၅၀၀၀ တန် ဆင်းကဒ် ရောင်းမယ့် ရွှေပြည်တံခွန်ကုမ္ပဏ္ဏီ နဲ့ အင်တာဗျူး (ရုပ်/သံ)

ဖုန်းဆင်းကဒ်တွေ ဈေးသက်သာဖို့ ရွှေပြည်တံခွန်ကုမ္ပဏ္ဏီက ကြိုးစား မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့် တောင့်တနေကြတဲ့ ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်းဆင်းကဒ်တွေ ဈေးသက်သာစေ ဖို့အတွက် ရွှေပြည်တံခွန် ကုမ္ပဏ္ဏီက ကြိုးစားဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဆင်းကဒ်မှာ အင်တာနက်အသုံးပြုနိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ် စီစဉ်မှာ
ဖြစ်ပြီး ဆင်းကဒ်ထုတ်လုပ်နိုင်ရင် ဆက်သွယ်ရေးပိုမိုကောင်းမွန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုစီပွားရေး စနစ်ကို ဦးစားပေးဆောင်ရွက်နေတာကြောင့် လိုင်းကျတာမျိုးမရှိဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင် ထုတ်လုပ်မှာဖြစ်သလို ခေါ်ဆိုခနှုန်းထားတွေကိုလဲ ဈေးသက်သာအောင်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

အဆိုပါဆင်းကဒ်တွေထုတ်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေ နည်းပညာပိုင်းတွေ အဆင်သင့်ဖြစ်နေပြီး ဖြစ်တဲ့အတွက် ထုတ်လုပ်ခွင့်ရတာနဲ့ သုံးလကနေ ခြောက်လအတွင်း ပြည်သူတွေလက်ထဲ အရောက်ပို့ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

Burma VJ Media Network
ဦးလွင်နိုင်ဦး

၅၀၀၀ တန် ဆင်းကဒ် ရောင်းမယ့် ရွှေပြည်တံခွန်ကုမ္ပဏ္ဏီ နဲ့ အင်တာဗျူး (ရုပ်/သံ) ၅၀၀၀ တန် ဆင်းကဒ် ရောင်းမယ့် ရွှေပြည်တံခွန်ကုမ္ပဏ္ဏီ နဲ့ အင်တာဗျူး (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 19:18 Rating: 5

41 comments:

ရွှေကြီး said...

စောင့်ရတာမောပေါ့ ။
စောင့်ရတာမောပေါ့ ။

Unknown said...

၅၀၀၀ တန် လုပ်ပေးမယ်ဆိုတာတောင် ဘယ်သူတွေက ဘာကြောင့် ဘာဖြစ်လို့ ဘာရည်ရွယ်ချက်နဲ့ နှောင့်နှေးအောင် နှောက်ယှက် ဟန့်တား နေတာလဲ.....

Anonymous said...

စောင့်နေပါတယ်ဗျာ၊ပြည်သူလူထုတရပ်လုံးကမျှော်လင့်နေတာ၊မြန်မြန်ရပါစေလို့မျှော်လင့်ပါတယ်။ MPT အကြောင်းကတော့ မပြောချင်ပါဘူး၊အိမ်နီးချင်းနိုင်ငံတွေမှာဘယ်လိုဖြစ်နေတယ်၊နိုင်ငံတကာမှာဘယ်လိုတွေဖြစ်နေလဲ၊အားလုံးသိကြတာဘဲ၊ဒီ MPT တခုဘဲမသိသလိုဖြစ်နေတယ်။ရသလောက်လေးအချိန်ဆွဲမယ်၊ဥပဒေကိုအကြောင်းပြမယ်၊အားလုံးကိုအိတ်ထဲထည့်မှာ ဒီ MPT ပါ။ကိုယ်လဲမလုပ်နိုင်၊သူများလုပ်မယ်ဆိုလဲမလုပ်ရ ဆိုတော့၊ဒီ MPT တခုလုံး မြေလှန်ပစ်လိုက်တာ အကောင်းဆုံးပါဘဲ။

ayeyawaddy news said...

ငွေဖြည့်ကဒ်နဲ့တော် တော်တော်လျှံနေပြီလေ

Unknown said...

သဲလွန်းတယ်၊ ကဲလွန်းတယ်။ လေ တွေ နဲ နဲ လျှော့ ကွယ်။

Unknown said...

မသေခင်တော့ ကိုင်ဖူးကောင်းပါရဲ့ဗျာ

thein said...

lovecircle ..ပြောတာမှန် တယ်MPT ကတော့။ဗမာ မစစ်ဘူးလိုထင်တယ်........

Unknown said...

ကျွန်တော်တို့ အဆက်ဆက် ၀ယ်ယူအားပေးလာတဲ့ mpt ရဲ့ဖုန်းလိုင်းတွေကိုလည်း 3G ၊ 4G တွေသုံးလို့ရလာအောင် လုပ်ပေးပါလို့

Kyaw min win @ARTIST said...

MPTကဝန်ထမ်းတွေက internetမသုံးဖူးကြတော့ နိုင်ငံတကာအကြောင်းမဆက်စပ်မိတာဖြစ်နိုင်ပါတယ် မြန်မာပြည် တစ်ခုတည်းသိတာမို့ ခွင့်မပြုနိုင်ကြတာထင်တယ် သူတို့တွေကိုinternet အသုံးပြုပုံ လေ့လာပုံတွေကို အရင်သင်တန်းပေးသင့်ပါတယ် အခုလည်းမြန်နှုန်းမြင့်ပေးတဲ့internetလှိုင်းက ကွန်ပြူတာcopy လုပ်ရင် မကောင်းတဲ့ခွေနဲ့ လုပ်နေရတဲ့ အဆင့်ဘဲရှိပါသေးတယ် ဒွှေပြည်တံခွန်ကိုကြိုဆိုပါတယ် ပြည်သူတွေမျှော်လင့်တဲ့အတိုင်းလုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည့်ပါရစေ

Kyaw min win @ARTIST said...

MPTမှဝန်ထမ်းများကို နိုင်ငံတကာ တိုးတက်မှုတွေကို သိရအောင် internetအသုံးပြုနည်းသင်တန်းတက်ခိုင်းရပါမယ် ဘာကြောင့်လဲဆိုသူတို့က internet မှမသုံးဖူးတာ မြန်မာလူမျိုးတွေက ကိုယ့်ထက်သာ မနာလိုစိတ်က ရှိကြတာကို သူတိုစားစရာမရှိမှာတွေးပူနေကြတာလဲပါမှာပေါ့ ပြည်သူတွေက အ နေကြတော့ သူတို့လိမ့်သမျှ ခံနေရတာ အရသာတွေနေတာကိုး

မမမေ said...

မျှော်နေပါတယ်..

Unknown said...

မြေလှန်ပစ်စရာမလိုတော့ဘူး။ MPT ကော်ပရေးရှင်းဖြစ်တော့မှာ
အဲဒီက လူတွေတောင် ဘယ်ဌာန ကပ်နေရမယ်မသိရသေးဘူး..။
အရင်က စားထားဝါးထားတာတွေကို ဌာနမဲ့ဘ၀နဲ့ ပြန်ထိုင် စား
နေပေါ့ကွာ။

ကိုမိုက် said...

တကယ်ဆိုရင်တော့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်၊ ပြောပြီးဖြစ်မလာရင် ဒီတခါ ယုံကြည်မှုပါ ပျောက်ဆုံးနိုင်ပါတယ်။ သေချာမှသာ ပြည်သူလုထုထံသို့ ချပြသင့်ပါတယ်။ ၅၀၀၀ တန်ကဒ်က များပါသေးတယ်၊ မလေးရှားမှာဆိုရင် ဖုန်းကဒ်တကတ်ကို မလေးရှား(၇)ရင်းဂစ်ပါ၊ ကျပ်ငွေနဲ့ဆိုရင် ၇x၂၇၀=၁၈၉၀ ကျပ် ကနဦးကျပါတယ်၊ ပြီးရင် Top-up(ခ)ဖုန်းခေါ်ဆိုခ ဖြည့်ရပါတယ်၊အဲဒါက ရင်းဂစ် ၁၀ ပါ၊ စုစုပေါင်း ၄၅၉၀ ကျပ်ဆိုရင် ဖုန်းပြောလို့ရပါပြီ။ ဖုန်းလိုင်းပွင့်ဖို့ ၂ နာရီလောက်ပဲ စောင့်ရပါတယ်၊ ပြီးရင် အဲဒီဖုန်းနဲ့ပဲ အင်တာနက်သုံးလို့ရပါတယ်၊ အင်တာနက်သုံးရင် (၃)ရင်းဂစ်ပဲကျပါတယ် ၂၄ နာရီအတွင်းကြိုက်သလောက်ဒေါင်းလို့ရပါတယ်၊ လိုင်းလည်း မဆိုးပါဘူး ကောင်းတယ်...။

Khant Zaw Hein said...

နိုင်ငံခြားကုမ္ပဏီတွေကိုရာနှုန်းပြည့်လွဲပေးလိုက်ပါဗျာ။မြန်မာပြည်ကကောင်တွေကရိုက်စား ပေါင်းစားနေတာဝရောပေါ့ဗျာဉပမာ စက်မှုဇုန်ဂျစ်ကိုအရင်ကသိန်း၁၂၀ကနေသိန်း၁၉၀အထိဝယ်စီးနေကြတာအခုသိန်း၁၃၀ဆိုရင်ဂျပန်ကားအစစ်၂၀၀၇ကားအထိစီးနိုင်ကြပြီမြန်မာပြည်ဖြစ် လက်ရိုက်ကားတွေအစားဂျပန်ကားအစစ်စီးသလိုမျိုးပဲ ဆက်သွယ်ရေးတစ်ခုလုံးကိုနိုင်ငံခြားကုမ္ပဏီကို100%လွှဲပေးလိုက်ပါဗျာ
ပြည်သူတွေသက်သာစေချင်ရင်ပေါ့

naing said...

မလေးရှားမှာတကယ်တော့  မလေးရင်းဂစ် ၈ ကျပ်ပါ...အထဲမှာဖုန်းခေါ်ဖို့  ငွေသား ၅ ကျပ်ကျန်ပါသေးတယ်..
မြန်မာပြည်မှာ ၅၀၀၀ တန်ဆင်းကဒ် ဆိုတာ ဖြစ်သင့် ပါပြီ....
သူများနိုင်ငံကို မှီဖို့  လုပ်သင့် ပါပြီ...အရင်အတွေးအခေါ်တွေ ပြောင်းလည်းသင့် ပါပြီ...

Naing said...

ကြာတယ်ကြာတယ်မြန်မြန်လာကွာ အူးဟူးဟူး
(ရန်လေးနဲ့ခိုင်သင်းကြည်) လို ဟစ်လိုက်ချင်တယ်

naing said...

မလေးရှားမှာတကယ်တော့  မလေးရင်းဂစ် ၈ ကျပ်ပါ...အထဲမှာဖုန်းခေါ်ဖို့  ငွေသား ၅ ကျပ်ကျန်ပါသေးတယ်..
မြန်မာပြည်မှာ ၅၀၀၀ တန်ဆင်းကဒ် ဆိုတာ ဖြစ်သင့် ပါပြီ....
သူများနိုင်ငံကို မှီဖို့  လုပ်သင့် ပါပြီ...အရင်အတွေးအခေါ်တွေ ပြောင်းလည်းသင့် ပါပြီ...

Unknown said...

ဘာပဲပြောပြောပေါ့ ဖြစ်လာရင်ကောင်းပါတယ်

Unknown said...

အပြည့်အဝထောက်ခံပါသည်။

Unknown said...

မြန်မာနိုင်ငံကအင်တာနက်ကတော့လက်ဖျားခါရအောင်ညံ့လွန်းပါတယ်

001komgmg222@gmail.com said...

ကျွန်တော်ပြောချင်တာလေးရှိပါတယ်၊ဖုန်းဘေလ်ဆောင်တာနောက်ကြရင်
ဖုန်းလိုင်းအဖြတ်ခံရပါတယ်၊ဖုန်းလိုင်းပျက်လို့(၅/၁၀)ရက်လောက်ကြာတော့
ဖုန်းသု့းစွဲသူပြည်သူတွေကဘယ်(ဆ.သ.ရ)ကိုအရေးယူရမလည်းခင်ဗျာ။
အမေစုခင်ဗျာမထမဦးဆုံး(ဆ.သ.ရ)ဥပဒေနှင့်(E.P.C)ဥပဒေကိုတရား
ဥပဒေစိုးမိုးရေးအတွက်ပြည်သူကိုယ်စားတရားစွဲသင့်ပါတယ်၊ပတ်ဆံယူပြီးပြည်သူတွေကိုစော်ကားနေတာခေါတ်အဆက်ဆက်ဖြစ်နေပါပြီ။ဥပဒေအတိုင်း
အရေးယူသင့်ပါကြောင်းပြည်သူတစ်ယောက်အနေနဲ့တင်ပြလိုက်ပါတယ်။

moeaungzin said...

လုပ်ဗျာ မြန်မြန်လေး သူများတွေဆီဖုန်းခေါ်ခိုင်းပြီး
ခေါ်ခေါ်ပြောရတာ အသက်အရွယ်ကြီးတဲ့
ကျွန်တော်အမေ မောလှပါပြီဗျာ အဝေးကခေါ်တော့်
ဖုန်းချိတ်ရတာမလွယ်ဘူး ၁၀ မိနစ်ခရှင်းပြီး
ပြောရတာတော့ ၅ မိနစ်ပေါ့

Anonymous said...

ကျေးဇူးတင်ပါတယ်

နေမျိုးဗလ said...

သူပြောတဲ့သုံးလက
တုသိတာ နတ်ပြည်ကသုံးလ မဖြစ်ပါစေနဲ့လို့
အားလုံးဝိုင်းပြီးဆုတောင်းကြပေါ့ဗျာ

နေမျိုးဗလ said...

သုံးလဆိုတာက တုသိတာနတ်ပြည်
သုံးလလား

Unknown said...

ကြိုဆိုပါတယ်ဗျာ

notearforladies said...

MPTကိုပြောဖို့စကားလုံးတောင်ရှာမရတော့သလိုပဲ။

gurugyi said...

မြန်မြန်လုပ်စမ်းပါဗျာ။

YinHtwe said...

မြန်လေကောင်းလေပဲ

Unknown said...

မြန်မြန်အကောင်အထည်ဖေါ်ပါတော့ဗျို့
စောင့်ရင်းနဲ့ခေါင်းဖြူတော့မယ်။

Unknown said...

မြန်မာပြည်ကလိုင်းတွေကမကောင်းဘူး ဖုန်းလိုင်တွေinternetလိုင်းတွေကောင်းအောင်လုပ်ပါ ထောက်ခံပါတယ်။

Unknown said...

ဖုန်းတွေချပေးတာမတားပါဘူးအဆင်ပြေတာပေါ့ကျွန်တော်နားမလည်တာကဖုန်းလိုင်းဘာလို့မကောင်းတာလဲဘယ်လောက်ပဲပေးရပေးရအသုံပြုလို့မရရင်ဘာလုပ်ရမှာလဲ

Anonymous said...

လေးစားပါတယ်ကိုလွင်နိုင်ဦး......
မှတ်ချက်။ ။ဆက်သွယ်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဆက်သွယ်ရေး MD တို့မပါ.....

Unknown said...

လုံးဝမဖြစ်နိုင်ဘူးလို့ပြောနေကြတဲ့သူတွေကို.... IMPOSSIBLE is nothing လို့သက်သေပြလိုက်မှာလားး.....

Unknown said...

ဦးလွင်နိုင်ဦးရေ.....
နှစ်သိန်းတန်ဖုန်းတွေကတဆင့် ၅၀၀၀ တန်ဖုန်းတွေတောင်ဖြစ်တော့မယ်..
ပဲခူးတိုင်း၊ဝေါမြို့က အစ်ကိုတို့အတင်းထိုးရောင်းထားတဲ့ (၅)လပိုင်းက နှစ်သိန်းတန်ဖုန်းတွေအခုအချိန်ထိ သုံးလို့မရသေးဘူး။ကူညီပါဦး.....

Unknown said...

ထိုင်းနိုင်ငံမှာ ဆင်းကဒ် တစ်ကဒ်မှ ဘတ်(၅၀)ပဲ ရှိပါတယ်။ယခုမြန်မာငွေပေါက်ဈေးနှင့်ဆိုရင် (၁၃၀၀)ကျပ်ပဲ ကျပါတယ်။ အဲဒီဖုန်းကဒ်က ချက်ချင်းသုံးလို့ရပါတယ်။ပြီးတော့အဲဒီဖုန်းကဒ်ထဲမှာ ချက်ချင်း ဆက်သွယ်နိုင်ဖို့အတွက် (၁၅)ဘတ်(မြန်မာငွေ ၃၀၀ ခန့်)ပြန်ထည့်ထားပေးပါတယ်။အဲဒီတော့ ဆင်းကဒ် တန်ဖိုးက မြန်မာငွေ (၁၀၀၀) ၀င်းကျင်ပဲရှိပါတယ်။မြန်မာနိုင်ငံမှာလည်း နောက်များမကြာမီ ဒီလိုအခြေအနေ ရောက်နိုင်ပါစေလို့ဆုတောင်းပါတယ်။

Unknown said...

ရွှေပြည်တံခွန်ကြီးဒီတခါတော့တကယ်လား

မြန်မာပြည်မှာကြိုးနီတွေကခေါင်းငိုက်ရုံပဲရှိသေးတယ်

ပေါင်းစားကြပြီးပြည်သူအတွက်လို့ပြောနေတယ်

ကျွန်တော်တို့ပေးခဲ့ရတဲ့ sim card ဖိုးတွေဒေသဖွံ့ဖြိုး

ရေးရံပုံငွေကောက်ထားတာတွေ

တွေးကြည့်ရင်စိတ်နာတယ်

ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ငါတို့လက်ထက်က

မဟုတ်လို့တာဝန်မရှိဘူးလို့မယူဆစေချင်ဘူး

ဖုန်းပိုင်ရှင်နာမည်ပြောင်းရင်၅၀၀၀၀ကျပ်ပေးရတာ

ကြိုးဖုန်းတွေကိုရွှေ့ရင်ဆက်သွယ်ရေးဌာနတင်မကအုပ်

ခူပ်ရေး လဝကဌာနတွေအထိအဆင့်ဆင့်လုပ်ရတာတွေ

ကိုတော့ရပ်သင့်ပါပြီ။

Unknown said...

လုပ်ပါ မြန်မြန်လေး လုပ်ပါ ကမ္ဘာအသိပေးပြီလုပ်ရင်

Internet ကျေးဇူတင်စကာ you ကြားလိမ့်မယ်......

မှတ်ချက်..............
မပာုတ်ရင်

saw k ne min said...

ကျနော်ကတော့ လောလောဆယ်ဖုန်းဈေးနှုန်းနဲ့ မ၀ယ်နိုင်သေးပါဘူး..။ဒါအမှန်းတိုင်းပြောတာလေ..။နှစ်သိန်းဆိုတာ တချို့ တွေ့ တွက်တော့ မများပေမဲ့ ကျတော်တို့ လို လူတွေတွက် နှစ်လလောက်ရှာရတယ်ဗျာ..။ တန်ဖိုးသက်သာတဲ့ဆင်းကတ်လေးတွေ ကို တစ်ကယ်မျှော်လင့်တယ် တောင့်တတယ်...။ဖြစ်လာရင်တော့ပျော်တာပေါ့...။ ဖြစ်အောင်လုပ်ပေးနေသူတွေလဲ အဆင်ပြေကြပါစေဗျာ...။

minnminn said...

လက်ရှိဖုန်းလေး တွေကိုပဲ လိုင်းလေးကောင်းအောင် လုပ်ပေးပါဗျ

minnminn said...

တကယ်လား

Powered by Blogger.