ရန်ကုန်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက် မှုဇုန်(၃)ခု၌ ယနေ့မနက်မှ စတင်ကာ အလုပ်သမား ဆန္ဒပြမှုများ တပြိုင်တည်း ဖြစ်ပေါ် နေကြောင်း သိရသည်။
ယင်းဆန္ဒပြမှုဖြစ်စဉ် များသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ် ကမ်းမြို့နယ်တို့တွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။ စာချုပ်ပါ အချက်များကို အလုပ်များက ချိုးဖောက်ခြင်း၊ သမဂ္ဂများ ကိုအသိ အမှတ် မပြုခြင်း၊ ဖြန်ဖြေရေး အဖွဲ့များ ဖွဲ့စည်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်း ကြောင့် အလုပ် သမားဆန္ဒပြပွဲများ ပြန်လည်ပေါ် လာခြင်းဖြစ် ကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေ သူများက သုံး သပ်ကြသည်။
''အရင်ကဆန္ဒပြပွဲ တွေကြောင့်အလုပ် ရှင်နဲ့အလုပ်သမားနှစ်ဖက်ညှိနှိုင်းပြီး စာချုပ် တွေချုပ်ခဲ့ကြတယ်။ စာချုပ်ပါ အချက်တွေကို မလိုက်နာဘူး ။ပေါ်ပေါက်လာ တဲ့အလုပ်သမားသမဂ္ဂတွေကိုအသိအမှတ် မပြုဘဲ ပယ်ဖျက်ဖို့ကြိုးစား ကြတယ်။နောက် ပြီးအချိန်ပိုအလုပ်ချိန်လျော့ခိုင်း တဲ့အတွက် အချိန်ပိုကြေး ဘဲလျော့ ရမှာ ကိုအခြားဟာ တွေပါလျော့တဲ့အတွက်လစာ နည်းသွားလို့ မကျေနပ်ဘဲအခုလို ဆန္ဒပြမှု တွေပြန်ဖြစ် လာတာ''ဟုအလုပ်သမားအခွင့်အရေးလှုပ် ရှားသူများမှရှေ့နေတစ်ဦးကပြောသည်။
ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အာရှနဂါးစက်ရုံတွင် အလုပ်သမားအဖွဲ့နှစ်ဖွဲ့ရှိ ပြီးအလုပ်ရှင် ဘက်မှ ဖွဲ့စည်း ထားသော အလုပ်သမားအဖွဲ့ကကျန်အဖွဲ့ ကိုပယ်ဖျက် ပေးရန်တောင်းဆို သဖြင့် မပြေလည် မှုများ ဖြစ်နေကြောင်းသိရသည်။
''ကျွန်မတို့အဖွဲ့ဖွဲ့ပြီးတော့မှ supervisor တွေ၊ Leader တွေကဦးဆောင်ပြီးအ ဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့တယ်။ သူတို့အဖွဲ့ထဲ က သူတွေကို ဒံပေါက်ကျွေးတာ။ထီးပေးတာ တို့လုပ်ပြီး စည်းရုံးတယ်။Leader တွေဆို တော့ကြောက် လို့ဝင်တဲ့သူတွေ လည်းရှိတယ်။ကျွန်မတို့ အဖွဲ့သူတွေကို သူတို့အဖွဲ့ ထဲရောက်အောင် စည်းရုံးပြီး တော့ ကျွန်မတို့ အဖွဲ့ကိုပယ်ဖျက်ပေးဖို့အလုပ်သမားရုံးက သူတွေကိုခေါ်တယ်။ အလုပ် သမား ရုံးကလူ ကြီးတွေလာ လို့မေးတော့ နင့်အလုပ်နင်လုပ် ငါ့အလုပ်ငါလုပ် မယ်ဆိုပြီး ပြောတယ်။ ဒါ ကြောင့် အခုကျွန်မတို့အဖွဲ့ အလုပ်ခွင်ကိုပြန်မဝင်ဘဲနေနေ တယ်''ဟုအာရှနဂါးအထည် ချုပ်မှအ လုပ်သမား အဖွဲ့ ခေါင်းဆောင်တစ် ဦးကပြောသည်။
ဆန္ဒပြပွဲများပြီးနောက်ချုပ်ဆို သည့်အလုပ်ရှင်၊အလုပ်သမားသဘောတူစာ ချုပ်များကို လိုက်နာမှု မရှိခြင်း သည်အလုပ် သမားဆန္ဒပြမှုများထပ်မံပေါ်ပေါက်လာနိုင် ပြီးသက်ဆိုင်ရာဝန်ကြီး ဌာနမှ အောက်ခြေ ဝန်ထမ်းများ၏ဆောင်ရွက်ချက်များမှာယခင် အတိုင်းပင်ရှိနေ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသူများ ထံမှသိရသည်။ ဆန္ဒပြမှုများမှာလှိုင်သာယာ စက်မှုဇုန်တွင်မြူး နှင့်စူး အထည်ချုပ် ၊ ရွှေ ပြည်သာ စက်မှုဇုန်တွင်စန္ဒာကားစက် ရုံတို့ ဖြစ်ကြောင်းသိရသည်။
အေးမြမြထွန်း - Yangon Media Group

စက်မှုဇုန်(၃)ခုတွင် အလုပ်သမား ဆန္ဒပြမှုများ တစ်ပြိုင်တည်းဖြစ်ပေါ်
Reviewed by သစ်ထူးလွင်
on
19:35
Rating:
10 comments:
အစိုးရ၀န်ထမ်းတွေလည်း မမျှတတာတွေရှိနေပါတယ်.
္ဒအလုပ်သမားဆန္ဒပြတာတွေက
များလွန်းလှချည်လား။
နောက်လာမဲ့ စက်ရုံတွေ လုပ်ငန်းတွေ
လာရဲ လာကြည့် ! !
ဆန္ဒပြတာကိုအသိအမှတ်ပြုဖြေရှင်းသင့်ပါတယ်။
့ပြသနာများဖြစ်မည်မှာသေခြာပါသည်...တစ်ရက်အလုပ်ချိန်(၈)နာရီသတ်မှတ်ပေးရမည်..ညဆိုင်းအလုပ်ချိန်အဆိုင်းမရှိပါက(၆)နာရီလုပ်ရပါမည်ကျန်ခိုင်းသည့်အချိန်သည်အချိန်ပိုဖြစ်သည်။နိုင်ငံတကာာတွင် တစ်နေ့အလုပ်ချိန်(၁၀)နာရီထက်ပိုမခိုင်းရပါအလုပ်ပိတ်ရက်တပတ်တစ်တွင်နှစ်ရက်/တစ်ရက်ခွဲ/နှစ်ပတ်လုပ်နှစ်ရက်နားခိုင်းစေနိုင်ပြီးကဇက်တက်အလုပ်ပိတ် ရက်များတွင်အလုပ်လုပ်ရပါကလုပ်အားခနှစ်ဆပေးရမည်ဖြစ်သည်။နားရက် သတ်မှတ်အတိအကျရှိရပါမည်။နားရက်တွင်ခိုင်းပါကလုပ်အားခနှစ်ဆပေးရမည်။ညဆိုင်းဆင်းရသည့်အလုပ်သမားများကိုအင်အားဖြည့်စွက်စာကျွေကးရမည်။နောက်ထပ်နားချိန်နှစ်နာရီအနားပေးရမည်ဆိုလိုသည်မှာညဆိုင်းဆင်းရ လျှင်တစ်ညပုံမှန်အလုပ်ချိန်၆နာရီ...အချိန်ပို၎နာရီ ၁၀နာရီသာခိုင်းစေရမည်ဖြစ်ပါသည်။ထိုအလုပ်ချိန်များကိုအလုပ်သမားများသိရှိရန်အလုပ်သမားဝန်ကြီးဌာနတွင်တာဝန်ရှိပါသည်။
နိဂုံးချုပ်ရလျှင် အလုပ်ချိန်တစ်ရက်(၈)နာရီသာခိုင်းရမည်။ညအလုပ်(၆)နာရီဖြည့်စွက်စာပေးရမည်။တနင်္ဂနွေအလုပ်ပိတ်ရက်တိုင်းအလုပ်လုပ်ရလျှင်ထိုနေ့အချိန်ပိုဖြစ်သည်။အလုပ်သမားတစ်ယောက်ကို၁၀နာရီထက်ပိုမခိုင်းရပါ။တစ်ပတ်အလုပ်ချိန်နာရီ(၄၀/၄၄)သာဖြစ်ရပါမည်။
မှန်တယ် ထောက်ခံတယ် ဆက်လုပ်ပါ၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာလျှင်/နိုင်ငံခြားအလုပ်ရှင်များလာလျှင်အလုပ်သမားဥပဒေများပါလာပါမည်။ထိုအချိန်တွင်ပြည်တွင်းအလုပ်ရှင်များလည်း၎င်းတို့ကဲ့သို့အလုပ်သမားလခများပေးရပါမည်။နိုင်ငံတကာစံနှုန်းမဖြစ်တောင် အာဆီယံစဲံနှုန်းအောက်မကျစေရပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအလျင်အမြန်ရောက်လာပါစေရန်သာဆုတောင်းရပါတော့မည်။
"supervisor နှင့် leader တွေပါတဲ့အဖွဲ" ရှိတယ်ဆိုတော့ သူ.တို.တွေကအလုပ်သမားထဲက အလုပ်သမားတွေဘဲမဟုတ်လား၊ သူ.တို.တွေကဘာကြောင့်ဆန္ဒ မပြကြတာလဲ၊ သူ.တို.ကကျေနပ်နိုင်ပြီး ကျန်တဲ့သူတွေကဘာကြောင့်မကျေနပ်နိုင်ကြတာလဲ၊ ကိုယ့်ရဲ.အလုပ်စွမ်းရည်တိုးတက်အောင်လုပ်ပြီး လခ ကောင်းအောင်ကြိုးစားတဲ့လမ်းကိုရွေးကြည်.ကြပါလား။ အလုပ်ရှင်ကပေးတဲ့ လစာဟာတမျိုးတည်းတော့ဟုတ်မယ်မထင်ဘူး။ ကောင်းအောင်လုပ်ရင် လစာ ကောင်းရနိုင်တယ်ဆိုတာလဲမမေ့သင့်ဘူးထင်တယ်။ အဲဒီလိုကြိုးစားကြည့်ကြပါလား။

မြန်မာနိုင်ငံမှာ အရင်းရှင်တွေကခေါင်းပုံဖြတ်ပြီး အလုပ်သမားထု အပေါ်အနိုင်ကျင့်မှုတွေ ဆက်လက်ဖြစ်နေတဲ့ အကြောင်းတရား က လက်ရှိနိုင်ငံမှာ လူတွေက ဥပဒေရဲ့ အပေါ်ကနေ ဆက်ရှိနေ လို့ ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။
အလုပ်သမားဥပဒေကို အမြန်ဆုံး အသက်ဝင်စေပြီး အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အပြည့်အ၀ရရှိအောင်၊ နိုင်ငံခြားကလာပြီး ရင်းနှီးမြှပ်နှံပြီဆိုရင်လည်း ကိုယ့်လူမျိုးတွေအနှိမ်မခံရအောင် ဥပဒေနဲ့ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ကြောင်း၊ ပြီးတော့ ကုမဏီက သူတို့ရဲ့ plan တွေကိုချမပြပဲ ခိုင်းတာလုပ် ပြန်မမေးနဲ့ဆိုတဲ့ ပုံစံတွေ ပပျောက်အောင်၊ အလိုတော်ရိပုံစံတွေ၊ ခွဲခြားဆက်ဆံတာတွေ၊ နှိမ်ချဆက်ဆံတာတွေကို လက်မခံပဲ အချိန်နဲ့တပြေးညီ အရေးယူသင့်တယ်လို့ မြင်ပါတယ်။
Post a Comment