မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး

စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့်  က တနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ကွက် စကားဝါလမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန် ၀င်ရောက် စီးနင်းခဲ့ပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့် က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အား ရဲတပ်ဖွဲ့ ဝင်များ ၀င်ရောက်စီးနင်းစဉ်
မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး Reviewed by သစ်ထူးလွင် on 18:17 Rating: 5

35 comments:

Unknown said...

သမ္မတကြီးကိုယ်တိုင်ပြောင်းလဲမူတွေလုပ်နေ ပေမယ့်အောက်ခြေ မှာတော့ ဒီလိုဖြစ် ရပ်တွေကအများ ကြီးပါ





ကိုဇော်ငယ် said...

အဲဒါဖြစ်နေကြပဲရဲနောက်လိုက်တွေ(ရဲသတင်းပေး)တွေကြောင့်အခုလိုဖြစ်တာပါဒီကောင်တွေကအမှုဆင်ဖန်းပြီးသူတို့ကပဲအမှုူပြန်လိုက်ပေးတယ်တချို့ဆိုတိုက်အိမ်တောင်ဆောက်ထားသေးရဲသတင်းပေးလုပ်တာပိုက်ဆံတော်တော်ရတာစားသောက်ဆိုင်၊ကာရာအိုကေ၊နှစ်လုံးသုံးလုံး၊ဓါတ်ဆီဆိုင်....အများကြီးပဲအဲဒီဆိုင်တွေကလစဉ်ကြေးတွေအများကြီးယူပြီးလုပ်နေတာရဲတွေတော့ဘယ်လိုရလဲမသိဘူး။

Unknown said...

ခေတ်သစ် ။ စနစ်သစ်နဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေရာမှာ ဒီလိုမင်းမဲ့စရိုက်ဆိုးတွေ ရှိနေတာ အကျည်းတန်လွန်းလှပါတယ် ။ ရဲတပ်ဖွဲ့အနေနဲ့ အပြစ်ရှိသူအယောက်တစ်ထောင် လွတ်ချင်လွတ်သွားပါစေ အပြစ်မဲ့ပြည်သူတစ်ယောက်ကို မှားယွင်းမစွပ်စွဲမိဖို့ စောင့်ထိန်းစေချင်ပါတယ် ။ ရဲတပ်ဖွဲ့ဝင်များကိုလည်း အသိပေးလိုတာကတော့ ခေတ်အဆက်ဆက် ပြည်သူကိုနှိက်စက်စော်ကားတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေ သေရင် ဘယ်လိုသေခဲ့ကြသလဲ သေခြင်းဆိုးနဲ့ သေခဲ့ကြရတာကို သတိရကြပါစေ

Unknown said...

ဒီမို အချိန်အခါမှာ ဒီလို မလုပ်သင့်တော့ပါဘူး
နည်းလမ်း မသိရင်လည်း နိုင်ငံတကာ မှာ မေးမြန်းကြည့်ပါအုန်း နာကျင်ခံစားရပေါင်းလည်း များခဲ့ပြီ

sheetody said...

အထက်ပိုင်းမှာပဲ ဖြစ်သလားလို့ 
အောက်ပိုင်းမှာလဲ ဒီတိုင်းပဲနော်။

anonymous said...

အကြောင်းတော့ ရှိလို့နေမှာပေါ့။ ဒါပေမဲ့ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်တာ မကောင်းပါ။

Unknown said...

ဒီမိုခေတ်မှာ ဒီလို မလုပ်သင့်တော့ပါဘူး

Unknown said...

သေချာေ၇၇ာမှု.ပရှိပဲအင်အားသုံးဖြေ၇ှင်း၇လောက်အောင်ဖမ်း၇မဲ.သူကဘယ်နှစ်ယောက်နဲ.ဘာလက်နက်ပါတယ်လို.ထင်လို.လဲ

Unknown said...

သေချာေ၇၇ာမှု.ပရှိပဲအင်အားသုံးဖြေ၇ှင်း၇လောက်အောင်ဖမ်း၇မဲ.သူကဘယ်နှစ်ယောက်နဲ.ဘာလက်နက်ပါတယ်လို.ထင်လို.လဲ

Unknown said...

ဦးရွှေမန်းပြောတဲ့လက်မခံနိုင်သူတွေဆိုတာဒီလူတွေလား။ဒီလိုလူတွေကိုပြောတာလား။မေးပေးပါ

Anonymous said...

ပြောင်လဲနေတဲ့ခေတ်ကြီးထဲမှာအခုထိပြောင်းလဲသေးတာသူတို့ဘဲ့၊နိုင်ငံတော်အစိုးရဲ့ ထိပ်ဆုံးမှာရှိ ကြတဲ့ခေါင်းဆောင်တွေ အောက်ခြေအဆင့်ထိဆင်းကြည့် ဖို့လိုနေပါပြီ။

Unknown said...

ပြည်သူ့ရဲ ဆိုတာပြည်သူထဲကမှပေါက်ဖွားပြီး ပြည်သူရဲ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်တဲ့လူလို့ဆိုလိုပါတယ်။ မူးယစ်ဆေးသမားကပြည်သူကို ရန်ပြုနိုင် ပါတယ်။ ဒါဟာခန့်မှန်းခြေပါ။ ကျိန်းသေ ရန်မပြုနိုင် ပါဘူး။ ဒါပေမယ့် ပြည်သူ့ရဲအမည်ခံလူတစ်စုက တော့ရမ်းကားစွာ ရန်ပြုခဲ့ပါတယ်။

မြောက်ပိုင်းသားရှမ်းလေး said...

အခုလိုမျိုး ဖြစ်သွားတာ စိတ်မကောင်းစရာပါပဲ..
ပြည်သူ့ရဲ ဆိုတာ ပြည်သူတွေကို နှိပ်စက်ဖို့ မဟုတ်ပါဘူး...
သူတို့ မှားသွားရင် sorry ဘဲ..ဆေးပြန်ကုပေးမှာပါတဲ့..
အဲဒီလို ရကြေးလား?
ခံရတဲ့ လူတွေကတော့ ဘယ်လောက်ခံစားရမလဲ ဆိုတာ မသိလို့လား ?
ူဒီမိုကရေစီခောတ်မှာ ဒီလိုမျိုးမရှိသင့်တော့ပါဘူး..

Myat Thu said...

လူ့အလိုကိုနတ်တောင်လိုက်လုပ်မပေးနိုင်တာ ရဲကဘာလုပ်ပေးနိုင်မှာလဲ
တစ်ဖက်သက်အမြင်နဲ့ အပြန်အလှန်စွပ်စွဲခဲ့ကြရင်း
အပိုင်းပိုင်းကွဲပျက်ခဲ့တဲ့ အဖွဲ့အစည်းတွေမြန်မာနိုင်ငံမှာ
ရေတွက်လို့တောင်မရနိုင်ပါဘူး ကျွန်တော်တို့
မြန်မာလူမျိုးတွေကိုအမြင်ကျယ်စေချင်တယ်
ထစ်ကနဲဆို လက်ငြိုးဝိုင်းထိုးတဲ့အကျင့် ပျောက်စေချင်ပါ
တယ် စေတနာအမှန်ပါ။ ဟိုလူအော်လို့လိုက်အော်ရင်း
နဲ့ ဘုမသိဘမသိ တိုင်းပြည်ပျက်ဆီးခဲ့တာ ဆုံးရှုံးခဲ့ရတာ
သေကြေခဲ့ရတာတွေကို မေ့မပြစ်ကြပါနဲ့ဦး

Myat Thu said...

အဲဒိအပြစ်ရှိတဲ့လူတစ်ထောင်လွတ်ပါစေလို့မဆို
ပါနဲ့ဦး ရပ်ကွက်ထဲကသူခိုးမမိသေးရင်တောင်
ရပ်ကွက်အတွက်ဘယ်လောက်အန္တရာယ်များ
သလဲ ဘယ်သူတွေကို အရင်ဆုံးဒုက္ခပေးနိုင်သလဲ?အများကိုဒုက္ခပေးနိုင်
တယ်ဆိုရင် တစ်ဦးတစ်ယောက်ကို ငဲ့ညာလို့
ဖြစ်ပါ့မလား

Country lover said...

သူတို့ သာခံရရင် အမှု ဘယ်နှစ်ခုလောက် ဖွင့်မလဲမသိဘူး
ဥပဒေ က လူတန်းစားမခွဲခြားဘူးဆို တာ ခံရ တဲ့ ပြည်သူတွေ သိအောင်ပြပေးစေချင်တယ်

ဇာမဏီ said...

မြန်မာပြည်မှာက လူတွေ စိတ်ဓါတ်ပျက်ပြားနေတာက အထက် ရယ်အောက်ရယ်မှ မဟုတ်ပါဘူး လူမျိုးတစ်မျိုးလုံးရဲ့စိတ်ဓါတ် တွေကိုပြင်ယူရမှာ..ပြည်သူတစ်ရပ် လုံးရဲ့ စိတ်ဓါတ်တွေကိုလဲ ပြင်ယူရမှာပါ..
မြန်မာလူမျိုးတွေစိတ်ဓါတ်မကောင်းဘူးလို့ပြောရင် ကျွန်တော် တို့ တွေက နာတတ်ကြပါတယ်..ဒါပေမဲ့ ဒါ အမှန်တရားပါ .....
နှစ်(၅၀)လောက်စစ်အုပ်ချုပ်ရေးအာဏာရှင်တွေအုပ်ချုပ်ခံခဲ့ရတဲ့ မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်ကအယုံလွယ်တယ်၊အမြှောက် ကြိုက်တယ်၊မနာလိုစိတ်အားကြီးတယ်၊ သွေးကွဲလွယ်တယ်၊ စည်းကမ်းမရှိဘူး၊အပျင်းကြီးတယ်၊ ဒီလိုအခြေခံစိတ်ဓါတ်တွေ ကိုက မကောင်းနိုင်ပါ။ သူများပြောတာကို လွယ်လွယ်နဲ့ ယုံကြည်တတ်တယ်၊ မြှောက်ပေးရင်ဂွေးတက်အောင်ကတတ် ကြတယ်။ ကိုယ့်ထက်သာတဲ့လူကို ၀ိုင်းဗျင်းဖို့ ဘဲသိကြတယ် ။
သွေးခွဲပီး အုပ်ချုပ်လို့ လွယ်မှလွယ်၊ သောက်ပျင်းကကြီး ၊ စည်းကမ်းကမရှိ ။။မြန်မာပြည်မှာ ဒီလိုလူတွေကများနေတာပါ။
အဲဒီအထဲမှာ ကိုယ်မပါရင်တော့အကောင်းဆုံးပေါ့။။ ဒီလိုလူ တွေကိုလဲ ၀ိုင်းပြီး ပြုပြင်ကြဖို့ အချိန်တန်ပါပြီ ။

Unknown said...

ရဲလာရင်ရေလောင်းလိုက် ဆိုတာတွေ ပျောက်ပါစေ

Unknown said...

ကူညီပါရစေ... ဆိုတာဒါမျိုလားခင်ဗျာ။ သမ္မတကြီး ဖြေကြားပေးပါခင်ဗျား။ ပြည်သူ့ရဲမဟုတ်တော့ပါဝူး လူထုအတွက်ငရဲသားတွေပါ။

ဗိုင်းရပ်မေ said...

ရဲကျင့်ရဲကြံဆိုတာဒါမျိုးလားဟ သခိုးမွေးစားတာလား သူလျှိုမွေးစားတာလားဟ ဒါလားဟ ဒီမိုကရေစီ

Anonymous said...

ဟင်းးးးးရဲအကြောင်းကတော.မပြောချင်ပါဘူးဗျာ...ရနောက်ပစ်
ရဲဘဲဟာ..ခုလည်း recreation centre ဆိုပြီးလောင်းကစားဝိုင်း
တွေကိုပေါ်တင်ဘဲခွင်.ပြုထားတယ်လေ..ဘာလို.လည်းတော.မသိဘူးနော်...လောလောဆယ်သေချာတာကတော.သူခိုးတွေများလာတယ်.....ကျောင်းသားလူငယ်လေးတွေပျက်စီးမှာတော.သေချာဘဲ...အစိုးရအဖွဲအစည်းအာဏာပိုင်တွေကအရေးယူပေးစေချင်ပါတယ်...ဂိမ်းဆိုင်တွေကလည်းလက်တလုံးခြားလုပ်ထားတာဗျာ..အကြွေကိုငွေပြန်မလည်းပေးဘူးလို.ရေးထားပြီး..တခြားလူနဲ.အရောင်းဝယ်ပုံစံမျိုးဖမ်းပြီး..ဥပဒေလက်တလုံးခြားလုပ်စားနေတာပါ.....ရဲကော..မြို.နယ်ကအာဏာပိုင်တွေကောနည်းနည်းပါးပါးထိန်းသိမ်းသင်.ပါတယ်ဗျာ..မွန်ပြည်နယ်ဘက်ကမြို.တော်တော်များများမှာဖြစ်နေတာပါ.......

Unknown said...

ပြည်နယ်အစိုးရအနေနဲ့ ယခုစီးနင်းမှုတွင်ပါဝင်သော သူများကို တိကျစွာအရေးယူသင့်ပါသည်။ သို့မဟုတ်ပါက နောင်တွင် ယခုကဲ့သို့အဖြစ်များ ထပ်မံဖြစ်လာပါလိမ့်မည်။ ပြည်နယ်အစိုးရမှ အရေးမယူခဲ့ပါက ပြည်ထောင်စု တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ ကိုင်တွယ်သင့်ပါသည်။

gold said...

လက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူနဲသမ္မတ ကြီးအပေါ် လေးစားသင့်ပါပြီ။အာဏာရှင်ဆန်ဆန် လူမိုက်အဖွဲ့ဆန်ဆန် ဗိုလ်ကျအနိုင်ကျင့်သည့်ပုံစံမျိုးတွေ မလုပ်ချင်ကြပါနဲ့တော့။ ဒေသကြီးအာဏာပိုင်များ ပြည်ထဲရေးဌာန များပြည်သူအပေါ်လေးစားခြင်းဖြင့် တိုင်းပြည်ဂုဏ်သိက္ခာမြှင့်တင်ပါ။

mg mg said...

ဟုတ်ပါတယ်။ဒါတော့မဖြစ်သင့်ပါဘူး။ဦးရွှေမန်းပြောတဲလူတွေကသူတို့တွေကိုပြောတာနေမှာ။တရားဥပဒေစိုးမိုးရေကအရေးကြီးပါတယ်။ဒါမှပြည်သူတွေအေးချမ်းစွာနေနိုင်မှာပါ။

Anonymous said...

ဒီအတောအတွင်းမှာ
ရဲ အနိုင်ကျင့်တဲ့သတင်းတွေ
အရမ်းများနေတယ်။
လွှတ်တော်က
သူနဲ့ မဆိုင်ဘူးထင်တယ်။

Unknown said...

အဲဒီအဖွဲ့ခေါင်းဆောင်ဆိုတဲ့ဒုရဲအုပ်မြင့်လွင်ဆိုတာတော်တော်ဆိုးတယ်ဓာတ်ဆီဆိုင်၊နှစ်လုံးသုံးလုံးအစရှိတဲ့နေရာတွေကနေပြီးပိုက်ဆံတွေကိုလိုက်လံကောက်ခံ၊လာတ်တွေကိုမတရားစားပြီးနှစ်ထပ်တိုက်တလုံးတောင်ဆောက်ပြီးပြီ၊နာမည်ကြီးပြီးရာထူးချခံရပြီနယ်ပြောင်းခံရ၊ယခုမြိတ်မြိုသို့ပြန်လည်ရောက်ရှိ။

Unknown said...

ရဲတွေအနေနဲ့ပြည်သူတွေကို အခုထက်ထိလေးစားမှုမရှိသေးတာကတော့ ဝမ်နည်းစရာပါပဲ

၇န်ကုန် - ၇ှပ်နီ said...

နအဖ လက်ထက်တုန်းက သူတို့  လက်စွမ်း မပြ ခဲ့ ၇လို့  ။စစ်တွေ ခေတ်
ကုန်မှ ပြည်က ( ပြည်ထဲေ၇း ) ခေတ် ထ လာတာလေ..

Unknown said...

အပြစ်ရှိသူ အယောက်တစ်ထောင်လွတ်ချင် လွတ်ပါစေ ။ အပြစ်မဲ့သူတစ်ယောက်ကို မှားယွင်းမစွပ်စွဲဖို့ ဆိုတာ ရဲကျင့်ဝတ်ပါ။ မှားယွင်းစွပ်စွဲခံရသူဟာ myat thu ဆိုရင် ဘယ်လိုနေမလဲ သိချင်စမ်းပါဘိ ။

youthmedia said...

စစ်တွေ က လူတွေ ခေတ်ကုန်သွားတော့  ပြည်က လူတွေ (ပြည်ထဲေ၇း)
ခေတ်ေ၇ာက်ပြန်ပြီလေ ။ သူတို့ လည်း သူတို့ ခေတ်ေ၇ာက်ဖို့  နှစ်၂၀
ကျော်လောက် အနစ်နာခံပြီးစောင့် လာ၇တာ ။ လုပ်ကြပါစေလေ..

Unknown said...

ရဲလုပ်ငန်းနှင့် ရဲကျင့်ဝတ်ဆိုသည်ကို နကန်းတလုံးနားမလည်သူများ(အများစု)ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကို စနစ်တကျပြန်လည်ဖွဲ့စည်းပြီး ပြည်သူ့အားကိုးမှီခိုရာ ရဲတပ်ဖွဲ့ ဖြစ် လာစေရန် လေ့ကျင့်သင်ကြားပေးရန်မှာ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ လျှောက်လှမ်းနေသော ကျွန်တော်တို့နိုင်ငံအတွက် နိုင်ငံအကြီးအကဲများနှင့် လွှတ်တော် များမှအဆောတလျှင် ဆောင်ရွက်သင့်သည်ဟုထင်ပါသည်။ တရားဥပဒေရဲ့စိုးမိုးမှု မရှိပဲမည်သို့မျှ ဒီမိုကရေစီနိုင်ငံဆိုတာ ပေါ်လာစရာမရှိပါ။ တရားဥပဒေကိုကာကွယ်စောင့်ရှောက် ရသောရဲတပ်ဖွဲ့ကို ပြည်သူအတွက်ဥပဒေဖြင့် မိုးကာပေးနိုင်သောအဖွဲ့အစည်းအဖြစ် ပြင်ဆင်ပြောင်းလဲပေးရန် အထူးလိုအပ်သည်။ ပြည်သူ့အတွက် ဆူးငြောင့်ခလုတ် အဖွဲ့အစည်းမဖြစ်သင့်ပါ။

nandaag.myk said...

အခုလိုပြဿနာဖြစ်တာအုပ်ချူပ်ရေးအဖွဲ့မရှိလို့ပါ။

minnminn said...

ရဲဒုက္ခကို သိအောင် ရဲလုပ်ကြည့်ပါလား။ ဒီတစ်သက်တော့ ကောင်းကောင်း မှတ်သွားစေရမယ်။

minnminn said...

အပြည့်အဝထောက်ခံပါတယ်။ ထွက်လို့ကလည်း မရဘဲ မဟုတ်တဲ့အမိန့်တွေသာ ပေးတတ်တဲ့ လူတွေအောက်မှာ တာဝန်ထမ်းဆောင်နေရတာ တော်တော် စိတ်ညစ်နေပါပြီ

Myat Thu said...

လူတစ်ယောက်ကိုအပြင်ပန်းကြည့်ရုံနဲ့ လူဆိုး
လူကောင်းခွဲခြားသိနိုင်ပါ့မလား
လိုအပ်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ငန်းဆိုတာလုပ်ရမှာ
ဘဲ နိုင်ငံတကာကရဲတွေလည်းဒီလိုဘဲလုပ်ကြပါ
တစ်ခါတစ် လုပ်ငန်းအောင်မြင်ချင်တဲ့ဇောနဲ့ စေတနာ
အမှားမျိုးကြုံတက်ပါတယ် လူတိုင်းအမှားနဲ့မကင်း
နိုင်ပါဘူး ရဲမှားတာကိုမှအမှားလို့ ဝိုင်းပြောမယ်ဆိုရင်
တစ်နိုင်ငံလုံးကပြည်သူတွေတောင်းဆိုပေး
ရဲတပ်ဖွဲ့ဆိုတာကိုဖျက်သိမ်းပေးပါလို့

Powered by Blogger.