၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်

၁၂ တန်း အခြေခံပညာရေး စနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်တွင် စတင် အကောင် အထည်ဖော် ကျင့်သုံး သွားရန်ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။
ပညာရေး ဝန်ကြီးဌာ နနှင့်ပညာ ရေးနှင့် ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်  ၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည် Reviewed by သစ်ထူးလွင် on 17:59 Rating: 5

14 comments:

Unknown said...

အတန်းများပြီး ကလေးနဲ့မိဘပတ်ဝန်းကျင်ပင်ပန်းရတဲ့ပညာရေးထက် ညာဏ်ရည်ညဏ်သွေးနဲ့ ဝါသနာပါရာအသက်မွေးဝမ်းကျောင်းပညာကို ကုန်ကျစရိတ်ပေါ့ပါးစွာ သင်ယူနိုင်တဲ့ပညာရေးဖြစ်သင့်ပါတယ်။

truth said...

၁၂ တန်းဖြစ်ရုံနဲ့ အဆင့်မှီသွားလား?
ဒါဆို ခု တက္ကသိုလ် ပထမနှစ်သမားတွေက အဆင့်မှီတွေပေါ့...

mtn said...

မြန်မာနိုင်ငံ က ၁၀ တန်း အောင် သိပ္ပံဘာသာရပ်နဲ့ သချာင်္ဘာသာရပ်တွေ မှာ နိုင်ငံ တကာနဲ့ ယှဉ်လို့ ရပါတယ် ... အဓိက က ကိုယ်သွားတတ်မယ့်နိုင်ငံ ရဲ့ ဘာသာစကား ကို မရတာပဲလေ အဲဒါ က တခြားနိုင်ငံမှာ တက္ကသိုလ်တတ်ရင် အားနည်းတဲ့ အချက်တစ်ခုပဲလေ .... အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံ မှာ တက္ကသိုလ်တတ်ရင် စကား မတတ်ရင် ဘာသာရပ်တိုင်း အားနည်းသွားတတ်တယ်လေ ...

Unknown said...

ပေတိုး တို့တော့စမ်းသပ်ပြန်ပြီ တစ်ခါ

ကျွန်တော်တို့လဲအစမ်းသပ်ခံပြီး ဘွဲ့ရပညာမတတ်

ဖြစ်ခဲ့ရတယ် နောက်လူတွေကိုလဲ စမ်းပြန်ပြီ

ဒီလိုပဲ လာအုံးမှာပဲ

မျီုး ချစ် said...

စက်မှုတို့ ဆေးတို့က ၆နှစ် ၇နှစ် ဒိမတိုင်ခင် ကျောင်းတက်တာက ပုံမှန်အတန်းအောင်ရင်တောင် ၁၁နှစ် စုစုပေါင်းနှစ် ၂၀နီးပါးပညာသင်ပြီးတော့ အလုပ်ကမ၇ ကျောင်းထားရတဲ့မိဘတွေကိုလဲ သနားကြပါဒာုံး သားသမီးများတဲ့. အိမ်ဆိုရင် ဒုက္ခဘဲ ကျုရှင်မပါသေးဘူးနော် truth ပြောသလိုဘဲ တက္ကသိုလ် ဒုတိယနှစ်ကို ၁၂တန်းလို့ သဘောထားလိုက် ဘာအဆင့်မှီ သွားလဲ? .

Unknown said...

ယခု၁၀တန်:ပညာအဆင့်သည်မညံ့ပါ၊ ၂၀၀၁ခု က၁၀တန်:အောင်ပီးဩစတေးရီးရားမှာတက္ကသိုလ်တန်:တက်လို့ရပါသည်၊

Unknown said...

၁၂ တန်းပဲဖြစ်ဖြစ် ၁၃တန်းပဲဖြစ်ဖြစ် ကျောင်းပြီးလို့အလုပ်မရနိုင်တဲ့ပညာရေးဆိုရင်တော့...၁၂တန်းတက်နေမဲ့အစား အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခုကိုလေးငါးနှစ်လောက်ကျွမ်းကျင်အောင်သင်ယူတာကမှ ကိုယ့်ဘ၀အတွက်အာမခံချက်ရှိအုံးမယ်...ပညာရေးစနစ်ကြီးကိုအစမှအဆုံးပြင်ဆင်ဆောင် ရွက်သင့်တယ်လို့ထင်ပါတယ်...လူတိုင်းနှစ်ရှည်လများအပင်ပန်းခံပညာသင်ကြားကြရပြီး အလုပ်အကိုင်အတွက်အာမခံချက်ရနိုင်ကြပါစေ....

Unknown said...

tk 9:10 A.M
ယခု သင်ကြားနေသော ၉ ၊ ၁၀ သင်ခန်းစာများ သည် ကလေးများတွက်သင့်တော်ပါသည်။ အရေးကြီးဆုံးက အောက်ခြေမှ စပြီး
အမှန်တကယ် အရည်ချင်း ရှိ သူတွေကိုသာအောင်ပေးခဲ့မည်ဆိုပါက
၁၂ တန်းလိုမည်မထင်ပါ။ ကလေး တစ်ယောက်အတွက် သူငယ်တန်း အပါဝင်
၁၃နှစ်လောက် မြုတ်နှံ နေရတာ မိဘတွေလည်း ကျပ်ပါလိမ့်မည်။ အခု ၁၀တန်း ပညာရပ်သည် အဆင့်မှီပါသည်။ အဓိက ကအတန်း တိုင်းတွင် စာမကြေသူများ ကိုအအောင်မပေးသင့်ပါ။

MG MG said...

အင်း..မိဘတွေတော့ခါးချိအောင်ရုန်ကြရအုန်းမှာပေါ့လေ..ဒီအစီအစဉ်သာ စအကောင်အထည်ဖေါ်လို့ကတော့ ကျောင်းမထားနိုင်တဲ့မိဘတွေပေါ်လာ
ပြီး ကျောင်းနေချိန်ကျောင်းမနေရတဲ့ကလေးတွေသေချာပေါက်အခုထက်ပို
လာမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်....ကျောင်းသားတစ်ယောက်ရဲ့
တစ်နှစ်စရိတ်ဘယ်လောက်ဆိုတာထည့်တွက်ကြည့်သင့်ပါတယ်...

Unknown said...

နိုင်ငံခြားသွားဖို့အဆင့်မမှီဘူးဆိုလို့ ပြီးခဲ့တဲ့ ၃လာလောက်က အမေရိကမှာ ကျောင်းသွားတက်နေတဲ့ကလေးတွေလာကြတယ် သူတို့မှာ သခ်ျာသင်ရင် သင်္ချာခန်း ၊သိပ္ပံသင်ရင် သိပ္ပံခန်းသွားတက်ရတယ် ၊ အစုံရှိတယ်၊ အဆင့်မမီဘူးဆိုလို့ ပြောပြရအုန်းမယ် သူတို့ဆီမှာမြန်မာပြည်က Grade 8 မှာ တက်ကကလေးဟာ Grade 8 သင်္ချာတန်းက သင်ခန်းစာတွေကို အလွယ်လေးနားလည်နေလို့ အတန်းက ၈တန်းပေမဲ့ ၉တန်းသင်္ချာသင်တဲ့အခန်းကို ပို့ပြီးတက်ရောက်လေ့လာသင်ကြားစေတဲ့တဲ့ဗျာ ၊ ပြီးတော့ သူတို့ဆီမှာ တစ်နှစ်စာသင်မဲ့သင်ခန်းစာတွေအတွက် အသင်လေ့လာလို့ရအောင် ပြင်ဆင်ထားတာတွေကို အင်တာနက်ပေါ်တင်ထားတယ် ။ ဒီနေ့ကျောင်းမတက်လို့ ကျောင်းသားက စိတ်ပူစရာမလိုဘူး ။ စာကူးစရာလည်းမလိုဘူး၊ စုဝေးကွင်းမှာ ကျောင်းအုပ်ကြီးဘာပြောတယ် ။အသံဖိုင်ဝင်လေ့လာယုံပဲ့။ နောက်ပြီး ဆရာတွေကို ဖုန်းဆက်ပီးမေးလိုက်ရုံပါပဲ။ ဒီတော့ သူတို့ဆီမှာက စာကို ကျက်မှတ်တာထက် စာကိုများများဖတ်မှတ်ပြီးမှ စဉ်းစားဖြေဆိုရတဲ့စံနစ်နဲ့သွားတယ် ။ မြန်မာပြည်က အတန်းကျောင်းတွေမှာ တက်ဖူးတဲ့ကလေးတွေကို အထူးလေ့လာပြီးမှ မြန်မာပြည်ပညာရေးမှာ ပြင်ဆင်မှုလုပ်မယ်ဆိုယင်
ပိုအဆင်ပြေလိမ့်မယ်။
မိဘတစ်ဦးအနေနဲ့ ရင်လေးမိတယ် ။တကယ်ပါ။ တက္ကသိုလ်မှာ စာသင်နှစ်တွေ တိုးသလို၊ အခြေခံပညာမှာ စာသင်နှစ်တွေတိုးလာတော့ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေခံစရိတ်တွေနဲ့ ကလေးကို ပညာရေးဆုံးခန်းတိုင်အောင် တာဝန်မယူပေးနိုင်မှာ စိုးရိမ်မိပါတယ်။
တက္ကသိုလ်မှာလည်း အင်္ဂလိပ်လိုသင်ပြီး ဘာမှမရ မသိတဲ့ အနီးကပ်ရင်း ကျူရှင်ကို ဈေးကြီးကြီးပေးရတဲ့စံနစ်နဲ့သွားတဲ့ တပွဲထိုးပညာရေးကိုလည်း ပြင်ဖို့သင်ပါပြီ၊ တချိန်က သင့်ဆိုင်ရာဘာသာရပ်တွေမှာ မြန်မာစာ မြန်မာစကားနဲ့သင်လို့ ပိုအဓိပ္ပာယ်ရှိခဲ့တာလည်း အားလုံးအသိပါ။ ယနေ့တိုးတက်တဲ့ တရုတ်လို၊ ဂျပန်လို၊ တောင်ကိုးရီးယားလို ခေါင်းဆောင်တွေ ကမ္ဘာမှာ သူတို့ဘာသာစကားပြောပီး အဆင်ပြေနေတာပဲ့လေ။ ကျွန်တော်တို့ရဲ့သမ္မတကြီး နိုင်ငံခြားခရီးမှာ မြန်မာလိုပြန်ပြောတာသိပ်အားရတယ် ။ ဂုဏ်ယူတယ် ၊ လေးလည်းလေးစားတယ် ။ ပိုအနစ်သာရရှိရှိပြောနိုင်တာပဲ့လေ။ ထိုအတူ ကျန်ဝန်ကြီးများ အင်္ဂလိပ်လို ရှင်းတာကိုလည်း ဂုဏ်ယူပါတယ်။ အဓိကနဲ့ သာမညကို စဉ်းစားသင့်တယ် ။ ပညာရေးဝန်ကြီးတပါးပြောတဲ့စကားလေးတစ်ခုရှိတယ်လေ သစ်ပင်တစ်ပင်ရဲ့ ဖြစ်တည်မှုကို မကြည့်ပဲံ့ သစ်တောကြီးတစ်တောလုံးရဲ့ဖြစ်တည်မှုကို မြင်အောင်ကြည့်ပါဆိုတာလေ။
နိုင်ငံခြားသွားမဲ့ကလေးတွေအတွက် အတန်းတစ်တန်းတိုးမယ်ဆိုယင်တော့ ပညာရေးအတွက် မိဘတစ်ဦးအနေနဲ့ လူလတ်တန်းစားဘ၀ကလေးတွေ ကျောင်းမထားနိုင်မှာ စိုးရိမ်မိတယ် ။

Unknown said...

thet khaing ပြောသော စကားကို အပြည့်အ၀ထောက်ခံပါသည်။

nwenwe said...

တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားများအင်္ဂလိပ်စာminor ဖြေဆိုစဉ်မှာ ကျမတာဝန်ကျပါတယ် သူ့တို့ရဲ့အရေးအသားကို ဖေါ်ပြရမယ်ဆိုရင်
ွှ့My plan for the future is ဆိုပြီး မြို့အမည်.ကိုရေးလိုက်ပါတယ်
နောက်တစ်ဦးကတော့ I go 8 o'clock school bicycle ပါတဲ့
နောက်တစ်ဦးကတော့ duty of the student ကို my friend ရေးပါတယ် She get up early. She get the pot the water and cook rice.တဲ့ လုံးဝအခြေခံမပါတဲ့ကျောင်းသူ/သားများပါ။ လူ၈၀ မှာ ၆၀ ဆိုးဆိုးဝါးဝါး မှားကြပါတယ်။
နောက်ရက် English Major ဖြေတော့ ၈၀ မှာ၁၀ သာဆိုးပါတယ်။ ဒါ English Major ကျောင်းသားမှာ အားသာချက် ရှိနေတယ်။
ဒါဆိုရင်အခြေခံမှာ English ကို ဘယ်လိုကိုင်တွယ်သင့်သလဲ၊ English Educated ကို သုံးရင်သုံး၊ မဟုတ်ရင် major မဟုတ်ဘဲသင်ဖို့လိုအပ်ရင် အရည်အချင်းစစ်(ဥပမာ - Oxford, Cambridge တို့မှ reading and writting skills စစ်ဆေးခြင်း) သင့်တယ်။ မဟုတ်ရင် ရင်လေးစရာဘဲ။
စာသင်ခုံ တစ်ယောက်ထိုင် နဲ့ ကျောင်းသားတွေကို ပေးသင့်တယ်၊ ကိုယ်ကိုကိုယ်အားကိုး လာမယ်။ ကိုယ်ပိုင်အရည်အချင်း ပေါ်လွင်လာမယ်။ self study ရှိဖို့အရေးကြီးတယ်။

Unknown said...

အဓိက ကတော့ ပညာရေးစနစ်ထက်၊ ပညာရေးဝန်ထမ်းတွေကို အရည်အချင်း ပြည့်ဝအောင် လေ့ကျင့်ပေးသင့်တယ်။ ကျောင်းအုပ်ဆရာမကြီးတစ်ဦးဆိုလျှင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်ရေး မရမှီ ကျဆုံးခြင်းကို အာဇာနည်နေ့တွင် ပြောကြားရာတွင် ဗိုလ်ချုပ်ခမျာ လွတ်လပ်ရေးရဲ့အရသာကို တစ်နှစ်ပြည့်အောင်တောင်မခံစားသွားရဘူးဆိုပြီး ဟောပြောသွားခဲ့တယ်။ ဒါတောင် အထက်တန်းကျောင်းအုပ်ဆရာမကြီးနော်။ အနာဂတ် နိုင်ငံတော် တည်ဆောက်ကြမယ့် မျိုးဆက်သစ်တွေ အတွက်တော့ ရင်လေးစရာပါဘဲ။ စဉ်ဆက်မပြတ် အကဲခတ်ပညာရေးစနစ်ရဲ့ရရှိလာတဲ့ သင်ခန်းစာတွေပေါ့။ နောက်တစ်ခုက န၀မတန်းကျောင်းသားတွေအထိ လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့၊အာဇာနည်နေ့တွေတောင် မသိတော့ အခြေအနေရောက်နေပြီ။ ပညာရေးစနစ်ကို ၁၂ တန်းမကလို့ ၁၅ တန်းထိဘဲလုပ်လုပ် ကလေးတွေ အမှန်တကယ်တတ်မြောက်ဖို့လိုတယ်။ မည်သို့ပင်ရှိစေကာမူ အခြေခံ ပညာရေးစနစ်ရဲ့ အခြေခံမှာ အမှန်တကယ်တတ်မြောက်ဖို့ရန်လိုအပ်တယ်။ သူငယ်တန်းကလေးတွေကို မေးကြည့်ပါ ၀ လုံးနှင့် သုံည ရေးတာ အတူတူဘဲလို့ ဖြေပါလိမ့်မယ်။

Unknown said...

စိတ်ဓါတ်ကောင်းပြီးစည်းကမ်းလိုက်နာမယ်။ဥပဒေကိုလေးစားမယ်ဆိုရင်နိုင်ငံတိုးတက်လာမှာပါ။နိုင်ငံoန်ထမ်းတွေကိုယ်တိုင်ကဥပဒေကိုမလေးစားဘူး၊စည်းကမ်းကိုမလိုက်နာဘူး၊အချိန်ကိုမလေးစားဘူး။




Powered by Blogger.