ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့တဲ့ စကားအပေါ် ထောက်ခံတဲ့ အနေနဲ့ စက်တင်ဘာလ ၂ ရက်နေ့ ကနေစတင်ပြီး ဆန္ဒထုတ် ဖော်ခဲ့ကြတဲ့ ဆရာတော် ဦးဝီရသူ ဦးဆောင်တဲ့ မန္တလေးမြို့ သံဃာ ထုနဲ့ ပြည်သူတွေ စက်တင်ဘာလ ၃ ရက်နေ့မှာ ဆက်လက် ဆန္ဒထုတ်ဖော်ပြသခွင့် ပိတ်ပင်ခံခဲ့ရ တယ်လို့ သိရပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ဆန္ဒပြ သူတွေဟာ မန္တလေး တိုင်းအတွင်း တစ်နေ့ကို ၂ မြို့နယ်စီ တရားဝင် ဆန္ဒထုတ်ဖော်ခွင့် ၃ ရက်တာ ရရှိခဲ့ပေမယ့် ဒုတိယ မြောက်နေမှာပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒထုတ်ဖော် ခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သံဃာအပါး ၁၀၀ လောက်နဲ့ မန္တလေး မြို့ခံပြည်သူ အယောက် ၅၀၀ ကျော်ဟာ စက်တင်ဘာလ ၃ ရက်နေ့မှာ သမ္မတကြီး ကျန်းမာပါစေ ရိုဟင်ဂျာ အလိုမရှိလို့ ကြွေးကျော်ပြီး ပြည်ကြီးတံခွန် မြို့နယ်နဲ့ ချမ်းအေးသာဇံ မြို့နယ်တွေမှာ ဆက်လက် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
by BurmaVJMedia

သမ္မတကြီးကိုထောက်ခံတဲ့ ဆန္ဒပြပွဲ (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
18:38
Rating:
No comments:
Post a Comment