လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ လက်မှတ်ရေးထိုး

မုံရွာ၊ စက်တင်ဘာ ၇

မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနားလမ်း တာရိုးပေါ်မှ လက်ပန်းတောင်း တောင်ကြည့်ပွဲနှင့်
 ယင်းတောင်ကြီး မပျောက်ပျက်စေရန် ပြည်သူလူထု၏ လက်မှတ် ရေးထိုးပွဲကို
ယနေ့ ညနေ ၄ နာရီ အချိန်မှ စတင် ကျင်းပခဲ့ရာ ၅နာရီ ၄၅မိနစ် အချိန်တွင် ပြီးဆုံး
ခဲ့ကြောင်း သွားရောက် ကြည့် ရှုခဲ့ သူများကပြောကြားသည်။

မုံရွာ ဘက်ကမ်းမှ လူဦးရေ ၁၀၀ နီးပါးခန့်ယင်းပွဲတွင် ပါဝင်ခဲ့ကြပြီး ချင်းတွင်းမြစ် တစ်ဖက်ကမ်းမှ လယ်သိမ်းခံတောင်သူ ၃၀၀ ခန့်က တူညီတီရှပ်များ ဝတ်ဆင်၍ မုံရွာဘက်ကမ်းသို့ကူးရန်
လာခဲ့သော်လည်း ညောင်ပင်ကြီး ဆိပ်ကမ်းတွင် စက်လှေများ ရုတ်တရက် လိုင်းပိတ်လိုက်သည့် အတွက်မုံရွာဘက်ကမ်းသို့လာရောက်နိုင်ခြင်းမရှိကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။

"ဒီဘက်ကမ်းကနေ အလုပ်ပြန်မယ့် အလုပ်သမားတွေလည်း စက်လှေတွေ ပိတ်ထားတော့ ပြန်လို့မရဘူးဖြစ်သွားတယ်။ ၆နာရီ ထိုးလောက်မှာတော့ မုံရွာဘက်ကမ်းက စက်လှေတွေပြန် ထွက်ခွင့်ပေးလိုက်ပေမယ့် အနောက်ဘက်ကမ်းက စက်လှေတွေ ထွက်လာတာ တော့ မမြင်မိသေးဘူး"ဟု ယင်းတာရိုးပေါ်တွင် ရောက်ရှိနေသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly



လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ ပြည်သူများ၏ လက်မှတ် ရေးထိုးပွဲ



လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ လက်မှတ်ရေးထိုး လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ လက်မှတ်ရေးထိုး Reviewed by သစ်ထူးလွင် on 22:14 Rating: 5

9 comments:

Unknown said...

မုံရွာနဲ့ လက်ပံတောင်းတောင်... လက်ပံတောင်းတောင်နဲ့ မုံရွာဆိုတာ ခွဲခွါလို့ မရအောင်တွဲပြီးတည်ရှိနေတဲ့ သမိုင်းဝင် သင်္ကေတပုံရိပ်တွေပါ။ မုံရွာမြို့နဲ သမိုင်းဝင်ဖြစ်ရပ်တိုင်းမှာလည်း ဒီတောင်ကြီးနဲ့ ဆက်စပ်ပတ်သက်မှု တစုံတရာ ရှိနေမြဲပါ.. ကျွန်တော်တို့ရဲ့ မုံရွာကနေ ချင်းတွင်းမြစ်ရဲ့ အနောက်ဖက်ကမ်းကို မျှော်ကြည့်လိုက်တာနဲ့ အထင်ကရတွေ့မြင်နေရတဲ့ လက်ပံတောင်းတောင်ဟာ မုံရွာသားတို့ရဲ့ ဇာတိပုညဂုဏ်မာန ပုံရိပ်တွေပါ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လေကို ချစ်တဲ့ မျိုးချစ်စိတ်ဆိုတာ ဖန်တီးလုပ်ယူလို့ မရစကောင်းပါဘူး။ ဇာတိမြေအပေါ် ဒီလို ဂုဏ်ယူ စွဲလမ်းတဲ့ ပုံရိပ်တွေကသာ မျိုးချစ်စိတ်ရဲ့ အခြေခံအကျဆုံး ပဓါနအကြောင်းတရားပါ။ ဒါတွေကို ငွေနဲ့ဖန်တီးလို့မရသလို၊ ဥစ္စဓနနဲ့ တန်ဖိုးဖြတ်လို့လည်း ဘယ်တော့မှ မရနိုင်ပါဘူး...။

Unknown said...

တို့နယ်မှာ တောင်တွေ တစ်တောင်ပြီးတစ်တောင် ပျောက်ကွယ်ကုန်ကြပြီ။ တို့နယ်သားတွေ ဘာမှမတတ်နိုင်ကြတော့ဘူး။ ကြိုးစားတဲ့သူတွေလည်း အဖမ်းခံနေကြရပြီ။ သမ္မတကြီးကိုပဲအားကိုးရတော့မယ်။

Unknown said...

လယ်တီဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့တဲ့ သမိုင်ဝင်နေရာနော်။
မြန်မာ့တောတောင်ကို ထိန်းသိမ်းဖို့ မြန်မာတွေကိုပဲ ပြန်တောင်းဆိုနေရတယ်။
ဘယ်နှယ့်ပါလိမ့်။

Unknown said...

ဟပြောတော့ ရွာသား.တွေက ပေးတဲ့ငွေ အကုန်ယူထားကြတယ်ဆို...???????
သီးထပ်သီးညှပ် လုပ်နေကြတာလား ဟ??????????

Unknown said...

ဟ....ပြောတော့ လယ်သမားတွေက...မြေလျှော်ကြေး..အကုန်ယူထားကြတယ်ဆို??????

MYO MYINT said...

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီးနိုင်ငံတော်ရဲ့စီမံကိန်းတွေကိုလိုက်လံအနှောက်အယှက်ပေးနေတာကတော့နိုင်ငံကြီးသားမပီသဘူးထင်ပါတယ်၊ကျောက်ခေတ်ကလိုလူတိုင်းနေနိုင်ရင်တော့ကောင်းတာပေါ့၊အခုမှလက်ပန်းတောင်းတောင်ကြီးကိုလွမ်းလို့ထိုင်ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအဲဒီတောင်ပေါ်မှာသစ်ပင်တစ်ပင်စိုက်ခဲ့ဘူးပါသလားပြန်စိစစ်စေချင်ပါတယ်၊နိုင်ငံအတွက်အဘိုးတန်သယံဇာတတွေကိုထုတ်ယူရာမှာသဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲမရနိုင်ပါဘူး၊အခုတောင်ယာတွေအတွက်လျော်ကြေးတွေပေးတုံးကကြောက်လို့လက်ခံရပါတယ်ဆိုတဲ့သူတွေအဲဒီငွေပေးတဲ့အချိန်တုံးကဘာသံမှမကြားခဲ့ရပါဘူး၊ပြည်တွင်း/ပြည်ပအသံလွှင့်ဌာနတွေကပြောသံဆိုသံလည်းမကြားခဲ့မိပါဘူး၊အခုအစိုးရလက်ထက်အခွင့်အရေးရပြီဆိုပြီးလူအုပ်စုဖွဲ့အကြမ်းဖက်တောင်းဆိုတာမျိုးလုပ်လာတာကိုလက်ခံမယ်ဆိုရင်နိုင်ငံမှာဒီမိုကရေစီစနစ်အစားမင်းမဲ့စရိုက်ထွန်းကားလာမဲ့အနေအထားမျိုးကိုနောင်အစိုးရလုပ်ဘို့ကြိုးစားနေတဲ့နိုင်ငံရေးပါတီတွေ/နိုင်ငံရေးသမားတွေအနေနဲ့ရေတိုမကြည့်ဘဲရေရှည်အကျိုးရှိနိုင်မရှိနိုင်စဉ်းစားသုံးသပ်စေချင်ပါတယ်

Unknown said...

အဲဒီစီမံကိန်းက တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ်အကျိုးရှိမယ့် လုပ်ငန်းဆိုရင် ကိန်းဂဏန်းတွေကို ပွင်းလင်းမြင်သာမှုရှိအောင် ချပြရင်တစ်မျိုးဖြစ်မယ်။ အခုဟာက တရုတ်နဲ့ စစ်တပ်အကျိုးအတွက် လုပ်နေတာဖြစ်ပြီး လယ်သမားတွေကို ၃နှစ်စာ သီးနှံလျှော်ကျေး ၁ဧက ငါးသိန်းခွဲပေးပြီး မြေတွေကို အနှစ်(၆၀)နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး အတင်းအဓမ္မသိမ်းယူတာမျိုးကို အားလုံးက လက်မခံနိုင်ကြတာပဲ။ တိုင်းပြည်အတွက် ဖြစ်ထွန်းပေါ်ပေါက်လာမယ့် အကျိုးအမြတ်ကို မကွယ်ဝှက်စတမ်း ရိုးသားပွင့်လင်းစွာ ထုတ်ဖော်တာမျိုးမှ မရှိဘဲ။ ဒေသခံတွေခမျာ အားမတန်လို့ မာန်လျှော့တဲ့အနေနဲ့ တောင်ကြီးကို အလွမ်းပြေကြည့်တဲ့ အလုပ်ပဲ လုပ်နိုင်တော့တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ဆောင်တာဖြစ်တယ်။ ဘယ်သူကမှ အချိန်တွေပိုလို့ အလုပ်မရှိ အလုပ်ရှာပြီး တောင်ကြီးကို ထိုင်ကြည့်မနေချင်ပါဘူး။ ဥာဏ်ကြီးကြီးထားပြီး အကောင်းမြင်စိတ်လေးနဲ့ မြင်ကြည့်ပေးပါ။ လျှပ်စစ်ဇော်မင်းလို ကိုယ့်ဖက်က ပေးဆပ်လိုက်ရတဲ့ တန်ဖိုးတွေကို မဖော်ပြဘဲ တိုင်းပြည်အတွက်ဆိုတဲ့ မဟုတ်တယုတ် ကိန်းဂဏန်းတွေကို ပြည်သူကိုချပြပြီး သူ့အိပ်ထဲကို ဒေါ်လာ၁၀သန်းလောက်(စရံပဲရှိသေးတယ်)ထည့်သွားတာမျိုးတွေကို သူတို့နဲ့ အလိုတူအလိုပါ ခပ်ညံ့ညံ့လူတွေက မသိချင်ယောင်ဆောင်ပြီး အကောင်းမြင်သလိုလို ၀ါဒဖြန့်ကြတယ်။

Unknown said...

သဘာဝ အရင်းအမြစ်တွေ တူးဖော်သုံးစွဲလိုက်ကြတာ..
ဖားကန့်မှာ ကျောက်စိမ်းတွေလည်း ကုန်သလောက်ရှိသွားပြီ..
မုံရွာမှာ ကြေးစင်တောင်နဲ့ စပယ်တောင်လည်း ချိုင့်ခွက်ကြီးတောင် ဖြစ်နေပြီ.. တိုင်းပြည်ရဲ့ရှိသမျှ သယံဇာတအရင်းအမြစ် အားလုံးလည်း တစ်ခုမကျန် တူးဖော်ထုတ်လုပ်ပြီးနေကြပြီ..
တိုင်းပြည်ကြီးကတော့ ဖွတ်မွဲပြာကျဖြစ်ပြီး ကမ္ဘာအဆင်းရဲဆုံး၊ လူနေမှုအဆင့်အတန်း အနိမ့်ကျဆုံးစာရင်းထဲမှာ ရောက်နေရပြီ..။ အခု.. လက်ပန်းတောင်းတောင်ကြီးကို ဖြိုဖျက်တူးဖော်လိုက်လို့ တိုင်းပြည် အမှန်တကယ် ချမ်းသာမယ်ဆိုရင်၊ တစိတ်တဒေသ အမှန်တကယ် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဘယ်သူတွေကမှ အလုပ်မရှိအလုပ်ရှာ ပြဿနာရှာမနေကြပါဘူး။ အဲလိုမဟုတ်ဘဲ ကိုယ်ကျိုးအတွက် ကာကွယ်ပြောဆိုနေကြတာ ဆိုရင်တော့ ဒါဟာ အမျိုးသားသစ္စာဖောက်ခြင်း တစ်မျိုးလို့ မှတ်ယူပါတယ်။

Unknown said...

အဲဒီကရလာမဲ့အကျိုးအမြတ်က မြန်မာနိုင်ငံတော်က
ရမှာလား မြန်မာ့စစ်တပ်ကဖွဲ့စည်းထားတဲ့ ဦးပိုင်ကုမ္ပဏီက
ရမှာလား? စစ်တပ်ကို လစာရော လက်နက် ရိက္ခာရော
တို့ပြည်သူတွေကပေးထားတာဘဲ အခုစစ်တပ်ဦးပိုင်က
ရမဲ့ အကျိုးအမြတ်တွေကို နိုင်ငံတော်ကိုပေးမှာမို့လို့လား
ဒါမှမဟုတ် ငါတို့ဝယ်ပေးတဲ့လက်နက်တွေ မကောင်းလို့
မလုံလောက်လို့ သူတို့ဖာသာဝယ်ကြမလို့လား
ဒါမှမဟူတ် ဆင်းရဲနွမ်းပါး ရဲဘော်တွေကို ထောင်ပံ့မလို့လား
စစ်တပ်ကဘာအတွက် တစ်စင်ထောင်ပြီး စီးပွားလုပ်ရတာလဲ
စီးပွားရေးလုပ်ချင်ရင် စစ်တပ်အာဏာခုတုံးမလုပ်ပါနဲ့
ဦးပိုင်မှာပါဝင်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်အားလုံး စစ်တပ်
အာဏာမသုံးဘဲ ကိုယ့်ဖာသာ အပြင်မှာထောင်ကြတော့ပေါ့
ဦးပိုင်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုက ကိုယ့်သဘောကိုယ်ဘဲလေ
ယူသွားပြီးကြိုက်သလိုလုပ်ပေါ့

Powered by Blogger.