ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန် မလိုအပ်တော့ပြီလော

    လွှတ်တော် အသီးသီးက ဖွဲ့ စည်းပေးသော ကော်မတီ ကော်မရှင်နှင့် အဖွဲ့ဝင်များကို ပြည်ထောင်စု အဆင့်ဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်းမှာ အခြေခံဥပဒေနှင့် မညီညွှတ်ကြောင်း အခြေခံ ဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် လွှတ်တော်အမတ်များက မကျေနပ် ကြသောကြောင့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း မဲခွဲဆုံးဖြတ်ခြင်း ခုံရုံးအဖွဲ့ ဝင်များကို ပြစ်တင်ရှုံ့ချခြင်း ဆုံးစမ်းစစ်ဆေးခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း ကြားသိရသည်။

    ခုံရုံးအပါအ၀င် တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို တရားရေး ဆိုင်ရာအဖွဲ့ စည်း အဆင့်ဆင့်ကသာ အယူခံ ပြင်ဆင်မှုများဖြင့် ပြင်ဆင်ဆုံးဖြတ်ခွင့်ရှိသည်။ ဥပဒေတွင် အပြီးအပြတ်ဖြစ်သည်ဟု အခွင့်အာဏာပေးထားသော တရားရုံး၏ ဆုံးဖြတ်ချက်ကိုမူ ပြင်ဆင်ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ မှားယွင်းသည်ဟုလည်း ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်းဥပဒေများတွင်တွေ့ ရှိရသည်။သို့ မှသာ ဥပဒေကို လေးစားလိုက်နာရာ ရောက်ပေသည်။ ဥပဒေကို မလိုက်နာလျှင်၊ မလေးစားလျှင် ယနေ့ လူဘောင်အဖွဲ့ အစည်း များအားလုံးသည် ကိုယ်ထင်တိုင်း လုပ်ကြသည့်ကျောက်ခေတ် လူ့ အဖွဲ့အစည်းအဖြစ် ပြန်ရောက်သွားမည် ဖြစ်သည်။ အကယ်ရှ်ျ ဆုံးဖြတ်ချက်ချမှတ်သော တရားသူကြီးများ အဂတိလိုက်စားပါက အဂတိအမှုဖြင့် အရေးယူရန်ဖြစ်သည်။ တရားရုံးများ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို လွှတ်တော်က မဲခွဲဆုံးဖြတ်ပိုင်ခွင့်မရှိသလို ချေဖြတ်ပိုင်ခွင့်လည်း မရှိပါ။ ထိုသို့ မဟုတ်လျှင် တရားစီရင်ရေးအာဏာသည် မည်သို့ သက်ရောက်ရမည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ နိုင်ငံတကာတွင်လည်း တရားရုံးများ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့သည်ဟု မရှိခဲ့ဘူးပါ။ လေးစားလိုက်နာသည်သာ တွေ့ မြင်ရပါသည်။ ဥပမာအားဖြင့် တရားစီရင်ရေးကိုတာဝန်ထမ်းဆောင်သူတရားသူကြီးဖြစ်လင့်ကစား ၊ ၄င်းကိုယ်တိုင် အငြိမ်းစားယူပြီး ပြင်ပရှေ့ နေအဖြစ် တရားရုံးလိုက်ပါဆောင်ရွက်သည့်အခါတွင် ၄င်းအပါအ၀င် တရားလို ရှေ့ နေ ၊ တရားခံရှေ့ နေနှင့်လက်ရှိဆောင်ရွက်နေသော တရားသူကြီးတို့ သည်ဥပဒေတစ်ခုတည်းကိုပင် အမြင်ခြင်းများတူညီနိုင်ကြမည်မဟုတ်ပေ။ အမြင်ချင်းမတူကြသော်လည်း ဥပဒေက အာဏာအပ်နှင်းထားသည့် လက်ရှိတရားသူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရမည်   ဖြစ်သည်။ ယင်းမှာ လွတ်လပ်စွာ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၏အနှစ်သာရပင်ဖြစ်သည်။

       အကယ်ရှ်ျ ဥပဒေသည် ပကတိအခြေအနေနှင့် မကိုက်ညီပါက ဥပဒေကို လွှတ်တော်က ပြင်ဆင်ရုံသာ ရှိမည်ဖြစ်သည်။ သို့ ရာတွင် တည်ဆဲလက်ရှိဥပဒေ အရ တရားစီရင်မှုကို အမြင်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ လွှတ်တော်က လေးစားလိုက်နာရမည်သာဖြစ်သည်။  လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခြင်းသည် ဥပဒေပြုရေးတွင်သာ အကျုံးဝင်ပြီး တရားစီရင်ရေးတွင် ယင်းသို့ လွှမ်းမိုးဆောင်ရွက်ခွင့် မရှိပါ။ သို့ မှသာ လွတ်လပ်စွာ တရားစီရင်နိုင်မည် ဖြစ်သည်။ လွှတ်တော်နှင့် အမြင်မတူကမျှဖြင့် ခုံရုံးအဖွဲ့ အ၀င်များကို အရေးယူမည်ဆိုပါက နောင်တွင် မည်သူမျှ တရားစီရင်ဝံ့ကြမည်မဟုတ်။ ယင်းသို့ ဆိုလျှင် တရားစီရင်ရေး စနစ်တခုလုံး ပျက်စီး ဆုံးရုံးရပေတော့မည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမြင်ခြင်းမတူသည်မှာ ကြောက်စရာမလိုကြောင်း အပြန်အလှန် ငြိ့ နှိုင်းဖြေရှင်းရန်သာ လိုကြောင်း လွှတ်တော်တွင် လက်တွေ့ ကျကျ ဆွေးနွေးထောက်ပြခဲ့သော်လည်း ဆန္ဒလွန်ကဲနေသည့် အချို့သောကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်ကို အလေးမထား ပစ်ပယ်ခဲ့ကြကြောင်းတွေ့ ရှိရသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) တွင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေး အာဏာတို့ ကိုတတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းအကျောင်းခြင်းပြုကြောင်း အတိအလင်းဖော်ပြထားသည်။ ဥပဒေပြုရေးအာဏာက တရားစီရင်ရေးအာဏာကို လွှမ်းမိုးသည်ဟု ဖော်ပြထားခြင်းမရှိပါ။ အချို့ သော သူများရေးသားပြောဆိုနေကြသည့် လွှတ်တော်သည် ပြည့်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့  စည်း ထားခြင်းဖြစ်သဖြင့် တရားစီရင်ရေးကို လွှမ်းမိုးနိုင်ခွင့် ရှိသယောင်ယောင် ပြောဆိုရေးသား နေကြသည်ကို တွေ့ ရှိရသည်။ ကိုယ်လိုရာကို ဆွဲပြီး ပြောဆိုရေးသားခြင်းမှာ မသင့်ပါ။ ဥပဒေသည် လွှတ်တော်အပါအ၀င် နိုင်ငံသားတိုင်း လိုက်နာရမည့် စည်းကမ်း ဖြစ်ပါသည်။ ဖွဲ့  စည်းပုံအခြခံဥပဒေသည်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်းများ၊ အသိပညာရှင်အတတ်ပညာရှင်များနှင့် လုပ်သားပြည်သူအားလုံးတို့ က ရေးဆွဲအတည်ပြုခဲ့ကြခြင်း မဟုတ်ပါလော။ မိမိတို့ ရေးဆွဲအတည်ပြုသည့် ဥပဒေကို မိမိတို့ လိုက်နာရန်လိုမလို ဆန်းစစ်ကြည့်သင့်သည်။

     ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေများ၏ အခန်း (၁)အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် လွှတ်တော်အသီးသီးနှင့် ယင်းတို့ ကဖွဲ့ စည်းပေးထားသော ကော်မတီ၊ ကော်မရှင်နှင့်  အဖွဲ့ အ၀င်များသည် ပြည်ထောင်စု အဖွဲ့ အစည်းများဖြစ်သည်ဟု အဓိပ်ပယ်ဖွင့်ဆိုထားကြောင်း တွေ့  ရသည်။ လွှတ်တော်ကိုကိုယ်စားလှယ်များက ယင်းပြဠာန်းချက်ကို ဆုပ်ကိုင်ပြီး ပြောဆိုနေကြခြင်း ဖြစ်သည်။ သို့ ရာတွင် အဆိုပါဥပဒေ ပုဒ်မ ၁၇ တွင် လွှတ်တော် ဥက္ကဠနှင့်  ဒုက္ကဠများသည် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းတခုခုတွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဠနှင့် ဒုဥက္ကဠရာထူးတို့  မှ နှုတ်ထွက်ပေးရမည်ဟု ဖော်ပြထားသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ယင်းကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ အ၀င်များကို ပြည်ထောင်စု အဆင့် အဖြစ်အဓိပ်ပယ်ဖွင့်ဆိုထားခြင်း မရှိကြောင်းတွေ့ ရသည်။ လွှတ်တော်ဥပဒေများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲနေကြောင်းတွေ့ ရသည်။ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ တွင် တည်ဆဲဥပဒေများသည် အခြေခံဥပဒေနှင့် ကွဲလွဲဆန့် ကျင်နေလျှင် ပြတ်ပြယ်ကြောင်းဖော်ပြထားသည်။ အခြေခံဥပဒေ ပုဒ်မ ၄၄၉ တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်ဟု ဖော်ပြပါရှိသည်။ သို့ ဖြစ်သောကြောင့် လွှတ်တော်အသီးသီး၏ တည်ဆဲဥပဒေများတွင်လည်းကောင်း နိုင်ငံတော်သမ္မတက တင်သွင်းသည့် တင်သွင်းလွှာတွင်လည်းကောင်း ဖော်ပြထားသည့် ကော်မရှင်၊ ကော်မတီ နှင့်အဖွဲ့ အ၀င်များသည် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဖွဲ့  စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသဖြင့် အခြေခံဥပဒေနှင့် ကွဲလွဲဆန့် ကျင်နေကြောင်း၊ ယင်းသို့ ကွဲလွဲဆန့် ကျင်နေသဖြင့် ကော်မရှင်၊ ကော်မတီ နှင့်အဖွဲ့ အ၀င်များသည် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ဖြစ်သည်ဆိုသည့် အဓိပ်ပယ်ဖွင့်ဆိုချက်မှာ ဥပဒေနှင့်ညီညွှတ်ခြင်းမရှိဟု အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိကြောင်း တွေ့  ရှိရသည်။

    လွှတ်တော်များက ခုံရုံးအဖွဲ့ အ၀င်များကို မှားယွင်းဆုံးဖြတ်မှုဖြင့် ပြစ်တင် ရှုံ့  ချမည်ဆိုပါလျှင် မူလက ရွေးချယ်ခံထားခဲ့သောနိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော် ဥက္ကဠတို့ သုံးဦးတွင်လည်းကောင်း အတည်ပြုပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်အားလုံး တွင်လည်းကောင်း တာဝန်မကင်း ဖြစ်မည်ကို စိုးရိမ်မိသည်။

    ပြည်သူ့ လွှတ်တော်ဥက္ကဠ သူရဦးရွှေမန်း ယခင်က မကြာမကြာ ပြောခဲ့ဘူးသောစကားမှာ ဥပဒေအထက်တွင် မည်သူမျှမရှိဟုဖြစ်သည်။ ယခုအခါ သူရဦးရွှေမန်းက လွှတ်တော်အထက်တွင် မည်သူမျှ မရှိဟုဆိုနေပြန်ပြီဖြစ်ရာ လွှတ်တော်သည် ဥပဒေအထက်တွင်ရှိနေပြီလား ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန်မလိုတော့ဘူးလား ဟုမေးခွန်းထုတ်စရာဖြစ်နေကြောင်းတွေ့  ရှိရသည်။

အောင်ဟိန်း(တရားရေး) ၊ ခေတ္တ နေပြည်တော်




                           
ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန် မလိုအပ်တော့ပြီလော ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန် မလိုအပ်တော့ပြီလော Reviewed by သစ်ထူးလွင် on 15:44 Rating: 5

23 comments:

Unknown said...

ပြည်ထောင်အဆင့်မဟုတ်ဘူးဆိုလျင် လွှတ်တော်၏ဆောင်ရွက်ချက်များ ပီပြင်မည်မဟုတ်ပါ။ ဤအချက်ကို နားလည်သဘောပေါက်ပါလျင် ဝမ်းနည်းစရာပြဿနာများ ပေါ်ပေါက်လာမည် မဟုတ်ပါ။

Unknown said...

ဒီလိုဆိုရင် တည်ဆဲဥပဒေကို ခုံရုံးစီရင်ချက်ကလွမ်းမိုးသလား။
တည်ဆဲဥပဒေနောက်ကိုလိုက်မှာလား၊ စီရင်ချက်နောက်ကိုလိုက်မှာလား။
ပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကရေးဆွဲပြဌာန်းထားတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုတာကို လက်ခံလိုက်နာရန်မလိုတော့ဘူးလား။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ တည်ဆဲဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြင်ဆင်ပယ်ဖျက်ခွင့်ရှိပါသလား။

Unknown said...

အမေစုပြောတာမှန်ပါသည်။

gold said...

တကယ်တော့နှစ်ငါးဆယ်လောက်ဥပဒေမဲ့သကဲ့သို့နိုင်ငံတော်ကိုအုပ်ချုပ်လာခဲ့လို့ပါ။ယနေ့အုပ်ချုပ်သူအာဏာပိုင်များသည်လည်းသူတို့အတွေ့အကြုံအရရှေ့ကသူများအတိုင်းကောင်းနိုးရာရာတိုင်းပြည်အတွက်လုပ်နေကြသည်ကိုတွေ့ရပါသည်။သို့ပေမယ့်၎င်းတို့အတွေ့အကြုံများမှာအာဏာရှင်ဆန်ဆန်အတွေ့အကြူံများသာဖြစ်နေသည်ကိုသတိမထားမိဖြစ်နေပါသည်။နှစ်ငါးဆယ်လောက်ဥပဒေကိုအသုံးခဲ့ဘူးလေတော့ယခုမှဥပဒေကိုလိုက်နာရမှာအချို့အုပ်ချုပ်သူလူတန်းစားကအရှက်ရသလိုဖြစ်ကာမလိုက်နာချင်ကြပါ။ပြည်သူများလည်းကမ္ဘာ့အလည်မှာနိမ့်ကျလှပါပြီ။နိုင်ငံတော်လည်းအတူတူပါဘဲ။အားလုံးအားလုံးငါနှင့်ငါသာသဘောထားများပြောင်းကြပါတော့လို့......။

gold said...

နှုတ်မိန့်နှင့်နှစ်ငါးဆယ်လောက်ကျင်လည်လာသောအုပ်ချုပ်သူအများစုမှာတရားဥပဒေကိုမလိုက်နာချင်သောသဘောတရား၏အကျိုးဆက်သာဖြစ်ပေသည်။

pheasant said...

မင်းတို့ဆိုတိုင်းသာ ခုံရုံးကမှန်တယ်ဆိုရင် လွှတ်တော်က ဘာမှ အရာမရောက် ဘာမှထိန်းကျောင်းနိုင်စွမ်းမရှိတဲ့ ဟာကြီးဖြစ်သွားပြီး ပြည့်သူ့ကိုယ်စားလှယ်တွေကလည်း ပြည်သူ့ကိုယ်စားဘာမှ လုပ်ခွင့်မရှိ အစိုးရ ၀န်ကြီးဆိုသူများလုပ်ချင်ရာလုပ် ပြောချင်ရာပြောတာတွေ အာဏာရှင်လက်သစ်အနေနဲ့ ပြန်ခံကြရမှာလား၊

heavenofsky said...

နိုင်ငံတော် သမ္မတ ကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ပြောနေတာပဲ။ ဘာလို့တဦးကို တဦးအပြစ်တင်ချင်နေကြတာပါလဲ။ တရားစီရင်ရေးမဋိုင်ကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆုံးဖြတ်ရတာဖြစ်သလို ဥပဒေပြုရေးမဋိုင်ကလဲ သူတို့အလုပ်တွေပို ပီပြင်စေချင်လို့ အပြစ်တင်နေရတာဖြစ်တယ်။ အဲတော့နိုင်ငံတော် သမ္မတအကြံပြုသလို ရှဥ့်လဲလျှောက်သာပျားလဲစွဲသာ အနေအထားဖြစ်အောင် အခြေခံဥပဒေကိုပြင်လိုက်ရင်အကောင်းဆုံးဖြစ်မှာပါ။

Unknown said...

အားလုံးကောင်းအောင်ဖြစ်သင့်တာကိုညှိနှိုင်းယူတာမဟုတ်ပဲ သူနိုင်ကိုယ်နိုင်တိုက်ဖို့ပဲချောင်းနေကြတဲ့သူတွေပဲဗျာ .မြန်မာပြည်နိုင်ငံရေးကိုစိတ်ကုန်တယ်။

မျီုး ချစ် said...

အာဏာရူးတွေ စိတ်ကုန်တယ်

ကိုဖိုးသား said...

စည်းလုံးခြင်းသည် အင်အား ဖြစ်ပါသည်။
စည်းလုံးညီညာအောင်ကြောင်းဖြာ ဆိုသည့်စကား ကို အားလုံးသော နိုင်ငံသားတိုင်း ( တာဝန်ကိုစီထမ်းရွက်နေကြသော ) မမေ့လျှော့ကြဖို့ လိုပါသည်။

hlamoe said...

အစမကောင်းခဲ့လို့အနှောင်းမသေချာတာပါ...လွှတ်တော်အသီး၊မတ်အသီးသီးနှင့်အစီုးရကိုပြည်သူအများကအားကိုးအားထားလျှက်ရှိပါတယ်။ပြည်သူများရဲ့လိုအပ်ချက်များတိုင်ပြည်ရဲ့ဖွံဖြိုးတိုးတက်ရေးကိစ္စများကိုပြုပြင်ပြောင်လဲလုပ်ဆောင်နေတာတွေအတွက်ချီးကျူးနေကြတာပါ။ခေတ်စနစ်နဲအံမ၀င်တော့တဲ့ဥပဒေတွေကိုပြု့ပြင်စရာရှိကပြင်ရဲရပါမယ်။တိုင်းပြည်တိုးတက်ရေးကိုအနှောက်
အရှက်ဖြစ်စေမဲ့ကိစ္စများကိုပြည်သူမျက်နှာထောက်ပြီးမဖြစ်စေခြင်ပါဘူး။ပြည်သူတွေရင်လေးစိုးရိမ်ရမဲ့အဖြစ်တွေမပေါ်ရေးအတွက်Stakeholders များရှောင်
ရှားစေသင့်ပါတယ်။ဥပဒေစကားတွေကိုရိုးရိုးပြည်သူများနာမလည်ပါဘူး။ဘယ်သူမှားတယ်မှန်တယ်ဆိုတာပညာရှိများသိမှာပါ ပြည်သူများကတော့သူတို့
ကိုယ်စလှယ်များအလေးအထားမခံရဘူဆိုရင်တော့မကြိုက်ပါဘူး။ဥပဒေဆို
တာလူတွေလုပ်ကြတာပါ လုပ်ခဲ့ကြတဲ့လူတွေရှေ့နောက်ညီဘို့တော့လိုပါတယ်
မညီရင်ညီအောင်ညှိရမှာအဲဒီလူတွေပါဘဲ...ပြည်သူတွေစိတ်မချမ်းမသာဖြစ်မဲ့ကိစ္စမျိုးတွေမဖြစ်ဖို့နဲ့တိုင်းပြည်အရေးချောမွေ့နေဖို့တောအထူးလိုအပ်ပါတယ်။

shine said...

ဦးရဲထွန်း ရဲ့ဆွေးနွေးချက်နဲ့ သမ္မတကြီးရဲ့သဝဏ်လွှာအတိုင်းလုပ်ဆောင်တာအကောင်းဆုံးထင်ပါတယ်။ ဒီကိစ္စဘက်မလိုက်ပဲဝေဖန်ရင် လွှတ်တော်ပိုင်းက မာန်မလျှော့နိုင်တာထင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။

skyworld said...

လွှတ်တော်ရေးရာကော်မတီများသည် ပြည်သူ့ လွှတ်တော်ဥက္က လက်အောက်
မှာသာ ရှိရမည်ဖြစ်ပါည် ။ ကျနော့ အမြင်ပါ။

Aung Soe Moe said...

မြန်မာနိုင်မှာ ထင်သာမြင်သာမရှိသောလုပ်ဆောင်ချက် ပြုလုပ်သူများမှာ ၀န်ကြီးအချို့ နှင့် တရားစီရင်ရေးအဖွဲ့ အစည်းများ တရားရေးဝန်ထမ်းများ ဘဲရှိကြပါတော့သည် ထို့ ကြောင့် ဦးသိန်းစိန်မှ ၀န်ကြီးများကို အပြောင်းအလဲလုပ်သကဲ့သို့  လွှတ်တော်မှလဲ တရာဒစီရင်မှု အဖွဲ့ အစည်းများ တရားသူကြီးများ အပြောင်းအလဲကို ဆောင်ရွက်သည်မှာ မှန်သည်ဟု ထင်ပါသည် ...

chaung u said...

စောင့်နေမယ်

Unknown said...

ဥပဒေ၏အထက်တွင် မည်သူမျှမရှိရပါ

ရှိတဲ့သူကို ဖြုတ်ပစ်ဖို့ လွှတ်တော်တွင်တာဝန်ရှိပါသည်

ကောင်းစေသူ said...

အမေစုပြောတဲ့အတိုင်း နှစ်ဖက်တိုင်ပင်ညှိနှိုင်းတာက မြန်မာပြည်အတွက် ပြည်သူတွေအတွက် နိုင်ငံတကာမှာ မြန်မာဆိုတာ ကောင်းသတင်းနဲ့ ကျော်ကြားနိုင်မယ်လို့ ထင်ပါတယ်။ ခုံရုံးအဖွဲ့ရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော အားလုံးက သန်း၆၀ဆိုတဲ့ ပြည်သူတွေထဲကပါ။ ကိုယ့်အခွင်အရေးကို ကိုယ်တိုင် ပိတ်သလို ဖြစ်နေကြသလား လို့ပါ။ နိုင်ငံနဲ့ လူမျိုးအတွက် ကောင်းစေချင်တာပါဗျာ။

ipman said...

ပြည်သူတစ်ယောက်အနေဖြင့်မြင်သည်မှာ၊အခြေခံဥပဒေ
အားနည်းချက်ဖြစ်သည်၊အခြေခံဥပဒေကိုပြင်သင့်သည်၊
ခုံရုံးသည်။ဟုတ်သည်။မဟုတ်သည်ဆုံးဖြတ်ခွင့်ရနေသော်လည်း
မဟုတ်ဟုဆုံးဖြတ်ခဲ့သည်မှာမှားသည်။လွှတ်တော်ကော်မတီများသည်
ပြည်ထောင်စုအဆင့်ဖြစ်မှသာ။ဝန်ကြီးဌာနများကိုပြည်သူကိုယ်စားထောက်ပြ
နိုင်မည်ဖြစ်သည်ဆိုသည်ကိုလည်းထောက်ခံသည်။သို့သောအခြေခံဥပဒေအား
နဲချက်ကြောင့်ခုံရုံးသည်အစိုးရဘက်လိုက်ကာဆုံးဖြတ်ခဲ့ခြင်းကြောင့်ထွက်သွား
ရပြီ၊နောင်ယခုလိုမဖြစ်အောင်အခြေခံဥပဒေကိုပါဆက်ပြင်သင့်သည်။ပြ့င်ပြီးသည့်
နောက်ခုံရုံးအဆုံးအဖြတ်ကိုနာခံသင့်သည်။အချိန်ကုန်ငြင့်ခုန်မှုများရှောင်ကြပါတော့။

Unknown said...

ဖွဲ့ စည်းပုံ အခြေခံဥပဒေအသေးစိတ်နာမသိပါလား။ဪ ဟိုအချိန်တုန်းကလဲ နာ့သဘောမှ မေးမမေးဘဲကိုး၊ ခုမှတော့ -။ အင်း ??

Anonymous said...

ဒေဝဒတ်လောင်း စေတိယမင်းသည်လည်း ခြေမျက်စေ့မှသည် လည်ပင်းရောက်သည်အထိ အဆင့်ဆင့်သော မဟာပထဝီမြေကြီး၏ စုပ်ယူမျိုဝါးခြင်းကို ခံယူလျှက် သေဆုံးသည့်တိုင် ခေါင်းမာမာဖြင့် မုသားသုံးခဲ့ဖူးလေပြီ။

lwannaymie said...

လွှတ်တော်အမတ်များ(၂၀၁၀ ရွေးကောင်ပွဲမှာ ၉၀%က ပြည်သူရွေးသာသေခြာလား) ကိုယ့်ကိုကိုယ်ပြန်မေးကြည့်လိုက်အုံး။ အခုချိန်မှ သူမှန်တယ်။ငါမှန်တယ်။ လုပ်နေကြတယ်။ အခုချိန်ထိ ပြည်သူအတွက်ဘာဥပဒေကောင်းတွေထွက်လာပြီလဲ။ ရေကြီးလို့လူတွေသေကုန်ပြီ။ မြေတွေအဓမ္မသိမ်းခံရလို့ငတ်ကုန်ကြပြီ၊ ဆင်းရဲသားတွေပိုများလာနေပြီ၊

aungkokoko8@gmail.com said...

ခင်ဗျားပြောတာကြိုက်တယ်အမြင်ချင်းတူလို့လားမသိဘူးဖတ်ရတာအရသာရှိတယ်နှစ်ငါးဆယ်ကျော်ခါးစည်းခံခဲ့ရတာတောင်ဗမာပြည်သူတွေဥပဒေနဲ့အသားမကျနိုင်သေးတာဒီကောင်တွေကိုသွားလိုက်နာခိုင်းတော့ခင်ဗျားပြောသလိုရှက်စရာကြီးဖြစ်နေကြမှာပဲဟာသထုကလိုငါတို့လူမျိုးကောင်းစားရမယ်လို့တွင်တွင်ကြုံးအော်နေကြတာအဲဒီငါတို့ထဲမှာပြည်သူလူထုဘယ်တော့ပါမလဲလို့မေးရမလိုပဲဒီလိုကောင်တွေနဲ့ပြည်သူလူထုတထပ်တည်းကျဖို့ဘယ်တော့မှမဖြစ်နိုင်ဘူးဘာလို့လဲပြည်သူတွေဆိုတာမမေ့နိုင်သူတွေဖြစ်သွားကြလို့ပါပဲ

Unknown said...

ဒီအချိန်မှာ ဖွဲ့စည်းပုံ ပြင်လို့မရသေးဘူးဆိုတာ အမေစုကအစ လက်ခံထားပါတယ်။ လွှတ်တော်ရဲ့ဆောင်ရွက်ချက်ဟာ အသိမ်မွေဆုံးနဲ့ အသင့်လျော်ဆုံးပါ။

Powered by Blogger.