မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ကံကြီးကုန်းရွာနဲ့ ဇီးအုပ်ရွာက ရွာသားတွေဟာ ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံရပြီး မန္တလေးမြို့တော်ဝန်က ကျူးကျော်နေအိမ်တွေ ဖျက်သိမ်းဖို့ တစ်ပတ်အချိန် ပေးထားတဲ့အပေါ် မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် ၊ ဓါတ်ပုံ -CJMyanmar |
ကျူးကျော်နေအိမ် ဖျက်သိမ်းသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Reviewed by သစ်ထူးလွင်
on
10:40
Rating:
5 comments:
အစိုးရကနေနိုင်ငံဝန်ထမ်းတွေကိုတရားဝင်ဂရံအမည်ပေါက်ချ ထားပေးခဲ့တဲ့မြေကွက်တွေပါဝင်နေတယ်ဆိုတာဆရာတော်သိစေချင်ပါတယ်။ဒီဝန်ထမ်းတွေကလဲပြည်သူတွေပါ။ကျူး ကျော်သူတွေကနစ်နာတယ်ဆိုရင်တရားဝင်ဂရံအမည်ပေါက်ရထားသူတွေရဲ့နစ်နာမူ့ကိုဆရာတော်ဘယ်လိုဆောင်ရွက်ပေးမလဲသိချင်ပါတယ်။ကျူးကျော်သူတွေဟာ ဒီတရားမဝင်ရောင်း ချတာကိုသိရှိပေမဲ့ဘာကြောင့်ဝယ်ခဲ့ကြတယ်ဆိုတာသူတို့အသိဆုံးပါ။တရားဝင်ပိုင်ဆိုင်တဲ့ကိုယ်မြေကွက်ကိုဝန်းခြံခတ်ဖို့သွားရင်ဝိုင်းဝန်းခြိမ်းခြောက်တာခံခဲ့ရတာဆရာတော်သိပါရဲ့လား။တရားဥပဒေစီုးမီုးမှုရှိမှပြည်သူအများစိတ်ချမ်းသာကြမှာပါ။ကိုယ်နေရာမဟုတ်ဘဲ(တရားဝင်)ဖယ်ရှားခံရတာကိုဒီလောက်ခံစားနေရရင်ကိုယ်နေရာ(တရားဝင်)ကိုကျူးကျော်ခံဖယ်ရှားခံထားးရတာကိုကိုယ်ချင်းစာစေချင်ပါတယ်။
သူတို့တွေကျူးကျော်မ၀င်ရောက်ခင်ကတည်းက ဂရံအစစ်နဲ့ ၀ယ်ယူထားသူတွေနေရာဘက်ကကြည့်ရင်ကော ကျူးနေသူတွေက ဘယ်လိုနားလည်ပေးကြမှာတုန်း။
ဆရာတော်တွေလဲမနေရပါလား ပေတိုးရေ့
အဆင်ပြေအောင်လုပ်ပေးပါ
အားလုံးလူသားတွေလို့သဘောထားပေးပါ
န အ ဖ စတိုင်မလုပ်ပါနဲ့
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုမျိုး လွတ်လပ်ရေးရပြီ ဆိုပြီး လမ်းပေါ် စပါးတက်လှမ်းတာတွေကိုတော့ လက်ခံလို့မရပါဘူး ၊ ကျူးကျော်ဟာကျူးကျော်ပါဘဲ ၊ ဒါတွေကိုအရေးမယူရင် ကျွန်တော်တို့နိုင်ငံ မှာတရားဥပဒေ ဆိုတာ ရှိနိုင်ပါ့မလား ၊ အားလုံး မျှမျှတတ စဥိးစားကြည့်ကြပါ။ ထစ်ကနဲရှိရင် အစိုးရ မကောင်းကြောင်း ပြောရမဲ့ ခေတ်မဟုတ်တော့ပါဘူး ၊ ကိုယ်လုပ်တာ ဟုတ်လား မဟုတ်လား သေချာပြန်စဉ်းစားကြည့်ကြပါအုန်း
အုပ်ချုပ်ရေးမှာ တိုင်း ခရိုင် မြို့နယ် ရက်ကွက် ကျေးရွာအဆင့်ဆင့် ဖွဲ့စည်းထားတာပါ။ ဒီလောက်များတဲ့ကျူးကျော်သူတွေကို ကာလတစ်ခုထိအခိုင် အမာနေခွင့်ရ နေလည်းဆိုတာစဉ်းစားစရာပါ။ တာဝန် ရှိသူတွေ ပူးပေါင်းဆောင် ရွက်ခြင်း အားနည်းတာလား ဆောင် ရွက်မှု့ လွန်ကဲသွားတာလားဆိုတာသိချင် ပါတယ်။ အထက်အောက်အဆင့်ဆင့် တင်ပြမှု့ ဆောင် ရွက်မှု့တွေအားနည်းနေတာသိသာပါတယ်။ အဓိကတာဝန် ရှိတာက ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ မြို့နယ်အုပ်ချုပ်ရေးမှုးတွေလို့ ထင် ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင် ပတ်သက်မု့တွေရှိနေပါတယ်။ အခုပြသနာက သူခိုးပြေးမှထိုးကွင်းထ တဲ့သ ဘောပါဘဲ။ လုပ်စားပြီအထုပ်ပိုက်ပြီးပြေးကုန် ကြပြီးမှ အထုပ်ပိုက်ပြီးပြန် ကျန်နေတဲ့သူတွေခံရတာပါ။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
Post a Comment