မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည်

မြန်မာ့ စာတိုက် လုပ်ငန်း အနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်း နိုင်စေရန် ကုမ္ပဏီ အဖြစ်ရပ်တည်၌ စာတိုက် လုပ်ငန်းအား ဝန်ဆောင် မှုသစ်များဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်နှစ်ပိုင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းကို ကုမ္ပဏီအဖြစ် ရပ်တည် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပိုပြီးခွင့်ပြုပေးသွားမှာပါ။ လက်ရှိတော့ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အရည်အသွေးမီ အဆင့်မြင့်နည်းပညာများ အသုံးပြု၍လည်းကောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း၊ IT နည်းပညာအသုံးပြု၍လည်းကောင်း ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများဖြင့် ကုမ္ပဏီအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

YC- yangonchronicle2011
မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည် မြန်မာ့စာတိုက်လုပ်ငန်း ကုမ္ပဏီအဖြစ်ရပ်တည်မည် Reviewed by သစ်ထူးလွင် on 11:33 Rating: 5

11 comments:

001komgmg222@gmail.com said...

စာတိုက်လုပ်ငန်းကိုပုဂ္ဂိုလ်ကကိုပေးသင့်နေတာကြာလှပါပြိး။
အရှုံးပေါ်နေတဲ့လုပ်ငန်းတွေအားလုံးပြန်ပေးလိုက်ပါခင်ဗျာ။
(ဆ.သ.ရ)တွေအိတ်ထဲ့ကောက်ထဲ့လို့မရမှအမြတ်ပေါ်မှာပါ။

Unknown said...

ကောင်းတယ်

Unknown said...

ကောင်းသောအစဉ်ပါ

Unknown said...

ကောင်းလွန်းပါတယ် အခုလိုလုပ်တဲ့ အတွက် ပြည်သူလူထု အကျိုးရှိတာပေါ့။
သို့သော်လည်း ညာစားနေတဲ့ လူတွေကိုတော့ ထုတ်သင့်တယ်။

Unknown said...

အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း
ဆိုတဲ့ စကားရပ်က အခုလက်ရှိဝန်ထမ်းတွေက အရည်အချင်းမရှိလို့လား
မကောင်းကြလို့လား....စကားလုံးကို ချင့်ချိန်သုံးနှုန်းရင်ကောင်းပါတယ်
လက်ရှိဝန်ထမ်းတွေကိုမစော်ကားပါနဲ့..။အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်တဲ့
ရှုံးမှာပေါ့ အထက်အရာရှိကြီးတွေကသေချာကြီးကြပ်လမ်းညွန်မှူမှမပေးနိုင်
တာကို။အခုမှလာပြီးအောက်ခြေ၀န်ထမ်းတွေကိုအပြစ်ပုံမချပါနဲ့...။

Unknown said...

မန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အထက်ပါနည်းကပြည်သူတွေအတွက်ဝန်ဆောင်မှူ တိုးလုပ်တာမှ
မဟုတ်တာ ပြည်သူ့တွေဆီကို ပိုက်ဆံတိုးကောက်တာဘဲ..ဒီနည်းနဲ့
တော့ ..လုပ်ငန်းကြီးတိုးတက်တယ်လို့မခေါ်နိုင်ပါဘူးဗျာ..။
ဝင်ငွေလျာထားချက်ပြည့်မှီဘို့ ၀န်ဆောင်စရိတ်ကို ၁၅ဆ ၁၆ဆ
တိုးပြီးကောက်လိုက်တာဘဲဟာ..။ဝန်ဆောင်မှူတိုးပြီးလုပ်တာမဟုတ်ဘူးလေ

Burma Python said...

ဆက်သွယ်ရေးကဘာမဆိုအထနှေးနေတယ်။ဝန်ကြီးကလည်းပါး
စပ်ပဲပြောနေတယ်။သူကအရင်ဝန်ကြီးလက်ထက်ကဒုဝန်ကြီးဆို
တော့သိတ်မစားခဲ့ရလို့ထင်တယ်။နေရာတကာမှာသူနဲ့သူ့နောက်
လိုက်တွေဘယ်လောက်ကော်မရှင်ရမှ ဘယ်လောက်ဝါးရမှဆို
တာလောက်ပဲတွက်နေကြတယ်။အဆိုးဆုံးကတော့ MPT အင်
ဂျင်နီယာချုပ်ဆိုတဲ့လူပဲ။ဝန်ကြီးကဘယ်လောက်ရှေ့ ကပြောပြော
နောက်ကနေမဖြစ်နိုင်သေးပါဘူးချည်းပဲပြောနေတယ်။သူ့ရှေ့ က
အင်ဂျင်နီယာချုပ်ကလည်းသူခိုးဘွဲ့နဲ့ခုတော့သုဝဏ္ဏ၊ဓာတ်ဆီ
ဆိုင်နားမှာမျက်နှာပြောင်စွာနဲ့မြေကွက်သုံးကွက်တွဲဝယ်ပြီးနန်း
တော်အိမ်ကြီးဆောက်လို့အိမ်ရှေ့ မှာအများပိုင်ရေကန်ကိုသူ
ပိုင်လိုလုပ်ပြီးနေနေတယ်။ဆက်သွယ်ရေးတွေအားလုံး all in the same boat တွေချည်းပါပဲ။

Unknown said...

ပေးဘို့ အသင့်ရှိပါတယ်။နိုင်ငံရဲ့ တာဝန်ယူနိုင်မှုကလည်းပြည်သူ့ အတွက် တာဝန်ခံနေခြင်းဖြစ်ကြောင်းသိစေလိုပါတယ်။ပိုဂ္ဂလိက ကတော့မြတ်မှလုပ် မှာဆိုရင်တော့ခက်ပြီ။ကျေးဇူးပါ။

Unknown said...

ပေးဘို့ အဆင်သင့်ပါ။အရှုံးခံဆောင်ရွက်နေတာကလည်းနိုင်ငံတော်အနေနဲ့ တာဝန်ခံနေတာကိုအသိပေးလိုပါတယ်။ပုဂ္ဂလိက ကဆောင်ရွက်ရင်တော့ မမြတ်ဘဲတော့လုပ်မှာမဟုတ်တော့ဈေးနှုန်းအပြောင်းအလဲဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ဆက်သွယ်ရေးကကြိုပြီးဈေးတင်ပြီးသားမို့ လို့ သူတို့ အတွက်တော့ အဆင်ပြေတာပေါ့။ကျေးဇူးတင်ပါတယ်။

Unknown said...

ပေးဘို့ အသင့်ရှိပါတယ်။နိုင်ငံရဲ့ တာဝန်ယူနိုင်မှုကလည်းပြည်သူ့ အတွက် တာဝန်ခံနေခြင်းဖြစ်ကြောင်းသိစေလိုပါတယ်။ပိုဂ္ဂလိက ကတော့မြတ်မှလုပ် မှာဆိုရင်တော့ခက်ပြီ။ကျေးဇူးပါ။

Unknown said...

ကောင်း....အရမ်းကောင်းတဲ့ အစဉ်အစီပါ. ကိုယ်မလုပ်နိုင်ရင် company အပ်ပေါ့. ခေါင်းစားရသက်သာတယ်. ဖြစ်နိုင်ရင် အုပ်ချုပ်ရေးအပိုင်းလည်း အပ်ချင်တယ်ဗျာ

Powered by Blogger.