ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို

ပြည်ခိုင်ဖြိုး ပါတီတွင်း ပါတီ ဝင်အချို့အချင်းချင်း မညီညွတ်ဖြစ် နေခြင်းအပေါ် ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဆုံးဖြတ် ချက်ဖြင့် လမ်းညွှန်မှု သွားရောက် ပြုပေးခဲ့ ခြင်းသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ပြောသည်။

ယနေ့ ပုသိမ်တွင် ပြုလုပ်သော ဧရာဝတီတိုင်း ဒေသကြီးလွှတ် တော် အထူးလုပ်ငန်းရပ် များဆိုင် ရာ အစည်း အဝေးပွဲတွင်း-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို Reviewed by သစ်ထူးလွင် on 22:13 Rating: 5

8 comments:

သန့်နေဝင်း said...

ဘယ်လိုများ ဟောက်ခဲ့ ခြောက်ခဲ့လို့လည်း မှုးဌေးရယ်

tinaung said...

ဲကြံ့ ဖွှံ က တော့ တ စ ည လို ဘဲ ပေါ့။ အ ခွှင့် အ ရေး ကြီး ငယ် တွှေ ရ နေ လို့ လုပ် နေ ကြ တာ။N L D လို ထောင် မ ချ နဲ့ အုံး- အ ခွှင့် အ ရေး လျော့ ရ ရုံ နဲ့ ကြက် ပျောက် ငှက် ပျောက် - ပျောက် ကုန် ကြ မယ်။ ၃ ၄ ယောက် ကို ထောင် ၅ နှစ် အ ထက် ချ ကြည့် ပါ လား- ဘယ် လို နေ လဲ ကြည့် ရ အောင်။ ကျုပ် က တော့ ဘယ် ပါ တီ မှ မ ၀င် ဘူး ။ သာ မန် အ ရပ် သား ဘဲ ။
ဦး ပါ တီ မဲ့

Burma Python said...

အတွင်းရေးမှူးကြီး
ခင်ဗျားရဲ့ပြီတီတီစပ်ဖြဲဖြဲမျက်နှာပေးနဲ့တဖက်သားကိုအထက်စီးနဲ့တင်စီးပြောတာကိုခံရတဲ့သူကအတော်ခံရခက်တယ်ဗျ။ခင်ဗျားဗဟို
လူကြီးဆိုတာအဲဒီကလေးကလားအမူအရာနဲ့မပြောနဲ့လေ။

tharsein said...

ဒီမိုကရေစီလေဗဟိုဦးစီးစံနစ်လျှော့၊သီးခံမှကြာကြာစံရမယ်။

ဖိုးဖိုးကြီး said...

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့် နှင့် ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့၏ပြသနာအားလေ့လာသုံးသပ်ကြည့်မိပါသည်။ ဦးဌေးဦး၏ပြန်လည်ရှင်းလင်းတင်ပြချက်များကိုသေချာသုံးသပ်စဉ်းစားကြည့်ရာ-နိုင်ငံရေးအရ-ဦးဌေးဦး အနေနဲ့မိမိပါတီ၏စည်းရုံးမှု့အားနည်းချကများကိုသိရှိရသည့်အတွက်ပြန်လည်စည်းရုံးပြောဆိုခြင်းဖြသည်။ဒါတွေကလည်းဘယ်နိုင်ငံရေးအဖွဲ့အစည်းမဆို မိမိ၏အဖွဲ့အတွက်လိုအပ်ချက်များရှိပါကပြန်လည်စည်းရုံးပြောဆိုပိုင်ခွင့်ရှိပါတယ်။ ဒါကို ဦးဆန်းဆင့်အနေနှင့်ဦးဌေးဦးအပေါ်မစွပ်စွဲသင့်ပါဘူး။မိမိ၏အသင်းအဖွဲ့ကိုပြောဆိုခြင်းသည်ဘာပြသနာမှမရှိပါ။အခြားအသင်းအဖွဲ့အပေါ်စော်ကာပြုမူခြင်းမလုပ်ရန်သာအရေးကြီးပါသည်။ ဒါကြောင့် အသေးအဖွဲကိစ္စလေးတစ်ခုကို ကြီးလာအောင် ဆွဲမချဲ့သင့်ပါ။ နိုင်ငံမှယခုလက်ရှိဖြစ်ပေါ်နေသော ဒီမိုကရေစီ လမ်းစဉ်ကိုလျှောက်လှမ်းနေသည့်အချိန်အခါမှာ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးအများအပြားဟာ-ကိုယ့်ရဲ့အဖွဲ့အစည်းများကို ထိန်သိမ်းရမဲ့တာဝန်ဆိုတာရှိကြပါတယ်။ ဒါကြောင့် ဦးဌေးဦး ရဲ့လုပ်ရပ်အပေါ်ပြစ်တင်လို့မရပါဘူး။ ဒါကြောင့် စွပ်စွဲပြစ်တင်မှု့တွေ-စိတ်မစောသင့်ပါဘူး။ သေချာစဉ်းစားဝေဖန်သုံးသပ်ပြီးမှဆုံးဖြတ်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

waioo said...

ဦးဆန်းဆင့် အနေဖြင့် သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းတင်းပြချက်များကို
ဖတ်ရှု့ပြီးသည့်နောက် သုံးသပ်စဉ်းစားမိသည်မှာ
ဦးဆန်းဆင့်သည် တော်တဲ့မှန်ကန်သော တပ်မတော်အရာရှိ
လူထုနှင့် ပါတီ ကို ခွဲခြားသိမြင်သော လွှတ်တော်ကိုယ်စားလှယ်
နာယကဂုဏ်နှင့်ညီညွတ်သော ခေါင်းဆောင်
လွတ်လပ်တရားမျှတမှုကိုလိုလားသူ
ပြည်ခိုင်ဖြိုးပါတီဝင်ပင်ဖြစ်သော်ငြားလည်း ပြည်သူ့အကျိုးကို ဦးထိပ်ထားသူ
ဦးဌေးဦးကဲ့သို့ပင် ဗိုလ်ချုပ်ကြီးအဆင့်အငြိမ်းစားယူခဲ့သော်လည်း
ရပ်တည်မှုခံယူမှုသဘောတရား လွတ်လပ်စွာ တွေးခေါ်ရဲသူ(ပြည်သူအတွက်)
တစ်ဦးအဖြစ်မြင်ပါတယ်။
ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ် တခြားပါတီပဲဖြစ်ဖြစ်
လူထုအကျိုးကို လိုလားဆောင်ရွက်သူဆိုရင် ကျွန်တော်တို့က လေးစား
ထောက်ခံပြီးသားပါ။
အထူးသဖြင့် ဦးဆန်းဆင့်လို ပြည်သူ့တပ်မတော်သားစစ်စစ်ကြီးတွေကို
ပိုလို့တောင်လေးစားကြည်ညိုပါသေးတယ်။ တပ်မတော်ထဲမှာ ဦးဆန်းဆင့်လို တပ်မတော်သားကြီးတွေ အရေအတွက်များများရှိခဲ့မယ်ဆို
မြန်မာပြည်ကြီး ဒီထက်ပိုလို့ တိုးတက်ကြီးပွားအုံးမှာပါ။
ဧရာဝတီ လွတ်တော်နဲ့တိုင်းဒေသကြီး အစိုးရ (၀န်ကြီးချုပ်) ပြသနာမှာ
ဦးဆန်းဆင့် ပြည်သူဖက်က ရပ်တည်ပေးတာ လေးစားကြည်ညိုမဆုံးပါ။

Old Man said...

ဖိုးဖိုးကြီးခင်ဗျာ
ကျွန်တော်အမြင်လေးလည်း ပြောပါရစေ။ ကျွန်တော်လည်း ဧရာဝတီလွှတ်တော်
ကပြောတဲ့ စာအပြည့်အစုံ(၃၃)မျက်နှာကို သေသေချာချာလေးဖတ်မိတယ်ခင်ဗျ။
ဘာတွေ့လဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌက သူနဲ့ ပါတီဗဟိုအဖွဲ့နဲ့ သဘောတူ
ထားတဲ့ အချက်လေးချက်ဆိုတာ ပါတယ်။ အဲဒီလေးချက်ကို လိုက်နာမယ်ဆိုရင်
သူတို့လွှတ်တော်က အစိုးရအဖွဲ့အပေါ် စွပ်စွဲပြစ်တင်တာမလုပ်ဘူးလို့ လုပ်ချင်မှ လုပ်မယ်။ ဒါပေမယ့် ပါတီအတွင်းရေးမှူးက ဘာလို့ စည်းရုံးရေး
အတွက်၊ ညီညွတ်ရေးအတွက်ဆိုပြီး ပုဂ္ဂလိကဆန်ဆန်တွေနဲ့ ခြိမ်းခြောက်တဲ့
ပုံစံတွေ ပြောတာလဲမသိဘူးဖြစ်နေတယ်။ လွှတ်တော်မှာ ပါတီဝင်တွေနဲ့
တည်ဆောက်ထားတယ်ဆိုပေမယ့်။ သူတို့က လွှတ်တော်အမတ်တွေ
ဖြစ်သွားပြီဆိုရင် ပါတီအကျိုးထက် ပြည်သူအကျိုးကို ပိုကြည့်သင့်တယ်လို့
ထင်တယ်။ ဒီလိုကြည့်တဲ့နေရာမှာ ဗဟိုကနေပြီး ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့
ဆိုပြီး ၀င်စွက်ရင်တော့ ကျွန်တော်တို့ မဲပေးထားတဲ့ အဲဒီအမတ်တွေက
ဘာတွေလုပ်ကြအုံးမှာလဲ။ ဒါဆိုရင်တော့ လွှတ်တော်ကတော့ ကြားဖူးသလို
လက်ညိုးထောင်ခေါင်းညိတ်လွှတ်တော်ပဲဖြစ်သွားလိမ့်မယ်ထင်တယ်နော်။
ပြီးတော့ လွှတ်တော်တွေထဲမှာ ပါတီက တစ်ခုထဲဆိုရင်တော့ ဖိုးဖိုးကြီးပြော
တာ မှန်ပါလိမ့်မယ်။ ဒါပေမယ့် တခြားပါတီဝင်တွေဘက်ကကော မစဉ်းစား
တော့ဘူးလားဗျာ။ ဒါဘက်လိုက်ပြီး လွှတ်တော်ဘက်ပြောနေတာမဟုတ်ပါဘူး
ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ ပြည်နယ်/တိုင်းလွှတ်တော်တွေကတော့
စစ်မှန်တဲ့ဒီမိုကရေစီဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ ဖိုးဖိုးကြီး နဲနဲစဉ်းစားပေး
ပါအုံးနော်။ ကျွန်တော်တို့လို သာမန်ပြည်သူတွေအတွက်ကော ပြန်ကြည့်ပေးပါ
ဗျာ။ ကျေးဇူးတင်ပါတယ်။ (နင်းပြား)

truelove said...

Powered by Blogger.