စစ်တိုင်းမှူးတဦးကို လုပ်ကြံသတ်ဖြတ်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရသူ ကေအိုင်အေတပ်ဖွဲ့ဝင်တဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့က ပြန်လွတ်လာပါတယ်။
၁၉၈၅ ခုနှစ်တုန်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံခဲ့မှုနဲ့ လဖိုင်ဇော်ဆိုင်းဟာ သေဒဏ်ချမှတ်ခံခဲ့ရာကနေ မန္တလေးတိုင်း မြင်းခြံထောင်မှာ ၂၇ နှစ် နေခဲ့ရပြီး ပြန်လွတ်လာတာပါ။
ကေအိုင်အေတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်ရဲ့ တာဝန်ပေးချက်အရ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ရတာလို့ လဖိုင်ဇော်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ဦးစီးချုပ်ရဲ့ အမိန့်ပါ။ ကျနော်က မြို့ပိုင်းမှာလှုပ်ရှားရတဲ့ ကွန်မန်ဒိုပါ။ ဦးဇော်မိုင်က ကျနော်မြို့ပေါ်မှာ ရှိတဲ့အချိန်မှာ စစ်တပ်နဲ့ပတ်သက်တာ ရှင်းဖို့ ကျနော့်ကို တာဝန်ပေးထားတာရှိတယ်။ ကျနော်က အထူးမြေအောက် မြို့ပြတပ် တိုက်ပွဲအဖွဲ့ခေါင်းဆောင်အနေနဲ့ လှုပ်ရှားခဲ့ရတဲ့ အချိန်ပါ။”
အစိုးရတပ်တွေနဲ့ ကေအိုင်အေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ လဖိုင်ဇော်ဆိုင်းက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ ကြိုးစားသွားမယ်လို့ လဖိုင်ဇော်ဆိုင်းက ဆိုပါတယ်။
အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မြန်မာနဲ့ကချင် လူမျိုးရေးအရ ဖြစ်ပွားတာမဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် ဖြစ်တာလို့လည်း သုံးသပ်ပြောဆိုပါတယ်။
By မင်းလွင် (ဒီဗွီဘီ)

စစ်တိုင်းမှူးကို လုပ်ကြံမှုဖြင့် သေဒဏ်ကျနေသူ ကေအိုင်အေရဲဘော် ပြန်လွတ်
Reviewed by သစ်ထူးလွင်
on
20:09
Rating:
14 comments:
kia ,kio ဘာမှမထူးပါ။ ပြည်သူဆီကဆက်ကြေးနဲ့ တယုတ်မှာပိုင်ဆိုင်မှုတွေမနဲကြပါ။ သတ္တိရှိကြရင်ကချင်ရဲဘော်တွေ ကချင်ုဒုက္ခသည်တွေကိုမျှပေးလိုက်ကြလေ။ ဦးလဖိုင်ဇော်ဆိုင်းရေ ခင်ဗျား kiaအဖွဲ့တွေနိုင်ငံတော်နဲ့ပြည်သူအပေါ်သစ္စာဖေါက်နေတာအားလုံးအသိပါ။
အမှန် တကယ် ဗိုလ်ချုပ် ဇော်မိုင် ရဲ့အမိန့် အရ လုပ်ခဲ့တာဆိုရင်လည်း လုံးဝ(လုံးဝ)ဒီကိစ္စကို ရှုံ့ချတယ်။ ဒါကချင်ပြည်သူတွေတင်မကဘူး တစ်မျိုးသားလုံးကိုသစ္စာဖေါက် တာပဲ။ မင်းလိုကောင်က အခုမှဘာ ငြိမ်းချမ်းရေးလုပ်မှာလဲ။ မင်းလို သူများချီးစားဆိုစားတဲ့ကောင်မျိုး ကချင်ပြည်သူတွေလည်းလက်မခံဘူးကွ။ ကိုယ့်ကိုယ်သာသတ်သေလိုက်ပါ မင်းအတွက်နေရာမရှိဘူးကွခွေးသားရဲ့။ ဆန်ကုန်မြေလေး မိမဆုံးမ ဖမဆုံးမ ငရဲအိုးမှာဘဲ မင်းအတွက်နေရာရှိတယ်
ကိုယ်ပိုင်အုပ်ချုပ်ရေးကြောင့် kia နဲ့  တပ်မတော် စစ်ဖြစ်နေတာမဟုတ်ဘူးဟ လဖိုင်ဇော်ဆိုင်းရ မင်းကထောင်ထဲမှာ ကြာပြီဆိုတော့ -
K I A ရဲဘော်ဇော်ဆိုင်း အကြောင်း ကြားဖူးခဲ့တာကြာပါပြီ။ဖြစ်နိုင်ရင် ဇော်ဆိုင်း ဓါတ်ပုံကြည့်ဖူးချင်ပါတယ် ကိုသစ်ထူးလွင် ခင်ဗျား။
ငြိမ်းချမ်းရေးအမြန်ရပါစေလို့ဆုတောင်းပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုရင်တော့ ပေးသင့်သလားပဲ
ဒါပေမယ့် တစ်ခြားပြည်နယ်တွေ တောင်းဆိုလာရင်ကော
ကိုယ်ပိုင်အုပ်ချုပ်ရေးပေးလို့ ဘာတွေဖြစ်လာနိုင်ပါသလဲ
ဒါပေမယ့် KIA ကိုတော့ အကြမ်းဖက်အဖွဲ့ လို မလိုလားပါဘူး
စစ်သွေးကြွလို့ ပြောချင်တယ်
အမြင်မှန်ရတာကောင်းပါတယ်
နောက်မကျသေးပါဘူး
ငြိမ်ချမ်းရေးအတွက်ကြိုးစားပေးပါ
အယ်လ်ကွန်ဖန် သေသွားရတာတောင် သတ်သူကို အသေမသတ်သေးတဲ့အပြင်
လွှတ်ပေးတယ်ဆိုတော့ ဇော်မိုင်ကို ပြန်သတ်နိုင်ရင် ငါလည်း အချိန်တန် လွတ်မှာပဲနော်
အယ်ကွန်ဖန်ကို ပစ်သတ်ခဲ့တဲ့ အတိတ်အရိပ်ကို နောင်တ မရဘူးလား
ခရစ်တော်သို့ နားနေစေတာ ကောင်းပါသလား
လူသတ်သမား လူသတ်တာ ပြန်မမြင်ယောင်ဘူးလား
အံ့ရော
သေရွာကနေလွှတ်မြောက်ခဲ့ လဖိုင်ဇော်စိုင်း
ငြိမ်းချမ်းရေးရဖို့ ကြိုးစားပေးပါ ဒါဟာသမ္မတ္တကြီးရဲ့ ကျေးဇူးကိုဆပ်ရာရောက်သလို နိုင်ငံသားအချင်းချင်းသာမက
ဒို့ ပြည်သူတွေကိုလည်း ကယ်တင်ရာရောက်ပါတယ်
နင့်ကိုကြိုဆိုပါတယ် -
သူလုပ်ကြံခဲ့တဲ့တိုင်းမှူးက ကချင်လူမျိုးပါပဲ။ သိရသလောက်တော့ စစ်အစိုးရခေတ် တိုင်းမှုးတွေလို
ဘာမှ လုပ်မစားခဲ့ပါဘူး။ မှန်ကန်ဖြောင့်မတ်သူတယောက် ဖြစ်ပါတယ်။ အခုထိ သေဒဏ်မပေးသေးတာတော့
နောက်ကွယ်မှာ ထောက်ပံ့မှုတခုခု ရှိမယ်ထင်တယ်။
ဒေါ်အယ်လ်ခွန်းရီတို့တော့ ဘယ်လိုခံစားရမယ်ဆိုတာ မသိပါ။ က္ဈန်တော်ကတောာ့ ဘာာမှမဆိုင်ပေမယ့်လည်း ဝမ်းနည်းမိတာ အမှန်ပါ။ ဒီလိုအခွင့်အရေး ရှိမယ်ဆိုရင် နောက်ထပ် လုပ်ကြံမှုတွေ ထပ်ဖြစ်နေမယ်နော်။ ဇွဲနေဝင်း တို့လည်း ပြန်လွတ်လာတာဘဲလေ။ အုန်းကျော်မြင့်တို့ ကတော့ သေရှာပြီထင်ပါရဲ့။ သူ့ဆရာကတော့ ကောင်း စားနေပြီဘဲ။
စစ်တိုင်းမှူးတယောက်ကို သတ်တဲ့လူတောင်လွတ်လာပြီ...ဆောက်မြင်ကပ်ပုဒ်မတွေနဲ့ မတရားဖမ်းဆီးထားတဲ့..ဌာနဆိုင်ရာဝန်ထမ်းတွေရော မလွှတ်သေး
ဘူးလား..
ကချင်ပြည်နယ်ဝန်ကြီးချုပ် နဲ့ စစ်တိုင်းမှူးကြီးများ သတိလက်လွတ်မဖြစ်အောင်ဂရုစိုက်နေကြပါ...။ထင်ရာစိုင်း...စစ် သွေးကြွများ ဘာဆက်လုပ်မယ် ကြိုမသိနိုင်သေးပါ...။
1985 တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်၊ အခြေအနေ၊ သမိုင်းကြောင်း စတာတွကို မသိမမီလိုက်ပဲနဲ့ လျှောက် မရေးကြစေချင်ပါဘူး .............
Post a Comment