုတောင်းပြည့်ဘုရားကြီးအတွင်း ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား မုံရွာ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး

ယနေ့ 10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒ္ထထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထားသည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းဆဲ။ 

Aung Nay Myo - Facebook


မသွဲ့သွဲ့ဝင်းအား ဖမ်းဆီးသွားစဉ်

မသွဲ့သွဲ့ဝင်းအား ဘုရားမှာ ပိတ်လှောင်ထားစဉ်

ဆုတောင်းပြည့်ဘုရားကြီးအတွင်း ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား မုံရွာ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး ဆုတောင်းပြည့်ဘုရားကြီးအတွင်း ပိတ်လှောင်ခံထားရသည့်  မသွဲ့သွဲ့ဝင်းအား မုံရွာ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 18:07 Rating: 5

11 comments:

R.I.T said...

ကျနော်တို့မြို့ရဲ့နေ့တနေ့ပါ။ လမ်းဘေးဈေးသည်တွေဒီနေ့မထွက်ရဘူးတဲ့၊ သန့်ရှင်းရေးစည်ပင်ဝန်ထမ်းတွေလဲပြာယာခတ်နေကြတာ၊ယဉ်ထိန်းတွေရဲတွေလဲလှုပ်လှုပ်ရှားရှားဖြစ်နေကြတာ၊မော်တော်ပီကယ်တွေရဲ့ခရာတွတ်သံတွေကလည်းဆူညံလို့-
ဒါဆိုရင်အားလုံးကသဘောပေါက်နေကြပါပီ ဗိုလ်ချုပ်သာအေးလာတော့မယ်ဆိုတာ၊

တရှီးရှီးနဲ့မော်တော်ပီကယ်ရဲ့ခရာသံတွေအဆက်မပြတ်ပေါ်ထွက်လာပီး လမ်းသွားလမ်းလာ
တွေကိုအော်ဟစ်ရှင်းလင်းနေရင်းဥသြတွေတောက်လျှောက်ဆွဲတဲ့အစောင့်အရှောက်
အချွေအရံကားအစီးနှစ်ဆယ်လောက်ရှိတဲ့ ဦးသာအေး ပါတဲ့ယဉ်တန်းကြီးတဟုန်ထိုး
မောင်းသွားပါတော့တယ်၊ ဒီလိုအခွင့်ထူးခံရမှကျေနပ်တတ်တဲ့ ဦးသာအေး ပါ၊

လမ်းဖွင့်ပွဲဆိုရင် ရပ်ကွက်သူရပ်ကွက်သားတွေ ပိုက်ဆံနဲ့ကိုယ်ထူကိုယ်ထ ခင်းတာတောင်
ဒီ သာအေးနတ်တင်ရသေးတာ၊သတ်မှတ်တဲ့ရက်မလာဘဲသူလာဖွင့်မယ့်ရက်ကိုစောင့်ရင်း
အခမ်းအနားစရိတ်၊ဧည့်ခံစရိတ်ဝန်တွေပိခဲ့ရတာ၊ လာတော့လည်းသူ့အိတ်ထဲကစိုက်ထုတ်
ခင်းသလိုမျိုး၊ ဘယ်သူလှူလှူ ရှေ့ကနေ ပဏ္ဏာဝင်ယူတာအကျင့်ဖြစ်နေပီလေ၊

တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေဆိုရင်အမှီးတောင်ဘယ်ထားရမှန်းမသိဘူး။
လူရှေ့သူရှေ့မရှောင်၊အသက်အရွယ်မရွေး ပိုးဆိုးပက်စက် ဆဲဆိုကြိမ်းမောင်းသည့်
ဦးသာအေး ရဲ့ဂုဏ်ပုဒ်တွေကြောင့်ပြားပြားဝပ်နေကြရပါသည်၊

စစ်ကိုင်းတိုင်းတတိုင်းလုံးကိုကြည့်လျှင် တိုင်းဝန်ကြီးဆိုသူတို့မှာဦးသာအေး ဧ။်အာဏာ
အောက်တွင်မည်သူမှမသိ၊ဘာမှမစွမ်းဆောင်နိုင်သည့်ရုပ်ပြများသာဖြစ်နေပါတော့သည်၊
တဦးတယောက်ထဲအာဏာဆုပ်ကိုင်၍ဖိနှိပ်အုပ်ချုပ်နေသရွေ့စစ်ကိုင်းတိုင်း
သည်အညွှန့်လူလာမည်မဟုတ်ပါ။

လူထုဧ။်ကြည်ညိုလေးစားမှုမရှိဘဲ၊လူထုနှင့်တသွေးတည်းတသားထဲမရှိဘဲ တိုင်းဝန်ကြီးချုပ်
ဖြစ်နေတာကိုကြည့်လျှင်ဦးသာအေး ဒီလိုအာဏာရှင်တယောက်လိုအုပ်ချုပ်နေတာဆန်းတယ်
မထင်ပါ။

ကျနော်တို့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ငယ်သူက ကြီးသူရှေ့မှာ
ခေါင်းငုံ့သွား အရိုအသေပေးသလို ကြီးတဲ့သူကလဲကိုယ့်ထက်ဘယ်လောက်ဘဲငယ်ငယ် မောင်ရင်ရေ၊ သားရေနဲ့အပြန်အလှန်မင်္ဂလာတရားတော်နဲ့အညီဆက်ဆံတာကိုတွေ့ရင်၊
ကြုံရင် အင်မတန်ပီတိဖြစ်ကြရပါတယ်၊ဒီလိုဆက်ဆံတာကြောင့်လဲအသိစိတ်ထဲမှာဒီလူကြီးကို
လေးစားကြည်ညိုတဲ့စိတ်တွေသူ့အလိုလိုဖြစ်လာကြပါတယ်၊

ဒါတွေဟာအသိတရားနဲ့အုပ်ချုပ်ဖို့အတွက်အခြေခံလိုအပ်ချက်တွေပါ၊

နင်ဘဲငစ ဆဲဆိုအုပ်ချုပ်တာဟာ အကြောက်တရားနဲ့ဖိနှိပ်အုပ်ချုပ်တာဖြစ်ပါတယ်။
ဃနေ့ ခေတ်မှာမရှိတော့သင့်တဲ့ ရှင်းပစ်ရမယ့်စနစ်တခုပါ၊

ဒါကြောင့် ပြည်သူနှင့်တသားတည်းရှိပီးပြည်သူ့ဆန္ဒကိုရှေ့တန်းတင်
အကောင်အထည်ဖော်နေသော သမ္မတကြီးဦးသိန်းစိန် ဧ။်လမ်းစဉ်နှင့်
လုံးဝသွေဖယ်ဆန့်ကျင်လျှက်ရှိသည့် ဦးသာအေး အပါအ၀င်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အားလုံးယနေ့အချိန်တွင် အစိုးရအဖွဲ့စာရင်းတွင်လုံးဝမပါဝင်သင့်တော့ကြောင်း တင်ပြအပ်ပါသည်။

Unknown said...

အဓမ္မမှုမမြောက်ဖို့တော့လိုမယ်။ILOကပြောနိုင်တယ်။

Unknown said...

ဓါတ်ပုံတွေကိုတွေ့ရတာ စိတ်မချမ်းသာစရာပဲ

တပါးသူရဲ့စီးပွားရေးကိုတုတ်နဲ့ မထိုးကြပါနဲ့
်
ခင်ဗျားတို့ကသူဌေးတွေပါ နွားနဲ့ရင်းပြီး နေပူ မိုးရွာထဲမှာ လုပ်စားရတဲ့လငသယ်မသမားတွေဆိုတာကို မြင်ကြပါဦး

တိုင်းဝန်ကြီးခူပ်ကြီး ကူညီပါ ဆူပူလိုသော ဆန္ဒ ဟုတ်ဟန်မတူပါ

nn said...

အကျိုးရှိလို့လားကွာ

Unknown said...

ဆန္ဒထုတ်ဖော်တာကိုတားဆီျးတဲ့လုပ်ရပ်တွေမရှိသင့်တော့ပါဘူး

nn said...

ဖမ်းဆီး ရိုက်နှက် ပုတ်ခတ်ပြီး စစ်ဆေးနေတာတွေဟာ ဟိုအရင် ပုလိပ်ခေတ်ကတည်းက အခုထိ ခေတ်စားနေတုံးပဲလားဟ ပြောင်းကြပါဦး

gold said...

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နောက်မှာသမ္မတကြီးထက်အာဏာကြီးသူမည်သူရှိနေသလဲ?

yan yan said...

ရင်လေးပါသည်...........ကိုယ့်လူမျိုးထမင်းငတ်ပြီး တိုင်းတစ်ပါးသားကြီပွားမဲ့အရေးးးးး

Unknown said...

ရှေ့သွားလေးတွေရှိတော့
ကိုသာအေးကြီးလည်း အကြမ်းအရမ်းတွေ
သိပ်လုပ်ရဲလောက်ဘူး ဒါပေသိ
ပြောတတ်ဘူးလေ အူတော့ယားနေမှာပေါ့

Unknown said...

ပြည်သူကိုလက်နက်အားကိုးအာဏာအားကိုးနဲဖိနှိပ်ချင်တဲ့အရင်အာ
ဏာရှင်စနစ်အကျင့်ဆိုးတွေကျင့်သုံးနေသောမိုက်ကယ်ဂျက်ဆင်အားလုံးကိုသမ္မတကြီးစကားနဲအညီခုချက်ခြင်းသာချန်ထားလိုက်ပါတော့၊ မြန်မြန်ချန်နိုင်လေတိုင်းပြည်အကျိုးရှိလေပါ။

khit lu said...

စစ်ကိုင်းတိုင်းဒေသရဲ့ ၀န်ကြီးချုပ်တယောက်လုပ်နေပြီး...ဘာကြောင့် အခြေအနေကို မထိန်းသိမ်းနိုင်ရတာလဲ...
အခြေအနေကို တည်ငြိမ်အောင် မထိန်းသိမ်းနီုင်ရင် ..၀န်ကြီးချုပ်ရာထူးက ဆင်းပေးပါ။ဗျာ...
လွှတ်တော်တွေထားတယ်...ဘာလုပ်ဖို့တုန်း ..

အစိုးရ၀န်ထမ်းတွေအားလုံးကို ပြည်သူတွေက လခပေးထားရတာပါ ဗျာ....
အဲ့ဒီ ပေးတဲ့ လခတွေထဲမှာ...လယ်သမားတွေရဲ့ ချွေးနဲစာတွေ အများကြီးပါတယ်ဆိုတာလဲ သတိထားကြပါအုံး...
မသိချင်ယောင် ဆောင်နေကြတာလား..
ပြည်သူတင်တဲ့ အစိုးရဟာ ...တရားမျှတမှုတွေကိုဘဲ လုပ်သင့်တယ်...

ကိုယ့်သားသမီးကို...ပြန်ပြီး ချုပ်နှောင်ကြည့်ကြပါ ..
ဘယ်လိုခံစားရမလဲလို့...

ရန်ကုန်မှာ ဖြစ်ရင်တော့ အဲ့ဒီမြို့နယ်မှူးမလွယ်လောက်ဘူး....

Powered by Blogger.