“ပညာရေးဌာနသို့”

မင်္ဂလာဒုံမြို့နယ်  -      လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်
အောင်ဆန်း သူရိယ လှသောင်း “ကျောင်းခွဲ” အ.ထ.က (၂) မင်္ဂလာဒုံ မြို့နယ်ရှိတပ် တွင်
လ.ထ.ခ ကျောင်း၏ ပညာရေး ၀န်ဆောင်မှု အခြေအနေကို သိရှိစေ လိုကြောင်း ။

       လ.ထ.ခ ကျောင်းခွဲမှာ ယခုလက်ရှိ အခြေအနေအရ ပညာရေးမှာ လွန်စွာဆိုးရွားလျက်ရှိနေသောကြောင့် ကျောင်းမှ လက်ရှိ (၇)တန်းနှင့် (၈) တန်း ဆရာ၊ ဆရာမများက ကျောင်းသား/သူများအား ၄င်းတို့၏ “ကိုယ်ပိုင်ကျူရှင်”သို့ မတက်ရောက်သောကျောင်းသား/သူများအား အတင်း အကြပ် တက်ရောက်ရန် စည်းရုံး၍ ၄င်းတို့ကျူရှင် မတက်ရောက်သော ကျောင်းသား/သူများအား စာမေးပွဲအောင်နိင်မည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခြိမ်းချောက်ခြင်းဖြင့် ၄င်းတို့ကျူရှင်သို့တက်ရောက်ရန် စည်းရုံးခြင်း၊ လပတ်စာမေးပွဲများတွင် ၄င်းတို့ ကျူရှင်တက်လျက်စာမေးပွဲ ကျရှုံးနေသော ကျောင်းသား/သူများအား နားချိန်တွင ၄င်းတို့ နားနေဆောင်သို့ ခေါ်ယူပြီး စာပုဒ်များအား ဖြေလွှာတွင် ပြန်လည်ကူးချစေပြီး အမှတ်ပေးခြင်း၊ ၄င်းကျူရှင်မှ ကျောင်းသား/သူ အမှန်တကယ် ရမှတ်ထက် ထက်ဝက်မကတက်လာအောင် လုပ်ကြံပြု လုပ်ပေးခြင်း။ ကျောင်း၏စာသင်ချိန်များတွင်လည်း ကျောင်းသား ကျောင်းသူ များအား စာကိုတကယ်တတ်မြောက်အောင် မသင်ဘဲ ကျောင်းသား ကျောင်းသူများအား အိမ်စာများသာပေး၍ ကျောင်းသားကျောင်းသူများမှာ ၄င်းအိမ်စာများကို မသိနားမလည်သောကြောင့် ကျူရှင်စာအုပ်များမှ အိမ်စားများကို ပြန်လည်ကူယူနေသည်မှာ မဖြစ်သင့်သော ကိစ္စ ပင်ဖြစ်ပါသည်။

ဟိုယခင် ပညာသင်ကြားရေးမှာ လွန်စွာဆုပ်ယုတ်ပျက်ပြား နေသည်ကို တွေ့ရှိရ ပါသည်။ ပညာရေးမြင့်မားလာသည်မှန်သော်လည်း ကျောင်းသားကျောင်းသူများ၏ ပညာရေးမှာ ဆရာ/ဆရာမများ၏ သွန်သင်မှု့ နှင့် သင်ကြားမှုအောက်တွင် ပျက်ဆီးနေပါသည်။

စာမေးပွဲနီး လာလျှင်လည်း ကျောင်းသားကျောင်းသူများမှာ ဆရာ/ဆရာမ များပေးသော မေးခွန်းများကို ရရန်ဆရာ/ဆရာမများဆီမှာ မေးခွန်းများကို ပိုက်ဆံပေးပြီး ၀ယ်ယူကြရသည့်အဖြစ်သို့ ရောက်ရှိနေရပါသည်။ ထိုအတိုင်း ကြားလျှင် ကျောင်းသား/ကျောင်းသူများအား အငြိုးထား၍ ရိုက်နှက်မည်ကို စိုးရိမ်သဖြင့် မိဘများမှာ အကြိမ်ကြိမ် သီးခံခဲ့ကြရပါသည်။

 ယခုလို ကိစ္စရပ်များကို ပညာရေးဌာနနှင့် အခြားသောပြည်သူများသိရှိစေရန် ဖော်ပြထားခြင်း ဖြစ်ပါသည်။
လက်ရှိထိုသို့သော အပြုအမှုများကို ဆိုးရွားစွာ ပြုလုပ်နေသော ဆရာ၊ ဆရာမများမှာ -
(၁)   ဦးမောင်မောင်
(၂)   ဒေါ်ခင်ယုကြည်
(၃)   ဒေါ်သန်းသန်းမြင့်
(၄)   ဒေါ်သန်းသန်းဌေး
(၅)   ဒေါ်ဝင်းဝင်းကြည် တို့ပင်ဖြစ်ပါသည်။

          လက်ရှိထိုကဲ့သို့ ဆိုးရွားစွာပြုမူနေသော ဆရာဆရာမများကို လက်ရှိလှသောင်းကျောင်း၏ တာဝန်ရှိသူများမှ ထိုကဲ့သို့ ပင်ကြည့်နေကြတော့မည်လား။ ၄င်းတို့၏ ဆိုးရွားသောအပြုအမှုများကို မြေတောင်မြှောက်ပေးနေတော့မည်လားဟုပင် တွေးစရာများဖြစ်လာပါသည်။ ထို့ပြင် ၄င်းကျောင်းခွဲတွင် သင်ခန်းစာများကို စနစ်တကျ သင်ကြားပေးခြင်း လုံးဝမရှိတော့ပါ။ စာများကူးချစေပြီး လုံးဝရှင်းမပြသည့်အပြင် ၄င်းကျူရှင်မှ စာအုပ်ကို ကျူရှင်ကျောင်းသားအား white board ပေါ်သို့ ထွက်ရေးစေပြီး လက်ဆင့်ကမ်းစာကူး စေပြီးရှင်းမပြဘဲ အိမ်စာအဖြစ်သာ တာဝန်များပေးနေပါသည်။

 စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းမရှိဘဲ အိမ်စာအဖြစ်သာ စာအုပ်ထဲသို့ ကူးရေးစေသည့် ရှင်းပြမှုမပါသော ထိုအဖြစ်မျိုးလုံးဝ မဖြစ်သင့်ပါ။ မိဘများကလည်း ၄င်းအဖြစ်မျိုးများကို သိ၍တိုင်တန်းချင်ကသော်လည်း ၄င်းတို့၏ သားသမီးများကို အငြိုးထားသော အဖြစ်မျိုးများကို ကြုံတွေ့ဖူးခဲ့ကြသူများရှိ၍ မိမိသားသမီးများကျောင်းတွင် အငြိုးခံကြမည့် အဖြစ်ကို စိုးရိမ်၍ အငြိမ်ခံနေကြခြင်းဖြစ်ပါကြောင်း တာဝန်ရှိသူများကို သိစေချင်ပါသည်။

ကျောင်းသားမိဘများ


“ပညာရေးဌာနသို့” “ပညာရေးဌာနသို့” Reviewed by သစ်ထူးလွင် on 17:38 Rating: 5

17 comments:

Unknown said...

ဒါမဖြစ်သင့်ပါဘူး။ပြင်းပြင်းထန်ထန်အရေူယူသင့်ပါတယ်

sanay said...

ဒီကိစ္စနဲ့တော့သိပ်မဆိုင်ဘူး၊ နဲနဲတော့ဆက်ဆက်မှုရှိတယ်--
ကျွန်တော်တို့ငါန်းဇွန်မြို့နယ်မှာလည်း အ.ထ.က(ခွဲ)ကျောင်းတွေကလူလည် လုပ်ပြီး စာမေးပွဲနီးရင် အ.လ.က(ခွဲ)ကျောင်းတွေကို ဂါရ၀ကြေးတွေ တောင်းခံနေပါတယ်။

Unknown said...

ဒီလိုဆရာတွေကိုမြန်မြန်အရေးယူကြပါ

ရွှေကြီး said...

ထောက်ခံပါသည်

Unknown said...

ဟုတ်မဟုတ် အခုဖော်ပြခြင်းခံရတဲ့ ဆရာတွေ
သင်ကြားတဲ့နေရာတွေကို တိတ်တဆိတ်
စုံစမ်းကြည့်လိုက်ပေါ့ ဟုတ်တယ်ဆိုရင်
ထိုက်သင့်တဲ့ အရေးယူမှုပြုပေါ့

Anonymous said...

ကျောင်းဆရာ၊ဆရာမ များပြင်ပတွင်ကျူရှင်တွေ
မဖွင့်အောင်သက်ဆိုင်၇ာက တားဆီးအရေးယူပေးပါ၊

Unknown said...

ကျောင်တိုင်းနီးပါးဒါမိုးတွေချည်းပါပဲ

shingyi said...

တ၇ုတ်မှာသတ်နေတာတောင်လာဘ်စားနေတုန်း။မောင်မ်ြနမာတို့နေလေဦး။

အမာ ရွတ်နဲ့ လူသား said...

အခြေခံမကောင်းဘဲအောင်လာတော့၁၀တန်းလည်းရောက်ရော ယက်ကန်ယက်ကန် ဖြစ်ပြန် ရော ။၁၀တန်း၇ဲ့အောင်မှတ်ကိုလည်းနိမ့်ထားပြန်တော့ အရည်အသွေးမ၇ှိတဲ့ ပညာတတ်တွေမွေးထုတ်နေသလိုပါပဲ။တက္ကသိုယ်ရောက်တော့လည်းစာကို ကြိုး စားရမှန်းမသိ ကျူ ၇ှင် တက်တော့ အောင် ပြန် ။ဒီလိုနဲ့ ပဲ ဘွဲ့ ရပြန် ။ မြန်မာ နိုင်ငံပညာ ရေးစနစ်က အောက်ခြေကနေအမြစ်ကနေ လှ န်ပစ်သင့်ပါတယ်။ စစ် အုပ်ချုပ် ရေးရဲ့ စနစ်ဆိုးတွေ ကျန်ခဲ့တာ ။

soe moe said...

ဟုတ်ပါတယ်။ဖြူးမြို.အထက(၁)ကျောင်းဆိုပိုဆိုးလွန်းပါတယ်။အပြင်ကျူရှင်တေါဆိုအခွန်တွေဆောင်ပီးကျောင်းသားမရှိတော.ငုတ်တုတ်မေ.နေပါတယ်။ကျောင်းကဆရာတွေကလဲမေဂျာမကိုက်ပါဘူး။ပီးတော.စာသင်နေရင်းနဲ.ဆရာမကလယ်နေတာကျောင်းသားတွေကထောက်ပြရပါတယ်။သုံးကြိမ်တွက်တာတောင်အဖြေမရဘူးတဲ.။တူမလေးက၁၀တန်းပါတကယ်.အဖြစ်ပျက်ပါ။အိမ်စာတွေဆိုတာလေပေးလိုက်တာမပြောပါနဲ.။အိမ်စာဆိုတာက maths လိုဟာကိုပေးတာသဘာဝကျပေမယ်. မြန်မာစာတွေကိုခက်စစ်တွေကအစပြန်ကူးရေးခိုင်းပါတယ်။တန်ဖိုးရှိတဲ.အချိန်တွေအရမ်းကုန်ပါတယ်။ကူးရေးခိုင်းမယ်.အစားကျက်ခိုင်းပီးနောက်နေ.ပြန်ဖြေခိုင်းရင်များစွာအကျိုးရှိပါတယ်။ဘာသာစုံကိုပြန်ကူးခိုင်းနေတာပါ။

Myat Thu said...

တကယ်တမ်းပြောကြစတမ်းဆိုရင် မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကကိုလိုနီစနစ်အတိုင်းပါပဲ
တိုင်းပြည်မှာတကယ်ပညာတတ်တဲ့လူတွေများလာမှာကို
အာဏာရှင်စစ်အစိုးရလက်ထက်ကတည်းက မလိုလား
ခဲ့တာပါ ပညာတက်တွေများလာရင် ပညာမတက်ဘဲနေရာယူထားတဲ့ သူတို့တပ်မတော်သား
တွေအတွက်အန္တရာယ်ရှိတယ်။ဒါကြောင့်ဦးသန်းရွှေကစ
နစ်တကျတိုင်းပြည်ကို ဖျက်ဆီးထားခဲ့တာပါ။အခုဦးသိန်စိန်ကရောဘယ်ကလာတာလဲ ဘာမှမတက်ဘဲ
နေရာယူထားတဲ့ တပ်မတော်သားတွေကို ဦးသိန်းစိန်ကထိ
ထိရောက်ရောက် အရေးယူရဲပါ့မလား လှသောင်းကျောင်း
အုပ်ချုပ်သူက ဒုတိယဗိုလ်မှုးကြီးတစ်ယောက်ဖြစ်နေတယ်။

Maung said...

ပညာရေးမှာ ခုလိုမဖြစ်သင့်ပါဘူး၊ ပညာမြင့်မှ လူမျိုးမြင့်မည်ဟု ကျောင်းများဧ။် ဆိုင်းဘုတ်များတွင်တွေ့ဘူးပါသည်။

Htat said...

ဟုတ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ အဂတိလိုက်စားမှု လာဘ်ပေး/ယူတွေလည်း များပါတယ်။ အဓိက ကတော့ပညာရေးဌာနပျက်ဆီးသွားရင် ပိုဆိုးပါတယ်။ ထိရောက်စွာအရေးယူသင့်ပါတယ်။ မူလတန်း အလယ်တန်း အထက်တန်း သာမကပါဘူး တကသိုလ်တွေလည်းတင်းကြပ်သင့်ပါပြီ။ ကျွန်တော်ကြုံဘူးသလောက်ဆိုရင် ညနေပိုင်းမာစတာသင်တန်းတွေမှာလည်း ဖောင်ကိုဈေးကြီးပေးရောင်းစားတာတွေ၊ သင်တန်းဝင်ခွင့်အတွက် ငွေပေးပြီး အနီးကပ်ပို့ချတာတွေ၊ မလိုအပ်တဲ့စာရွက်စာတမ်းတောင်းတာတွေ တွေ့ရပါတယ်။ ဥပမာ မာစတာတက်ဘို့အတွက် ဘွဲ့လက်မှတ်တင်မဟုတ်ဘဲ ၁၀ တန်းအောင်လက်မှတ်ပါတောင်းတာတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာတောင်းတာတွေတွေ့ရပါတယ်။ ဘယ်လို ဘယ်လိုဆက်ဆိုင်ပြီး ဘယ်လိုအတွေးအခေါ်တွေနဲ့ ဒီလိုကျောင်းတက်ဘို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရသလဲမသိပါဘူး။ ကျောင်းတက်တယ်ဆိုတာ တကယ်တော့ အသိပညာ အတက်ပညာဆည်းပူး တာပါ။ အသိအတက်တိုးလာတာနဲ့အမျှ တွေးခေါ်မှုလည်းပြောင်းလာနိုင်ပါမယ် ယေဘူယျသဘောပေါ့ သူတို့က အကျင့်စာရိတထောက်ခံစာတောင်းတဲ့ပုံစံမျိုးဆိုတော့ ဥပမာ ထောင်ကျထား တဲ့သူတွေက ပညာဆက်သင်ခွင့်မရှိဘူးလို့ဆိုလိုချင်တာလား။ ဒါဆိုဒီလူတွေ ကို ရေနစ်သူဝါးကူထိုးဖြစ်မသွားဘူးလား အသိအတက်ပညာနည်းအောင် ထက်မတိုးအောင်လုပ်သလိုဖြစ်မနေဘူးလား။ ဒါမှမဟုတ်သူတို့ရဲ့ အတွေး အခေါ်ဟာ ဒီလောက်နဲ့ရပ်တန့်နေပြီး ဒီလောက်ဘဲ မျက်တောင်မွေးတဆုံး မြင်သူတွေဖြစ်နေလို့ဘဲလားလို့လဲ သံသယရှိနေမိပါတယ်

Unknown said...

လစာတိုးပေးထားတာပဲ။ ဆရာစိတ်နဲ့သင်ကြားပေးသင် ပါသည်။

Unknown said...

သေချာစစ်ဆေးပြီး အရေးယူသင့်တယ်

Unknown said...

သေချာစစ်ဆေးပြီး အရေးယူသင့်တယ်

Unknown said...

စာ တတ် ဖို့အတွက် အပြင် ကျုရှင် တွေကိုအား ကိုး နေရ တာ ပါ

Powered by Blogger.