ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို စမ်းသပ်မှု တရပ်ဖြစ်ပြီး အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်ခဲ့တယ်

ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာ လိုက်ပါတယ်။

ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြည်သူ့ လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာနဲ့ ခုံရုံအား စွပ်စွဲပြစ် တင်ချက်ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၀၇ ဦး ရှိပြီး ပြည်သူ့လွှတ်တော်ရဲ့ ၃ပုံ ၂ပုံ ကျော်လွန်နေတဲ့အတွက် စွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (မောင်ကိုနီ-တရားလွှတ်တော်ရှေ့နေ) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်ပြီဆိုတော့ အဲကိစ္စက ဘယ်လောက်အထိ ဘယ်လိုဖြစ်သွားနိုင်လဲ ဆရာ၊ ဆွေးနွေးပေးပါဦး။

“စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းက ပြည်ထောင်စုလွှတ်တော်အနေနဲ့ အဆင့်ကတော့ အခု လုပ်ခဲ့တဲ့ အတိုင်းပါပဲ။ အမျိုးသားလွှတ်တော်က စပါတယ်။ အမျိုးသားလွှတ်တော်က သဘောတူတယ်။ ၃ ပုံ ၂ ပုံကျော်တယ်။ ၁၆၂ လား ၁၆၄ ယောက်လား မသိဘူး မတ်တပ်ရပ်ပြီး ဆန္ဒပြုလိုက်တယ်။ အဲအတွက် အမျိုးသားလွှတ်တော်အဆင့်ကို ကျော်ပြီးတော့ ပြည်သူ့လွှတ်တော်ရောက်လာတယ်။ ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ပေးရတယ်။ အဖွဲ့ရဲ့ သဘောက တရားစီရင်သလို စီရင်ဖို့မဟုတ်ဘူး။ တချို့တွေက တရားစီရင်ဖို့ဖွဲ့တယ်လို့ ထင်ကြတယ်။ ဒါ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးဖို့ ခုံရုံးဖွဲ့ပေးတာက စွပ်စွဲခံရသူတွေရဲ့ explanation (ရှင်းပြချက်) ပေါ့။ သူတို့ဟာ ဘယ်လိုများ ပေးအပ်ထားတဲ့ တာဝန်တွေကို မဆောင်ရွက်ဘဲနေတယ်။ ဒါမှမဟုတ်လည်း မှားမှားယွင်းယွင်း ဆောင်ရွက်တယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို ချေပဖို့၊ အခွင့်အရေး ပေးတဲ့သဘော။ သူတို့က ဘာမှဆုံးဖြတ်လို့မရဘူး။ ချေပချက်ကို နားထောင်ရုံသက်သက်ပဲ။ နားထောင်ပြီးတော့ ခေါ်ပြီးစစ်တဲ့အခါမှာ ဒီနည်းဒီပုံ ကျနော်တို့ကို ထွက်ဆိုပါတယ်။ အစစ်ခံချက်ပေးပါတယ်၊ ရှင်းလင်းချက်တင်ပြပါတယ် ဆိုပြီးတော့ အဲဒါကို ပြည်သူ့လွှတ်တော်ကို ပြန်ပြီးတော့ အစီရင်ခံ တင်ပြရမယ်။ ပြည်သူ့လွှတ်တော်က အစီရင်ခံတင်ပြတာကို နားထောင်ပြီးတော့မှ ဒါဆိုရင်တော့ စွပ်စွဲပြစ်တင်ဖို့ မထိုက်ဘူးဆိုရင်တော့ ဒါ ပြီးသွားပြီပေါ့။ စွပ်စွဲပြစ်တင်ဖို့ ထိုက်တယ်ဆိုရင်တော့ ဒီနေ့ ဆုံးဖြတ်သလိုပေါ့၊ စွပ်စွဲပြစ်တင်တယ်လို့ ၃ ပုံ ၂ ပုံကျော်က ဆုံးဖြတ်ရင် အတည်ဖြစ်သွားတယ်။ စွပ်စွဲပြစ်တင်တာ အတည်ဖြစ်သွားရင် လက်ရှိ ဒီရာထူးမှာ တာဝန်ထမ်းဆောင်လို့ မရတော့ဘူးပေါ့။ စွပ်စွဲပြစ်တင်ခြင်း လုပ်လိုက်တာနဲ့ တပြိုင်တည်း ရာထူးက ဖယ်ဖို့ အကြောင်းရင်း ဖြစ်သွားတာပေါ့။ တကယ်လို့ စွပ်စွဲပြစ်တင်ခြင်းမလုပ်ခင်ကြားမှာ တကယ်လို့ တဖက်နဲ့တဖက် ညှိနှိုင်းလို့ ပြေလည်မှုရမယ်ဆိုရင် ဒါဆိုရင်တော့ အဓိပ္ပာယ်က တမျိုးပေါ့။ စွပ်စွဲပြစ်တင်ခြင်းကို မလုပ်တော့ဘူးဆိုရင် သူတို့ ဒီရာထူးမှာ ဆက်ပြီးတော့ ရှိဦးမယ်။ အခုက မရပ်ဘဲ လမ်းဆုံးထိသွားဖို့ကို ခုံရုံးဘက်က ရွေးလိုက်တယ်လို့ မြင်တယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ သူတို့ ခုံရုံးကို အခွင့်အရေးတွေပေးတယ်၊ ဒီဆုံးဖြတ်ချက်ဟာ မှားပါတယ်လို့ ပြန်ကြေညာပေးပါလို့ ကျနော်တို့ ပြောပါတယ်။ ပြောလိုက်တော့ လာရှင်းပါတယ်။ ခုံရုံးကနေ ပြည်ထောင်စုလွှတ်တော်မှာ လာရှင်းပါတယ်၊ ရှင်းပြီးတာနဲ့ ချက်ချင်းပဲ မဲခွဲတော့ ၄၄၇ မဲနဲ့ ခုံရုံးဆုံးဖြတ်ချက်မှားတယ်၊ ပြင်ပေးဖို့လိုတယ်ဆိုပြီး တောင်းဆိုချက် ဆုံးဖြတ်ချက်ကျသွားတယ်။ အဓိပ္ပာယ်ကတော့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တယ်ဆိုတာဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းပဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ပါတယ်။ ပြည်သူလူထုက သူပိုင်တဲ့ အာဏာကို ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းထားတယ်။”

“အဲ့တော့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဒါမှားပါတယ်လို့ ပြောရင် ဒါကို ကျနော်မှန်ပါတယ်လို့ ခုံရုံးဘက်ကနေ ပြောဖို့ အနေအထား မသင့်ဘူးလို့ ထင်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ခုံရုံးဆိုတာဟာ ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ဖွဲ့စည်းပေးထားတာ။ ဆိုတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာက ပြန်ပြီးတော့ စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ဖယ်ရှားလို့ရတယ်ပေါ့ဗျာ။ ပြောချင်တာကတော့ ခုံရုံးနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ပိုပြီးမြင့်ပါတယ်။ အမြင့်ဆုံး အချုပ်အခြာအာဏာပိုင် အဖွဲ့ဖြစ်တော့ ဒီအဖွဲ့ကလိုလားတယ် ဆိုတဲ့ဟာကို ကျန်တဲ့အဖွဲ့က ဒါကို အလေးအနက်ထားပြီး စဉ်းစားပေးရမယ်။ လောလောဆယ် အနေအထားတော့ ပွဲပြီးသွားပြီလို့ မြင်ပါတယ်။”

အခု ဖြစ်သွားတဲ့ လွှတ်တော်နဲ့ အခြေခံဥပဒေခုံရုံး ကိစ္စက ဒီမိုကရေစီစံနှုန်းတွေနဲ့ညီ မညီ၊ အများပြည်သူအတွက် စိတ်ချမ်းသာမှု ရှိမရှိ အဲဒီအပိုင်းလေးတွေ ဆွေးနွေးခဲ့လားဗျ။

“ဒီမိုကရေစီစံနှုန်းနဲ့ ညီမညီဆိုတာက ပထမဆုံး စမ်းသပ်ခံရတဲ့ ပွဲတပွဲလို့ ကျနော်မြင်ပါတယ်။ ကျနော် အကောင်းမြင်ပါတယ်။ ဒါက ရင်ထဲက ရှိတဲ့အတိုင်း ပြောတာပါ။ ကျနော် အခုကိစ္စမှာ တတ်နိုင်သမျှ ဘက်မလိုက်ဘဲ ပြောတယ်။ တဖက်က ဥပဒေပညာရှင် တယောက်အနေနဲ့ မရပ်ဘဲနဲ့ ပြောရင်ဆိုရင် မပြတ်မသား ဖြစ်လွန်းတယ်။ ပြည်သူလူထုဘက်မှာလည်း ရှုပ်ထွေးမယ်။ ဒါကြောင့်မို့ ကျနော်က လက်ခံတာ လက်မခံတာ အယူအဆကိုက ကျနော်ခံယူချက်နဲ့ ကျနော်ပြောတာ အမြင်မတူတဲ့သူတွေ သဘောထား ကွဲလွဲနိုင်တာရှိပါတယ်။ ဒါကို လက်ခံပါတယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားပဲ ရပ်တာက ခုနကလို ပြည်သူလူထုထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ ဒါကြောင့် အခုပွဲသည် ဒီမိုကရေစီနိုင်ငံ စတည်ဆောက်တဲ့ အချိန်မှာပဲ ပထမဦးဆုံးဖြစ်တာက ပြည်သူ့လွှတ်တော်နဲ့ သမ္မတနဲ့ ဖြစ်တာ။ သမ္မတဘက်က တင်တာက လွှတ်တော်ကဖွဲ့တဲ့ အဖွဲ့ဟာ ပြည်ထောင်စုအဆင့် မရှိဘူး။ ဒါကို လွှတ်တော်က မဟုတ်ဘူး။ ရှိတယ်။ အဲဒါက သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ အားပြိုင်ပွဲပါ။ အဲဒီအားပြိုင်ပွဲမှာ ဆုံးဖြတ်ချက် ချတဲ့အခါ ခုံရုံးက သမ္မတဘက်က ရပ်တည်ပြီးတော့ ပြည်သူ့လွှတ်တော်က ဖွဲ့တဲ့ အဖွဲ့တွေဟာ၊ အမျိုးသားလွှတ်တော်က ဖွဲ့တဲ့အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်တယ်။ သမ္မတဘက်ကနိုင်သွားတဲ့ သဘောရှိတယ်။ သို့သော် ပြဿနာက ခုံရုံးဘက်ကို လှည့်သွားတယ်။ ခုံရုံးမှားပါတယ်ဆိုပြီး ခုံရုံးနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပြဿနာ ဖြစ်သွားတယ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံမှာ အဲဒီ ပြဿနာတွေက ရှိမှာပဲ။ အဲဒီပြဿနာကို ဒီမိုကရေစီစံနှုန်းနဲ့ ညီအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ နည်းနဲ့ ဖြေရှင်းတာဟာ ကျနော်သဘောကျတယ်။ အဖြေဟာ ခုံရုံးအတွက် ၀မ်းနည်းစရာကောင်းတယ်။ ခုံရုံးအဖွဲ့ဝင် လူကြီးတွေအတွက် ကျနော် တော်တော်လေးကို စိတ်ထိခိုက်တယ်၊ ခံစားရတယ်။ ဒါပေမယ့် တဖက်က ဒီမိုကရေစီစံချိန်စံညွှန်းတွေကို စမ်းသပ်မှု တရပ်ဟာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။ ဒါက တချက်ပေါ့။

“ဒုတိယမေးခွန်း ဖြစ်တဲ့ ပြည်သူလူထုဘက်က သဘောထားကို ယေဘုယျအားဖြင့်လည်း ပြောလို့ရပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်က ပြည်သူထဲက တယောက်ဖြစ်နေတဲ့အတွက် အများကိုတော့ ကိုယ်စားပြုပြီး ပြောလို့ မဖြစ်ပါဘူး။ ပြောနိုင်တာက ပြည်ထောင်စုလွှတ်တော်ဆိုတာက ကျနော်တို့ ပြည်သူလူထုက ရွေးချယ်ပြီး တင်မြောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အခုလို စွပ်စွဲပြစ်တင်တဲ့လမ်းကြောင်းကို မလွဲသာလို့ လုပ်ရတယ်ဆိုတာ ဒီနေ့လည်း ဦးရွှေမန်း ပြောသွားပါတယ်။ သူတို့လည်း ဒီလို ဆုံးဖြတ်ရတာ ၀မ်းနည်းတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းပေမယ့်လည်း ပြည်သူလူထုအနေနဲ့လည်း ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ အများစု လက်ခံမယ်လို့ ကျနော်ယုံကြည်တယ်လို့ ပြောလိုပါတယ်။”

by ရွှေအောင်  (ဒီဗွီဘီ)


ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို စမ်းသပ်မှု တရပ်ဖြစ်ပြီး အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်ခဲ့တယ် ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို စမ်းသပ်မှု တရပ်ဖြစ်ပြီး အောင်အောင် မြင်မြင် ဖြတ်သန်း နိုင်ခဲ့တယ် Reviewed by သစ်ထူးလွင် on 18:33 Rating: 5

29 comments:

Anonymous said...

လုပ်ပိုင်ခွင့်ရှိတယ်ဆိုတိုင်းလဲ...လုပ်ဖို့မသင့်တာ...သတိချပ်စေချင်ပါသည်။ ဒီကိစ္စသည် ပြိုင်ပွဲမဟုတ်ပါ။

Unknown said...

ပြည်သူအားလုံး(အများအားဖြင့်)-ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို
ကျေနပ်ကြပါတယ်။

pheasant said...

လက်ခံတယ် ဒီလိုပဲဖြစ်ရမယ်

Dohbamar said...

ဒီကိစ္စမှာဖြစ်သင့်ဖြစ်ထိုက်တဲ့အစဉ်အလာတခုကိုလွှတ်တော်ကိုယ်စားလှယ်တွေက
လမ်းဖေါက်သွားကြပါပြီ။ပုဂ္ဂိုလ်ရေးကောင်းစားမှုရည်ရွယ်ချက်တွေပါကောင်းပါမယ်ဖြစ်
သော်လည်းအားလံုးချုံကြည့်ရင်မှန်တဲ့လုပ်ရပ်တခုပါ။
တဖက်ကသမ္မတကြီးဦးဆောင်တဲ့အစိုးရအဖွဲ့အနေနဲ့လဲရှုံးနိမ့်မှုလို့
မဟုတ်ဘဲနွဲ့ဆိုးဆိုးတတ်တဲ့ညီငယ်ကိုအလိုလိုက်ပေးတဲ့သဘောကောင်းခွင့်လွှတ်တတ်
သူအကိုကြီးတယောက်လိုသဘောထားကြီးပေးစေချင်ပါတယ်။

Unknown said...

တရားသော မှန်ကန်သော အပြု အမူတို့ သည်သာ အောင်နိုင်မြဲ ဖြစ်ပါသည် သတိချပ်ပါကုန်

Unknown said...

ဒါကဖြစ်သင့်ပါတယ်။ကျွန်တော်က လူငယ် တစ်ရောက်ပါ
ဒီလိုအေးအေးချမ်းချမ်းပြးဆုံးသွားတာကို ကျေးဇူးတင်ပါတယ်။တစ်ဖက်နဲ့ တစ်ဖက်အားပြိုင်မှုမျိုးမ
ဖြစ်စေချင်ပါဘူး။နားလည်မှုရိုပြီးတော့ ရှေ့ဆက်သွားကြ
ပါ။

Unknown said...

လွှတ်တော်ဆိုတာပြည်သူ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့ထားတဲ့အတွက်အမြင့်ဆုံးဥပဒေ့ပုအဖွဲ့ဘဲ။ဒိ့အတွက်ရလဒ်ကိုကြိုဆိုပါတယ်။ဒါပေမဲ့အကောင်းဆုံးရလဒ်တော့မဟုတ်ဘုး။အခြေခံဥပဒေနဲ့မဆနိ့ကျင်ဘူးဆိုတော့ထောက်ခံပါတယ်။ဒီပြဒ်သနာကသမ္မတ(အစိုးရအင်္ဖွဲ့)ခုံရုံးပူးသွားတဲ့သဘောပိုဆိုးတာကအစိုးရသတင်းစာမှာဥပဒေဆရာမရေးလိုက်တဲ့ဆောင်းပါးဖေါ်ပြပေးတာဟာပိုဆိုးစေပါတယ်

ရိုးရိုး said...

ဒီလိုဖြစ်နိုင်တယ်ဆိုတာသြီပးသားပါခုံရုံးနဲ့တပ်မတော်ကသမတဘက်ကရပ်ပေးကြရတာပါ၊သစ္စာခံကြဓသူတွေပါ။စာနာမိပါတယ်။

မျီုး ချစ် said...

ပိုင်ဆိုင်မှုတွေပြည်သူကို အသိပေးရဲတဲ့ အမတ် ပြည်ထောင်စုအဆင့် သတ်မှတ်ပေးမယ်ကွာ ဘယ်သူဖေါ်ပြရဲလဲ

Bhan Te Gyee said...

ဥပဒေပြုရေးအာဏာပိုင်ရှင် လွှတ်တော်အဖွဲ့က “ငါမွေးတဲ့မျောက် ငါ့ကိုပြန်ချောက်ရကောင်းလား”-ဆိုတဲ့အမြင်နဲ့ တရားစီရင်ရေးအာဏာကို (အမှန်တရားထက် ဂုဏ်သိက္ခာအတွက်)အနိုင်ကျင့်ရာရောက်နေတဲ့အတွက်
ခေါင်းမော့ပြီး တံတွေးထွေးတဲ့သူလို မကြာမီ သောကများဖွယ်များ မြင်မိတယ်။

Unknown said...

ဖွဲ့စည်းပုံအခြေခံဥပဒေကို အများနားလည်အောင်လေ့ကျင့်ခဏ်းလုပ်နေတယ်လို့မြင်တယ်။တနည်း ဒီမိုကရေစီကျင့်စဉ်နဲ့လွှတ်ရဲ့အခဏ်ကဏ္ဍကိုပြည်ထောင်စုတိုင်းရင်းသားညီနောင်တွေကိုလက်တွေ့သရုပ်ပြလေ့ကျင့်တာလို့မြင်တယ်။လွှတ်တော်ကမေးတိုင်းပြည်ထောင်စုဝန်ကြီးတွေသွားသွားဖြေနေရတာတော့ဌာနတွေမှာကြီးကြပ်မှုနဲ့ကွပ်ကဲမှုတွေအားနည်းနိုင်တယ်။

sheetody said...

ခုံရုံးက အစွယ်ထုတ်ပြတယ်
လွတ်တော်က လက်သည်းခြစ်တယ်
သမ္မတကလည်း အဆိပ်မှုတ်လိုက်ပေါ့
ပြည်သူတွေ သေရုံလေးပါ

Ko Nyo Khant ( Mdy university.) said...

ဒီမိုကရေစီစံနှုန်းလိုခြင်တာနဲ့...ပြည်သူတွေကိုတော့နားလှည့်ပါးလှည့်(နလှည့်ပလှည့်)မလုပ်ကြပါနဲ့ဗျာ...ခုံရုံးဥက္ကဌနဲ့အဖွဲ့ဝင်တွေဟာ...ဘယ်သူတွေလည်း...ဘယ်လိုလူစားမျိုးလည်းဆိုတာ...ပြည်သူအားလုံးသိကြပါတယ်...လွှတ်တော်နဲ့သမ္မတအားပြိုင်တာတွေဘာတွေလည်းရှောက်ပြောမနေကြပါနဲ့...အားလုံးအတူတူနဲ့အနူုနူတွေပါဘဲ...လွှတ်တော်ကိုယ်စားလှယ်များကလည်း..ပြည်ထောင်စုဝန်ကြီးတွေအလုပ်ရှုပ်အောင်..အချိန်ကိုလေးစားသောအားဖြင့်..တန်ဘိုးမရှိတဲ့...အချိန်အလဟသဖြစ်စေမဲ့...မေးခွန်းတွေကိုမမေးဘဲ...တိကျပြတ်သားတဲ့...နိုင်ငံတော်နဲ့...လူမျိုးအတွက်...အမှန်တကယ်အရေးပါအရာရောက်မဲ့မေးခွန်းများကိုသာမေးမြန်းကြစေလိုပါတယ်

နေမျိုး said...

ဥက္ကဌက ဘယ်လို မဲခွဲလဲဆိုတာ ကို ပြန်ကြည့်ရမယ် ထင်တယ်၊
လျို့ဝှက်မဲခွဲရင် ရှုံးမှာ စိုးလို့ အရင်လက်မှတ်ထိုးထားတဲ့လူ ၃၀၁ ယောက်က ထောက်ခံပြီးသားလို့ပြောပြီး တော့ မဲခွဲတယ် ဒါက လွန်ခဲ့သော အချိန်က ပေးထားတဲ့ စွပ်စွဲ ပြစ်တင်ရန် လက်မှတ်ပါ။ စုံစမ်းရေးကော်မတီ၏ မှတ်ချက်ကို ထောက်ခံမဲမဟုတ်ပါဘူး၊ အခုတော့ပြီးပါပြီလေ ခုံရုံးလဲ နုတ်ထွက် ပြီပဲ။

ချမ်းချမ်း said...

ထောက်ခံပါတယ်

ချမ်းချမ်း said...

အမေစု ထောက်ခံရင် တို့လဲ ထောက်ခံပြီးသားပဲ

gold said...

အဓိကတော့ယခင့်ယခင်စစ်အစိုးရများကယခုအစိုးရဖြစ်မည့်သူများကို ဘယ်သူကတော့ဘယ်မှာနေ ဘယ်သူကတော့ဘာတွေလုပ် အားလုံးဟာစစ်အစိုးရသဘောအတိုင်းနေရာချထားခြင်းခံထားရတဲ့အတိုင်းလျှောက်လှမ်းနေကြရသူတွေပါ။ပြည်သူတွေကရွေးချယ်ထားသူတွေဆိုတာကြားဖြတ်ရွေးကောက်ပွဲနိုင်သူတွေဘဲရှိပါတယ်ဆိုတာအားလုံးအသိပါ။ယခုခုံရုံးပြဿနာသည်လည်းစစ်အုပ်စုနေရာထားမှားသွားခြင်းဖြစ်ပေသည်။ပြည်သူကိုသာအဓိကနေရာပေးလိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မည်။

Unknown said...

ုပြည်ထောင်စုလွှတ်တော်မှန်ပါသည်

Unknown said...

check and balance ဖြစ်ပါတယ်

Unknown said...

ပြည်သူလူထုဘယ်လောက်ရာခိုင်နှုန်းက စိတ်ဝင်စားမူ့ရှိလိမ့်မယ်လို့ခင်ဗျားတို့ထင်သလည်း။





Unknown said...

အမေစုသဘောထာကိုလေးစားပါတယ်။ဒါပေမယ့် တစ်ခါတစ်လေမှာ ဘဝင်မကျ အားမရဖြစ်နေပါတယ်။

Anonymous said...

ကျွဲနှစ်ကောင်ကြားက မြေဇာပင်။ဓါးခုတ်ရာ လက်ရှို။
ကိုယ့်ရှုး ကိုယ့်ပြန်ပတ်။ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်။

aungkokoko8@gmail.com said...

နားနဲနဲရှုပ်နေလို့ကျုပ်လဲသင့်လိုပဲအမေစုထောက်ခံယင်ကျုပ်လဲထောက်ခံတယ်လုံးဝမတွန့်ပဲထောက်ခံတယ်

aungkokoko8@gmail.com said...

ကျုပ်လဲပုံစံခွက်ထင်ခဲ့တာပဲဒါပေမဲ့နဲနဲထူးလာတယ်မထင်ဘူးလားဘာပဲဖြစ်ဖြစ်ခင်ဗျားပြောတဲ့ပြည်သူတွေကိုသာအဓိကနေရာပေးလိက်ပါဆိုတာတော့ကြိုက်တယ်ဖြစ်လဲဖြစ်သင့်တယ်ဒါပေမယ်ြ့ဖစ်မလာသေးဘူး

aungkokoko8@gmail.com said...

အမတ်အဆင့်ဝန်ကြီးအဆင့်မဟုတ်ဖူးမြို့နယ်ခရိုင်တိုင်းအဆင့်လောက်ကလူတွေပိုင်ဆိုင်မှုပြခိုင်းကြည့်ပါလားမဖြစ်နိုင်သေးဘူးကိုမျိုးချစ်ရယ်နောင်များကျရင်တော့ဖြစ်နိုင်ကောင်းပါရဲ့

Unknown said...

ဝမ်းသာစရာ အ ကြောင်းကိစ္စတစ်ပါ။

Unknown said...

ဦးရွှေမန်းကိုပြည်သူတွေကထောက်ခံပါတယ်

Unknown said...

"သြဂုတ်လ(၂၁)ရက်နေ့မတိုင်မီ".....ဘုရား.ဘုရား....ရင်ထဲမှာလန့်သွားတာပဲ....ပြည်သူ့အမတ်တွေမှဟုတ်ရဲ့လား...?ဘုရား.ဘုရား...နေရာလေးတစ်ဆင့်လောက် ငါးနှစ်တာ ခဏတာလေးရတာနဲ့......တစ်ဘဝလုံးများထင်နေကြလေရောသလား.....အာဏာသံ..အမိန့်သံတွေ..ကြားရင်ဖြင့်ရင်တုံ..ဒူးတုံလွန်းလို့ပါ.....ဒီမိုကရေစီ ဖော်ဆောင်ပေးမယ်လို့....ပြောခဲ့တဲ့လေသံလေးများ....ဘယ်များရောက်သွားကြလေသလဲ....လေးစားပါတယ် ခင်ဗျာ...နှုတ်ထွက်သွားကြသူများ....သမိုင်းက ကောင်းကြီးအဖြေပေးမှာပါ.......

M naw li said...


ဥပဒေ၏အထက်တွင်လွှတ်တော်ရှိသည်

Powered by Blogger.