၈၈ မျိုးဆက်ကျောင်းသားတွေ ရောက်ရှိနေချိန်ရက်ပိုင်းအတွင်း ဖားကန့်မြို့မှာ သေနတ်သံ တိတ်ဆိတ်နေတဲ့အတွက် မြို့ခံတွေ ကျေနပ်နေကြပါတယ်။
ကိုမင်းကိုနိုင်၊
ကိုပြုံးချိုအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၅ ဦးဟာ အစိုးရတပ်နဲ့
ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ကို
ရောက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ညကတည်းက သေနတ်သံ၊ ဗုံးသံနဲ့ အမြောက်သံတွေ
တိတ်ဆိတ်ခဲ့တာဖြစ်ပါတယ်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က “ဖားကန့်မှာတော့
ကျနော်တို့မရောက်ခင် ညအထိကတော့ တိုက်ပွဲတွေ ရှိနေတုန်းပဲ။ ကျနော်တို့
ရောက်သွားတာနဲ့တပြိုင်တည်း တိုက်ဆိုင်တာပဲ ပြောရမလား၊ နားလည်မှုရှိရှိပဲ
ဆိုရမလား၊ ကျနော်တို့ရဲ့ စိတ်ရင်းစေတနာအပေါ်မှာ သူတို့ရဲ့
တုံ့ပြန်ချက်လို့ပဲ ထင်မှတ်ပါတယ်။ နှစ်ဖက်သော အဖွဲ့တွေက အပစ်အခတ်
ရပ်စဲသွားတယ်။
“ဒီနေ့ထိ သေနတ်သံတွေ
လုံးဝတိတ်ဆိတ်သွားတဲ့အတွက်ကြောင့် ဖားကန့်တနယ်လုံးက အင်မတန်မှ
ဝမ်းမြောက်ကြည်နူးတယ်။ သူတို့တွေ လမ်းပေါ်တွေမှာ တက်ပြီးတော့ အောင်ပွဲခံကြ
တယ်။ လမ်းမတွေပေါ်မှာ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ လမ်းလျှောက်နေကြတယ်။
ကျနော်တို့ကို ပြောပြတယ်။ အဲလို ညဆို အပြင်မထွက်ရဲခဲ့တာ သူတို့မှာ
ကြာခဲ့ပါပြီတဲ့။ အခုတော့ သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့နေ့တွေ
နေ့တိုင်းဖြစ်သင့်တယ်၊ ညတိုင်းလည်းဖြစ်သင့်တယ်။ အခု ကျောင်းတွေ
ပြန်ဖွင့်ပြီ။ ကလေးတွေ ကျောင်းပြန်တက်နေကြပြီ။ ကျနော်တို့
အဲမြင်ကွင်းတွေကို ထာဝရပန်းချီကားတချပ်လို ရေးခဲ့ချင်ပါတယ်။
ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိသလို
ကျနော်တို့ကိုယ်တိုင်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့
အမြဲမပြတ်စောင့်ကြည့်နေပါ့မယ်လို့ အားလုံးကို အသိပေးခဲ့ပါတယ်” လို့
ပြောပါတယ်။
သူတို့ မရောက်ခင်ကတည်းက
ပစ်ခတ်သံတွေ ရပ်သွားတာဖြစ်တဲ့အကြောင်းနဲ့ ဒေသခံတွေ စိတ်ခံစားမှုတွေကို
ဖားကန့်မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ရဲ့
ညီလာခံဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ခုလို ပြောပါတယ်။
“ထူးခြားမှုကတော့
သူတို့လာတဲ့အချိန်မှာ လူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းသွားတာပေါ့။
သူတို့က ည ၈ နာရီလောက် မြို့ထဲရောက်လာတာဆိုတော့ သူတို့မရောက်ခင်အချိန်ဆို
အဲ့အချိန်ကာလဟာ ညဆို စစ်သားတွေက ကင်းလှည့်တဲ့အချိန်ဆိုတော့ လူထုတွေက
ကျီးလန့်စာစားဖြစ်နေကြတာပေါ့။ သူတို့ရောက်လာတဲ့အချိန်ကြတော့
လူထုရဲ့စိတ်မှာပေါ့ပါးသွား တာပေါ့။ သူတို့ကိုလည်း အားလုံးက လိုလိုလားလားနဲ့
ကြိုဆိုကြတယ်။ နောက်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့
နေခွင့်ရတော့မယ်ဆိုပြီး ထင်နေကြသူတွေလည်းရှိတယ်။”
စက်တင်ဘာ ၁၇ ရက်နေ့မှာ ၈၈
မျိုးဆက်ကျောင်းသားတွေဟာ မြို့ပေါ်က ရပ်မိရပ်ဖတွေ၊
ဘာသာအသီးသီးကပုဂ္ဂိုလ်တွေနဲ့ အလွှာအသီးသီးက အပါအ၀င် ဒေသခံတွေနဲ့
တွေ့ဆုံပြီး ဖားကန့်ဒေသ အပါအ၀င် ကချင်တပြည်နယ်လုံးနဲ့ တနိုင်ငံလုံး
တိုက်ပွဲတွေရပ်စဲဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီနေ့မှာတော့
သူတို့အဖွဲ့ဟာ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ထွက်ခွာခဲ့ကြပြီး
မြို့ပြင် ဘက်နားက မြဦးစေတီဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ စစ်ရှောင်ဒုက္ခသည်
၅၀၀ ခန့်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ သူတို့ဟာ မနက်ဖြန်မနက်ကျရင်
မိုးကောင်းမြို့မှာ “ငြိမ်းချမ်းရေးနဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး” ဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်အဖွဲ့တွေကို
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စီမံချက်ကစတင်ပြီး အစိုးရနဲ့
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အကြား အပစ်အခတ်ရပ် သဘောတူညီချက်
ပျက်ပြားခဲ့ ရတာဖြစ်ပါတယ်။
By အေးနိုင် (ဒီဗွီဘီ)
ကချင်ပြည်နယ် ဖားကန့်တွင် တိုက်ပွဲရပ်စဲ
Reviewed by သစ်ထူးလွင်
on
17:18
Rating:
12 comments:
အမြဲတမ်းငြီမ်းချမ်းပါစေလို့ 
ဆုတောင်းလျှက်
ဝေးရပ်မြေမှ
မြန်မာပြည်သား
၈၈မျိုးဆက်အကိုတွေ ငြိမ်းချမ်းရေးကိုအမြန်ဆုံးဖော်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ဖါးကန့်သားတွေသနားပါတယ်။ ကျောင်းသားကြီး ကိုမင်းကိုနိုင်ကို ဖါးကန့် ဝန်ကြီးချူပ်ခန့်လိုက်မယ်။
ဖတ်ရတာနဲ့တင် ရင်ထဲကြည်နူးလိုက်တာ။တနိုင်ငံလုံး တိုက်ပွဲတွေ
ရပ်စဲသွားရင် ပြည်သူပြည်သားတွေအေးချမ်းသွားပြီပေါ့။
ငြိမ်းချမ်းမှုအစဉ်ရပါစေ
ထာဝရငြိမ်းချမ်းကြပါစေ
တိုက်ဆိုင်မှုကြောင့် ပြောစမှတ်ဖြစ်ရပြန်ပါပြီ ...
ဒီလိုအပြောလေးတွေကြောင့်လဲ တော်တော်နေရာရလာတာပေါ့လေ...တော်ပါပေတယ်ဗျာ...
ရေစင်တစက်လို အေးမြငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ ကိုမင်းကိုနိုင်တို့ကို
ငြိမ်းချမ်းခြင်းအမှတ်အသားအနေနဲ့ လူထုတွေက အားတက်သရောထောက်ခံနေ
ကြတာ ၀မ်းသာစရာ အလွန်ကောင်းပါတယ်။
တိုက်ဆိုင်တယ်ပဲပြောပြော နာမည်ကြီးဖို့ဖန်လာတယ်လို့ဆိုဆို ငြိမ်းချမ်းရေးရအောင်လုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။ဒါပေမယ့်လို့ပေါတောတောဆန်ပြီးတခါမှလည်းအလုပ်မဖြစ်ခဲ့ဘူးတဲ့ လက်မှတ်ရေးထိုးပြီး ဆန္ဒဖော်ထုတ်တဲ့နည်းဟောင်းကြီးတော့ မလုပ်သင့်တော့ပါဘူး။အားလုံးကငြိမ်းချမ်းရေးလိုလားနေကြပြီ။ ပြီးတော့ဒါ အင်တာနက်ခောတ်လေ။
အမိမြန်မာပြည်ရဲ့ မည်သည့် နေ၇ာမဆို အပြစ်အခတ်ရပ်ဆဲ ။ တိုင်းရင်းသား ညီအကိုမောင်နှမတွေ စည်းစည်းလုံးလုံး ချစ်ခင်စွာ နေထိုင်ကြရင် အကောင်းဆုံးပဲ ။ အေးချမ်းပါစေ ကချင်ပြည် ။
ဝမ်းသာပါတယ်
အခုလိုကချင်ပြည်နယ်မှာရှိတဲ့...တိုင်းရင်းသားတွေအေးချမ်းစွာနေထိုင်ရတဲ့အတွက်...အထူးပဲကိုမင်းကိုနိုင် ကိုကျေးဇူးတင်ပါတယ်...အခုလိုကချင်ပြည်နယ်ဒေသကို...စည်းရုံးရေးဆင်းနိုင်သလို...ရခိုင်ပြည်နယ်ဒေသမှာလည်း.....ကုလားနဲ့ရခိုင်အရေးကို...ရခိုင်တိုင်းရင်းသားတွေအတွက်...လုံခြုံမှု့ရရှိဖို့ ...ကိုမင်းကိုနိုင်အပြင်(၈၈)ကျောင်းသားအားလုံး ...အထက်အရာရှိလူကြီးများကိုတင်ပြစေချင်ပါတယ်.....ှကွုန်တော်အခုလိုရေးတာ...ကွုန်တော်ကရခိုင်လူမိုးမဟုတ်ပါဘူး..ဗမာလူမျိုးတစ်ရောက်ပါ...ကွုန်တော်တို့နိုင်ငံမှာပြည်နယ်နှစ်တိုင်း(၁၄)ခုရှိပါတယ်...အဲဒီထဲမှာ...ဒီလိုမျိုးမစစ်ကုလားတွေမပါ ပါဘူး...အဲတာကြောင့်ရခိုင်အရေးကိုလျှစ်ရှု့မထားပါနဲ့လို့...ကွုန်တော်အကြံပြုလိုပါတယ်...............................
Post a Comment