နေပြည်တော်အတွင်းရှိ တရားမ၀င်နေထိုင်သော သူများအရေး

ကျွန်မ၏ မြို့နယ်ဖြစ်သော ဇမ္ဗူသီရိမြို့နယ်ရှိ မြို့နယ် လ၀ကမှုးနှင့်တွေ့ဆုံပြီး

မိမိမြို့နယ်အတွင်းမှာ ပုံစံ-(၆၆) မရှိဘဲ တရားမ၀င်နေထိုင်မှုပုံစံဖြင့် နေထိုင်နေ

သော လူဦးရေများ အလွန်များပြားနေသောကြောင့် ငှင်းနေထိုင်သောလူများ

အတွက် တရားဝင်နေထိုင်ခွင့်ရရှိမှု ပုံစံ-(၆၆) ထုတ်ပေးရန်ကိစ္စကို ဆွေးနွေးခဲ့

တယ်…


ငှင်းလူများမှာ လွန်ခဲ့သောသုံးနှစ်ခန့်မှစပြီး နေပြည်တော်မြို့နယ်အတွင်းသို့

အလုပ်အကိုင်အခွင့်အလမ်းတစ်ခုရရှိရန် ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မိမိမူရင်း

အရပ်ဒေသမှ ပုံစံ-(၁၀) ဖြင့် တရားဝင်ထွက်ခဲ့ပြီး နေပြည်တော်သို့ ရွှေ့ပြောင်း

နေထိုင်ကြသောသူများဖြစ်ကြတယ်…


ငှင်းလူဦးရေ အိမ်ထောင်စုများမှာ အလွန်များပြားနေပြီဖြစ်သဖြင့် ငှင်းလူများ

အား တရားဝင်နေထိုင်သောလူများဖြစ်စေရန် မည်သို့စီမံဆောင်ရွက်ပေးမည်

ကို ညှို့နှိုင်းဆွေးနွေးခဲ့ပါသော်လည်း အဖြေမရရှိခဲ့ပါ…


ငှင်းလူများထဲမှ မှတ်ပုံတင်ပျောက်ဆုံးသောလူများအားလဲ ယခု မိုးပွင့်စီမံ

ကိန်းတွင် မှတ်ပုံတင်အသစ်ပြန်လည်လုပ်ဆောင်နိုင်ရန် ညှို့နှိုင်းဆွေးနွေး

သော်လည်း လ၀ကမှုးက ငှင်းလူများမှာ ပုံစံ-(၆၆) မရှိသောကြောင့် မှတ်ပုံ

တင်လုပ်ခွင့်မရပါ…


ထိုကဲ့သို့ မိမိမြို့နယ်အတွင်းတွင် မှတ်ပုံတင်လဲမရှိ၊ ပုံစံ-(၆၆) လဲမရှိတဲ့

တရားမ၀င်နေထိုင်သူများအတွက် မည်သို့ဖြေရှင်းပေးမည်ဆိုသည်ကို ယ

ခုအချိန်ထိ အဖြေမရှိသေးသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တရားမ၀င်နေ

ထိုင်သူများကဲ့သို့ တစ်ချိန်တွင် ပြသနာများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပါ

တယ်…


ထိုကိစ္စကိုဖြေရှင်းရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနှင့် တွေ့

ဆုံဆွေးနွေးရန်ကြိုးစားသော်လည်း တွေ့ဆုံခွင့်မရရှိပါ…


နေပြည်တော်ကောင်စီမြို့နယ်မှာ အထူးအုပ်ချုပ်မှု့အရပ်ဒေသတစ်ခုဖြစ်

ပြီး မြေယာပိုင်ဆိုင်မှုကိစ္စများနှင့်လဲ အထူးရှုတ်ထွေးနေသော မြို့နယ်တစ်

ခုဖြစ်သောကြောင့် ငှင်းရွှေ့ပြောင်းနေထိုင်သူများကို တရားဝင်နေထိုင်ခွင့်

ပေးခြင်း မဖြစ်နိုင်ကြောင်း သိရပါတယ်…


သို့ပါသော်လဲ ငှင်းကိစ္စမှာ မြို့နယ်အုပ်ချုပ်ရေးမှုးအနေနှင့် အချိန်ဆွဲပြီး

မဖြေရှင်းဘဲ မျက်ကွယ်ပြုထားလို့ မသင့်သောကိစ္စတစ်ခုဖြစ်ပါတယ်…


ထို့အတူ နေပြည်တော်လေးမြို့နယ်အတွင်း ပြည်သူမှရွှေးချယ်အနိုင်ရရှိ

ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့်လဲ ဒေသဖွံဖြိုးရေးကိစ္စများမှာ

လက်တွဲညှို့နှိုင်းဆောင်ရွက်သင့်ပါတယ်…


အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြု၊ အစည်းအဝေး

များဖိတ်ခေါ်မှု့မပြုခြင်းမှာ ဘယ့်အတွက်ကြောင့်ဆိုသည်ကို စဉ်းစားလို့မ

ရပါ…


တခြားမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များမှာ ငှင်းဒေသ၏

ဖွံဖြိုးတိုးတက်ရေးကိစ္စများကို အာဏာပိုင်အဖွဲ့အစည်းများနှင့် ညှို့နှိုင်း

ဆောင်ရွက်ခွင့်ရရှိသော်လဲ နေပြည်တော်လေးမြို့နယ်အတွင်းမှာ ဆောင်

ရွက်ခွင့် မရရှိခဲ့ပါ…

by Daw Sandar Min (Shwee) (၂၆.၉.၂၀၁၂)



နေပြည်တော်အတွင်းရှိ တရားမ၀င်နေထိုင်သော သူများအရေး နေပြည်တော်အတွင်းရှိ တရားမ၀င်နေထိုင်သော သူများအရေး Reviewed by သစ်ထူးလွင် on 15:54 Rating: 5

4 comments:

Unknown said...

ဒေါ်စန္ဒာမင်းပြောတာမှန်ပါတယ်

moehtutthu said...

ဒါ ဆိုလဲ အမ စန္ဒာမင်းရယ် သမ္မတ ကြီး နဲ့ သာ တိုင်လိုက်တော့လေ ။ နေပြည်တော် အထူး အုပ်ချုပ်ခွင့်ရ ပြည်ထောင်စု နယ်မြေ ဆိုတော့ သမ္မတကြီးနဲ့ တိုက်ရိုက်ပါတ်သက်တယ်လေ ။

hlamoe said...

ဒီကိစ္စကိုလွန်ခဲ့သော၃နှစ် ၄နှစ်လောက်ကပင် ဌာနအချို့
မှမိတ်ဆွေများဖြင့်ပြောဖြစ်ပါ
သည်သူတို့လည်းမရှင်းတတ်
ဥပဒေ ကန့်သတ်ချက်များသာ
ကြားနေရသည်။ရန်ကုန်မြို့တွင်
ပုံစံ ၆၆ မရှိသူများမှာ ၁သန်ခန်ံ
ရှိမည်ထင်ပါသည်။တစ်ချို့ကလေး
များမှာအိမ်ထောင်သာကျနေ
သည်မှတ်ပုံတင်မရှိပါ လဝကသည် လုပ်ထုံလုပ်နည်း
အကြောင်းပြကာ အိမ်ထောင်စု
စာရင်းရရှိရေးမှာ နိုင်ငံကူးလက်
မှတ်ထက်ခက်ခဲနေရသည်ကို
လူတိုင်းသိ့်ပါသည်။ရန်ကုန်
တွင်အိမ်ယာပိုင်ဆိုင်မှအိမ်ထောင်
စုစာရင်းလုပ်ရတာအဆင်အနည်း
ငယ်ပြေသည်အိမ်းငှားများမှာအိမ်
ရှင်ခွင့်ပြု့ချက်ရှိမှလုပ်နိုင်သည်
ဆိုသဖြင့်အိမ်ရှင်အများစုကလည်းထောက်ခံမပေးပါ။ ကှုအခက်
အခဲကိုလွတ်တော်မှာကျယ်ကျယ်
ပြန့်ပြန့်ဆွေးနွေးဖြေရှင်ပေးဖို့လိုပါ
သည် ။တရားမဝင်းကျုးကျော်အခြေချ
နေထိုင်သူများဆိုသည့်အသုံး
အနှုန်းကိုလက်မခံပါ။ရေကြည်
ရာမြက်နုရာဆောက်လုပ်ရေး
လုပ်ငန်းခွင်များစက်ရုံအလုပ်
ရုံများမှလုပ်သားစုဆောင်းရာ
မှအများစုကဒေသစွန့်ခွာလာသူ
များဖြစ်သည်။တိုင်းတစ်ပါးသား
လည်းမဟုတ်ပါ အခြားတိုင်ပြည်
သွားအလုပ်လုပ်ကြသူများလည်း
မဟုတ်ပါ။ပြည်တွင်းဒေသပြောင်း
လဲနေထိုင်သူများသာဖြစ်၍အ
လယ်တကူလူဝင်မှုကိစ္စစီမံထား
ရန်လိုအပ်ပါသည်။ဧည့်စာရင်းဖြင့်
နေထိုင်စေခြင်းသည်ငွေကုန်သလို
တပါတ်တစ်ခါအလုပ်ရှုပ်ကြရ
သည်အခြားအခွင်အရေးများ
လည်းဆုံးရှုံးသလိုလူမှုအဆင့်ခွဲ
ခြားခံနေရသလိုဖြစ်နေမှုများအ
ဆုံးသတ်ဖို့အချိန်ရောက်နေပါပြီ
သက်ဆိုင်အဖွဲ့အစည်းများအနေ
ဖြင့်ပြည်သူများ၏အခက်အခဲကို
ဦးစားပေးမဖြေရှင်ဘဲ့မိမိတို့၏လုပ်
ပိုင်ခွင့်အာဏာအတွက်လုပ်ငန်း
စဉ်များကိုဆုတ်ကိုင်မထားသင့်ပါ။
အကောင်းဆံုးနည်းကိုဆောင်ရွက်
လိုစိတ်ရှိမှပြည်သူတွေချမ်းသာရာ
ရမည်။

ဘုလုံး said...

ခုချိန်ထိ ညွှန်ကြားချက် မရသေးလို့ နေမှာပါ။ ဥပဒေထက် ညွှန်ကြာချက်က ပိုအရေးကြီးလို့ပါ။

Powered by Blogger.