မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။
အောက်တိုဘာလ ၁ ရက်နေ့အထိ သီတင်းတပတ်ကျော်ကြာ ခရီးစဉ်အတွင်းမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံဖြစ်မယ် လို့လည်း မျှော်လင့်ရပါတယ်။ နယူးယောက်မြို့မှာ ရှိနေစဉ် Asia Society Institute မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။
သမ္မတ ဦးသိန်းစိန် ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အမေရိကန် ပြည်ထောင်စုမှာ ခရီးသွားလာခွင့်ကို ကန့်သတ် တားမြစ်ထားတာကို ဖယ်ရှား ပေးခဲ့တာ ဖြစ်သလို ဘဏ္ဍာရေး ၀န်ကြီးဌာနကလည်း အမေရိကန်မှာ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်အပေါ် ကန့်သတ် ပိတ်ပင်ရမယ့် အထူးပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးထားပါတယ်။
အမေရိကန် ခရီးစဉ် မတိုင်မီမှာတော့ သမ္မတ ဦးသိန်းစိန် ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး၊ သမ္မတ ဟူကျင်းတောင် အပါအ၀င် တရုတ်အစိုးရ ထိပ်တန်း ခေါင်းဆောင် တချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ တရုတ်နိုင်ငံ ခရီးစဉ် အတွင်းမှာပဲ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ ယန်လင်း စိုက်ပျိုးရေးနဲ့ သစ်တော တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကိုလည်း လက်ခံရယူခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ
Reviewed by သစ်ထူးလွင်
on
09:35
Rating:
4 comments:
ဒို့ဖခင်ပြီးရင် သမ္မတကြီး ဟာဒုတိယဖခင်ပါ
နိုင်ငံရေးကိုသိပ်နားမလည်ပေမယ့်သမ္မတကြီးကိုတော့
ယုံနေမိတယ်
ဘာကြောင့်လဲဆိုတော့ သမ္မတရဲ့ လုပ်ရပ်တွေက
Heart ထိလို့ပေါ့ အခုလဲကြေးနီတောင် ကိစ္စလေးကူညီပါအုံး
ဒို့ဖခင်
သမ္မတကြီးကျန်းမာပါစေ
၂၀၁၅ခုနှစ်ပြီးရင်လည်း၂၀၂၀ခုနှစ်အထိအလုပ်လုပ်နိုင်ဖို့ကျန်းမာရေးဂရုစိုက်ပါဦး
အန်တီစုနဲ့လည်းလက်တွဲပြီးယုံယုံကြည်ကြည်နဲ့လက်တွဲလုပ်ကြပါ။အောင်မြင်နိုင်
မယ်လို့ယုံကြည်ပါတယ်၊
သမ္မတကြီးခင်ဗျား၊မြန်မာနိုင်ငံမှာရှိတဲ့လူနည်းစုခရိုနီစီးပွားရေးအုပ်စုတွေရဲ့
လာရောက်ကန်တော့ခြင်းများကိုသတိထားပါ၊သူတို့တွေကခေတ်အဆက်ဆက်က
နိုင်ငံတော်အစိုးရတာဝန်ရှိသူတွေကိုပေါင်းပြီးလုပ်စားနေကြတာပါ၊သူတို့ရဲ့မိသားစုတွေသာအစဉ်အဆက်ချမ်းသာနေကြတာပါ၊ကျန်တဲ့ပြည်သူတွေ
ကတော့စီးပွားရေးကျပ်တည်းပြီးဒုက္ခတွေရောက်နေကြတာပါ
အားကိုးပါတယ်။အရာအားလုံး အတွက်ပါ။သမ္မတကြီး အမြဲတမ်း ပျော်ရွှင်ပါစေ။
ကူမိုးကြိုးရဲ့ သုံးနှုံးမှုတွေရိုင်းတယ်ဗျာ။မိုးမခဝက်ဆိုဒ်ကာတွန်းမှာ
ကိုသိန်းစိန် လက် ပေးတတ်ပြီဆိုတော့သမ္မတကိုခိုင်းနှိုင်းတာလွန်
တယ်ဗျာ။သမ္မတကောင်းလို့ဒီအခြေဆိုက်တာဘယ်သူငြင်းမလဲ။
Post a Comment