ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို

တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူကြီး ဟောင်းများ၊ ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက် နေ့လည် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်
ဥက္ကဌ သူရဦးရွှေမန်းနှင့် ဥပဒေ ပညာရှင်ကြီးများ တက်ရောက်ကြသည်။

ဓာတ်ပုံ- ဥက္ကာကိုကို


တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
တရားသူကြီး ဟောင်းများ၊ ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲ လက်ဖက်ရည် သောက်ချိန် ၁၅ မိနစ်ရပ်နားစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို
““တရား ဥပဒေ စိုးမိုးရေးဆိုတာ အပြောနဲ့ တော့မရဘူး။ ဟန်ပြနဲ့တော့ မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့ မရသလိုပဲ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူး ဆိုရင်တော့ မဖြစ်ဘူး။ ဒီမိုကရေစီနုနယ် တယ်ဆိုတာ ဒီမိုကရေစီက ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီစနစ်နဲ့ ကျွန်တော်တို့နုနယ်တာ။ နုနယ်တဲ့ဟာကိုမှ အခြေခံကျတဲ့ဟာကိုမှ လက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်တဲ့ လူတွေသွားပေတော့။ ဒီမိုကရေစီပြောင်းကာစမို့လို့ ဒီဟာကိုခွင့်လွှတ်ရမယ်ဆိုရင် ခွင့်လွှတ်တဲ့ဟာက မှန်သလား မှားသလား ပြန်ပြီးကြည့်ဖို့လိုတယ်။ ခွင့်လွှတ်လိုက်ရင် နောင်လည်းလုပ်လို့ရတာပဲဆိုပြီး ဒီလိုပဲဖြစ်သွားမှာပဲ။ ဘာဖြစ်မလဲ။ သံသရာတစ်ပတ်လည်မယ်။ အလေးအနက်ထားစဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး။ မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ””
ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၈ ရက်က ကျင်းပပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ၌ ပြောကြားသွားသည်။

7Day News Journal
ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို Reviewed by သစ်ထူးလွင် on 18:53 Rating: 5

44 comments:

Unknown said...

ဒီမိုကရေစီ စနစ်ကို မှန်ကန်စွာ ဖော်ဆောင်နိုင်သူများ ဦးဆောငိနိုင်ပါစေဗျား

aungkokoko8@gmail.com said...

ခေါင်းစည်းနဲ့စကားတွေကတော့လေးစားစရာပဲတကယ်စိတ်ရင်းထဲကလာတာဆိုရင်တော့အားကိုးအားထားချင်ပါတယ်အနာဂါတ်ဗမာပြည်တကယ်လှပတော့မယ်ထင်တယ်အမေစုပြုံးပျော်နေတာတွေ့ရတော့ဝမ်းသာစရာပါသူရရွှေမန်းလည်းဒီလိုစကားတွေပြတ်ပြတ်ပြောလာတာတွေ့ရတော့ကျက်သရေရှိလာသလိုပါပဲ

Unknown said...

ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်မှုအာဏာ တွေဟာ အပြန်အလှန် ထိန်းကျောင်းကြတယ် ဆိုတာမှန်ခဲ့ရင် အခုတလော ဖြစ်တဲ့ကိစ္စမှာ လွှတ်တော်က ထိန်းကျောင်းတာဘဲ တွေ့ ရတယ်။ အုပ်ချုပ်မှုအာဏာနဲ့ တရားစီရင်ရေးအာဏတို့ က လွှတ်တော်အပေါ်မှာ ထိန်ေးကျာင်းတဲ့ အနေအထား မတွေ့ ရပါ။ ဘာ့ကြောင့်ပါလဲ

Unknown said...

သူရဦးရွှေမန်းအနေဖြင့် မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ပိုမိုသယ်ပိုးထမ်းရွက်နိုင်စေကြောင်း အတွက် သက်တော်ရာကျော်ရှည်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက်ပါခင်ဗျား။ ။ ။

Unknown said...

ဘယ်သူတွေလဲ။ဘယ်ကိုလဲ။

Anonymous said...

အစိုးရကဦးဆောင်နေရုံနဲ့မရဘူး၊ပြည်သူလူထုကနောက်ကနေလိုက်မှရမှာဖြစ်
တယ်

sheetody said...

ရဲရဲဝဲ့ဝဲ့ ပြတ်ပြတ်သားသားကြိုက်သည်။
ဒီမိုကရေစီ အစစ်အမှန် ပြည်သူအပေါ်
အမြန်ရောက် နိုင်ပါစေ။

Unknown said...

သွားတော့ဆိုပြီး မထားခဲ့သင့်ဘူး။ မှန်ကန်တဲ့အလုပ်ကိုရုပ်လုံးဖော်ဖို့ ရရာနည်းသုံး၊အနုနည်းမရရင် ကြမ်းနည်းသုံး ဇွတ်အတင်းဆွဲခေါ်လာသင့်တယ်။ ဒီလိုအချိန်၊ ဒီနေရာမှာ ရပ်နေနိုင် တဲ့အားကမနည်းပါဘူး။ လိုတဲ့နေရာမှာ အာဏာသုံးသင့်သုံးပြီး အသုံးချသင့်တယ်။

MgTheingarMDY said...

ဒီမိုကရေစနစ်ကနုငယ်တာမဟုတ်
ကျင့်သုံးတဲ့သူတွေကနုငယ်တာ
ဆိုသောစကားကို ကြိုက်တယ်ဗျာ။

Unknown said...

မောင်နှင်ခွင့်ပေးတာနှင့်မှန်ကန်စွာမောင်နှင်တတ်ဖို့ပညာပေးခြင်း
ဟန်ချက်ညီညီဖြစ်မယ်ဆိုရင်တော့ဒီမိုကရေစီယာဉ်ကြီးကြံခိုင်စွာ
ဖြင့်ပြည်သူအများလိုလားတောင့်တနေသောလောကသစ်သို့မလွဲ
သွေရောက်ပါမည်။

Unknown said...

မောင်နှင်ခွင့်ပေးတာနှင့်မှန်ကန်စွာမောင်နှင်တတ်ဖို့ပညာပေးခြင်း
ဟန်ချက်ညီညီဖြစ်မယ်ဆိုရင်တော့ဒီမိုကရေစီယာဉ်ကြီးကြံခိုင်စွာ
ဖြင့်ပြည်သူအများလိုလားတောင့်တနေသောလောကသစ်သို့မလွဲ
သွေရောက်ပါမည်။

hlamoe said...

ပြညါသူလွှတ်တော်ဥက္ကဌကြီး တိုင်ပြည်အကျိုးဒါထက်ပိုပြီး
ထမ်းဆောင်နိုင်ပါစေလိုဆုတောင်မေတ္တာပို့သပါသည်။
ဒီမိုကရေနိုင်ငံဖြစ်ထွန်ဖိုဆိုတာပြည်သူတွေရဲ့အိမ်မက်ပါ။

Anonymous said...

သူရဦးရွှေမန်းသည် မြန်မာပြည်အပြင်ဖက် အခြားတိုင်းပြည်များ၏ တိုးတက်နေမှု့များကို လက်တွေ့မြင်ခဲ့ပြီးမို့ အာဏာရှင်စနစ်၏ ဆိုးကျိုးများကို ကောင်းစွာနားလည် သဘောပေါက်လေပြီ

hla soe said...

လူဖြစ်တယ်၊နတ်ဖြစ်တယ်၊ဗြမ္ဘာဖြစ်တယ်ဆိုတာ၊ ဆိုင်းဘုတ်ပါလို့ မိုးကုတ်ဆရာတော်ဘုရားကြီးဟောပါတယ်။

ဒါဆို သမ္မတ၊ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုအဆင့် ဆိုတာတွေလဲ ဆိုင်းဘုတ်တွေပေါ့၊
ကြည့်ကျသေးတာပေါ့ သံသရာ ဆရာကြီးရယ်။ လောကုတ္တရာသံသရာ ကိုတကယ်မြင်ပါသလားဗျာ။

yin win said...

ခိုင်မာတဲ့ရင်ထဲကလာတဲ့စကားမှန်ရင်လေစားပါတယ်...

hla soe said...

သွားပေရော့ ဆိုကထဲက ဒီမိုကရေစီလား။ ဒေါသလား၊ သမ္မာစိတ္တလား၊ သင်္ဂဟလား၊ ဆရာရယ်။

Unknown said...

ဦးရွှေမန်းရဲ့မိန့်ခွန်းကိုထောက်ခံပါသည်။ဒီမိုကရေစီစနစ်အတွက်အားတက်မိပါသည်။

မောင်တောင်သူ said...

အပြောကတော့ ရွှေမန်း ကပြတော့မှ ချိုမိုင်မိုင်တော့ မလုပ်နဲ့။

ကောင်းကောင်းဖြစစေရမယ် said...

ပြောတဲ့စကာတိုင်းဖြစ်ရင်တော့ကောင်းတာပေါ့နော်။သေချာလို့လား သေချာမှပြောနော်

Myat Thu said...

မှန်ပါတယ် ဒီမိုကရေစီဆိုတာရှိပြီးသားပါ နုနယ်နေတာ
ပြည်သူတွေရဲ့စိတ်ဓါတ်ပါ ဒီမိုကရေစီရပြီဆိုပြီးတော့ဘာမှ
လာမပြောနဲ့ ငါ့ကိုဘယ်သူမှမထိနဲ့ ဆိုတဲ့သူကများနေ
တယ် ဥပမာ လွန်ခဲ့တဲ့တစ်ပါတ်လောက်က လှိုင်သာယာ
မြို့ ကျန်စစ်သားအိမ်ယာလမ်းပေါ်မှာ ည၁၀၃၀လောက်
မိုးရွာထဲ လူတစ်ဦးအရက်မူးပြီးလဲနေတာတွေ့လို့ အအေး
ပက်ပြီးသေမှာစိုးလို့ မနေနိုင်မထိုင်နိုင် သွားနှိုးပြီးအိမ်ပြန်ပို့
ပေးမလို့ အကိုကဘယ်မှာနေလဲလို့ အတင်းလှုပ်နှိုးမေး
တော့ မင်းကဘာကောင်လဲ ငါက ၈၈ ပါတီကကွ သေချင်
လို့လားတဲ့ သူကြည့်တော့လဲ မျက်လုံးတောင်မဖွင့်နိုင်ဘူး
အဲဒိလိုလူတွေနဲ့ ရှေ့ဆက်ဖို့ ရင်လေးမိတယ်ဗျာ

Unknown said...

ကျွန်တော်တို့ကတော့ တိုင်းပြည်ကို အမြန်ဆုံးဖွံဖြိုးတိုးတက်တာကို မြင်ချင်ပါတယ်။

Unknown said...

ကောင်းမယ်ထင်ရင်လုပ် အဲဒါမှပြည်သူကလေးစားမှာ။

Unknown said...

အစိုး ရမှာရော ပြည် သူ မှာ ပါ လူ သား ဆန် တဲ့ စိတ် ဓာတ် နဲ့ စာရိတ္တ အပြည့် အဝ ရှိ သွား ပြီ ဆို ရင် တော့ စစ်မှန် တဲ့ ဒီမို ကရေစီ နဲ့ အဲ့ ဒီ့ စနစ် ရဲ့ ငြိမ်း ချမ်း မှူ့ ခံ စား ရ မှာ ပါ
အစွန်း လွှတ် တဲ့ အစိုးရ နဲ့ နိုင် ငံ ရေး ပါ တီ တွေ များ လာ ပါ့ စေ လို့ ပဲ ဆု တောင်း ရ မှာ ပဲ
အိမ့် ရှေ့ ပူ နေ ရင် အိမ် နောက် က လဲ ဘယ် လို မှ မချမ်း သာ နိုင် တာ အမှန် ပဲ လေ။လက် ရှိ မြန် မာ ပြည် ရဲ့ အ ခြေ အနေ က
ရေ ရှည် ငြိမ်း ချမ်း သွာစ နိုင် သ လို ရေ ရှည် ဒုက္ခ ရောက် သွား နိုင် တဲ့ အခြေ အ နေ မှာ ရှိ တယ်
ဒီ ဘက် စုံ အခြေ အနေ က လက် ရှိ အာဏာရ အစိုးရ တစ် ဦး တည်း ဖြေ ရှင်း လို့ လုံး ဝ မရ နိုင် ဘူး
အဓိက က ဒီမို က ရေ စီ လို ခြင် ရ ခြည် ရဲ့ လို့ အော် နေ တဲ့ ပြည် သူ ဒီမိုကရေစီရဲ့ အနှစ် သာ ရ နဲ့ ထားရမယ့် စိတ် ဓတ် တွေ ကို အားလုံး လေ့ လာ သ ဘော ပေါက် ထား သင့် တယ်
ကိုယ် တိုင် ငြိမ်း ချမ်း မှူ့ လို ခြင် ရင် တပါးသူ ကို အရင်ြိမ်းချမ်း စေ လိုက် ပါ
ဒီမိုကရေစီ ဆို တာ လူ သား အား လုံး သာ တူ ညီမျှ တဲ့ ညီ မျှခြင်း ချ ပေး တဲ့ စ နစ် ပါ သူ သာ တယ် ငါ သာ တယ် ဆို တဲ့ စိတ် သ ဘော ထား ရှိ တဲ့ အ သိုင်း အ ဝိုင်း မှာ ဘယ် လို နည်း နဲ့ မှ စစ် မှန် တဲ့ ဒီမို က ရေ စီ ဖြစ် မလာ နိုင် ပါ
ရွှေ ရေ စိမ် ဒီမို က ရေ စီ ဖြစ် လာ ခဲ့ ရင် လည်း အတု အ ယောင် ဖြစ် တဲ့ အ တွက် ဘယ် သော အ ခါ မှ မ ငြိမ်း ချမ်း နိုင် ပါ
လက်ရှိ မြန်မာ ပြည် ရဲ့ ကံကြမ္မာ ဟာ ပြည် သူ များ ရဲ့ သ ဘော ထား ကြီး မှူ့ သေး မှူ့ ပေါ် ဗမှာ မူ တည် နေ ပါ ပြီ
ပြည် သု တွေ ရဲ့ ကိုယ် စ လှယ် အား လုံး ပြည် သူ ကို လမ်း မှန် ပြ နိုင် ကြ ပါ စေ။
စစ်မှန် တဲ့ ဒီမို က ရေ စီ နိုင် ငံ တော် ပေါ် ပေါက် ပါ့ စေ။
ဦး ရွှေ မန်း ရဲ့ စကား ကို လေး စားပါ တယ်။

Unknown said...

တကယ်လုပ်နေပြီဆိုတာ သံသရမရှိတော့ပါဘူး။ ပညာတတ်တွေပါဝင်လာတာ၊ အရပ်ဖက်ကိုပြည်ထောင်စုဝန်ကြီးတွေခန့် အပ်တာနဲ့တင်သံသရကင်းသွားတာ။ လမ်းမချော်အောင်ဆုတောင်းရုံပါပဲ။

Unknown said...

တကယ်လုပ်နေပြီဆိုတာ သံသရမရှိတော့ပါဘူး။ ပညာတတ်တွေပါဝင်လာတာ၊ အရပ်ဖက်ကိုပြည်ထောင်စုဝန်ကြီးတွေခန့် အပ်တာနဲ့တင်သံသရကင်းသွားတာ။ လမ်းမချော်အောင်ဆုတောင်းရုံပါပဲ။

Anonymous said...

( ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ.သူတွေသွားပေတော.)
ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ.သူတွေထားခဲ.မှာလား
ဒါဆို ဒီမိုကရေစီက သွားနေတာလား၊ ရပ်နေတာလား၊
အဲ ရှုပ်ကုန်ပြီ

Unknown said...

ဦးရွှေမန်း---အရင်ထဲကသာ(စစ်အစိုးရ)၊လက်ထက်-အခုလိုစိတ်ဓါတ်တွေ
ရှိယင်ဘယ်လောက်ကောင်းမလဲ(အခုတော့အနှစ်၂၀ကျော်အချိန်တွေ)
ကဲ--အကောင်းပဲမြင်ပေးပါမယ့်-ဆက်ပြီးအပြောနဲ့အလုပ်သက်သေပြပေးဖို့သာလို
ပါတယ်-စောင့်ကြည့်ဖို့ကတော့စိတ်မပူပါနဲ့၊ပြည်သူတွေတာဝန်ထား၊တစ်ခုတော့
စဉ်းစားပေးထားပါအုံး--အခြေခံဥပဒေလေးပြင်ပေးဖို့

redfresh20@gmail.com said...

သူရဦးရွှေမန်း၏ မြန်မာနိုင်ငံတွင်း လက်ခံကျင့်သုံးသင့်သော ဒီမိုကရေစီ သဘောတရားများကို နှစ်သက်သည်။

Unknown said...

ဘယ်သူတွေကမှန်လို့ ဘယ်သူတွေကဆရာတွေလဲမသိတော့ဘူး။

Unknown said...

ဒီလိုပြောသင့်တာကြာပါပြီဗျာ။တော်တဲ့လူငယ်တွေမွေးထားသင့်ပါတယ်။ခိုးဖို့မဟုတ်ပါ တိုင်းပြည်အတွက်ပါ။ဦးရွှေမန်းကိုလေးစားလျှက်ပါ။

Cho Cho Aung said...

အ၇င်တုန်းက ဘာတွေပဲ လုပ်ခဲ့  လုပ်ခဲ့ ၊ ဒီအပြောလေးသာ သက်သေထူ
မယ်ဆို၇င် ကြေပါတယ် ဦးေ၇ွှမန်း ။ တကယ် ဒီမိုကေ၇စီကိုသာ အကောင်ထည်ဖော်ပါ လူထု က ဆန်ဆီဆားနဲ့ စီး၇ုံးစ၇ာ မလိုပါဘူး ထောက်ခံမှာပါ

Unknown said...

ဖွဲ့စည်းပုံဥပဒေကိုဥပဒေအါးလုံးရဲ့မိခင်လိုဆိုရိုးရှိပါတယ်
ဒါဆိုရင်ကျန်းမာသန်းစွမ်းပြီးစိတ်ထားပြည့်ဝတဲ့မိခင်ကောင်းတ
ယောက်ကမှသားကောင်သမီးကောင်းတွေမွေးဖွားပေးနိုင်မယ်ဆို
လက်ခံကြမှာလားခင်ဗျာ.......ကျွန်တော်အတွေးပါ။

te said...

ဒီမိုကရေစီ နဲ့ ထိုက်တန်သော ပြည်သူတွေဖြစ်အောင်ကြိုးစားကြပါ။ သူများအမှားကိုပဲစောင့်ကြည့်ပြီး အပြစ်မပြောကြပါနဲ့။ ငါဘာလဲ။ ငါဘာလုပ်ပေးနိုင်သလဲ။စဉ်းစားကြပါဦး။ သူများကိုဝေဖန်သလို ကိုယ့်ကိုကိုယ်လည်းဝေဖန်ကြည့်ကြပါဦးလို့ဆန္ဒပြုလိုက်ပါတယ်။

warn for u said...

စောင့်ကြည့်နေပါသည်။ အစိုးရထောက်လှမ်းရေးထက် ပြည်သူ့ထောက်လှမ်းရေးတွေက ပိုများပါသည်။ ပိုမိုအဆင့်မြင့်ပါသည်။ ပြည်သူကို လိမ်ဖို့မကြိုးစားရန် သတိပေးလိုပါသည်။ ရဲရင့်သော၊ ပြည်သူ့အတွက် စွန့်လွတ်စွန့်စားရဲသော အမြော်အမြင်နှင့်အသိဥာဏ်ထက်မြက်သော ဗိုလ်ချုပ်ကြီးများဖြစ်ကြပါစေလို့ ဆန္ဒပြုပါသည်။ အခြောက်စစ်ဗိုလ်ချုပ်များ အလိုမရှိ။ နတ်အားကိုး၊ ဘိုးတော်အားကိုးသော ဗိုလ်ချုပ်များ အလိုမရှိပါ။ ပြည်သူများက သင်တို့ရဲ့လက်စွပ်များကို ကြည်နေပါသည်။ ရတနာကိုးသွယ် လက်စွပ်များကို ဗိုလ်ချုပ်ကြီးအားလုံးနီးပါတွင် တွေ့ရပါသည်။ ဒီလက်စွပ်တွေမြင်ရတိုင်း တိုင်းပြည်အတွက် ရတက်မအေးသေးပါ။

Unknown said...

အပြောကတော့ရွှေမန်းပဲအလုပ်နဲ့ သက်သေပြပါ

mgmyanmar said...

အရင်တုန်းကလည်း သူပဲ တစ်မျိုးပြောတယ်။ အခုတော့ တစ်မျိုးပြောပြန်ပြီ။ ဒါဆို တပ်ထဲက အမျိုးတွေကိုလည်း ပြန်ကြည့်ပါဦး၊ ရဲဘော်တွေဘ၀ ......၊ သူတို့ ချမှတ်ပေးခဲ့တဲ့ ပုံစံတွေ။ တပ်ကိုတော့ လုပ်ချင်တာလုပ်သွားပြီး ပစ်ထားခဲ့ကြတယ်။ လက်ရှိလူတွေကလည်း အရင်လူတွေလုပ်ခဲ့တယ်ဆိုပြီး ဆက်ကနေကြတယ်။ အရင်က သည်အခြေအနေဆို ကချင်ကို တစ်ဗျူဟာလောက် သွင်းလိုက်ရင် လေးလလောက်ဆိုငြိမ်ကျသွားပြီ၊ အခု ဘာဖြစ်လို့လဲ အခြေခံကျကျ သုံးသပ်ပါ၊ ရှေ့တန်းက လူတွေညံ့လို့လို့ပဲ မတွက်ပါနဲ့။ ရှေ့တန်းက လူတွေက တစ်ပွဲထက်တစ်ပွဲ အတွေ့အကြုံနဲ့ရင်းပြီး၊ နားးလည်သွားတယ်။ သည်နေ့ ဗိုလ်ချုပ် အဆင့်လောက်က စစ်မြေပြင်ကို အခြေခံကျကျ မလုပ်ဖူးဘူး၊ မတိုက်ဖူးဘူး၊ ခြေလျင်တပ်ရင်းမှူး၊ ဗျူဟာမှူးမလုပ်ဖူးဘဲ တိုင်းမှူးဖြစ်နေတာတောင် ရှိတော့ ရဲဘော်တွေနဲ့ အပယ်ခံသူတွေကို သနားတယ်...

honey said...

ကွန်မမ်းတွေကမတင်ပေးတာဘာလို့လဲ..ချက်ခြင်းေ၇ာက်ချင်လို့...

mg mg said...

ဦးရွှေမန်းခင်ဗျာ အပြောထက်အလုပ်ကိုဦးစားပေးတာကောင်းပါတယ်။ ပြည်သူတွေကစောင့်နေပါတယ်။

Unknown said...

စောင့်ကြည့်မယ်။ အချိန်တစ်ခုထိ--- ခုထိတော့--မျက်မမြင်ပုဏားတွေလိုဘဲ

Unknown said...

သိပ်ကောင်းတယ်။ရဲရင့်ပြတ်သားမှန်ကန်နိုင်ကြပါစေ။

Unknown said...

ပြည်သူတွေငတ်ပြတ်ပြီးမခံမရပ်နိုင်လို့တော်လှန်ရင်ဆူပူအုံကြွမှုပဲဖြစ်မယ်(၈၈လို
မျိုး)။ပြည်သူတွေအသိပညာမြင့်မားလာလို့စနစ်ဆိုးမှန်သမျှကိုလက်မခံပဲတော်လှန်
မှခေတ်ပြောင်းတော်လှန်ရေးဖြစ်မယ်။နိုင်ငံတကာက၀ိုင်းပယ်ထားတာဟာပထမ
တော်လှန်ရေးမျိုးဖြစ်အောင်လုပ်တာပဲ။အသိပညာနိမ့်ကျတဲ့လူဆင်းရဲတွေရဲ့တော်လှန်ရေးကဘယ်လိုလုပ်အောင်မြင်မှာလဲ။ဝိုင်းပယ်ထားဖို့တောင်းဆိုတဲ့အဖွဲ့အစည်းမှန်သမျှဆန့်ကျင်တယ်။ပြောင်းလဲဖို့ကြိုးစားနေတဲ့ခေါင်းဆောင်မှန်သ
မျှကျေးဇူးတင်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိပြည်သူတွေရဲ့အသိပညာ
နိမ့်ကျနေမှု၊နိုင်ငံတကာရဲ့ဝိုင်းပယ်ထားမှု၊အတိုက်အခံတွေရဲ့လုပ်ပုံကိုင်ပုံတွေ
အရအာဏာရှင်စနစ်နဲ့ဆက်အုပ်ချုပ်နေလဲဘာမှမတတ်နိုင်လို့ပဲ။

Unknown said...


ပြည်သူကိုယ်စားဆောင်ရွက်ပေးလို့ဝမ်းသာပါ
တယ်ဥက္ကဋ္ဌကြီး

ခေါင်းမာသူများအတွက်တော့ဝမ်းနည်းပါတယ်။

Unknown said...

ွနိုင်ငံရေး ဆိုသည် ထင်သလောက် မရိုးရှင်းမလွယ်ကူပါ။ ပြည်သူများကဥာဏ်ပညာနှင့်သတိကြီးကြီး ထားပြီး ထောက်ခံခြင်း၊ ရှုတ်ချခြင်းများ ပြုလုပ် သင့်သည်ဟုယူဆပါသည်။ ကျွန်တော် တို့ပြည်သူတွေ အလိမ်ခံရတာ ၁ကြိမ်၊ ၂ကြိမ် မကတော့ပါ။ ဒီတခါ အလိမ်ခံရရင် နောက်နှစ်(၂၀) ပေါ့။ သို့သော်အမှန်တကယ် နိုင်ငံနှင့်လူမျိုး အပေါ်ကျူးလွန် မိသောအပြစ်တွေကို သိပြီး ပြုပြင်ပြောင်းလဲချင်သူ များကိုတော့လက်ကမ်းကြိုဆိုရပါမည်။

minnminn said...

ဘယ်တော့ ဘယ်သူတွေကို သွားခိုင်းမှာလဲ

Powered by Blogger.