တိုက်ခန်းတွေရဲ့ နောက်ဖေး အရေးပေါ် လှေကားတွေ ကနေ ပြုတ်ကျပြီး သေဆုံးတဲ့ ဖြစ်ရပ်တွေ အဖြစ်များတဲ့ နောက်ပိုင်းမှာ တိုက်ခန်းတွေ ဆောက်တဲ့အခါ နောက်ဖေး လှေကားကို ကွန်ကရစ်နဲ့ ပြုလုပ်ခိုင်း လာတယ်လို့ ဆောက်လုပ်ရေး ကုမ္ပဏီ တချို့က ပြောပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
အလုံမြို့နယ်မှာ အမျိုးသမီးတစ်ဦး နောက်ဖေးလှေကားမှာ ဖုန်းပြောရင်း ပြုတ်ကျသေဆုံးခဲ့စဉ် |
တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ်ရမည်
Reviewed by သစ်ထူးလွင်
on
07:36
Rating:
17 comments:
လူကတော့သေသွားပြီ အဲ့ဒီကန်ထရိုက်ကိုရောအရေးယူလို့ရပါသလား?
တိုက်အနောက်မှာလှေကားတက်ထားတာမကောင်းပါဘူ့းဖြစ်နိုင်ယင်တော့ရှ့လှကားကိုပဲကျယ်ကျယ်ဝန်းဝန်းနဲ့လေကားဆောက်တာပဲပိုကောင်းမှာပါ။
အိမ်နောက်ဖေးမှာခိုင်ခံ့တဲ့လှပတဲ့ဝရန်တာလေးထားတာပဲပိုပီးလုံခြုံပီးတံခါးပိတ်ထားစရာမလိုတဲ့အတွက်လေကောင်းလေသန့်ရပီး အဝတ်လှန်းရတာလဲအဆင်ပြေနိုင်မှာပါ။။
အသက်တစ်ချောင်းဟာ-ရုတ်တရက်မမျှော်လင့်ဘဲ ဆုံးရှုံးသွားရတာ အင်မတန်နှမျှော်/ရင်နာရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ကလည်းမိမိအတွက်ကိုက်ရင်ပြီးရောဆိုသည့်စိတ်ဓါတ်တွေကိုပြုပြင်သင့်ပါ
သည်။မခိုင်မခန့်ဆောက်လုပ်ခြင်း/အရည်အသွေးပြည့်ဝခြင်းမရှိသည့်စံနှုန်းစံထားများဖြင့်ပြုလုပ်ဆောက်တည်ခြင်း/သက်ဆိုင်ရာလူကြီးများကို လာဘ် ပေးပြီး၊ဖြစ်သလိုတည်ဆောက်ခဲ့ကြလို့ယနေ့ဒီလိုအဖြစ်တွေဖြစ်လာကာ-အသက်ဆုံးရှုံးမှု့တွေရှိလာပါသည်။ နောင်ကိုအလားတူ ရင်နာစရာအ
ဖြစ်ဆိုးများမဖြစ်အောင် ခိုင်ခန့်/လုံခြုံမှု့ ပြည့်ဝသောအဆောက်အဦးများ
ဖြစ်လာအောင်ပြုလုပ်သင့်ပါကြောင်းသုံးသပ်ပါသည်။
ကန်ထရိုက်တချို့ဆိုရင်စည်းကမ်းမဲ့ပရမ်းပတာဆောက်ရုံတင်မဟုတ်ဘူး ဘေးအိမ်ကပျက်စီးမှုတွေများလာတာသွားပြောလဲဂရုမစိုက်ဘူး။နောက်ဆုံး စည်ပင်ကိုတိုင်တော့လည်းလာမစစ်ခင်သက်သေတွေကိုဖျောက်ဖျက်ပြီးမှလာစစ်တယ်။ပြီးတော့နောက်ဖေးအိမ်သာကန်ဟောင်းထဲကမစင်ရေဆိုးတွေခပ်ပြီးဘေးအိမ်ရှေ့မျက်နှာစာကိုလောင်းချတယ်။ ပြောပြန်ရင်လည်းအလုပ်သမားခေါင်းလွှဲချတယ်။ ဘယ်အလုပ်သမားက ကိုယ့်ထမင်းကိုစားပြီး ကိုယ့်အလုပ်အပြုတ်ခံပြသနာရှာမလဲ။ အလုံမှာ25.9.2012နေ့ကဖြစ်တာ ။ SUNN ဆောက်လုပ်ရေးအဖွဲ့ကလုပ်တာ ။ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကလူတွေကိုတော့သက်သေပြုပြီးတိုင်ထားတယ်။စည်ပင်သာယာရေသန့်ဌာနကတော့လာစစ်သွားတယ်။
စည်ပင်ဝန်ထမ်းတွေရဲ့မကောင်းမှုတွေအများကြီးပါတယ်။
အဆောက်အအုံမှာလိုအပ်ချက်တွေရှိနေပါလျှက်၊လုပ်ငန်း
ရှင်ကန်ထရိုက်တွေရဲ့ပေးကန်းမှုတွေကိုပေါင်းစားပြီးအများ
အကျိုးကိုမကြည့်တဲ့လုပ်ရပ်တွေကလည်းသက်ဆိုင်တယ်။
စည်ပင်ဝန်ထမ်းအထက်မှအောက်ထိအကုန်လုံးပာဝိသမ
လောဘသမားခရိုနီတွေနဲ့ပေါင်းပြီးမတရားလုပ်နေကြတဲ့
ခွေးတွေ။ဘုရားရိုက်မည့်ခွေးကောင်တွေ။
တရားစွဲသင့် တာပေါ့။ဒီလိုမလုပ်ရင် နောက်ဘယ်နယောက် ပြုတ်ကျ မယ်မသိဘူး။။သုးံစားမရတဲ့ ကန်ထရိုက်ကို အပစ်ပေးသင့်တယ်။
ဒီလိုပုံတွေမတင်ရင်ပိုကောင်းမယ်ထင်ပါတယ်
ဘာတွေလည်းဗျာ....တွေးလို့တောင်မရဘူး...လှေကားဘာလို့မခိုင်တာလည်း..လူတယောက်တောင်နိုင်တော့ဘူးလား..
အခုလိုပုံတွေမတင်တာပိုကောင်းပါမယ်။
ဒီလိုပုံတွေကိုတင် တာမိန်းမသား မျာနှင့် ကလေးများအတွက် မ ကောင်းပါဘူး
Architect တွေက သေသေချာချာ design လုပ်သင့်တယ်လို ထင်ပါတယ်
အရေးပေါ်လှေကားဆိုတဲ့နာမယ်မတန်အောင်ဆောက်လုပ်ခဲ့
ကြလို့ မဖြစ်သင့်တာတွေဖြစ်ကြတယ်
သေသေချာချာသတိထားသင့်ပါပြီး။
စည်ပင်အနေနဲ့က လူနေထိုင်ခွင့်မပြုခင် အရည်အသွေးစစ်ဆေးသင့်တယ်
အရည်အသွေးမမှီရင်နေထိုင်ခွင့်မပြုသင့်ဘူး ဒါစည်ပင်ကအင်ဂျင်နီယာတွေ
တာဝန်မဲ့တာပါတယ်
တင်ရမှာပေါ့၊ သတင်းမှန် ဆိုရင် ဘယ်လို သတင်းမျိုးမဆို တင်သင့်ပါတယ်၊ အထောက်အထား ဓာတ်ပုံ ပါမှ သတင်း တစ်ပုဒ်ဟာ ပိုပြီး ခိုင်မာတယ် ထင်ပါတယ်၊ ဒို.ပြည်သူတွေ လည်း မျက်စိ၊ နား ပိုပွင့်တယ် လို.ထင်ပါတယ် ။
စည်ပင်က အင်ဂျင်နီယာတွေက အဆောက်အဦဆောက်ပြီးရင် အရည်အသွေး
စစ်ဆေးပြီးမှလူနေသင့်မသင့် စစ်ဆေးသင့်တာပေါ့ အဆင့်မမီရင်ပြင်တာတို
ဘာတိုလုပ်သင့်တယ်လေ ခုဟာက ခဏခဏဖြစ်နေတော နေထိုင်သူတွေအ
တွက်ရင်လေးစရာပေါ့ ဒါစည်ပင်ကအင်ဂျင်နီယာတွေမှာတာဝန်ရှိတာပေါ့။
ကျွန်တော် ကတော့ ဘာ မှမပြောတော့ဘူး
Post a Comment