ဆန္ဒထုတ်ဖော် သူများနှင့် စစ်ကိုင်း ရဲတပ်ရင်း(ဒုတ်ဒိုင်းကိုင်) အဖွဲ့တို့ကို မြစန္ဒာ ရုပ်ရှင်ရုံရှေ့တွင် တွေ့ရသောမြင်ကွင်း။ |
နိုင်ငံတော် သမ္မတကြီး ကျန်းမာပါစေ ၊တရားဥပဒေ စိုးမိုးပါစေ ဆိုသောဆို သောစာတန်းကိုလည်း ကိုင်ဆောင် ဆန္ဒထုတ်ဖော်နေသော ၀က်မှေးရွာသူ များကိုတွေရစဉ်။ |
မြစန္ဒာ(Moon Light)ရုပ်ရှင်ရုံရှေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံ ကိန်းလုပ်ပိုင်ခွင့်ရ တရုတ်ကုမ္မဏီ(၀မ်ပေါင်)မှ ပေးထားသော ကားနီတစ်စီး နှင့်ရောက်ရှိနေသော စစ်ကိုင်းရဲတပ်ရင်း ဒုတ်ဒိုင်းအဖွဲ့ကိုတွေ့ရစဉ်။
သတင်း - ဓါတ်ပုံ ThanLarWaddy Times
မုံရွာ အမှတ်(၁) ရဲစခန်းရှေ့ မှ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ
Reviewed by သစ်ထူးလွင်
on
21:12
Rating:
23 comments:
တိုင်းတစ်ပါးသား
အကျိုးစီးပွားအတွက်
အမျိုးသားရေးကို
သစ္စာဖောက်သူတွေ
ဒီဘ၀တင်မက
နောင်ဘ၀အဆက်ဆက်
ဒုက္ခပေါင်းများစွာကြုံတွေပါစေ။
(သူတော်ကောင်းအဆက်ဆက်
ဤကျိန်စာအားအသက်သွင်း
ပေးနိုင်စေသတည်း။)
ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံမှာ
ပြည်သူ့ဆန္ဒကိုပြသတာ အပြစ်လား
ဒါဥပဒေကိုခိုးဖောက်သလား
ခင်ဗျားတို့ ဒီမိုကရေစီကိုစော်ကားတယ်
ပြည်သူဗဟိုပြုရေးကိုနားမဘည်ဘူး
နောက်ကြောင်းကိုပြန်လှော်နေတဲ့သူတွေ
အခြေအနေကိုညင်သာစွာ ကိုင်တွယ်ဖြေရှင်းရန်
အားနည်းသောတိုင်းဝန်ကြီးခူပ်ကို
အရေးယူပေးပါ
ကဲ .ဘယ် လို လုပ် မလဲ လက်ပိုက် ကြည့် နေလို့  ကတော့ ခံ သွားရမယ် ...........သမ္မတကြီး..ခင်ဗျာ ...ပြည်သူတွေဘက်ကို လှမ်းပြီးကြည့်  ပေးပါဦး.
တရုတ်အားကိုးသူတွေကျဆုံးပါစေ။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာမပြောချင်
ပါဘူး ဒါပေမယ့် ဒါကိုအကြောင်းပြုပြီး နိုင်ငံရေးအမြတ်
ထုတ်မှုတွေနဲ့ နောက်ပြန်လှည့်ပြီး မင်အောင်လှိုင် ဝင်
စားသွာမှာကြောက်တယ်
အင်း လောဘ ဘဲသိတဲ့ ပြည်ကြီးတရုပ် .. အရှုတ်ထုတ် မှတကယ့် အရှုတ်ထုတ်ပါဘဲ...
တောင်သူလယ်သမားတွေက ကျေးဇူးရှင်တွေပါဆို...လက်နက်ကိုင်မောင်မင်းကြီးသားတို့ အဲဒါကိုမေ့နေတာလား..
စွမ်းအားရှင်တွေက ဒီဘက်အထိရှိသေးတယ်နော်
ဆင်းရဲတဲ့စိုက်ပိုးရေးသမားတွေပါပေးစရာရှိတာပြန်ပေးလိုက်ပါ၊
ပြန်ပေးစရာရှိတာပြန်ပေးလိုက်ပါ၊ဒီမြေပာာငါတို့ မြေပါ။
ပြည်သူလူထုနစ်နာဆုံးရှုံးမှုများကြောင့်ဒီလိုတွေဖြစ်နေကြတာပါ။အစိုးရကပြည်သူတွေအတွက်လုပ်ဆောင်ပေးတာအားနည်းလွန်းနေပါတယ်။
ကိုယ်ချင်းစာတရားမရှိတဲ့သူတွေပါ။သူများနိုင်ငံကိုလာစော်ကားနေ
ကြတာ။ဒါပေမယ့်လည်း အဲဒီလိုလုပ်လေ သူတို့ နိုင်ငံတွေဘဲ
တစ်မျိုးပြီးတစ်မျိုးဖြစ်လေ။သမ္မတကြီးမှ အမြန်ဆုံးဖြေရှင်းပေးစေလိုပါတယ်။ပြည်သူတွေကို ဘာလို့ 
ညှင်းပန်းနှိပ်စက်နေရတာလဲ အဲဒါတောင်မှ ရိုးသားတဲ့ တောသူ
တောင်သားတွေကို မလုပ်သင့်ပါဘူး။အေးအေးချမ်းချမ်းမနေချင်
ဘူးလား။နိုင်ငံရေးအမြတ်ထုတ်မှုတွေ မလုပ်ကြပါနဲ့ ။ကြားထဲက
ပြည်သူတွေကို မစတေးပါနဲ့ အသုံးမချပါနဲ့ ။
သတင်းတင်တဲ့ဆရာရေ
တရုတ်ကားနဲ့လာတာ မြန်မာ ရဲလား တရုတ် ရဲလား
သေသေချာချာရေးပေးပါ
ကျုပ် အထင်တော့ အဲဒါ တရုတ်ရဲတွေဗျ
ဗမာရဲတွေကသူတပါးကောင်းစားဖို့ ဒို့ညီအကိုမောင်နှမ တွေကိုမဖမ်းဘူး
ထင်တာဘဲ သိပ်မသေချာဘူးနော်
မှားနေတယ် ဒီမြေဟာ ဒို့မြေ မဟုတ်တာ ကြာပြီနိုင်ငံတော်သီချင်းတောင်ပြောင်းသွားပြီလေ
လာဘ်စားမှုအများဆုံးမြို့တော် (မုံ၇ွာ)....
သာအေး အလိုမရှိ
ဦးပိုင် အလိုမရှိ
ကြေးနီထွက်နိုင်လို့ ကြေးနီတူးတာ ကောင်းပါတယ် လက်ခံပါတယ်
ဒါပေမယ့် ပြည်သူအားလုံးအတွက် ပွင်းလင်းမှု နဲ့ တရားမျှတမှု မရှိလို့ကတော့
ဘိုးတော်ဘုရားခေတ်က ကိစ်စဖြစ်ဖြစ် သည်းမခံချင်ဘူးဗျ
သမ္မတကြီး အပြောနဲ့အလုပ် ညီမညီ ပြသဖို့ လိုပါပီ ခင်ဗျား။
ပြည်သူတွေလေးစားချင်နေတဲ့သမ္မတကြီးအဖြစ်ကနေ ပြည်သူတွေလေးစားအားကိုးရတဲ့ သမ္မတကြီး ဖြစ်နိုင်ပါစေ ခင်ဗျာ။
အားလုံးကိုပြောချင်တာက ဥပဒေဘောင်ထဲကပဲ လုပ်ကြပါ. ဘာပဲဖြစ်ဖြစ် ခုလို ဘင်္ဂါလီပြသနာတွေ ဘာတွေဖြစ်နေချိန်မှာ ဆန်ဒပြတဲ့သူတွေဘက်က လွန်တာတွေရှိတယ်ဆိုရင်တောင် ကိုယ့်ပြည်သူ ကိုယ့်အမျိုးသားတွေပဲ အဲဒီလိုကြမ်းကြမ်းတမ်းတမ်း ရက်ရက်စက်စက် လုပ်စရာလား . . . .အချင်းချင်းတွေပဲဆိုတဲ့ အဆင်ခြင်မရှိဘူးလား . . . .
ဒီမိုကရေစီကျင့်သုံးနေတဲ့အချိန်မှာ ဝန်ကြီးနဲ့အုပ်ချုပ်ရေးအဖွဲ့ ဘယ်လိုလုပ်နေတာလဲ?
ဘိုးဘွားအမွေနှစ်တွေကို မရောင်းပါနဲ့တော့ဗျာ...
လွန်ခဲ့တဲ့တကောင်း ဟန်လင်း ပျူခေတ်လောက်ကတည်းကနေလာတဲ့သူတွေပိုင်လာတဲ့မြေတွေကို ဘယ်အစိုးရကစာချုပ်ချုပ် ပြည်သူတွေဆုံးဖြတ်ချက်က အမှန်ပဲ အလိုမရှိဆိုရင် လျှော်ကြေးယူပြီးနိုင်ငံတော်ထဲကထွက်သွားသင့်တယ် သမိုင်းကိုလှန်ကြည့်တရုတ်ကောင်းကြိုးပေးတာဘာမှမရှိဘူး .....
Post a Comment