လူမှုဖူလုံရေး ဥပဒေသစ်အရ အိမ်ထောင်သည် အမျိုးသားများလည်း မီးဖွားစရိတ်နှင့် ခံစားခွင့်ရမည်

ရန်ကုန်၊ စက်တင်ဘာ ၇

လူမှုဖူလုံရေး ဥပဒေသစ် ၂၀၁၂ အရ အမျိုးသမီးအလုပ်သမားများသာမက အမျိုးသားများသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင်မီးဖွားစရိတ်ရရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ဒုတိယ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

၎င်းခံစားခွင့်ကို လုပ်ငန်းခွင်တွင်၊ လုပ်သက်တစ်နှစ်ရှိကာ လူမှုဖူလုံရေး အာမခံကြေး ၆လ ဆက်တိုက်သွင်းထားသော အမျိုးသားသည် ဇနီးသည်မွေးဖွားချိန်တွင် လုပ်ခလစာ၏ ၇၀ ရာခိုင်နငန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

ယခင်လူမှုဖူလုံရေးဥပဒေအရ အမျိုးသမီးများသာ မီးဖွားခွင့်နှင့် လစာခံစားစရိတ်များ ရရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင်မူ အမျိုးသားများ အတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်သည် အလုပ်သမားနှ့် အလုပ်ရှင်များက အမှန်လစာအတိုင်း ဖော်ပြ၍ အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် မလိုက် နာသူ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သည် ပြစ်ဒဏ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည့်ဖြိုး - Popular Myanmar News Journal
လူမှုဖူလုံရေး ဥပဒေသစ်အရ အိမ်ထောင်သည် အမျိုးသားများလည်း မီးဖွားစရိတ်နှင့် ခံစားခွင့်ရမည် လူမှုဖူလုံရေး ဥပဒေသစ်အရ အိမ်ထောင်သည်   အမျိုးသားများလည်း မီးဖွားစရိတ်နှင့် ခံစားခွင့်ရမည် Reviewed by သစ်ထူးလွင် on 18:15 Rating: 5

6 comments:

sheetody said...

အလုပ်ကြိုးစား/တော်တဲ့ဝန်ထမ်းကို
အလုပ်ရှင်က ပစ်မထားပါဘူး။
ဒီဥပဒေက စောလွန်းနေမလား?

Anonymous said...

sheetody
အလုပ်ကြိုးစား/တော်တဲ့သနထမ်းကို အလုပ်ရှင်ကပစ်မထားပါဘူး။ စိုတာ ပစ်မထားတဲ့သူရှိသလို ပစ်ထားတဲ့သူလဲရှိတတ်ပါတယ်။ ဒီဥပဒေက စောသည်ဖြစ်စေမစောသည်ဖြစ်စေ အကျိုးမယုတ်သော ဥပဒေလို့ယူဆပါတယ်။

Unknown said...

အလုပ်သမားရပိုင်ခွင့်နင့်တာဝန်ကိုနားလည်ကြစေ။။။။။။။။။။။

Unknown said...

nanaung oo ပြောတာမှန်ပါတယ်၊ ဖြစ်သင့်တာကြာပါပြီဗျ။

freemedia said...

နှစ်ဦး နှစ်ဖက် မှားသူ ခံကြေး စနစ် က ကောင်းပါတယ် ..

ုkyaw said...

တကယ်တော့မလွယ်ပါဘူး သူတို့ဆေးရုံမှာတက်မှတို့ လျှောက်လွှာတွေတစ်တီတစ်တန်းကြီးတင်ပြီးမှရတာတို့ကလက်ရှိပေးနေတဲ့အချိန်မှာတောင်ဘာမှမထူးပါဘူး အလုပ်ရှုပ်တာပဲအဖတ်တင်ပါတယ်

Powered by Blogger.