စစ်တပ်ထောက်ခံစာနဲ့ နွားမှောင်ခိုးကား ဖမ်းမိ

စက်တင်ဘာလ (၇)ရက်နေ့ က မကွေးတိုင်း ဒေသကြီး ချောက်မြို့ နယ် စမ်းစု နွားပွဲဈေးမှ ၀ယ်ယူလာသော နွားအကောင်(၂၀)ကို  ၁ဂ/ ၂၅၀၄   (၁၂)ဘီးကားဖြင့် တင်ဆောင် ၍ လာစဉ် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့ နယ် ဥက္ကံမြို့ သို့  အရောက်တွင် ဖမ်းဆီးမိကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။

အဆိုပါ နွားတွေမှာ သပွတ်ကုန်းရွာမှ ကိုစိုးနိုင် ပိုင်ဆိုင်သော နွား ချော နွားလှ ခိုင်း နွား များဖြစ်ပြီး ဖူးကြီး  ဆခခ(၄) တပ် တစ်တပ် မှ ဗိုလ်ကြီး တစ်ဦးသည် စစ်တပ်ထောက်ခံချက် တစ်ခု ဖြင့်   ကယ်ရီ လုပ်၍ သယ်ဆောင်လာတာလို့ သိရပါတယ်။

ဥက္ကံ မြို့ သို့  အရောက် မနက် (၄) နာရီ ခန့် မှာ တိုင်တန်းသူ တစ်ဦး ကြောင့် ဥက္ကံမြို့ ဘွက်ကုန်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိသွားခြင်း ဖြစ်ပါတယ်။

ယခုအခါ  ကယ်ရီလုပ်သည့် စစ်ဗိုလ်ကြီး အပါအ၀င် ကားမောင်း ဒရိုင်ဘာ၊ စပါယ်ယာ၊ နွားထိန်း လုပ်သား (၂)ဦး အား ဥက္ကံ မြို့  ရဲစခန်းက ၈(၁)/ ၈(၃) ပုဒ်မ နှင်. အရေးယူ ထားကြောင်း Myanmar News Now မှ  စုံစမ်းသိရှိရပါတယ်။

ဖမ်းဆီးရမိသည့် နွားမှောင်ခိုးကား

ဖမ်းဆီးရမိသည့် နွားမှောင်ခိုးကား

စစ်တပ်ထောက်ခံစာနဲ့ နွားမှောင်ခိုးကား ဖမ်းမိ စစ်တပ်ထောက်ခံစာနဲ့ နွားမှောင်ခိုးကား ဖမ်းမိ Reviewed by သစ်ထူးလွင် on 16:16 Rating: 5

16 comments:

Unknown said...

ဥပဒေစိုးမိုးရေးအတွက်ထိထိရောက်ရောက်အရေးယူမှရမယ် စစ်တပ်ကဆိုပြီးလွှတ်လိုက်ရင် noone above the law ကိုထိခိုက်မယ်

gold said...

စစ်တပ်တာဝန် အထူးတာဝန် ဦးပိုင်တာဝန် ကက(ကြည်း)တာဝန် အထူးဒေသတာဝန် အစရှိသည်ဖြင့် တာဝန်ပေါင်းများစွာတံဆိပ်နှိပ်ထားသောစာရွက်စာတမ်းပေါင်းများစွာနှငိ့အရေးယူခွင့်မရှိအောင်လုပ်ရပ်များရပ်ပါ တော့ခင်ဗျား။

Unknown said...

မြန်မာပြည်ရဲ့ အဆီအနှစ်ကို ပါးပါးလှီး ဝါးမြို နေသော ပေါက်ဖော်တရုတ်ကြီးရဲ့ လက်ချက်ပါ ။ မြန်မာပြည်တွင်းမှာလည်း မြင်းခြံ ။ ပျဉ်းမနား ။ တောင်ငူ ။ ပခုက္ကူ စတဲ့ မြို့တွေမှာ စည်သွတ်စက်ရုံတွေ ထောင်ပြီး လုပ်ကိုင်နေပါတယ် ။ တစ်နေ့ တစ်နေ့တာအတွက် မြန်မာပြည်မှနွားကောင်ရေ များစွာ သေဆုံးနေရပါတယ် ။ စက်ရုံတွေက ထွက်သမျ ကုန်ချောတွေကိုလည်း ပြည်တွင်းမှာ မရောင်းချပဲ တရုတ်ပြည်ကိုပဲ တိုက်ရိုက်တင်ပို့ပါတယ် ။ စက်ရုံတွေလည်ပတ်ဖို့အတွက်လည်း တရုတ်နိုင်ငံသားတွေက မြန်မာပြည်မှာ တရားမဝင် ခိုးကြောင်ခိုးဝှက် နေ နေကြပါတယ်

Unknown said...

ဒါကအကောင်၂၀ပဲရှိသေးတယ်ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်ဆမ်ဆယ်ရွာနားမှာစခန်းချပြီးတရုတ်ပြည်ကိုတင်ပို့နေတဲ့နွားအကောင်ရေထောင်ချီပြီးရှိနေပါတယ်

anonymous said...

ထောက်ခံပါတယ်။

ရွှေကြီး said...

ဌာနဆိုင်ရာတွေမှာလဲရှိသေးတယ်

နေမင်းခေါင် said...

စစ်သားတွေဒါမျိုးလုပ်စားနေကြတာကြာပြီထိရောက်စွာအရေးယူပေးပါ

Anonymous said...

တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဟာ ယနေ့မှာတော့ နွားမှောင်ခိုဖြစ်နေပါရော့လား

Unknown said...

မသိလို့မေးပါရစေ...နွားဈေးကနေတရားဝင်ဝယ်လာတဲ့နွားတွေကို မြန်မာပြည်ထဲ တစ်နေရာကနေ တစ်နေရာကို သယ်ခွင့်မရှိပါဘူးလား...ဘာလို့..ဘာအကြောင်းကြောင့်ဖမ်းတာလဲဆိုတာ နားလည်သူများ ရှင်းပြပါအုံး။ နောက်ပိုင်းသတင်းထဲမှာလဲ ဘာလို့ဖမ်းရတယ်ဆိုတဲ့ အကြောင်းလေးများထည့်ပေးနိုင်ရင် ပိုဗဟုသုတရမယ်ထင်ပါတယ်။ ကျေးဇူးပါ။

Unknown said...

တိုင်းပြည်ကိုဆက်ရောင်းချင်တဲ့လူမျိုးထောင်ချပစ်။

mg mg said...

ဟာ! စစ်တပ်ကပြည်သူ့အတွက်လို့ပြေားနေတုန်းရှိသေးတယ် ဘယ်လိုဖြစ်တာလဲဗျာ။ယုံကြည်မှုရှိအောင်လုပ်ပါဗျာ။

mg mg said...

ဟာ reddevll ပြောတာမှန်တယ်။ဘာဖြစ်လို့ဖမ်းတာလဲ။ဘာပြစ်မှု့နဲ့လဲ။ဒါပေမဲ့စစ်တပ်ရဲ့လက်မှတ်ကိုဘာလို့သုံးတာလဲ။ရိုးသားတယ်ဆိုရင်ဘာကြောင့်စစ်တပ်လက်မှတ်သုံးတာလဲ။

thurashwesin said...

မြန်မာပြည်တောင် လက်ညှိုးထိုးပြီးရောင်းကြသေးတာပဲဗျာ
နွားလောက်တော့သူတို့ကပျင်းတောင်ပျင်းသေးဗျို့၊ စစ်ဗိုလ်တွေက ပြောတော့ အောက်ဆိုဒ် မရှိလို့ လစာအများကြီးယူထားပြီး ပြီပဲ မကျေနပ်နိုင်သေးဘူးထင်ပါရဲ့၊ ဦးသိန်းစိန်ရေ ဒီထက်ပိုပြီးလစာတိုးပေးရင်တော့ တခြားဝန်ထမ်းတွေမျက်နှာကို အရင်ကြည့် ပါဗျာ

Unknown said...

ကျွန်တော်တို. နိုင်ငံက လယ်ယာစိုက်ပျိုးရေးကို အဓိက အားထားရတဲ. နိုင်ငံဖြစ်ပါတယ်။ဒါကြောင်. ကျွဲ၊နွားတွေကို နိုင်ငံတော်ရဲ. အရေးကြီး ကုန်ပစ္စည်း ဥပဒေ ပုဒ်မထဲမှာ ထည်.ထားပါတယ်။အဲဒီအတွက် ဥပဒေ အရ တိုင်းဒေသကြီး တစ်ခု မှ နောက်ထပ် တိုင်းဒေသကြီး တစ်ခု ကို ၀ယ်ယူ သယ်ဆောင်မယ် ဆိုရင် တိုင်းဒေကြီး အစိုးရအဖွဲ.စီမှာ ခွင်.ပြုချက် အရင် တောင်းခံရပါတယ်။ခွင်.ပြုချက် မရှိဘဲ ကိုယ်.သဘောနဲ. ကိုယ်စီးပွားရေး အလို.ဌာ သယ်ဆောင်မယ် ဆိုရင် ပြဌာန်းထားတဲ. ဥပဒေ ပုဒ်မတွေနဲ. ညှိစွန်းပါတယ်။ကျွန်တော် သိသလောက် ပြောပြခြင်း ဖြစ်ပါတယ်

HEIN ZAW said...

စစ်တပ်ကဒီလိုဂွင်ဖန်နေတာအခုမှမဟုတ်ပါဘူးလေ...........

Myat Thu said...

နွားပွဲဈေးကတရားဝင်ဝယ်တာဆိုပေမဲ့ သတ်ဖို့အ
တွက် သားသတ်လိုင်စင်ရှိရပါ့မယ် သတ်မဲ့နွားကလည်းကျန်းမာရေးအရအသက်သတ်မှတ်ချက်တွေ စားသုံးရန်သင့်မသင့်ဆိုတဲ့ တိမွေးကု
စစ်ဆေးထောက်ခံချက်ရှိရပါ့မယ် နယ်ကျော်သယ်
ဆောင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်စည်ပင်ရဲ့ခွင်ပြု
ချက်ပါ့ရပါ့မယ် အဲဒိလိုသတ်မှတ်ချက်နဲ့မကိုက်ညီဘူး
သားသတ်ခွင့်လဲမရှိဘဲ နွားဝယ်ပြီးခိုးသတ်မယ် ပြီးရင်
တရုတ်ကိုမှောင်ခိုပို့မယ်အဲဒါကြောင့် စစ်တပ်ကဗိုလ်
တစ်ယောက်ကိုယူနီဖောင်းဝတ်ခိုင်းပြီးနာမည်ခံခိုင်း
တာပါ။ ကုန်သည်ကနွားအကောင်၂၀ကိုအနည်းဆုံး
တစ်ကောင်၂သိန်းနဲ့ သိန်း၄၀လောက်မြတ်တယ်
စစ်တပ်ကဗိုလ်ကို စရိတ်ငြိမ်း၃သိန်းလောက်ပေးရင်
က,ပြီးလိုက်တယ် အရင်ကတည်းက စီပွားရေးသမား
တွေကစစ်တပ်နဲ့ပေါင်းစားနေကျဘဲ

Powered by Blogger.