ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့
ရည်ရွယ်ပြီးတော့ ကချင်ပြည်နယ် ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့
အနီးမှာ ဆွေးနွေးရေး အဆောက်အဦး ဖွင့်ပွဲတခုကို ကေအိုင်အိုက
ဒီနေ့ ကျင်းပပါတယ်။
ဒီဆွေးနွေးရေးအဆောက်အဦးကို ၂ ဘက်သဘောတူညီမှုနဲ့
ဆောက်လုပ်တာဖြစ်ပြီး ဒီနေရာဟာ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေး
အတွက်ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။
"အလွတ်သဘောဆွေးနွေးပွဲမှာ အားလုံး စင်တာတစ်ခု ထားရအောင် အားလုံးဝိုင်းပြီးမှ ကြီးကြပ် နည်းလမ်းရှာရအောင်ဆိုပြီး သဘောတူညီချက် နဲ့လုပ်တာပါ။ ဆက်သွယ်တာတို့ အချက်အလက် စုဆောင်းတာ တို့ တော့ ဒီစင်တာမှာပဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းလုပ်ငန်းစဉ် ပါဝင်ဆောင်ရွက်လိုတဲ့ လူ အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့ အလွတ်သဘော ဆိုတော့ ပြောရတာလွတ်လပ်တယ်။ ပြီးတော့ ရုံးသဘောမျိုးမဟုတ်ဖူး ဆိုတော့ ပွင့်ပွင့်လင်းလင်းရှိတာပေါ့။ ဒီစင်တာကတော့ လူထုက ယုံကြည်နိုင်တဲ့ စင်တာ အားလုံးက မှန်ကန်တဲ့ သတင်းတွေပေးနိုင်ဖို့ ပြီးတော့ နည်းလမ်းရှာနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်တာပါ။"
ဒီဖွင့်ပွဲမှာ ကေအိုင်အို အမြဲတမ်းဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂန်၊ စစ်ရေးမဟာဗျူဟာ သုတေသန ဌာနမှုး ဗိုလ်မှုးဇော်တောင်၊ ဗိုလ်မှုးကြီး ဂျီးနောင်နဲ့ ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအ၀င် ခရစ်ယာန်ဘာသာရေး ဆရာတွေ၊ ဒေသခံတွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအ၀င် ၂၀၀ ကျော်လောက် တက်ရောက်ပါတယ်။
အဲဒီစင်တာကို တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်မြို့အနီး ပရန်ငေါ ဆိုတဲ့ ကျေးရွာက မြက်ခင်းကွင်းပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ အဆောက်အအုံ တစ်ခု၊ ထမင်းစားဆောင်၊ နားနေဆောင်၊ ရုံးခန်း နေရာတွေ ဆောက်လုပ်ထား
တာဖြစ်ပါတယ်။
အဲဒီရုံးခန်းထဲမှာ ၂၀၁၁ ဇွန်လက စတင်ပြီး ၂၀၁၂ ခုနှစ် မတ်လမှာ
ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးခဲ့တဲ့ အချိန်အထိ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ ဓါတ်ပုံတွေ ဘယ်သူမဆို ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတာတွေ့ရပါတယ်။
အဲဒီနေရာဟာ အင်တာနက်နဲ့ ဖုံးတွေလည်း အသုံးပြုလို့ ရပြီး အစိုးရကိုယ်စားလှယ်တွေ စိတ်ချလုံစွာ လာလို့ရတယ်လို့ သိရပါတယ်။
အစိုးရနဲ့ ကေအိုင်အို နှစ်ဘက်ကိုယ်စားလှယ်တွေ နောက်ထပ် တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မချသေးဘူးလို့ သိရပါတယ်။
အခုအခါ ကေအိုင်အိုနဲ့ အစိုးရတပ်တွေဟာ ကေအိုင်အို တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေ ဖားကန့်ဒေသ၊ တပ်ရင်း ၅ နယ်မြေ
ကေအိုင်အို ဗဟိုဒေသနဲ့ တပ်မဟာ ၄ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ
နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
RFA Burmese

ကေအိုင်အိုက ဆွေးနွေးရေးဌာနဖွင့်လှစ်
Reviewed by သစ်ထူးလွင်
on
20:17
Rating:
6 comments:
ဦးဂွမ်မော် ရေ ငြိမ်းချမ်းရေးအတွက်ဘာပကာသနမှမလိုပါ။ ခင်ဗျားးတို့စိတ်ရင်းအမှန်ပဲလိုပါသည်။ kia ခေါင်းဆောင်ပိုင်းအတွက် ပိုင်ဆိုင်မှုတွေနည်းနေသေးလို့လား။ ငြိမ်းချမ်းရေးယူပြီးရင်ဆက်ကြေးကောက်လို့မရတော့လို့လား။ ဦးအောင်မင်းဆီအကူအညီတောင်းလိုက်လေ။ ငြိမ်းချမ်းရေးယူပြီးရင်လည်းဆက်ကြေးကောက်ခွင့်ပေးပါလို့။
အစိုးရရဲ့ ထိုးစစ် စ”ပြီဆိုမှ ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေးတွေ အသံထွက်လာခြင်းဟာ တစ်ကယ်ငြိမ်းချမ်းရေး ရချင်လို့မဟုတ်တာထင်ရှားပါတယ်။ သူတို့ ဆူပူသောင်းကျန်းဗိုလ်ကျနေတာဟာ နှစ်ပေါင်းခြောက်ဆယ်ကျော်လာပါပြီ။ ဒီ ဆူပူသောင်းကျန်းသူတွေကို အမြစ်ပါမကျန် သုတ်သင်ပစ်ဖို့ပဲလိုပါတယ်။ စေ့စပ်ဆွေးနွေးမနေပါနဲ့တော့။
ပြည်ထောင်စုကနေ မခွဲထွက်ဘူးဆိုရင်
အလျှော့ပေး ဆွေးနွေးသင့်တယ်ထင်။
kia ,kio ဆိုတဲ့နာမည်ပြောင်းလဲပေးပါ။
လွတ်မြောက်ရေး လွတ်လပ်ရေးဆိုတာ
မလုပ်သင့်ပါဘူး။
နှစ်ဦးနှစ်ဖက်ပြေလည်းသွားဖို့အရေးကြီးတယ်ဒါမှပြည်သူတွေလည်းစိတ်အေးရမှာ
ကောင်းပါတယ် ဘာပဲဖြစ်ဖြစ်ညိမ်းချမ်းမူကိုလိုလားတယ်
ငြိမ်းချမ်းရေးအတွက် တကယ်ရော ဆန္ဒရှိရဲ့ လွတ်မြောက်ရေးကြီးရဲ့
ကေအိုင်အိုရဲ့ ကလေးတွေ လက်ပ်တော့ကိုင်ချင်တယ်ဆို
ဒါဆို မြို့ထဲမှာနေကြပေါ့ဗျာ တောထဲကနေ ဆက်ကြေးကောက်ပြီး လက်ပ်တော့ကိုင်ရလည်း ကြည့်မကောင်းပါဘူး တောင်ယာတဲနဲ့ လက်ပ်တော့ မလိုက်ဘူးဗျ ဒီလောက်ရနေပြီပဲဗျာ တော်သင့်ပါပြီ ဆွေစဉ်မျိုးဆက်လည်း စားမကုန်တော့ပါဘူး ဒေသခံတွေပဲ ဆင်းရဲပြီးရင်းဆင်းရဲ ငတ်ပြီးရင်းငတ်
ငြိမ်းချမ်းရေးအတွက် အဆောက်အဦးလိုလို့လားဗျာ
Post a Comment