(၈၈) မျိုးဆက် စစ်ပြေးဒုက္ခသည်များကို တွေ့ဆုံအားပေး

ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ၈၈ မျိုးဆက်ကျောင်းသားများက ကချင်စစ်ဘေးဒဏ်ခံ ပြည်သူများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များအား အလှူငွေ ပေးအပ်လှူဒါန်းနေစဉ်။

(၈၈) မျိုးဆက် စစ်ပြေးဒုက္ခသည်များကို တွေ့ဆုံအားပေး (၈၈) မျိုးဆက် စစ်ပြေးဒုက္ခသည်များကို တွေ့ဆုံအားပေး Reviewed by သစ်ထူးလွင် on 05:41 Rating: 5

5 comments:

Unknown said...

လုပ်ပါ ကူညီပါအုံး

လူ ဆိုရင် သူတပါးဒုက္ခ ရောက်အောင်မလုပ်ဘူး

ဒုက္ခရောက်သူတွေ့ရင်အကူအညီပေးတယ်

အခုဒုက္ခရောက်သူတွေဟာ လူမဆန်သူတွေကြောင့်

ဖြစ်ရတာ

Unknown said...

တိုက်ဆိုင်မှုလိုတော့မယူဆလိုပါ။ကိုမင်းကိုနိုင်တို့ရောက်တဲ့ညကတော့ပေါက်ကွဲသံမကြားရဘူး။အေးချမ်းစွာအိပ်စက်ခွင့်ရတဲ့ညပါ။ဖားကန့်ကိုတက်လာဖို့မလွယ်တဲ့အချိန်မှာယာဉ်တန်းနဲ့အန္တရာယ်ကင်းစွာရောက်လာတာကလည်းစိတ်ဝင်စားစရာကိစ္စပါပဲ။ဘာပဲဖြစ်ဖြစ်ငြိမ်းချမ်းဖို့ရာအဓိကပါ။လက်နက်သံတွေတိတ်ပြီးကချင်ပြည်နယ်အေးချမ်းပါစေ။

Unknown said...

သာ ဓုခေါ်ပါတယ်အကိုတို့ရေ။

001komgmg222@gmail.com said...

အကိုတော်တို့ခင်ဗျာဝမ်းမြှောက်စွာနှင့်
လက်ကမ်းကြိုနေပမယ်။

Unknown said...

ဒါဆို 88 ကို ကချင်မှာခေါ်ထားသင့်တယ်

Powered by Blogger.