မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ
ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေးရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့် အနည်းငယ်သာကွာဝေးပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။
“၁၀ မိုင်လို့ခေါ်တဲ့ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့နေရာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ် လို့ကြားတယ်။ အသံတွေကတော့ တော်တော်ကျယ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စက်တင်ဘာ(၆)ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၇) ရက်နေ့နံနက် (၈) နာရီဝန်းကျင်တွင်လည်း မော်ဟန်နှင့်နမ့်စီးအောင်ကျေးရွာကြားရှိ မြစ်ကြီးနား-မန္တလေးရထားလမ်း အနီးတဝိုက်တွင် တပ်စွဲထားသော မြန်မာတပ်မတော်မှ တပ်စုများကို KIA တပ်များမှ ဝင်ရောက် တိုက်ခိုက်မှု ကြောင့် (၂)နာခွဲအကြာ ပြင်းပြင်း ထန်ထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
“တိုက်ပွဲက တော်တော်ပြင်းထန်တယ်ဗျ ပစ်ခတ်သံတွေအကြာကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်သံတွေ လည်း ကြားရတယ်။ တိုက်ပွဲကြောင့် အနီးအနားရွာက လူတွေလည်း ရွာအပြင်ဘက်ကို မထွက်ရဲဘူး ဖြစ်နေ ကြတယ်”ဟု မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအကြံပေး ဦးတင်ဝယ်က ပြောသည်။
၎င်းတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးရထားလမ်းကို စက်တင်ဘာလ (၇) ရက်နေ့မှစတင်ကာ ခေတ္တပိတ်ထား ရကြောင်းနှင့် လက်မှတ်ဖြတ်ပြီးသား ခရီးစဉ်များကိုလည်း ရွေ့ပြောင်းပေးခဲ့ရသည်။
“တိုက်ပွဲကြောင့် ရထားချိန်တွေမှန်တော့မှာ မဟုတ်ဘူး။ နောက်နေ့မနက် မန္တလေးတက်ဖို့အတွက် ရထား လက်မှတ်ဖြတ်တာတောင် မရဘူး”ဟု ဦးတင်ဝယ်က ပြောသည်။
သြဂုတ်လအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာ(၁၀) ရွာကျော်မှ   ဒေသခံများဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပိတ်ထားရကြောင်းသိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်တွင် နှစ်ဘက် အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် မြန်မာ့တပ်မတော်ဘက်မှ အင်အားဖြည့်တင်းမှုများရှိနေသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။
ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup
မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ Reviewed by သစ်ထူးလွင် on 19:37 Rating: 5
38 comments:
Unknown said...
အပြုတ်တိုက်သင့်ပြီ။
sheetody said...
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
ဦးစားပေးပါဟု ဆုတောင်းပါသည်။
Unknown said...
အမြန်ဆုံး ပြီးပြတ်အောင် ဖြေရှင်းသင့်ပါပြီ
Unknown said...
နှစ်ဘက်စလုးံမြန်မြန်ရပ်သင့်ပြီ။တိုင်းပြည်နာတယ်။
Unknown said...
သွေးချင်းတို့ဗတွစည်းလုံးစေချင်ပါတယ်
စိန်ရဲဒင်း said...
ဘယ်ဖက်ကမရပ်ဘဲစစ်တိုက်နေတာလည်းအားလုံးသိ
တယ်ဒီကောင်တွေကိုအပြတ်ရှင်းသင့်နေပြီ။
Unknown said...
မြန်မာနိုင်ငံမတိုတက်မငြိမ်းချမ်တာဟာပြည်တွင်စစ်ကြောင့်ပါ။
Unknown said...
တိုင်းပြည်အကျိုးအတွက် လူးမျိုးအကျိုးအတွက်တကယ်လိုလားတယ်ဆိုရင်အမြန်ဆုံးပြေလည်အောင်ညှိုနှိုင်းဆောင်ရွက်ပါ။
အချိန်ကြာလာရင် တိုင်ပြည်ရော ဒေသခံလူမျိုးတွေအတွက်ပါအရမ်းနစ်နာတယ်။
မြန်မြန်ညှိကြပါ
ခိုဖြူ said...
ညီညာမှ ပြည်သာမယ် ဆိုတဲ့ စကားလေးကို သတိရစေ ချင်တယ်
minzaw said...
အောင်ကျော်စီုးပါ ရေးထားဒါနဲ့  ဘယ်လောက်အသက်ကြီးနေပါစေ
ဦး ဆိုတဲ့ နံမည်တပ်မနေပါနဲ့  ငါလည်းတိုင်းရင်းသားပါ
မင်းလောက်တော့ မရိုင်းစိုင်းဘူး လိမ်မာတဲ့ စရင်းထဲမှာ
ငါမပါတာတော့ သေချာတယ် မင်းသိအောင်ငါပြောဒါပါ
nanda said...
kia ကိုလုံးဝကို အပြုတ်တိုက်ပြစ်သင့်တယ်
nanda said...
KIA ကိုအပြုတ်တိုက်သင့်ပြီ ဒီKIA မှမှမနိုင်ရင် တခြာတိုင်းပြည်တွေက လာကြူးကျော်ရင် ဘယ်လိုကာကွယ် နိုင်ပါ့မလဲ
Unknown said...
ငြိမ်းချမ်းရေးကိုklaကတကယ်မလျိုချင်တာ။ရပိုင်ခွင့်တွေဆုံးရှုံးမှာကြောက်နေတာ ။ ကချင်လူမျိုးတွေကဒို့တိုင်းရင်းတွေ။kiaကအဖျက်သမားတွေ။ငြိမ်းချမ်းရေးမလိုချင်ရင်အပြုတ်တိုက်ဖို့သင့်ပြီ။
shine said...
စစ်တပ်ကသွားတိုက်တာမဟုတ်။ခုခံကာကွယ်ရုံသာဖြစ်သည်။ငြိမ်းချမ်းရေးလမ်းလည်းဖွင့်ထားသည်။kia အဖွဲ့အသုံးချခံဖြစ်နေပြီထင်သည်။ အစိုးရဘက်ကအစွမ်းကုန်လျှော့ပေးပြီးပြီ။စဉ်းစားကြကုန်လော့။
Unknown said...
ကျူပင်ခုတ်ရင်ကျူငုတ်မချန်နဲ့
Unknown said...
ငြိမ်းချမ်းရေးကိုklaကတကယ်မလျိုချင်တာ။ရပိုင်ခွင့်တွေဆုံးရှုံးမှာကြောက်နေတာ ။ ကချင်လူမျိုးတွေကဒို့တိုင်းရင်းတွေ။kiaကအဖျက်သမားတွေ။ငြိမ်းချမ်းရေးမလိုချင်ရင်အပြုတ်တိုက်ဖို့သင့်ပြီ။
Unknown said...
မြန်မြန်ပြတ်ပြတ်းသားတိုက်ကြပါတိုင်းပြည်နင့်ပြည်သူလူထုများနစ်မှာကိုကောင်းနင့်စဉ်းးစေခြင်တယ်
Unknown said...
မြန်မြန်ပြုပြင် သင့်။ညိမ်းခြမ်းရေးကိုလိုလားပြီ
kokogyi said...
နိုင်ငံတော်အနေနဲ့ အချိန်မနှောင်းခင် တင်းတင်းကျပ်ကျပ် ကိုင်တိယ်သင့်ပြီ သိပ်လျော့ရဲလွန်းတဲ့အတွက် မြို့ပေါ်င်္အရပ်သား တွေပါနေပြီ ကြာလေကိုင်တွယ်ရပိုခက်လေဖြစ်တော့မယ်
စစ်ရေးကောနိုင်ငံရေးအရကော
kokogyi said...
သူတို့ဖက်အရပ်သားတွေ ပါနေပြီ နိုင်ငံတော်က တင်းတင်းကျပ်ကျပ်ကိုင်တွယ်သင့်ပြီ
mg mg said...
အဲ့ဒိလောက်ပြောနေတာမရရင် ချဗျာ။ ကြာတယ်။
Anonymous said...
ဒါလေးရှိမှအဆင်ပြေမှာမို့ ။
Unknown said...
မည်သည့် ပယောဂ မပါဘဲ အတူတကွ ငြိမ်းချမ်းရေး ဆောင်ရွက်သင့်ပါသည် ၊ ယခုဖြစ်နေတာက မမြင်ရတဲ့ သွေးထိုး ပေးမှုတွေကို နည်းလမ်းရှာပြီး တားမြစ် ဆောင်ရွက်သင့်ပါတယ် ။
youthmedia said...
ဘယ်တော့ မှ ပြီးမှာ မဟုတ်ပါဘူး အဓိက လက်နက် အားကိုးပြီး ၂ဖက်
လုံးက ဖြေ၇ှင်းနေကြလို့ ပါ ပြည်သူကိုအားကိုးပြီး လူထောက်ထောက်ခံမှု့ 
၇ယူဖြေ၇ှင်းနိုင်၇င် NLD လို ၇ပ်တည်သွားနိုင်ပါမယ် လူထုကိုအားကိုးပါ
လက်နက် ကို အားမကိုးပါနဲ့  ။ေ၇ွှဝါေ၇ာင်တော်လှန်ေ၇းကာလတုန်းက
လက်နက်ဆိုလို့  အပ်တချောင်းမှ မပါတဲ့  ဘုန်းကြိးနဲ့ ပြည်သူတွေ တိုက်
ပွဲ ၀င်နေစဉ် အဲဒီလက်နက် ကိုင်တွေ ဘာလုပ်နေခဲ့ ကြလဲ အားလုံးသိပါ
တယ် ဗုဒ္ဒဘာသာ ဘုန်းကြီးတွေ သေတာပဲ သေပါစေပေါ့ ဆိုပြီး လက်ပိုက်ကြည့် နေခဲ့ တာလား ။ အဲဒီတုန်းက ဘာလို့  ပြည်သူနဲ့ မပူးပေါင်း ခဲ့ ကြတာလဲ သစ်တွေ ကျောက်တွေ ထုတ်ေ၇ာင်းလို့  ကောင်းနေကြလို့ လား ။ ၇ဟန်း၇ှင်လူ ကြိုးစားလို့ ၇လာတဲ့  အချိန်ေ၇ာက်မှ ။ ဟို ငြိမ်းချမ်းေ၇း အဖွဲ့ က ဟို
အခွင့် အေ၇းတောင်း ဒီအခွင့်ေ၇းတောင်းနဲ့ ဗျာ.. သိထားဖို့  လက်နက်ကိုင်ထားတဲ့ ဘယ် အဖွဲ့ ကို မှ လူထုက အယုံကြည် မ၇ှိကြတော့ ဘူး သိပ်လည်း အသေခံပြီး လူမျိုးေ၇းအတွက် အမည်တပ် ကြိုးစား တိုက်ပြမနေကြပါနဲ့ တော့ 
kokogyi said...
ဖားကန့်မှာ ဒေါ်လာသန်းချီနဲ့ ညီ မျှတဲ့ ငွေတွေကောက်နေရတော့ အကြောင်း အမျိုးမျိုးပြပြီး စစ်ပွဲကိုဆွဲဆန့်နေတယ် အရင်စစ်အစိုးရနဲ့မတူလို့ အမေရိကန်အပါ အနောက်နိုင်ငံတွေကပါပြောင်းလဲ မှုကိုလက်ခံနေတယ်
၁၀ဖွဲ့ကလက်ခံတယ် သူတို့ကမဖြစ်ဘူးပြောတယ်
ဘယ်သူက အကြမ်းဖက်တာလဲ ဘယ်သူက စစစ်ကိုရှည်ချင်တာလဲလူတိုင်းသိတယ် အမေရိကန်လဲသိမယ် ကမ္ဘာကလဲသိမယ် ဒါပေမယ့်မြန်မာ့ဂိာနယ်တွေမသိသေးဘူး
ညို said...
အပစ်အခတ်မြန်မြန်ရပ်ါပစေ
moelhone said...
ကျဆုံးသွားရှာသော....စစ်သည်တော်များ....ကောင်းရာသုဂတိ လားပါစေ......
moelhone said...
ရဲသော်မသေ...သေသော်ငရဲမလား......။
Unknown said...
တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရှိသင့်ပါပြီနော်
Unknown said...
ဘယ်တော့ပြီးဆုံးမှာလဲ ဒီစစ်ပွဲကြီးက......အပြစ်မဲ့ပြည်သူတွေကို သနားပါအုံး
youthmedia said...
လက်နက် နဲ့  လူထု ထောက်ခံလာအောင် ကြိုးစားကြသည့်  မည်သည့်
အဖွဲ့ ကို မျှ အယုံကြည်မ၇ှိပါ ။ ကျားကြီး နဲ့  ကျားလေး အ၇ွယ်သာ ကွာသွားမယ် အခြေခံက အတူတူ ပါ ။လက်နက် အားကိုး ခြင်းထက် ။ ပြည်သူကိုအားကိုးပါ ။ အစိုး၇လည်း ဘယ်တော့ မှ တိုက်လို့ နိုင်မည် မဟုတ်ပါ။ တိုင်း၇င်းသားလက်နက်ကိုင်တွေ ကလည်း ဘယ်တော့ မှ နိုင်မည်မဟုတ် ။ ကြားက ပြည်သူများက မြေစာ ပင် ဖြစ်နေ၇ပါတယ်။
လက်နက်အားကိုးခြင်းထက် ပြည်သူလူထု ကိုအားကိုးပါ။ ပြည်သူ့ အာဏာ
ကိုအားကိုးပါ သေနတ်ပြောင်းဝမှ လာသည့် အာဏာ ကို အားမကိုးပါနဲ့ 
နေသော် said...
ကျွန်တော်ကတော့  2ဖက်လုံးကို အထင်မကြီးဘူး ... စစ်ကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေရတယ် ...မိသားစုတွေ သေကွဲရှင်ကွဲကွဲရတယ် ...အဲ့  အမုန်းတရားတွေ ..လက်နက်တွေကျည်ဆန်တွေကိုစောက်ရမ်းမုန်းတယ် ...
Fat Fat said...
ွနွားကွဲလျှင်ကျားဆွဲလိမ့်မယ်
သိက္ခာ said...
aungkokoko8@gmail.com said...
တိုင်းရင်းသားတွေအပေါ်စစ်ရေးနဲ့အနိုင်ယူဖိနှိပ်တဲ့လုပ်ရပ်ကခင်ဗျားတို့ပြောနေသိနေကြတဲ့ဗမာ့တပ်မတော်ဖခင်အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းလက်နဲ့ရေးခဲ့တာကိုခြေနဲ့ဖျက်တာပါတိုင်းရင်းသားတွေနဲ့စည်းလုံးမှုရပြီးဗမာပြည်လွှတ်လပ်ရေးရအောင်ဗိုလ်ချုပ်ဘယ်လောက်ကျိုးစားခဲ့ရသလဲဘယ်လောက်အောက်ကျို့ပေးဆပ်ခဲ့ရသလဲဗိုလ်ချုပ်ကတိုင်းရင်းသားတွေအားလုံးတစည်းတလုံးတည်းဖြစ်ဖို့ဘာမဆိုရင်းဖို့ပေးဖို့ကြိုးခဲ့ရတာပါပင်လုံစာချုပ်မူရင်းအချက်တွေကိုလည်းသေချာပြန်လေ့လာကြပါဦးတပြည်လုံးလေးစားပါတယ်ဆိုတဲ့ဗိုလ်ချုပ်ကြိုးစားချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ကြီးဖြတ်ညပ်ကပ်လုပ်ခံရတာလုပ်ချင်ရာလုပ်ပြီးပုံစံသွင်းခံခဲ့ရတာကိုယ့်ကိုကိုသိကြရဲ့လားဒါဗိုလ်ချုပ်ကိုလေးစားနေတာလားဗိုလ်ချုပ်ဆိုရင်တိုင်းရင်းသားအချင်းချင်းကိုတိုက်မလားသတ်ရက်ပမလားသေချာစဉ်းစားကြပါဦးတိုင်းရင်းသားတွေကကိုယ်အိမ်ကိုယ့်နယ်ထဲနေရင်းကျူးကျော်စော်ကားခံရတာပါသူတို့မွှေးဖွားရာနေထိုင်လုပ်ကိုင်စားသောက်ရာမွှေးရပ်ဇာတိမြေကိုတပါးသူတွေကလက်တလုံးခြားရောင်းစားသွားတာနေစရာအိမ်'မြေ'တွေမရှိကြတော့ဘူးမိန်းကလေးတွေအရွယ်တောင်မရောက်သေးဘူးတရုပ်ပြည်မှာရေတိမ်နှစ်ရတယ်ကိုယ်ချင်းစာကြပါဦးခင်ဗျားတို့ပြောတဲ့နိုင်ငံသားကောင်းစစ်သည်တွေကိုမေးကြည့်လေ့လာကြည်ကြဦးတိုက်ချင်လို့စိတ်ပါလို့မျိုးချစ်စိတ်ဆိုတာပြဖို့သွားတိုက်နေကြတာလားလို့တိုင်းရင်းသားတွေကနေစရာခိုလှုံစရာအားကိုးစရာမရှိတော့လို့ကာကွယ်ရင်းတိုက်နေကြရတာသူတို့ရန်သူကအမိန့်နဲ့ခိုင်းခံရလို့သွားရောက်တိုက်တာခံယူချက်ချင်းမတူပါဘူးဒါကြောင့်အရပ်သားပြည်သူတွေတိုင်းရင်းသားတွေပါဝင်လာတာပေါ့လွတ်တော်ကကောင်းမဲ့အရိပ်ယောင်actionလေးတခုထွက်လာချပြလာတာနဲ့ခင်ဗျားတို့စစ်တပ်ကကောင်းဖို့လုပ်လာမယ်ထင်လားအပြတ်ရှင်းပြစ်လို့ပြောရင်ဘာဖြစ်လို့အောင်သိန်းလင်းကိစ္စမှာကန့်ကွက်ပြီးဝိုင်းအော်ကြသေးသလဲအဲဒီကတည်းအကျင့်ပါနေကြတဲ့အတိုင်းထောက်ခံပါတယ်ပြောကြရင်အမြစ်ပြတ်ပြီခုတော့ခိုင်းလို့တိုက်နေရတဲ့ဘုမသိဘမသိတွေပင်ပင်စက်စက်သေကုန်သတ်ကုန်ကြပြီအမြစ်ဖြုတ်ပစ်လို့ပြောရထင်ရအောင်အရေးသိပ်သာနေပြီထင်နေကြလို့လားတကယ်လေးလေးနက်နက်လေ့လာကြပါဦးဘာကြောင့်တိုက်နေကြလဲဘယ်သူကျူးလွန်သလဲဘယ်သူ့အတွက်တိုက်တာလဲဘယ်သူတွေသေကြရသလဲ စစ်တိုက်လို့သေတိုင်းအာဇာနည်မဖြစ်ပါဒီစစ်ပွဲတွေဟာမျိုးချစ်စိတ်ကြောင့်ဆိုရင်တော့သနားစရာကောင်းတယ်လို့ပြောချင်ပါတယ်သတ္တိခဲတွေရယ်
Unknown said...
နှစ်ဘက်လုံးက တိုင်းပြည်နှင့်လူမျိုးအပေါ် ထားတဲ့စိတ်စေတနာ မမှန်လို့သာ ငြိမ်းချမ်းရေး မယူနိုင်သေးခြင်းဖြစ်သည်။ မိမိကိုယ်ကျိုးထက် မိမိလူမျိုး၊မိမိတိုင်းပြည် အကျိုးကိုအမှန်တကယ် လိုလားသောခေါင်းဆောင်ကောင်း များ နှစ်ဘက်လုံးတွင်လိုအပ်သည်။
Unknown said...
သဘောတူ ထောက်ခံအပ်ပါသည်။
Unknown said...
ခေတ်တွေပြောင်းနေပါပြီ...။လွှတ်တော်ထဲမှာလည်း......ကချင်တိုင်းရင်းသားတွေ အများကြီး ပါဝင်နေကြပြီ..။ပြည်သူ့တပ်တော်ထဲမှာ.....တိုင်းရင်းသားစစ်သည်တွေအများကြီးရှိပါတယ်...။အစွန်းရောက်..မကြည့်သင့်ပါဘူး....။
Powered by Blogger.