`မစု... ပိန်သွားတယ်`

ဒေါ်အောင်ဆန်း စုကြည်က ဦးသိန်းစိန်ကို လေယာဉ် အကြာကြီး စီးခဲ့ရလို့
ခရီးပန်းနေလား၊ အဆင်ပြေ လားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည
မှားနေလို့ အနားယူချင် နေကြောင်းကို ပြောပါတယ်။ သမ္မတကြီး ကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို `မစု... ပိန်သွားတယ်` လို့ ပြန်ပြောတဲ့ အကြောင်း
သူတို့နှစ်ဦးကို ဓာတ်ပုံ ရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို
လိုက်ပါလာတဲ့ မီဒီယာ သမားတဦးက ဘီဘီစီကို ပြောပါတယ်။

Ref:BBC Burmese
`မစု... ပိန်သွားတယ်` `မစု... ပိန်သွားတယ်` Reviewed by သစ်ထူးလွင် on 10:43 Rating: 5

23 comments:

Unknown said...

မြင်ရကြားရတာအင်မတန်မှ ကျက်သရေရှိလှပါတယ် ကြမ်းကြုတ်ခက်ထန်တဲ့ ကမ်းမမြင် လမ်းမမြင် ကာလဆိုးကြီးအပြီး နိုင်ငံရဲ့ ကောင်းကင်ယံမှာ ပေါ်ထွက်လာတဲ့ နေ နဲ့ လ နှစ်စင်းပါပဲ။ လူကြီးတွေကိုမဖွယ်မရာပြောတာမဟုတ်ပါဘူး ခံစားမိတာကိုပြောမိတာပါ

Unknown said...

မြင်ရကြားရတာအင်မတန်မှ ကျက်သရေရှိလှပါတယ် ကြမ်းကြုတ်ခက်ထန်တဲ့ ကမ်းမမြင် လမ်းမမြင် ကာလဆိုးကြီးအပြီး နိုင်ငံရဲ့ ကောင်းကင်ယံမှာ ပေါ်ထွက်လာတဲ့ နေ နဲ့ လ နှစ်စင်းပါပဲ။ လူကြီးတွေကိုမဖွယ်မရာပြောတာမဟုတ်ပါဘူး ခံစားမိတာကိုပြောမိတာပါ

Unknown said...

ဒါ ဒို့ မြန်မာကွ လို့ ပြောလိုက်ချင်တယ်

ကျေးဇူးတင်ပါတယ်

သမ္မတကြီး နဲ့ အမေစု တို့ရယ်

မမမေ said...

တိုင်းပြည်ရဲ.အကြီးအကဲ ခေါင်းဆောင်ကြီးတွေ
ညီညွတ်နေတာဘဲ ပြည်သူတွေက မြင်ချင်နေတာပါ

Unknown said...

အရမ်းဝမ်းသာပါတယ်

Unknown said...

ဒါကို သတင်းလုပ်ပြီး တင်ရအောင် သူတို့တွေက hollywood ကရုပ်ရှင် မင်းသားမင်းသမီးတွေမဟုတ်။ အလုပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းပဲတင်ပေးသင့်တယ်လို့ထင်ပါတယ်။

Unknown said...

ကြည်နူးစရာပဲ

ဥုံဖွ said...

အင်း ကိုစိန်လဲချောင်သွားတယ်.... စတာနော်စိတ်ဆိုးရ၀ူး

itintinwin said...

အခုလိုနိုင်ငံနှင့်ပြည်သူ့အကျိုးကိုသာအဓိကထားကြတဲ့ခေါင်းဆောင်နှစ်ယောက်ကိုကမ္ဘာသြဇာအရှိဆုံးတိုင်းပြည်မှာတွေ့ရတာအလွန်ကြည်နူးဝမ်းသာစရာပါ-
ကျန်းမာစွာနှင့် အသက်ရာကျော်ရှည်ကြပါစေလို့...

konewxxc@gmail.com said...

ညီညွတ်ခြင်းသည်အင်အားပေါ့ဗျာ။အားလုံးညီညီညွတ်ညွတ်နဲ့
တိုင်းပြည်ကောင်းကျိုးထမ်းရွက်နိုင်ပါစေလို့။

Anonymous said...

နှစ်ဦးစလုံးဟာတိုင်းပြည်ကောင်းကြိုးသယ်ပိုးနေတယ်လို့အပြည့် အဝရုံကြည်ပါတယ်။ မာယာကင်းသောအပြုံး တွေနဲ့တွေ့ရတဲ့ အတွက် ကြည်နူးမိတာအမှန်ပါဘဲ။ နောက်ထပ်အများကြီးမြင် ချင်သေးတယ်ဗျာ။ သစ်ထူးလွင် နဲ့ သတင်းပေးပို့သူကို လည်း ကျေးဇူးပါ။

Soe said...

လူနှစ်ယောက် ခ၇ီးတစ်ခုထဲမှာ လာ၇တဲ့ ၇ည်၇ွယ်ချက်တွေကတော့
ကွာပါတယ် အန်တီစု က ပြည်သူလူထုအတွက် တိုင်းပြည်အတွက်
ဦးသိန်းစိန်ကတော့ စစ်တပ် ကလူတွေနဲ့ စစ်တပ်နဲ့ပေါင်းပြီးစီးပွားေ၇း
လုပ်နေတဲ့ သူတွေ အသက်၇ှူချောင်အောင် လာလုပ်တာပါ
ပိတ်ဆို့မှူ့တွေ ဖွင့်မှ စစ်တပ် နဲ့ သူတို့ အပေါင်းအပါတွေ ထပ်ပြီးချမ်းသာမှာ မို့ ပါ စစ်တပ်၇ဲ့ တစ်ခုထဲသောထွက်ပေါက်ဟာ
ဦးသိန်းစိန် ဆိုတာ ပြည်သူတွေအားလုံး မမေ့စေချင်ဘူး

Unknown said...

မြင်ရကြားရတာ အင်မတန်မှ ကျက်သရေရှိပါတယ် နှစ်ပေါင်းများစွာမှောင်မိုက်နေတဲ့ကျွန်တော်တို့နိုင်ငံရဲ့ မိုးကောင်းကင်မှာ ပေါ်ထွန်းလာတဲ့ 'နေ' နဲ့ 'လ'' နှစ်စင်းလိုပါပဲ။ လူကြီးတွေကိုမဖွယ်မရာပြောခြင်းမဟုတ်ပါဘူး ခံစားမိတာကိုပြောတာပါ

Unknown said...

မြင်ရကြားရတာအလွန် ကျက်သရေရှိပါသည်

နေနတ်သား said...

ကောင်းမြတ်တဲ့ ပေါင်းစည်းမှုပါ ကြိုဆိုပါတယ်

Unknown said...

နိုင်ငံခေါင်းဆောင်နှစ်ဦးအတွက်အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

t n said...

ကျွန်တော်တို့သမ္မတကြီးဒီတခါအမေရိက ကအပြန်မြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးပန်းစည်းလေးပဲယူလာပေးပါ သမ္မတကြီးနဲ့အမေစုမြန်မာပြည်သူတွေအတွက်အတူလက်တွဲဦးဆောင်မူ့ပေးနိုင်ပါစေ

aungkokoko8@gmail.com said...

ကြည်နူးစရာနုတ်ဆက်စကားတွေပါလား

ratkhunswe said...

ဝမ်းသာပီတိ ဖြစ်ရပါတယ်

Blogger said...

ပြုပြင်ပြောင်းလဲရေး ကာလမှာ ဦးသိန်းစိန်ရဲ့ပြည်သူတွေအပေါ်လုပ်ဆောင်ချက်သာတွေ့ရပြီး ပြည်သူတွေယုံကြည်နေတဲ့ ဒေါ်စုဆီမှ ဘာအကျိုးမှ မခံစားရသေးဘူး။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကြီးရှိလျှက်နဲ့ ပြည်တွင်းမှာမငြိမ်းချမ်းတာတော့ သိပ်မကောင်းပါဘူး။ရရှိထားတဲ့ဆုတွေအတွက်ဂုတ်ယူပါတယ်။ ဆုတွေအပေါ်မှာလဲ တာဝန်ကျေစေချင်ပါတယ်။ ပြည်သူတွေက ဒေါ်စုလက်ဝှေ့ရမ်းပြတာကို ယုံကြည်မှု၊ အားကိုးမှုပေါင်းများစွာနဲ့ လက်ဝှေ့ရမ်းကြတာပါ။မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။

Unknown said...

အခုလို ကြားရ မြင်ရ သိရလို့ သမ္မကြီးကို ကျေးဇူးအ
ရမ်းပဲတင်ပါတယ်ဗျာ

Unknown said...

အခုလိုစည်းစည်းလုံးလုံး ကို့နိုင်ငံရဲ့အကျိုးကို ဆောင်ရွက်နေတာတွေ့တော့ တကယ်ပဲဝမ်းသာပီတိ ဖြစ်မိပါတယ်။အရာရာအောင်မြင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။ ဦးသန်းရွှေတို့ ဦးခင်ညွှန့်တို့ ခင်ဗျားတို့နှစ်ယောက်စလုံးအတုယူထားကြပါ။ကိုယ်နိုင်ငံဖွင့်ဖြိုးအောင် အတွက်အသက်အရွယ်နဲ့မလိုက်အောင် ဘယ်လောက်အပင်ပန်းခံနေတယ်ဆိုတာကို တွေ့ပါတယ်နော်။ခင်ဗျားတို့လိုဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓါတ်မျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသိန်းစိန်တို့မှာ မရှိဘူးဆိုတာခင်ဗျားတို့အခုလောက်ဆိုမြင်ကြရောပေါ့။ ခင်ဗျားတို့အခုလောက်ဆို ကိုလုပ်ခဲ့တဲ့မတရားမှု့တွေကြောင့် ကိုယ့်ကိုကိုယ်တော်တော်ရှက်နေကြပြီထင်တယ် ရှက်မဲ့ဟာတွေလည်းမဟုတ်ပါဘူး လူသာအသေခံမဲ့ဟာတွေ ကိုမဟုတ်တာလုပ်ထားတာတွေပြောမဲ့ကောင်တွေမဟုတ်ဘူး။ ဒါပါပဲ မြန်မာနိုင်ငံကြီးအမြန်ဆုံး ဖွင့်ဖြိုးတိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်......

MYO MYINT said...

တစ်ယောက်နဲ့တစ်ယောက်မေတ္တာထားတာမြန်မာလူမျိုးတို့ရဲ့ဗီဇပါ၊ဒေါ်စုအနေနဲ့လည်းတိုင်းပြည်မျက်နှာကိုတစ်ကယ်ထောက်ပြီးအလုပ်လုပ်လိမ့်မယ်လို့ယုံကြည်ပါတယ်၊အသက်အရွယ်တွေအရရှေ့ဆက်ဘယ်နှစ်နှစ်နေနိုင်ကြမှာလည်း၊အနှစ်နှစ်ဆယ်ကျော်လမ်းလွဲလိုက်ပြီးဘေးထိုင်ဘုပြောနေခဲ့ရတာနှမြောစရာပါ၊အစကတဲကသာဒီလိုညီညီညွတ်ညွတ်လုပ်ခဲ့ကြရင်ဒီမိုကရေစီနိုင်ငံဖြစ်တာကြာပြီပေါ့။ဘေးကမြှောက်ပေးပြီးလမ်းလွဲအောင်လုပ်နေကြတဲ့ပြည်တွင်းပြည်ပအဖျက်အမှောက်သမားတွေလည်းရပ်တန်းကရပ်ကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။

Powered by Blogger.