အထက (၂) ကမာရွတ်မှ ကျောင်းအုပ်ဆရာမကြီး ၏ ဆိုးရွားလှသော တောင်းရမ်းချက်များ

အထက (၂) ကမာရွတ် ခေါ် စိန်သြဂတ် စတင်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မေလှရီက မီးလောင်သွားသော ကျောင်းဆောင် အတွက်ဟုဆိုကာ ကျောင်းသား တစ်ဦးလျှင် အလှူငွေ တစ်သိန်း လှူရမည် ဟုကောက်ခံနေပါသည်။  ကျောင်းအဆောက်ဦ ဆိုသည်မှာ နိုင်ငံတော်မှ ထောက်ပံ့ ပေးထား
 သော ပစ္စည်းဖြစ်သော်လည်း နိုင်ငံတော်က ချပေးထားသော ငွေကြေးတင်မကပဲ အခုလိုကျောင်းသား တွေအား  မပေးမနေရ ကောက်ခံနေခြင်းမှာ ဓါးပြတိုက်သည်နှင့်ပင် တူကြောင်း ကျောင်းသားမိဘများက ညည်းညူ ကြသည်။ -----

ပေးစာ အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

အထက (၂) ကမာရွတ်မှ ကျောင်းအုပ်ဆရာမကြီး ၏ ဆိုးရွားလှသော တောင်းရမ်းချက်များ အထက (၂) ကမာရွတ်မှ ကျောင်းအုပ်ဆရာမကြီး ၏ ဆိုးရွားလှသော တောင်းရမ်းချက်များ Reviewed by သစ်ထူးလွင် on 17:28 Rating: 5

19 comments:

Unknown said...

ကျောင်းတိုင်းလိုလိုပါဘဲဗျာ..အလှူငွေဆိုပြီးတော့ တစ်လကို အနည်းဆုံးသုံးကြိမ်...မလှူနိုင်ရင်တော့ ..ကျောင်းသားအနာဂတ်က မရေရာမသေချာဘဲဗျို့ ...

Myanmar said...

ဟား မေလှ၇ီတို့ကတော့ သူပုန်နဲ့ ဓပြနဲ့ စပ်ကျထားလားအောက်မေ့၇တယ်ဟေ့။ မြန်မာနိုင်ငံကလူတွေက ဥပဒေအကြောင်းလဲနားမလည်ကြဘူး။ ကျောင်းဆ၇ာမက အခုလို မတ၇ားငွေကောက်ခံတာဟာ ဥပဒေနဲ့ညှိစွန်းနေတယ်ဆိုတာလောက်တော့သိသင့်တယ်။ ခက်တာက မြန်မာပြည်က ဥပဒေတွေက အ ကုန်ပီ။ ဘာမှ အသက်မ၀င်တော့ဘူး။

ကြယ်စင်မိုး said...

တစ်ကယ်တော့...အခြေအနေအရပ်ရပ်ကို...ဆရာမကြီးက...အစည်းဝေးမှာ ၂ နာရီကျော်လောက်ရှင်းပြခဲ့ပြီးသားပါ.....အခက်အခဲရှိရင်လဲ... ပွင့်ပွင့်လင်းလင်းတွေ့ပြီးဆွေးနွေးဖို့လဲ...အဲ့နေ့ ကပြောပါတယ်....ဒီလိုကွယ်ရာမှာ...နာမည်ဖျက်ဖို့ကြိုးစားတာထက်..အခက်အခဲရှိတယ်ဆိုရင်ဆရာမကြီးနဲ့.တွေ့  ပြီးဆွေးနွေးကြည့်တာပိုထိရောက်မယ်လို့ထင်ပါတယ်...

Khant Zaw Hein said...

ကျောင်းသားဗဟိုပြုသင်ကြားရေးကိုမလုပ်ပဲကျောင်းသားဗဟိုပြု့တောင်းစားရေပဲလုပ်နေတုန်းပဲလား ဒုသမ္မတ ကသိန်း၃၀၀၀ပေးမယ်ပြောပြီးသားသမ္မတဆီသွားတောင်းပါလားဒီလောက်ငွေရှားနေတဲ့ခေတ်မှာဒုက္ခပေးတဲ့ဆရာမကြီး

Htun Khaing Soe said...

ဒီအတိုင်းတကယ်ဖြစ်နေပြီဆိုရင်တော့ အခြေအနေမကောင်းတော့ဘူးလို့ဘဲပြောပါရစေ။

Htun Khaing Soe said...

ဒီအတိုင်းတကယ်ဖြစ်နေပြီဆိုရင်တော့ အခြေအနေမကောင်းတော့ဘူးလို့ဘဲပြောပါရစေ။

Htun Khaing Soe said...

ဒီသတင်းအတိုင်းဆိုရင်တော့ အခြေအနေတော်တော်ဆိုးနေပြီ။

Htun Khaing Soe said...

ဒီသတင်းအတိုင်းဆိုရင်တော့ အခြေအနေတော်တော်ဆိုးနေပြီ။

Htun Khaing Soe said...

ဒီသတင်းအတိုင်းဆိုရင်တော့ အခြေအနေတော်တော်ဆိုးနေပြီ။

Unknown said...

အ.ထ.က(၂)ကျောင်းအုပ်ကြီးက အဖမ်းခံရမှာ စိုးလို့လက်ရှိကောက်ခံရရှိထားတဲ့ ပိုက်ဆံတွေက သိန်းထောင်ကျော်သွားပြီ။ အဲ့ဒါအားလုံး ကျောင်းသားမိဘတွေကို ပြန်ပေးမယ် ကြားတယ် ဟုတ်မဟုတ် စုံစမ်းပေးပါအုံးပြန်ရရင်တော့ MRTV4 သက်တမ်းလေးတိုးရမယ်

ရွှေကြီး said...

ဆရာမကြီးရေ အမျှ အမျှ အမျှ

နေထွန်းကျော် said...

အော်.........တစ်သိန်း...........တစ်သိန်း........ဆရာမကြီးရဲ့တလရတဲ့ လစာကဘယ်လောက်လဲ မသိဘူးနော်

Unknown said...

ဆိုးလှချည့်လား ဒမြ တိုက်နေတာလား? ဆက်ကြေးတာင်းနေတာလား ?
ဘာတွေလဲ ? အာဏာပိုင် ဆိုတဲ့ လူတွေက ကော ဒီကိစ္စ ဘာမှအရေးမယူတော့ဘူးလား ? ဒီခေတ်မှာ ဒီလိုမျိုး သိက္ခာမဲ့တဲ့ လုပ်ရပ်တွေနဲ့ အတင်း အကြပ် ဒမြတိုက်သလို လုပ်စားနေကြတာကို သိသိကြီးနဲ့ ဘာမှအရေးယူဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တော့ ။ ။ ( အာဏာပိုင်ဆိုတဲ့ လူကြီးတွေရေ ခင်ဗျားတို့ပါ ပူးပေါင်းပြီး ဒမြတိုက်လိုက် ပါတော့လား ။

သန့်နေဝင်း said...

ဘိုးတော်ဘုရား - ဟဲ့ သူချည်းသာလော ?

ဦးပေါ်ဦး - မှန်ပါ ကျောင်းအုပ်တိုင်းပါဘုရား။

Unknown said...

ကျောင်းကောင်စီ၊ မိဘဆရာအသင်းအားလုံး၏ သဘောတူညီမှုအရဆိုရင်တော့ ပြောဖွယ်မရှိပါဘူး။ ကျွန်တော့်သား(၂)ယောက်လဲ အဲဒီကျောင်းမှာ တက်နေပါတယ်။ (၁)သိန်းထည့်ပြီးပါပြီ။ ကိုယ့်သားသမီးတွေအတွက် နောင်တက်မယ့် ကျောင်းသားတွေအတွက် ရည်စူးပြီး အလှူ သဘောမျိုးပါဘဲ။ အစိုးရက ထောက်ပံ့မယ်ဆိုတဲ့ ပိုက်ဆံက ပုံးခွံပဲရတာပါ။ ဒါကြောင့် မရှိဆင်းရဲသားတွေဆီက အတင်းတောင်းခံတာမျိုးတော့ မဟုတ်ပါဘူး။ အစည်းအဝေးခေါ်ယူပြီး ရှင်းပြပြီးမှ တောင်းခံတာပါ။ မထည့်လို့လဲ ဘာမှတော့ မဖြစ်ဘူးထင်ပါတယ်။ ဒါပေမယ့် တတ်နိုင်သူတွေဝိုင်းဝန်းပံ့ပိုးကြမယ်ဆိုရင် ကျောင်းသား/သူ တွေအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်မိလို့ ပါ။ ဆရာမကြီးကို ကျွန်တော်မြင်တောင်မမြင်ဘူးပါဘူး။ မဟုတ်တာလုပ်ရင်တော့ သူလမ်းသူသွားမှာပါ။ လူဆိုတာ ကိုယ်သေသွားရင် ဘာမှယူသွားလို့ ရတာမဟုတ်ပါဘူး။

Blogger said...

ဒီကျောင်းမှာ အပ်ချင်လွန်းလို့ မနက် (၄း၀၀)နာရီကတည်းကသွားတန်းစီခဲ့တာရယ်၊ ကျောင်းဝင်ကြေးကို အပြိုင်အဆိုင် အလှူငွေဆိုပြီး ထည့်ခဲ့ကြတုံးကကျေနပ်ခဲ့ကြတယ်မှတ်လား။အများကသိတာတော့ အထက-၂ ကမာရွတ်ရှိ ကျောင်းသားမိဘများသည် ချမ်းသာသောအသိုင်းအ၀ိုင်းမှသာဖြစ်တယ်လို့သိကြသည်။ မိမိတို့ ကလေးမှာ အထက (၂) ကမာရွတ် ခေါ် စိန်သြဂတ် စတင်းကျောင်း မှ
ဆိုပြီး မိဘချင်းကြွားခဲ့ကြတော့ အခုလည်း တစ်သိန်းကို ကြွားပြီးသာ ထည့်လိုက်ပါဗျို့။

Unknown said...

ခုအချိန်မှာဒီလို မတရားကောက်ခံမှုတေိမရှိသင့်တော့ပါဘူး။

Unknown said...

ဆရာမကြီး ရယ်ခလေးတွေကို မတရားမတောင်းပါနဲ့ဗျာ.....

Unknown said...

ဘုရားတည်ကျောင်းဆောက်တာပဲဗျာ..မထည့်နိုင်မထည့်ဖို့လည်းပါပါတယ်...
ကိုယ်ကျိုးအတွက်လုပ်နေတာမှဟုတ်တာထည့်နိုင်သူထည့်မှာပေါ့ ...ရတဲ့အလှူငွေ နှင့်မလုပ်မှလဲ ဆက်လက်ဆုံးဖြတ်သင့်ပါတယ်...တစ်ခုတော့
ရှိတယ်ကိုယ်သဘောနှင့်ကိုယ်ကျောင်းဆောက်/ပြင်သလား။...အထက်ကစေခိုင်းတာလား..တာဝန်အရလား...လိုအပ်လို့လား..ပိုက်ဆံကောက်တိုင်းလာဒ်စားတာ
လို့မြင်မှာလား..အသိပညာတွေပေးနေသောနေရာများတွင် မထားချင်လျင်မထားနဲ့ပေါ့...ရှု့ထောင့်တစ်မျိုးတည်းမှမဆုံးဖြတ်သင့်ပါ..သေချာစုံစမ်းသင့်ပါသည်။

Powered by Blogger.