ရန်ကုန်၊ စက်တင်ဘာ ၂၄
သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံမေဂျာ တတိ ယနှစ်မှ ဘာသာရပ်စာမေး ပွဲတစ်ခု မေးခွန်းမှားယွင်းဝေငှမှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန် စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျောင်းသားတွေရဲ့ စာမေး ပွဲခန်းကိစ္စမဆိုထားနဲ့ စားမေးပွဲ ဖြေ
ဆိုဖို့ လာတဲ့လမ်းကြောင်းတစ် လျှောက်မှာတောင် စိတ်ချမ်းမြေ့စွာ နဲ့ ဖြစ်ဖို့ ကျွန်တော်တို့မှာ အဲ လောက်အထိ တာဝန်ရှိပါတယ်။ ဒါက သူ့ကြောင့်၊ ကိုယ့်ကြောင့် မဟုတ်ပဲ ဌာနတစ်ခုလုံးနဲ့ ဆိုင် သွားပါတယ်''ဟု ¤င်းက ဆက် သွယ်မေးမြန်းမှု အပေါ်ဖြေသည်။
နည်းပညာတက္ကသိုလ် တတိ ယနှစ်ကျောင်းသားတစ်ဦး၏ အဆိုအရ နေ့လည် ၁ နာရီ တွင် ကျောင်းက မေးခွန်းဝေငှရာ မေး ခွန်းမှာ ဘာသာရပ်နှင့် မဆိုင် ကြောင်း ကျောင်းသားတို့က ပြော ပြ၍ အခန်းစောင့်တာဝန်ရှိသူက တစ်ဆင့်တင်ပြကြရာ ဌာနမှူး ရောက်လာပြီး သူမေးထားသော မေးခွန်းခေါင်းစဉ်တက်ကာ ကိုယ် ရသော အဖြေတို့ကိုသာ ဖြေပါဟု ပြောကြောင်း သိရှိရသည်။
''နောက်တော့ ကျောင်းသား ရေးရာက ဆိုပြီး နေပြည်တော်က နေ မေးခွန်းလာပါတယ်ပြောပြီး ၂ နာရီ ၂ဝ မိနစ်ထဲမှာမှ မေးခွန်း အစစ်ကို လာဝေပါတယ်''ဟု ¤င်းက အဖြစ်အပျက်ကို ဆက် ပြောသည်။
ညနေ ၄ နာရီတွင် စာမေးပွဲ ဖြေဆိုမှုပြီးဆုံးမည်ဖြစ်သော်လည်း ရေနံမေဂျာ တတိယနှစ်ကျောင်း သားတို့မှာ အချိန် ၅ နာရီခွဲအထိ ဖြေဆိုချိန်ကို တိုးမြှင့်ပေးခဲ့ ကြောင်း လည်း ကျောင်းသားအများစုထံမှ သိရှိရသည်။
ရေနံမေဂျာကျောင်းသားတို့ မှာ မေးခွန်းပြောင်းသွားမှုကြောင့်
ဇဝေဇဝါဖြစ်ကာအားရကျေနပ်ရ သည်အထိ မဖြေဆိုနိုင်ခဲ့ရာ ယင်း ကြောင့် စာမေးပွဲရလဒ်အပေါ် ထိ ခိုက်မှုကို စိုးရိမ်နေကြရသည်။
သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ကျောင်းသားတို့အပေါ်ဖြေဆိုချိန် အပြည့်အဝ ပေးထားမှု ရှိ၊ မရှိအပေါ် စိတ်ပူရကြောင်း၊ သိရှိ ရသလောက် အပြည့်ပေးထား၍ စိတ်ပူပန်ရမှုလျော့နည်းခဲ့ကြောင်း နှင့် ထိုကဲ့သို့ မေးခွန်းအစုံလိုက် မှားယွင်းဝေငှမှု ဖြစ်စဉ် မရှိခဲ့ပါဟု ပြောသည်။
သန်လျင်နည်းပညာ တက္ကသိုလ်တွင် တတိယနှစ် ရေနံ မေဂျာအဓိကသင်ယူနေသူ စုစုပေါင်း ၄၅ ဦးရှိပြီး၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် ထိုကဲ့သို့ မဖြစ်ခဲ့ဟု စုံစမ်းသိရှိရ သည်။
သန်လျင်နည်းပညာ တက္ကသိုလ်တွင် စက်တင်ဘာ ၂၄ ရက်နေ့ နေ့လည် ၁ နာရီက ရေနံမေဂျာမှီမငူငညါ နညါငညနနမငညါ (ဏ ၃ဝ၃၂) ကို စစ်ဆေးရာ ဘာသာ ရပ်နှင့် မသက်ဆိုင်သည့် မေးခွန်း အား လွဲမှားစွာ ဝေငှဖြေဆိုခိုင်းခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
မင်းသုအောင် - Popular Myanmar News Journal

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံ မေဂျာတတိယနှစ် ဘာသာရပ် စာမေးပွဲမေးခွန်းမှားယွင်း ဝေငှမှု ဖြစ်ပေါ်
Reviewed by သစ်ထူးလွင်
on
22:05
Rating:
5 comments:
ပညာရေးဖြင့် ခောတ်မှီနိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုတာဒါနဲ့တူတယ် မေးတဲ့ခေါင်းစဉ်တပ် အောက်ကရတာဖြေ ထူးဆန်းပါပေ့ ဆရာတွတ်ရယ် ရယ်ရတယ်ဟေ့ ဗြဲ
ဆယ်တန်စာမေးပွဲတုန်းကတခါ ခုတခါ နှစ်ခါရှိပြီ ဒီတော့ပညာရေးဝန်ကြီးဌာနကို ပြန်တုန်းတတ်ဖို့လိုလာပြီ ဒီကိစ္စတွေက မှားယွင်းရမဲ့ ကိစ္စမဟုတ်ဖူးနော် ပညာရေးဝန်ကြီးဌာနတွေမှာကိုက ဘောင်းဘီရှည်ထွက်တွေက ကြီးစိုးတုန်း တာဝန်ရှိသူ အားလုံးကို စစ်ဆေးပြီး အလုပ်ထုတ်သင့်ပါတယ် ဆောရီးဆိုပြီး ပြီးရမဲ့ကိစ္စမဟုတ်ဘူး နိုင်ငံ့ သိက္ခာနဲ့ဆိုင်သွားပြီ
ပညာရေး ဝန်ထမ်းတယောက်ရဲ့ အသက်ဟာ စာမေးပွဲတဲ့ အဲလို ကြားဖူးပါတယ်။ ဘယ်လိုကြောင့် ဘာတွေမှားကုန် တာပါလိမ့်။ ဘာတွေဆက်ဖြစ်သေးလဲဟင်။ နောက်ဆက် တွဲလေးတွေ တင်ပေးပါဦး ကိုသစ်ရေ။
လူတိုင်းအမှားနဲ့မကင်းနိုင်ပေမယ့် ဒီလိုကိစ္စမျိုးတွေတော့မဖြစ်အောင်ဂရုစိုက်သင့်ပါတယ် ဒီကပညာရေးစနစ်မှာက လူတစ်ယောက်ရဲ့ဆန္ဒကိုအခြေအနေတွေအချိန်ကာလတွေနဲ့ကန့်သတ်ထားတော့လေ။
မဖြစ်သင့်ပါဘူး။သေသေချာချာ အရေးယူသင့်ပါတယ်။
ကျွန်မလည်း နည်းပညာကျောင်းသူဖြစ်ပါတယ်။GTIတက်တုန်းကအဲဒီလို တစ်ခါဖြစ်ဘူးပေမယ့် အဲဒီတုန်းက
ဒီလို အင်တာနက်ခေတ်မဟုတ်တော့ သိပ်မသိကြပါဘူး။
ကျောင်းသားတွေကို စာနာကြပါ။စာသင်နှစ်တစ်နှစ်ဆို ကျောင်းသားတစ်ယောက်ရဲ့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ငွေတွေ။အများကြီးပါ
Post a Comment