စက်တင်ဘာ ၇၊ ၂၀၁၂၊ YPI
နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။
ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။
ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့်ပေးပို့နိုင်ပြီဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ်အတွင်း လူသိများလာသည်ကိုတွေ့ရသည်။
ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact ဖြစ်သည်။
by Yangon Press International
နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။
ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။
ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့်ပေးပို့နိုင်ပြီဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။
နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ်အတွင်း လူသိများလာသည်ကိုတွေ့ရသည်။
ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact ဖြစ်သည်။
by Yangon Press International
မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ
Reviewed by သစ်ထူးလွင်
on
22:35
Rating:
42 comments:
အရမ်းကောင်းပါတယ်။နောက်ဖြင်.ဆို dvb ပို.ရတာ အောက်ကျတယ်။ပို.ပေးတာ တွေ ဘယ်တော. မှ ဖတ်မပေးဘူး။အခုတော. အမှန်အတိုင်း ရင်ဖွင်.လို. ရပြီ
အတိုင်းထက်အလွန်ကောင်းပါတယ်။။
အရမ်းကောင်းပါတယ် ပြည်သူလူထုရဲ့ ခံစားချက်တွေကို ဒီနေရာလေးက နေ direct ပြောလို့ ရမယ်ဆိုတော့ကျွန်တော်တို့နိုင် ငံရဲ့ပြည်သူတွေလည်း အရမ်းဝမ်းသာမိကြမှာ အမှန်ပါဘဲ ခင် ဗျာ....သမ္မတ ကြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် နိုင် ငံတော် အကျိုးကို သယ်ပိုးဆောင် ရွက်နိုင် ပါစေ.......
အကောင်းဆုံးသောခြေလှမ်းတစ်ရပ်အဖြစ်ဝမ်းမြောက်စွာကြိုဆိုပါသည်။ လက်ဝါးအုပ်ဆိုးလေ့ရှိသော ခရိုနီစီးပွားရေးသမားတွေ၏ခေါင်းပုံပြတ်မှုတွေတင်ပပြရင်ဖွင့်လျှင်လည်းဘက်မလိုက်ဘဲဖြေရှင်းဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်းများစွာဖြင့်ဆန္ဒပြုလျှက်
ြုပည်သူ့တွေရဲ့စစ်မှန်တဲ့ အသံ ကြားရ တော့မှာပါ။
တကယ့်ဟစ်တိုင်စစ်စစ်ပဲ
သမ္မတကြီးနဲ့ တကွ
မြန်မာနိုင်ငံတော်ကြီးပြုပြင်
ပြောင်းလည်းရေးမှာ
ဝိုင်းဝန်းကူညီကြတဲ့သူများ
အားလုံးကို
လေးစားဦးညွတ်ပါသည်။
အ ရေးယူရင်တော့ကောင်းတာပေါ့
တိုင် တာတော့ တိုင် တယ်တော့ မဖြစ်ဖို့ လိုတယ်
ကြိုက်တယ်...သမ္မတကြီးဆီ တိုက်ရိုက်ရောက်တာဆိုတော့ မရမ်ကိုသဘောကျပါတယ်။ စာနဲ့တိုင်ရင် လမ်းမှာပျောက်မှာစိုးရသေးတယ်။ အခုဆို အိုကေပြီ...
သမ္မတ နိုင်ငံသစ်ဖြစ်စအချိန်မှာ ဒီတချက်ကိုတော့အကြိုက်ဆုံးပဲဗျို့။အဲဒါပေမယ့် တိုင်ကြားလာတာတွေကိုတော့ သေချာဖတ်ပြီး လုပ်ထုံးလုပ်နည်းအတိုင်း သေချာ လုပ်ဖို့တော့ လိုတယ်ဗျို့။ web site တင်ပြီးမဖြတ်ပဲဘေး ချိုတ်ထားရင်တော့ အလကားပဲ။
တကယ်အရေးယူပေးမှာလားအင်
ကောင်းပါသည်။
ကောင်းတာပေါ့........အခုမှဘယ်ပွင့်လင်တော့တယ်......
ကောင်းသွားပြီ
တိုင်ကြားသူ၏လုံခြုံရေးကိုအပြည့်အ၀တာဝန်ယူပေးနိုင်လျှင်ပို၍အဆင်ပြေလိမ့်မည်ဟုအကြံပေးချင်ပါ သည်။
ကျွန်တော်တို့ပြည်သူတွေအတွက်အားတက်စရာပေါ့ သားသမီးတွေရဲ့အနောက်မှာအဖေတယောက်ရှိသလိုမျိုးခံစား
ရတယ်ဗျာ
အခုလိုဖွင့်ပေးလာတာတော့ကောင်းပါတယ်၊သမ္မတကြီးဆီကို ကိုယ်တွေ့ခံစားရတာတွေတင်ပြလို့ရတာပေါ့၊ဒါပေမဲ့ အဲဒီလိုဖွင့်ပေးလိုက်ရင်တွေ့လာရမဲ့ဆိုးကျိုးတွေလည်းရှိနေတယ်၊အခုကာလမှာလင်မယားရန်ဖြစ်လည်းတိုင်၊ရပ်ကွက်ထဲမှာရန်ဖြစ်လည်းတိုင်၊ထစ်ကနဲရှိတိုင်မယ်ဘဲဖြစ်နေတော့ တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ရမဲ့အလုပ်တွေမှာနှောင့်နှေးနေရတာတွေဖြစ်လာပါတယ်၊တိုင်တဲ့ကိစ္စတွေလိုက်ရှင်းနေရလို့ပါ၊ဒါ အမှန်တကယ်ရုံးဌာနတွေမှာဖြစ်နေတာပါ၊ဌာနနဲ့မဆိုင်တဲ့ကိစ္စတွေ၊ ၀န်ထမ်းနဲ့အရပ်သားဖြစ်တဲ့ကိစ္စတွေ၊ ဒါမျိုးတွေကိုဖြေရှင်းပေးဘို့ တရားရုံးတွေလည်းရှိနေတယ်၊တရားရုံးကလည်းဖြေရှင်းပေးပြီးသားကိစ္စမျို။တွေအထိ ဌာနဆိုင်ရာတွေကစုံစမ်းစစ်ဆေးပေးနေရတဲ့အခါကျတော့ မိမိတို့ရဲ့မူရင်းတာဝန်တွေဆောင်ရွက်ဘို့လစ်ဟင်းရတာတွေ အချိန်နှောင့်နှေးရတာတွေများလာပါတယ်၊အဲ့ဒါလေးတွေတော့ သမ္မတကြီးအနေနဲ့ ထည့်သွင်းစဉ်းစားပေးဘို့လိုပါတယ်
အဆင်ပြေတာပေါ့ဗျာ။ ပြည်သူတွေရဲ့ ဒုက္ခကို အလွယ်တကူသိနိုင်ပါလျက်
အရမ်းကောင်းပါတယ်။ ပွင့်လင်းမြင်သာဖို့အရေးကြီးပါတယ်။
အရမ်းကောင်းတဲ့အစီအစဉ်လေးပါ မှန်မှန်ကန်ကန်လေးလုပ်ပေးရင်ပေါ့
အခုလို လူထု နဲ့  အစိုး၇ကြား ပွင့်လင်းစွာ ပြောဆို ဆက်သွယ် ဆက်ဆံခွင့် ၇လို့  ကြိုဆိုပါတယ် လွှတ်တော်ထဲက အမေစု ထံတိုင်စာတွေ
ပို့ နေ၇တာ သူတစ်ယောက် ထဲ ပတ်ချာလည်နေပါတယ် အခုလို့  နောက်ထပ် တိုင်ကြားလို့ ၇နိုင်တဲ့  နေ၇ာလေးက မိဘနဲ့ သား
သမီးကြားဆက်ဆံေ၇းပုံစံလေး ဖြစ်လို့  ၀မ်းသာမိပါတယ် အခုလို comment တွေ ပြန်လည်ဖော်ပြခွင့် ပေးလို့  သစ်ထူးလွင် ကို ကျေးဇူးတင်ပါတယ်
မိဘ နဲ့  သားသမီးကြား ဆက်ဆံေ၇းလိုပါပဲ အစိုး၇နဲ့  ပြည်သူကြား အခုလို
ဆက်သွယ်တိုင်ကြား ခွင် ၇နိုင်တာ။ ၀မ်းသာပါတယ် ပြည်သူနဲ့ ပွင့် လင်းတဲ့ 
ဆက်ဆံေ၇းတွေ တည်ဆောက်လာလို့ 
ဒို့ကတော့တိုင်မှာပဲ
မဟုတ်တာလုပ်ရင်တော့နာပြီသာမှတ်
သမ္မတထံ(မှန်ကန်သောတိုင်စာများကို)၀က်ဆိုက်နှင့်တိုင်ကြားလို့ရတာ အများပြည်သူနှင့်ကျွန်မအပါ ၀မ်းသာပါတယ် ကိုသစ်ထူးလွင်ခုလို့ ဖေါ်ပြပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ရှင့် ။
အခုလို့တိုင်စာဆိုတဲ့တိုင်စာပို့တယ်ဆိုယင် ကျွန်မနားလည်းသလောက်ပြောရယင် တိုင်ကြားသောအချက်မှန်ကန်ရမည်၊လိပ်စာမှန် မှတ်ပုံတင်အမှတ်နှင့် သေချာစွာ တိုင်ကြားသောအချက်လက်ကို တာဝန်ယူရမည်ဖြစ်သည်။ဒါမှလဲ တာဝန်ကျ ပုဂ္ဂိုလ်တွေလဲဆောင်ရွက်ရတာအဆင်ပြေမည်ဖြစ်သည်။ ကျွန်မ သူယ်ေချင်းမောင်နှမ ကိစွကို ဖော်ပြပြောဆိုလိုပါသည်။မောင်နှမအချင်းချင်း၇န်ဖြစ်သဖြင့် မနာလိုသူ အစ်မက ညီမဖြစ်သူ ပိုင်ဆိုင်မှု ကို (မသီသီဆိုသောနာမည်နှင့်မပာုတ်မပာ လွဲမှားသော အချက်နှင့်)(တိုင်စာမပာုတ်တဲ့ )(ပစ်စာ) ကို ရှမ်းပြည်နယ်တောင်ကြီးမြို့ စစစ ရုံးသို့ ပစ်လိုက်ခြင်းကို လိပ်စာမပါ နာမည်အတု မှတ်ပုံတင်မပါတာကို တောင်ကြီးမြိုမှစစစ ရုံးမှ ဦးသိန်းဇော် သည် အရေးတယူ ဆောင်ရွက်နေသည်ဖြစ်သည်။ တိုင်စာမပာုတ်တဲ့ပစ်စာကို ကိုင်တွယ်ပြီး အပြစ်မရှိအပြစ်လုပ်နေတဲ့အကြောင်းရင်းမြစ်ကတော့ စစစ ရုံးမှာ ဒီဒီ ဦးလှသောင်းမှစသော ဇာတ်လမ်းလေးတွေ ရှိနေလို့ဆိုတာကို တင်ပြချင်ပါတယ် ။အမှန်အကန်နှင့် အချက်လက်တွေကို သမ္မတထံ မှန်ကန်သောသစ္စာတရားနှင့် ခိုင်လုံသောအချက်လက်များနှင့် ရိုးသားဖြူစင်စွာအလုံးကို အွန်လိုင်းမှတဆင့် တင်ပြတော့မှာ ဖြစ်ပါသည်။ သမ္မတကြီး ကို လေးစားတယ် ချစ်ခင်တယ် သမ္မတကြီး ချမ်းသာပါစေ ကျမ်းမာပါစေ ။
ရင်ဖွင့်ချင်လို့ ပါဗျာ။
ကျွန်တေယ်က(export & import) agent ပါ။ အခုစိတ်ညစ်နေသာက(အကောက်ခွန်ရုံးအတွင်းမှား)အရမ်းကိုပိုက်စံတွေအရမ်းတောင်းနေပါတယ်ဗျာ။နိုင်ငံအတွင်းမှာလက်ပေးလက်ယူတွေအရမ်းအရေးယူနေတဲ့အချိန်နဲ့ လုပ်ငန်းသွက်လက်မြန်ဆန်အောင်သမ္မတကြီးကလုပ်နေတဲ့အချိန်မှာ(CUSTOM)ရုံးမှာကတော့အရမ်းကိုတောင်းတယ်ပိုက်စံတွေကိုပြီးတော့ဆိပ်ကမ်းတွေမှာကျနေတဲ့(CUSTOM EO / AD / WA )တွေကတော့အရမ်းကိုတောင်းတယ်ပိုက်စံကိုအဆိုးဆုံးကတော့(AWPT)ဆိပ်ကမ်းက(WA)သန့်ဇင်-၃ နဲ့ ဗိုလ်မှုး နဲ့  စစရတွေကတော့အဆိုးဆုံးပဲဗျာ
ဒါထက်ဒီမိုကရေစီကျတာဘယ်သွားရှာမလဲ၊
ကျေးဇူးတင်ပါတယ်သမ္မတကြီး။
ကောင်းပါတယ် ဒါပေမယ့် အမည် မှတ်ပုံတင်
လိပ်စာဖော်ပြရမှာဆိုတော့ အန္တရာယ်တော့များ
တယ် ရင်ဖွင့်တိုင်ကြားပြီးရင် ဘယ်အချိန်လာဖမ်း
မလဲစောင့်နေရမလိုဖြစ်နေမှာပေါ့။တံခါးခေါက်သံ
ကြားတိုင်းလန့်နေရမယ်။
အခွှင့်အေ၇းတစ်ခုပေးလိုက်တာလို့မှတ်ထားပါ့မယ် ဒါပေမဲ့တစ်နိုင်ငံလုံးကိစ္စကိုသမ္မတကြီးတစ်ယောက်တည်းကဖတ်မှာလား ဘယ်သူတွေကဖတ်ပေးမှာလဲ အဲဒီလူတွေကရောရိုးသားပါ့မလားဆိုတာစောင့်ကြည့်ရမှာပဲ
သမ္မတကအလကားဖတ်နိုင်ပါ့မလား
အမှန်အကန်ကိုတင်ပြရင်ရော တင်ပြသူအတွက် လုံခြုံမှုရှိပါ ရဲ့ လား..ဘယ်လိုယုံကြည်ရမလဲ..မယုံကြည်ခဲ့ရတာ ကိုယ့်တသက်ရှိပြီလေ..
မတရားမှုတွေနဲ့ပတ်သက်ရင် အရင်ကအားငယ်ခဲ့ရတယ်။ အခုတော့ သမ္မတကြီးဆီအရောက် ရင်ဖွင့်လို့ရမယဆိုတော့ အားရှိတာပေါ့။အားကိုးပါတယ်။
ဝမ်းသာစွာကြိုဆိုပါတယ်ဗျာ
တိုင်တယ်ဆိုပင်မယ့်သတင်းအချက်အလက်ခိုင်မာတိကျဖို့တော့လိုတာပေါ့ဗျာ
ကောင်းတော့ကောင်းတယ် ဒါပေမယ့် မျက်စိစပ်တယ် လို့ပြောရမလိုပဲ
တိုင်တာတောတာတွေကို ကော်မရှင်ဖွဲ့ပြီး သိပ့်အစောင့်ကြီးလည်းမလုပ်ကြနဲ့
ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း ရှာဖွေဖေါ်ထုတ် လုပ်ကြအုံးမှပေါ့
ဝမ်းနှုတ်ဆေးသောက်ပြီး ရေသာခိုနေလို့မရဘူးမို့လား
နဲနဲလေးတော့ ညှစ်ကြအုံးနော်
ကိုပွကြီး ပြောတာကို ကျမ ထောက်ခံတယ် ။ တိကျမှန်ကန် ပြီးတကယ်ပာုတ်နေမှ တိုင်လို့သင့်တာ ဘာကြောင့်လဲ ဆိုတော့ ကိုယ်တိုင်တာကို ကိုယ်ကတာဝန်ယူရမယ်လေ တဘက်က ငြင်းလာယင် တိုင်သောသူက ဖြေရှင်း၇မှာလေ ။ဒါက သဘာဝကျတယ် တစ်ခုတော့ ပြောချင်ပါတယ် ကြိုးစားတာကို လူတွေမမြင်ဘူး အောင်မြင်ကြီးပွားတာကိုပဲ လူတွေက မြင်တတ်ကြတယ် ဒါကို မနာလိုပဲ လျောက်တိုင်လိုက်ယင် အဲလို့(မနာလိုပဲနဲ အကြောင်းအရာမမှန်ကန်ပဲနဲတိုင်တဲ့လူကိုလဲ ထိရောက်စွာအရေးယူပေးနိုင်မှ) မှန်ကန်သောလုပ်နည်းဖြစ်တယ် ။ကျမ နှင့်မဆိုင်သောကိစ္စတစ်ခုကို ကျမ တင်ပြလိုက်ခြင်းပာာ ကျမ သူယ်ေချင်းသူဌေးဘ၀ကနေ အရှူး ဘ့ဝကို ကလေး(၂)ယောက်နဲဒုက္ခလှလှပေးလိုက်ကြတဲ့ စစစ အဖွဲ့ နှင့် ကျမသူယ်ေချင်းနှင့် ခင်မင်ခဲ့သော အာဏာပိုင် လူကြီးတစ်ယောက်ရဲ မိန်းမ နဲ စတင်ဖြစ်ပွားလိုက်တဲ့ ဇာတ်လမ်းလေးတစ်ခုပေါ့ပာာ ကဒေါ်တစ်ယောက် သေ၇တယ် သူယ်ေချင်းအမျိုးသာ သေရတယ် ကျမ သူယ်ေချင်း ရှူးသွားတယ် ကျန်တဲ့သားလေး၂ယောက်၇ဲ နေရာကနေ ကျမ အများပြည်သူကို ပြောပြချင်နေတာပါ ။အမှန်တ၇ားတွေ အာဏာနဲ ဖုံးကွယ် ရက်စက်ခဲ့တာ တွေ.... ။ကျမသူယ်ေချင်း က တောင်ကြီးမြိုမှာ အိမ်ထောက်ကျ ကလေး၂ယောက်မွေးပြီး ၁၂နှစ်နေခဲ့တာပါ အမျိုးသာ အသက်၄၅နှစ်နှင့်ဆုံးသွားတာကို ခုလို့ အဲဒိ ကျမ သူယ်ေချင်းပိုင်ဆိုင်သော အိမ် ကို အဘက်ဘက်က နည်းအမျိုးမျိုး နဲ ကျမ သူယ်ေချင်းကို ပထုပ်ချင်နေကြပါတယ် ကျမ သူယ်ေချင်းက မုဆိုးမလဲဖြစ်ေ၇ာ နေခဲ့ ကိုယ်တိုင် ဆောက်ခဲ့တဲ့ အိမ်ကိုတောင် လစ်ဆယ်ပြီး စစစ နဲ အချိပ်ဆက်လုပ်ပြီး ဇာတ်တစ်ခု ထွင် ဆင် ပြီး ကွင် ရိုက်နေကြတာ လူမဆန်သော စိတ်ဓါတ်တွေနဲ ကျမသူယ်ေချင်း ကိုပစ်သောပစ်စာဆိုယင် (မန္တလေးမြို့ မှ မသီသီနာမည်အတုနဲ တိုင်တာကို ပစ်စာနော် တိုင်စာမပာုတ်သေးဘူး )တိုင်တဲ့လူက ပြောထွက်လာပြီး ရယ်နေကြပြီး သူ စာလေးတစ်စောင်ပစ်လိုက်တာကို အစိုးရ စစစ က အဲလောက်တောင် ပြင်းထန်းစွာ လုပ်နေပါလား ဆိုတာကို ရယ်စရာအဖြစ်ကြားလိုက်ရပြီး ပေမဲ့ ပစ်စာပစ်ခံရသူကို စစစ က ပစ်စာအရ လုပ်လ့လုပ်ထမရှိသော ပစ်စာကို ကိုင်တွယ်တယ်ဆိုတာ ကျမသူယ်ေချင်းကို နူတ်ပိတ်ချင်နေတဲ့ အာဏာပိုင်တစ်ယောက်ကြောင့်ပါ ။ အမှန်တကယ် စစစ သည်လဲ ပစ်စာဆိုသော နာမည်အတုလိပ်စာမမှန် မှတ်ပုံတင် အတုနဲ ပစ်သောပစ်စာကို ဂဂုစိုက်ကြည့်လိမ့်မရှိပါ ပစ်စာတိုင်းသာ ကြည့်၇မယ်ဆိုလျှင် .......စဉ်းစားပေးကြည့်ကြပါ ကျမ သူယ်ေချင်း၇ဲဖြစ်စဉ်ကို စာအုပ်၅အုပ်အတွဲဆက် တွေထုပ်လိုရပါတယ် စိတ်ဝင်းစားသူများကို အခမဲ့ အချိန်ပေးပြီး ပြောပြမယ် ။ ဆက်သွယ်လိုက်ပါ ယခု ကျမ သူယ်ေချင်းက နိုင်ငံခြား၇ဲ စိတ်ရောဂါ အထူးကုဆေးရုံးမှာပါ တောင်ကြီးမှာ ရက်စက်ခဲ့ကြသော အဖြစ်တစ်ခုကြောင့် ကောင်းလိုက်ဆိုးလိုက်နှင့် သူခလေး၂ယောက်ကိုကျမ အုပ်ထိန်းပေးရပါတယ် ယခုလို့ရှူးတယ်လို့ သေဆုံးသော အမျိုးသားဘက်က ပါ သူယ်ေချင်းပိုင်ဆိုင်သော အိမ်ကို နည်းအမျိုးမ်ျိုး နှင့် စစစ နဲ ဇာတ်လမ်းတစ်ခုရိုက်ပြီး မျိုပစ်ဖို့ ကြံနေကြပြီး ကျမ သူယ်ေချင်းကို စိတ်ကောင်းစေတနာကောာင်းသော အများပြည်သူများအာလုံး ကို ကျမ သူယ်ေချင်းကိုယ်စား ကျမ တောင်းဆိုပါတယ် အကြံပေးကြပါ ။ကျမ သူယ်ေချင်းကံမကောင်းဘူး ဒါပေမဲ အမှန်အကန် ရှိပါတယ် ။ စိတ်ရောဂါမတည်ငြိမ်သေးသောကြောင့် မြန်မာပြည်ကို ပြန်ပြီးဖြေရှင်းလို့မရသေးတာဖြစ်တယ် ဒါကိုအခွင့်ရေးယူပြီး ကြားလက်တွေ လက်ဝါးကြီးအုပ်ပစ်ချင်နေကြပြီ ကယ်ကြပါအုံးလား လူဘ၀ဖြစ်စဉ်မှာ တကယ်ကြောက်စရာကောင်းတဲ့ အဖြစ်တွေ တကယ် ရှိနေပါတယ် တကယ်ခံလိုက်ရယင် အချိပ်နဲအဆက်နဲ ပိတ်ပီတော့ ပီပြင်အောင်လုပ်ခံ၇တတ်တယ်နော် ဥပမာ... တော်တော် ပြောပြယူရမယ် ။ ။နက်ရိုင်းလွန်းသော ပြုံ့ပင်ကြီး တစ်ခု ဖြစ်ပါတယ်
ဒါပေမဲ့ကျမ သူယ်ေချင်းလက်ထဲမှာ ခိုင်လုံသော စာရွက်စာတမ်းသက်သေအထောက်ထား ပတ်ဝန်ကျင်ထောက်ခံချက်တွေ(ဆန်အိတ် ၄အိတ်စာအထိ )ကျမ သူယ်ေချင်း နိုင်ငံခြားထိသယ်လာထားပါတယ်။နိုင်စားခံရတာကို စစစ လို့ ဆိုတာနဲ အမှန်ကို အမှားလုပ်ပေးရတော့မလဲ ကွယ် အမှန်တွေကို အခွင့်ရေးကောင်းမျိုးပေါ်ပေါက်လာတာနဲ သမ္မတထံကျမ တင်ပြဖို့ ပြင်ဆင်နေတဲ့အချိန်လေးမှာ ခုလို့ သမ္မတကြီးထံ အွန်းလိုင်းမှ တင်ပြခွင့်ရပြီးဆိုတော့ ကျမ သူယ်ေချင်း ကိုယ်စား ၀မ်းသာမိတယ်။
ဦးစွာပထမသစ်ထူးလွင်Websiteအားကျေးဇူးတင်ပါကြောင်း
ပြောကြားလိုပါတယ်။
သိပ်ကောင်းတဲ့အစီအစဉ်ပါပဲ
goodပါတယ် ဒါပေမယ့် တကယ်ရော ဖတ်မှာလားလို့
ကောင်းပါတယ် ဒါပေမယ့် တိုင်ကြားသူရဲ့ လုံခြုံရေးလေးကိုတော့ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ် သမ္မတကြီးရယ် အားကိုးပါတယ်
ကောင်းတယ် ဒါမှဒီမိုကရေစီ ပုံစံဖြစ်လာမှာ သစ်ထူးလွင်ကို ကျေးဇူးနော်
အရမ်းကောင်းတဲ့ အစီအစဉ်ပါပဲ ဒါပေမယ့် တိုင်ကြားချက်တွေကို ဖတ်ချင်တယ် ဘယ်လိုအရေးယူဆောင်ရွက်တယ်ဆိုတာပါသိချင်တယ် president-office အနေနဲ့ ဖတ်နိုင်ပါမလား ဟုတ်မဟုတ်စီစစ်အရေးယူဆောင်ရွက်နိုင်ပါမလား အားလုံးကို တတိယမျက်လုံးနဲ့ ကြည့်စေချင်ပါတယ်။ မဟုတ်မမှန်တဲ့တိုင်ကြားစာတွေအတွက်ဆိုရင် တဖက်လူနစ်နာမယ် ဟုတ်မှန်တဲ့ တိုင်ကြားစာတွေဆိုရင်လည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင်ပါတယ်။
ပြည် ပ ရောက် မြန် မာ အ လုပ် သမား များရဲ့ အခက် အခဲများအတွက်ကော တင်ပြမယ်ဆိုရင် ကူညီပေးမှာလား။
ဆိုင်ကယ်သက်တမ်းတိုးရာတွင် မြင်းခြံကညနရုံးမှ ငွေယူပြီး ငွေရပြေစာမပေးဘဲ တရားမ၀င်ငွေကြေးများ အဆမတန်ပိုမိုတောင်းခံနေခြင်း။
မြင်းခြံခရိုင် ကညနရုံးမှဝန်ထမ်းများသည် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရာတွင် လျှောက်လွှာတစ်စုံနှင့် ရောင်ပြန်ပြားတစ်ချပ်ကို(၃၂၅၀)ကျပ် ရောင်းပါတယ်။ လျှောက်လွှာဖြည့်ပြီးပြန်တင်တော့(၂၅၀၀)ကျပ်တောင်းပါတယ်။ နောက်ဆုံးကျပြန်တော့လည်းပြေစာတော့ရေးပါတယ်(၂၄၀၀)ကျပ်ဆိုပြီးတော့ထပ်ပြီးတောင်းယူပါတယ်။ဘာမှလဲငွေရပြေစာအထောက်အထားမပေးပါဘူး။ အားလုံးဆိုင်ကယ်တစ်စီးသက်တမ်းတိုးကုန်ကျငွေ (၈၁၅၀)ကျပ်ရှိပါတယ်။ရောင်ပြန်ပြား(၁၀၀၀)ကျပ်အတွက်ပဲပြေစာပေးပါတယ်။ ကျန်တဲ့(၇၁၅၀)ကျပ်အတွက်ပြေစာမရပါဘူး။ မေးတော့လည်း ခင်ဗျားတစ်ဦးတည်းမဟုတ်ဘူး--အများလည်းဒီလိုဘဲတောင်းတာလို့ပြောပါတယ်။ (၃)ရက်ကြာလို့ ကမ(၃)စာအုပ်ပြန်ရလို့ကြည့်လိုက်တော့ သက်တမ်းတိုးအမှန်ကုန်ကျငွေက(၉၀၀)ကျပ်ပဲရှိပါတယ်။ တရားမ၀င်အပိုကြေး(၆၂၅၀)ကျပ်နှင့်တစ်နေ့သက်တမ်းတိုးပြုလုပ်သည့်ဆိုင်ကယ်အစီးရေ(၁၅၀)ခန့်ဆိုလျှင် ငွေ(၉၀၀၀၀၀)(ကျပ်ကိုးသိန်း)ခန့် အပိုကြေးယူထားပြီးဝန်ထမ်းများရာထူးအဆင့်အလိုက် ခွဲတမ်းဖြင့်ယူကြကြောင်းသိရပါတယ်.။ ဒီလိုငွေရပြေစာမပေးဘဲ မရှင်းမရှင်းနှင့် တရားမ၀င်ငွေကြေးယူပြီး အဆမတန်တောင်းယူနေခြင်းကို နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာန ၏တာဝန်ရှိအကြီးအကဲများမှ ဆိုင်ကယ်ပိုင်ရှင်အများပြည်သူကို ငဲ့ညှာသောအားဖြင့်သက်တမ်းတိုးရာတွင်ကျသင့်သည့်နှုန်းထားများကို ကညနရုံးများတွင် ထုတ်ပြန်ကြေငြာပေးပြီး တရားဝင်ငွေရပြေစာများပေးနိုင်အောင် ဆောင်ရွက်ပေးပါရန်နှင့် စိစစ်အရေးယူဆောင်ရွက်ပေးပါရန်
မြင်းခြံမြို့မှ ဆိုင်ကယ်ပိုင်ရှင်များ
Post a Comment